Tuesday, December 30, 2008

နှုတ်ဆက်ချင်ပြီဒီဇင်္ဘာ ၊

ဘာလိုလိုနဲ့
တနှစ်ပြီးတနှစ်
ပြီးဆုံးသွားခဲ့
ကုန်တော့မယ့်နှစ်ဟောင်းကိုပဲ
နှမြောသလိုလို
လာတော့မယ့်နှစ်သစ်ကိုပဲ
ကြိုချင်သလိုလို
စိတ်ထဲမှာနှစ်မျိုးနှစ်ခွ
ဖြစ်နေလေရဲ့...........

ဘယ်လိုဖြစ်ဖြစ်
တားရစ်လို့မရနိုင်
မထားရစ်လို့မရနိုင်မယ့်အတူ
နှစ်ဟောင်းကိုရင်မနာပဲနှုတ်ဆက်
နှစ်သစ်ကိုချစ်ခင်စွာနဲ့ကြို
အပြစ်မမြင်ပဲ
အချစ်ဝင်ဆဲပါကွယ်
ဇန်န၀ါရီဟာ
ခပ်တည်တည်
သူမသိသလို
လူသိမခံချင်တဲ့မျက်နှာနဲ့
အိုက်တင်ခံနေရဲ့..............

ဘာပဲဖြစ်ဖြစ်
နှစ်ထောင့်ရှစ်ကိုနှုတ်ဆက်ပြီး
နှစ်ထောင့်ကိုးကို
နှစ်သက်စွာနဲ့ကြိုပါတယ်။ ။

Monday, December 29, 2008

ရင်မှာထိရှသော ပေါ့လျော့မှုများ

ပြောရလျှင်တော့အပြစ်သာဖြစ်ချေရော့မည် ယနေ့နေ့လည်ပိုင်းလောက်က တွေ့လိုက်ရတဲ့အဖြစ်လေးတစ်ခု
ဖြစ်ပါသည်။ ကားတိုက်မှု တစ်ခုသာ မျက်စေ့ရှေ့တွင်မျက်ဝါးထင်ထင်မြင်တွေ့လိုက်ရသောကိစ္စသာဖြစ်တော့
ရင်ထဲတော်တော်မကောင်းပါ မင်းဓမ္မ လမ်းပေါ်တွင် သာဖြစ်လေသည် ။ကလေးတစ်အုပ်ထဲမှ ကလေးငယ်တဦး
ကားလမ်းဖြတ်အပြေး ကျွန်တော့ ရှေ့မှမောင်း သွားသောကားက၀င်တိုက်မိခြင်းဖြစ်လေသည် ။ထိုမြင်ကွင်းကို
ထင်ရှားစွာမြင်တွေ့ရသောကျွန်တော့အဖို့ စိတ်မကောင်းမိပါချေ ထိုအဖြစ်ပျက်က ကျွန်တော့အတွေးကိုပိုမို
ရှည်လျားစွာဆွဲဆန့်မိစေတော့၏။ အထက်ပါအဖြစ်ပျက်သည် မည်သူ၏ အပြစ်ဖြစ်သည် ကို ကျွန်တော့တွင်
ဆုံးဖြတ်ရန်ခက်ခဲခဲ့ချေတော့၏။ တရားဥပဒေအရ ယာဉ်မောင်းသူ ထံအပြစ်လုံးလုံးလျားလျား ကျပေတော့
မည် ။ ပြန်ပြောရန်အခွင့်လမ်းမရှိပါချေ။ယာဉ်မောင်းသူသည်လည်း စည်းကမ်းမဲ့စွာမောင်းနှင်ခြင်းမဟုတ်
သည်ကိုကျွန်တော်ကိုယ်တိုင်မြင်တွေ့ ခြင်းဖြစ်ရသဖြင့် ACCIDENT ဟု နာမ တွင်စေသော်လည်း တဦးဦး
တွင် တာဝန်ရှိသည်မှာအသေချာပင်ဖြစ်သည် ။ထိုကလေးငယ်သည် သေဆုံးမည်မှာဧကန်မလွဲပေ ။ပစ်ကပ်
ကားနှင့်တိုက်မိကာ အရှိန်ဖြင့်ကား၏ အရှေ့မှ ကားအောက်သို့လုံးလုံးလျားလျား ရောက်ရှိသွားခြင်း
ဖြစ်ချေသည် ။ရင်ထဲတွင်တော်တော်မကောင်းမိပါ။သားသမီးမကောင်းမိဘခေါင်း ဟုစကားရှိသော်ငြား အား
အားယားယား ခြင်ကိုက်တိုင်း ကလေးမွေးထားသောမိဘ များကိုသာအပြစ်ဆိုလိုက်ချင်ပါတော့သည် ။
ကလေးတစ်ယောက်
လူ့လောကသို့ရောက်ရှိလာရန်ခက်ခဲ ပါ၏ သို့သော် ရောက်ရှိလာသောကလေး ကိုထိန်းသိမ်းစွာမွေးမြူထိန်း
ကျောင်းခြင်းသည် ပိုမိုခက်ခဲမည်ထင်ပါသည် ။ထိုကလေး၏ ရှင်သန်ခြင်းအနှစ် လူလားမြောက်ခြင်း စသည်တို့
ကိုထည့်မတွက်သော မိဘများရှိနေခြင်းသည် ၀မ်းနည်းဖွယ်ရာဖြစ်ချေသည်။ ကျွေးမွေးမပျက် ၊ဆောင်ရွက်စီမံ
အစချီမိဘ၀တ္တရား ငါးပါးကျေပွန်စေချင်သည် သားသမီးများမွေးထားသော်လည်း ထိုသားသမီးတို့ကိုမစောင့်
ရှောက် သောမိဘများ ပေါလှချေသည်ဟုမိမိကိုယ်သာနှုတ် ဆိတ်အောက်မေ့နေမိချေ၏ ။အမှန်တစ်ကယ်ဆို
ရပါမူ မိမိတို့၏သားသမီးများအရွယ်မရောက်ခင် တွင်မိမိတို့၏မျက်စေ့အောက်တွင်သာရှိနေစေသင့်သည်
အရွယ်ငယ်ငယ် လေးတွေ အက်ဆီးဒင့်နှင့်သေကုန်တယ်ဆိုသည့် စကားသံကား........
ရင်ထဲတွင်အမှန်မချိပါချေ ကလေးများကိုပစ်ချင်သလိုပစ်ထားခဲ့ပြီး တခုခုဖြစ်တော့မှ ကလေးကိုပိုက်လျှက်
အမလေးငါ့သားလေးငါ့သမီးလေးဟု အသံကောင်းဟစ်နေ မည့်အစား အရွယ်မရောက်သေးသောကလေး
ငယ်များကိုမိမိတို့၏ မျက်စေ့ရှေ့တွင်သာ ထားသင့်ပါသည်။ထိုကိစ္စများကားပြောရန်ခက်ခဲလှပါ၏။
မလွယ်ကူသော ကိစ္စများလည်းမဟုတ်ပါချေ ၀မ်းရေးကိုအကြောင်းပြကာ ကလေးများကိုကားလမ်းပေါ်တွင်
လွှတ်ထားသောမိဘများလည်းရှိချေ၏ ။ မိဘ၀တ္တရား ကျေပွန်လျှင် သားသမီးတို့သည်လည်းသားသမီးဝတ္တရား
ကျေပွန်ကြလိမ့်မည်ဟုထင်မြင်မိလေသောကျွန်တော့၏တဇွတ်ထိုးတယူသန်အတွေးကြောင့်ဖြစ်လေမည်လား...
ခက်သည်က ကျွန်တောကမျက်စေ့ထဲတွင် ကားအောက်၌ တုံးလုံးလဲလျှက် ခေါ်၍ မရတော့သောကလေးငယ်၏
ပုံရိပ်က အိမ်ပြန်ရောက်သည်အထိ မြင်မိနေဆဲ ၊ မိဘများ ကလေးအုပ်ထိန်းသူများကိုမေတ္တာရပ်ခံချင်ပါသည်
မိမိ တို့၏ရင်သွေးများကိုပစ္စလက္ခတ် လမ်းများပေါ်တွင် လွှတ်ထားခြင်းသည် တိရိတ္ဆန်များကို လွှတ်ကျောင်းသည့်
အလေ့နှင့် တူနေပါသည်ဟုဆိုလျှင်.............

Thursday, December 25, 2008

အတိတ်ကမင်္ဂလာဆောင်

ကြမ်းတမ်းတဲ့လက်များမှာ
နု ညံ့ တဲ့ကဗျာတွေရှိတယ်.....

ရင့်ကျက်တဲ့ နှလုံးသားမှာ
ပြည့်ဝတဲ့စေတနာတွေရှိတယ်....

မာကျောတဲ့ ရင်ဘတ်မှာ
ချစ်တဲ့သူအတွက်
ချစ်ခြင်းတရားတွေရှိတယ်......

မလှောင်ပါနဲ့ငါ့ကို
နှင်းတွေ ဝေတိမ်တိုက်တွေ
ပြိုကျတဲ့နေ့က
မာကျောတဲ့ရင်ဘတ်ထဲက
မင်းကိုလွမ်းတဲ့သာဓကကို
ကဗျာအဖြစ်ရေးခဲ့ဘူးတယ်.........

တမ်းတမိတဲ့နေ့က
အလွမ်းတရားအပြည့်နဲ့
ကျောပိုးအိတ်ကိုလွယ်
ကမ္ဘာနယ်အနှံခြေဆန့်
ခရီးထွက်ခဲ့ဘူးတယ်........

အမှန်တော့မာကျောတဲ့
ရင်ခွင်နဲ့ နှလုံးသားဟာ
အလွမ်းတရားတွေပိုက်
စကြ၀ဠာ အစွန်းနားမှာ
နှင်းတွေကိုငုံ့ကြည့်
တစ်ကယ်တော့
တမ်းတခြင်းတွေနဲ့
နုနွဲ့တဲ့ ရင်အစုံက
မြင်ယုံနဲ့မသိနိုင်
မချိတင်ကဲ ရယ်ပွဲဖွဲ့တဲ့ရက်တွေဆို
တခါတခါလေ "မီး" ကို
သတိရတယ်
ဒီနေ့ဟာ
ဟိုး.....လွန်ခဲ့တဲ့ ကိုးဆယ့်လေးက
မင်္ဂလာတစ်ခါဆောင်တဲ့နေ့ပေါ့..........။ ။

Wednesday, December 3, 2008

ကျွန်တော် ချစ်ခင်နှစ်သက်သောဘလော့ နှင့်ဘလော့ဂါများ လင့်ချိတ်ထားသောဘလော့များ

၁။ ကူကူး ဆိုတာစန္ဒကူးမေလို့ ခေါ်ပါတယ် ကျွန်တော်ကတော့ကူကူးလို့ပဲခေါ်ပါတယ် သူကတော့ထူးဆန်းစွာ
နာမည်ပြောင်များကို ပေးတတ်သူပါ ကြံဖန်ပြီးလည်းတွေးတတ်သူပါ ကပ်သီးကပ်သပ် အတွေးလေးတွေသူ့ဆီ
ကရတတ်တယ် သူနဲ့ကျွန်တော်က လွန်ခဲ့သောနှစ်ဒီဇင်္ဘာမှာသေသေချာသိကျွမ်းခဲ့ တာပေါ့ ကျွန်တော်တို့
ချစ်တဲ့ ပဒုမ္မာတွေ့ဆုံပွဲမှာပါ ။သူကတော့ကျွန်တော့ကို ဥဥ လို့ခေါ်တတ်ပါတယ် ။ ဘလော့ဂါဆိုဒ်တွေထဲ
ဝင်ယင် သူ့ဆိုဒ်ကိုအယင်စ၀င်တတ်ပါတယ် ပြီးမှ sign in လုပ်တတ်တာပါ ပထမဆုံး ခင်တွယ်ရတဲ့ဘလော့
လေးတစ်ခုပါ ။(သူကတော့ စိတ်ခံစားမှုကိုအသားပေးတာထက်ဟင်းချက်စားနေတာ များတယ် :) )

၂။ပဒုမ္မာ နွေးထွေးတဲ့မိသားစုအသိုက်မြုံလေးတစ်ခုပါ ကျွန်တော်ကတော့ ကျွန်တော့ဝိဥဉ် နားခိုရာလို့သတ်
မှတ်ထားမိတဲ့ ဖိုရမ်တစ်ခုပါ။

၃။ချစ်သူကိုကို ဆိုတာကတော့ ကျွန်တော်ကဗျာတွေချည်းရေးမယ်လို့ စိတ်ကူးထားပြီးလုပ်ထားဖြစ်တဲ့
ဆိုဒ်လေးပါ။ခုတော့ဆက်မရေးဖြစ်ပါဘူး ကဗျာတွေလဲချစ်သူမောင်မှာပဲတင်ဖြစ်တာမို့။

၎။ဘလော့ဂါကိုမသုံးခင်က ကျွန်တော် မာတီပလိုင်းမှာသုံးပါတယ်၊အဲဒီဆိုဒ်က ဒုတိယအကြိမ် လုပ်ဖြစ်တဲ့ဆိုဒ်ပါ
ပထမအကြိမ်ကတော့ ဖျက်ပစ်ခဲ့ဘူးပါတယ် အကြောင်းကြောင်းကြောင့်။

၅။ တေဇာ ဆိုတာ တစ်ကယ်တော့အပြင်မှာမတွေ့ဖူးပါဘူး ဂျီတော့ထဲကနေပြီး သူ့ဆိုဒ်ကိုစ၀င်ဖြစ်ရာကနေ
နည်းပညာအကြောင်းနဲ့ စိတ်ဝင်စားဖွယ်ရာ လေးတွေစုစည်းထားတဲ့ဆိုဒ်လေးပါ။

၆။လိမ္မော် သီးဆိုတာကတော့ သူ့ရဲ့နစ်ခ ကအော်ရာအောရင့်ချမို့ကျွန်တော်ကတော့ခင်ခင်မင်မင် လိမ္မော် သီး
လို့ပဲခေါ်ပါတယ် ။သူကတော့သူ့ကိုယ်သူ WWH လို့နာမည်ဝှက်ပြီးပြောပါတယ်။

၇။ရှမ်းလေး ဆိုတာကတော့ မိုးကုတ်ကပါ ခင်ဖို့လည်းကောင်းပါတယ် နည်းပညာပိုင်းဆိုင်ရာသတင်းနဲ့မီဒီ
ယာ လေးတွေ တွေ့ရတဲ့ဆိုဒ်ပါ။

၈။နေနေ့တူလေး ဆိုတာကတော့ ဒေါက်တာ နေနေ ရဲ့တူလေးပါ သူကအထီးကျန်နိုင်ခြံကားမှာကျောင်းတက်
နေတာ (ခက်တာကဒေါက်တာနေနေ ဆိုတာဘယ်သူမှမသိဘူး ဆိုယင်ပြောရမှာပေါ့ အယင်တုန်းကတော့ပဒုမ္မာ
မှာ သူ့ကိုယ်သူကြွေးကြော်တယ.လေ God father of padonma တဲ့) ခင်မင်ရတဲ့ပဒုမ္မာအဖွဲ့သားပေါ့။

၉။ပေါ့ကျလေး တီးဆိုတာကတော့ သူ့ကိုယ်သူကြော်ငြာဝင်ယင်း လိုက်ဖတ်ဖြစ်ပြီးစိတ်ဝင်စားစရာမို့လို့
လင့်ခထားတာပါ။

၁၀။ပန်းခရေဆိုတာပေခရမ်းပါ သူ့ဆိုဒ်လေးဝင်ယင် အမြဲစိတ်ချမ်းသာစေအောင် Background ကောင်းကောင်း
လေးတွေပြောင်းထားတတ်ပါတယ်။

၁၁။Pinkgold လူချင်းမရင်းနှီးပါ သူ့ဆိုဒ်လေးလဲချစ်စရာမို့လင့်ခ ချိတ်ထားလိုက်ပါတယ် ။

၁၂။မနော်ဟရီ ဆိုတာဆရာတာရာမင်းဝေရဲ့ ဇနီးလား အဲဒီနစ်(ခ) နဲ့ရေးတာများတယ်လေ၊သူတို့ရဲ့ မင်္ဂလာဆောင်
ဖိတ်စာလေးကို အခု ဦးဇင်းဖြစ်နေတဲ့ စာပဒေသာမောင်လှထွေးတို့ဆီမှာတွေ့ခဲ့တာ ဘာမှမကြာသေးဘူးလို့ထင်
တုန်းဆရာတာရာမင်းဝေမရှိတော့တာအိပ်မက်ဆန်ဆန်ပဲ.......

၁၃။ပေါက် ဖော်ဆွေမျိုး ကတော့ ပဒုမ္မာ က ပေါက်ပါ။

၁၄။ရင်ခွင်ထဲကချစ်သူမောင်ဆိုတာကတော့ သူ့ရဲ့ အချစ်တွေကိုဖုံးကွယ်သိုသိပ်ယင်း သူ့ကိုဥပေက္ခာပြုခံရသလိုခံစားနေ
ရတဲ့ခင်ကျော်ဇေပါ။

၁၅။ငွေစန္ဒာ လို့အမည်ပေးထားတာကတော့ silver moon ရဲ့ဆိုဒ်လေးမို့ပါ။

၁၆။ပဒုမ္မာအော်မေ့ဂိုဏ်းရဲ့အဆိပ်မယ်ကင်းမြီးကောက်ရဲ့ဆိုဒ် လေးပါ လျွှို့ဝှက်သိုသိပ်သော အရိပ်ခံစားရပါမယ်။

၁ရ။ဂျလေဘီနတ်အာဝါးဆိုတာကတော့ ပဒုမ္မာကိုစောင့်ပြီး ဖွံ မှန်သမျှငမ်း အဲ မှားလို့ ကောင်မလေးတွေကောင်လေး
တွေပါမကျန်ပူဇော်ရတဲ့နတ်ပါ အဲနတ်မဟုတ်ယင်တော့မူလီပဲ။နာမည်ရင်းက ဇေယျာမင်းထွန်း သူ့ဆိုဒ် လေးလဲ
လန်းတယ်။

ဟီး အချွန်နဲ့တော့မပြီးပြီ ဆဲချင်ယင်ဆဲကြတော့....................

Monday, December 1, 2008

"မီး ငယ်"အလွမ်း

ဒီနေ့မှာမောင်တို့မတွေ့ခဲ့ ကြပေမယ့် အလွမ်းတွေဝေနေခဲ့တာရင်ကသိ မှန်းကြည့်ပါမီး အလွမ်းမဝေချင် ပန်းကြွေတောမှာလွမ်း ဒီရေတိုး နှင်းမှုန်ဝေတဲ့ ဒီလဟာ မောင့်ရင်ကိုတဆတ်ဆတ်တုန်စေတယ် ဘာပဲဖြစ်
ဖြစ် လွမ်းတယ် မီးရယ် အပြစ်တင်လည်း ခံရယုံကလွဲလို့ ဘာရှိမလဲ။ အမှတ်တရလို့ပြောရအောင်လည်း မှတ်
မှတ်ရရ မီးပေးခဲ့တဲ့ အစိမ်းရောင်လွယ်အိတ်လေး ...... တော်ပြီမီး မတွေးချင် မရေးချင်တော့ပါ မောင်အချစ်
ကြီးပေမယ့် အမျက်မသို ရန်မလိုတတ်ခဲ့ပါ ရင်ထဲစူးနစ်စွာခံစားနေရတာတော့မောင့်ဖာသာ မောင်သိ ယနေ့ထိ
ပဲလွမ်းခြင်း၊တမ်းခြင်း ၊တွယ်တာခြင်းတွေကင်းဝေးစေဖို့သာ...........

အပြာရောင်မီးခြစ်တစ်လုံးရဲ့ဒဏ္ဍာရီ

7 sisters


ခါတိုင်းနှစ်တွေ
တွေးတွေးနေကျ
ရေးနေကျပဲ
ဒီနှစ်ထဲမှ
ဘာတွေစိတ်ကူး
ထူးမလာခဲ့
တွေးလို့မထွက်
အရေးခက်ခဲ့...........

ရေးမိပြန်သော်
ပြောခံရမည်
"မီး"ကိုမောင်လေ
တသသလို့..........

တွေးဆွေးစိတ်မှာမပြေ
ရေးရေးစိတ်မှာ
ထင်ကျန်နေခဲ့
မီး ရဲ့အရိပ်
မီး ရဲ့အသံ
မီး ရဲ့ဟန်တွေ
ပြန်မြင်ယောင်သား
အတွေးမှားသလို
ဆောင်းရဲ့အိပ်မက်
ကယောက်ကယက်လား.............

အိပ်မက်တစ္ဆေ
အရိပ်တွေအဖြစ်
ရင်ခွင်ပျက်အောင်
ချောက်လှန့်နေလား
သာယာတဲကစကားသံ
အစ်တစ်တစ်ရယ်သံ
မီး ပုံဟန်ကို
တွေးမိမြင်မက်
အိပ်မက်ထဲတွင်
မီး သာစိုးမိုး
နေရာယူ.........

Nov-Dec အိပ်မက်
ဘ၀ပျက်စေ
ခဏ..ခဏအခက်ပွေခဲ့
ရတက်တွေဝေလည်း
နော့(ဗ)ဒက်(ဇ) ရောက်လျှင်
အလွမ်း ပင်သည်
ရှင်သန်နိုးထ
မုန်းမရတဲ့
စိတ်လေလား
အတွေးမှားခဲ့
တကယ်သာဆို
ခါးခါးတူးတူး
မုန်းရမှာ............

Nov-Decဆိုတာ
ပေါ့ပျက်ပျက်စကားတွေ
ပြောဆိုနေကျ
လို့ ထင်ယင်မှားမလား
စိတ်ထဲမှာထင့်
သံသယ၀င်
ဘယ်သောအခါမှ
မကြောင့်ကြချင်တော့
ခပ်ပေါ့ပေါ့ရယ်ဖြစ်
အတွေးသစ်မှာ
မလိုတမာ
လွမ်းတတ်တာကို
ရင်မှာမြိုသိပ်
တမင်တကာ
သိုသိပ်လည်း............

ခွဲခဲ့ရသည်
မောင့်ညရှည်ခဲ့
အတိတ်ဆိုသည်
ရင်ကိုကြေကွဲ
မနေရဲအောင်
ဒုက္ခဆောင်လို့
အနေမတတ်
နေရကျပ်လည်း
အရိပ်ပုံစံ
နှောင့်ယှက်ဟန်သည်
စိတ်ကိုအစဉ်
စိုးမိုးနှင်သလို
ချစ်ခင်စေသား
အတွေးမှားကဗျာချို
အရေးသားသာပိုလာခဲ့
ဘာမှမတွေးဘူး
ဘာထူးခြားမလဲဆိုပေမယ့်
ကဗျာဖြစ်တည်
မောင့်စိတ်ဆီတွင်
မီး သည် နက်ရှိုင်းစွာခိုဝင်
နေရာယူ...........

သစ္စာဖောက်ရက်တယ်လို့
မောင့်စိတ်ထဲရှိတဲ့
အငြိုး တရားဟာ
တကယ်တမ်းတော့
တိတ်တိတ်လေး
ခိုး ပြီးခွင့်လွှတ်တတ်ခဲ့မှန်း
မောင် ယောင်ရမ်းပြီးတောင်မှ
မသိခဲ့ရရိုး အမှန်ပါ........

လွမ်းတယ်လို့မဆိုသာပေမယ့်
တိုးတိုးတိတ်ကြိတ်လွမ်းနေခဲ့တဲ့
မောင့်ရဲ့ ရင်အစုံဟာ
နာလာယုံကလွဲပြီး
ကျန်တာ ကဗျာတွေဖြစ်တယ်
ရင်မှာနာပေမယ့်
နင်ဟာကဗျာဖြစ်တယ်
ကြင်နာခဲ့ပေမယ့်လည်း
နင်ဟာတရားခံဖြစ်တယ်
အဲလိုစွဲချက်တွေနဲ့
ကဗျာတွေအထပ်ထပ်တွေး
စာတွေဆက်စပ်ရေးခဲ့
အလွမ်းတရား
အချစ်ရဲ့သဘောတရားဟာလေ
ဘာနဲ့မှမတူ
လူကိုအူတူတူဖြစ်စေတယ်...............

ဘာပဲဖြစ်ဖြစ်ပေါ့
တချိန်က
ယုဇနပွင့်ရဲ့
ဒိုင်ယာရီမှတ်တမ်း
အလွမ်းခန်းမှာ
မှတ်တမ်းအဖြစ်
အပြာရောင်မီးခြစ်တစ်လုံးရဲ့
ဒဏ္ဍာရီတပုဒ်
လျှို့ဝှက်စွာတည်ရှိခဲ့လေရဲ့
ဒါပေမယ့်လေ
မရှိခိုးနိုး မျက်နှာမျိုးနဲ့တော့
မိုး မကြည့်နဲ့ပေါ့ကွယ်...........။ ။

Sunday, November 30, 2008

HAPPY SWEET DECEMBER !!!!!!!

မနက်ဖြန်ခါဆို ဒီဇင်္ဘာလရောက်ပြီ.............
ကြိုတင်ဆုတောင်းပေးလိုက်ပါတယ်သူငယ်ချင်အပေါင်းတို့
ကျန်းမာလန်းဖြာပြီးလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ.....................

Merry X'mas

Saturday, November 29, 2008

နှင်းဆီဖြူ

hope rose


နှင်းဆီဖြူရေ
မင်းကြည်ဖြူမှ
မောင့်လိုလူက
နေရတာလွယ်
မလည်မ၀ယ်
အသည်းရင်မှာ
မင်းပဲပိုင်စိုး
နေရာယူ......

အလွမ်းထူစေတော့လို့
တမ်းတမိုးစွေ
အချစ်တွေတိုးစေတာလည်း
နှင်းဆီဖြူ.....မင်းသိမှသိပါလေစ

လွမ်းရတဲ့ဒုက္ခ
တမ်းတတဲ့သောက
သံသရာမှာတဖန်ပြန်နား
စေတော့ရယ်လို့
စွဲဆောင်ခဲ့တာလည်း
မင်းပဲမဟုတ်လား
နှင်းဆီဖြူ............

ဖြူရော်ရော်ပါးလျလျ
နှုတ်ခမ်းအစုံ
သွယ်လျလှပကျော့ရှင်းတဲ
မင်းရဲ့ရုပ်သွင်
မောင့်ရင်ခွင်မှာ
ထာဝစဉ်ငြိခဲ့
တွယ်ရာမဲ့အလွမ်းသာ
မောင့်ရဲ့ရင်မှာ
ကြီးစိုးနေ........

မပျော်ပါကွယ်
တမ်းတတယ်တစ်ကယ်
နွမ်းလျတဲ့ရင်မယ်လေ
အဝေးဆိုအအဝေးက
တမ်းတတ်သူရယ်ပါ
နှင်းဆီဖြူ............။ ။

Tuesday, November 25, 2008

ချစ်သူမောင်၏စိတ်ဒါဏ်ရာအမာရွတ်များ(၁၀)

nnt4

nnt2

ourwedding2




ထိုမျှများပြားလှသောစိတ်ဒါဏ်ရာများကိုသယ်ပိုးကာ ဘ၀ခရီးကိုဖြတ်သန်း ခဲ့ရသောမောင့်ရင်ခွင်ကို
မှန်းကြည့်ပါ။သို့သော်မောင်သည် စိတ်ခံစားချက်ကင်းမဲ့ခဲ့ပြီထင့် တော်တော်တန်တန် တုန်လှုပ်ခြင်င်း
ကင်းမဲ့စွာ နေတတ်ခဲ့သည်။ညီမလေးနှင့်ပါတ်သက်၍ အသေးစိတ်ပြောရန်ကျန်ပေဦးမည်မောင်မ
ပြောချင် သော်လည်း ပြောပြပါမည် အလွန်သနားစရာကောင်းသောဖြစ်ရပ်တစ်ခုဖြစ်ခဲ့ပါ၏ ။ ကံကြမ္မာကို
မမြင်နိုင်ကြပါပေ ။ မောင်နှင့်ညီမလေး ကြီးကြီးကျယ်ကျယ်လက်ထပ်ခဲ့ကြပြီးနောက်ပိုင်း မောင်တို့လွန်စွာ
ပျော်ခဲ့ကြလေသည်။ စီးပွားရေးလုပ်ငန်းအတူတူလုပ်ကြစက်ရုံထဲတွင်လည်းအတူတူ စားလည်းအတူတူ
သွားလည်းအတူတူဖြစ်သည်..... မောင်တို့ တစ်အားချစ်ခဲ့ကြပါသည်ညီမလေးသည်လည်းမောင့်အပေါ်
ချစ်၏ ကြင်နာ၏ ထိုမျှမကတွယ်တာ၏။မောင်သည်လည်းညီမချစ်သည်ထက်မပိုလျှင်တောင်မလျော့ခဲ့
သည်မှာသေချာ၏။ နှစ်ဖက်မိဘများကြည်ဖြူ ချစ်ရည်တူခဲ့ကြ၏။ညီမ၏အဖေအမေ တို့ကမောင့်အားချစ်
ကြသလိုမောင့်မိဘများကလည်း ညီမကိုတအားချစ်ခဲ့ကြ၏ မောင့်မောင်နှမများကလည်း ချစ်ကြလေသည်
သည်တစ်ခါတော့အလွန်ချမ်းမြေ့ သာယာသောဘ၀တစ်ခု ကိုပိုင်ဆိုင်ပြီဟု မောင့်အထင်သည်တက်တက်
စင်အောင်မှားခဲ့ လေသည်။
ညီမနှင့်အိမ်ထောင်ကျပြီးတနှစ်နှင့်လေးရက်တိတိ ညီမဆုံးပါးခဲ့သည် ။ ထိုနေ့က မောင်နှင့်ညီမတို့ တစ်ည
လုံးတစ်ခုတင်တည်း အတူတူ အိပ်ခဲ့ ကြလေသည်။မနက် ၄နာရီထိုးတော့ မောင် အိမ်နောက်ဖက်တွင်ရှိသော
အလုပ်သမားတန်းလျားသို့အလုပ်သမားများကိုနှိုးရန်အခန်းတွင်းမှထွက်ခဲ့၏ အလုပ်သမားများကို နှိုးသည့်
အချိန်မှာမောင့်အထင် ဆယ့်ငါးမိနစ်မျှသာသို့သော်ဘ၀တစ်ခုဆုံးရှုံးရမည်ကိုမောင်မသိခဲ့ပါချေ ။မောင်
မောင်တို့နေသည့်အခန်းလေးသို့ပြန်လာချိန်တွင်အခန်းတွင်း မီးခိုးငွေ့များထွက်နေသည်ကိုမောင်တွေ့လိုက်
ရ၏ မောင်တံခါးကို ဆွဲအဖွင့်မောင့်မျက်နာနှင့်လက်တို့တွင်မီးဟပ်ခံရတော့၏။အခန်းတွင်းသိုမောင်အတင်း
တိုးဝင်ပါသော်လည်းဝင်၍မရခဲ့ပါပြန်ပြောလျှင်ရင်နာပါသည် နှလုံးသည်းပွတ်ကြေပြုန်းလုမတတ်ဖြစ်ရပါ၏
မောင်ချက်ချင်းမီးသတ်ဆေးဘူးပြေးယူ၏တပြိုင်နက် အဖေတို့ကိုအော်ဟစ်အကူညီတောင်း၏ မောင့်တပည့်
တို့သည်လည်းမောင့်နောက်မှမးသတ်ဆေးဘူးကိုယ်စီနှင့်အတူလိုက်လာပက်ဖျန်းကြ၏ သို့သော်ညီမကိုဆုံး
ရှုံးခဲ့ရချေပြီမိနစ်ပိုင်းအတွင်းတွင်သာ။မောင်ရူးသွားလောက်အောင်ပင် မောင့်အားရဲများစခန်းသိုခေါ်သွားသည်
ကိုသာမောင်သိတော့၏ ပုဒ်မ၂၈၅ ၊ ၃၀၄(က) နဲ့ဖမ်းဆီးခံရ၏။ထိုနေ့က မောင်မည်သို့ဖြစ်မှန်းကိုယ်တိုင်မသိခဲ့
သေမင်းသည်တစ်ညလုံးအတူတူ အိပ်ခဲ့ ကြသော်လည်း မောင့်အားချန်ထားကာညီမအားခေါ်သွားခဲ့၏
တချို့ကပြောတော့အထုံပါလို့ပါတဲ့။ ဘုန်းကြီးပြောတော့နဂါးပြည်ကလာလို့ပါတဲ့ မင်းတို့ကတော့မီးကို
ပူတယ်လို့ထင်ပေမယ့်နဂါးပြည်ကလာတဲ့သူဆိုယင်ဒီလိုနည်းနဲ့ပြန်ကြသူတွေများတယ်ဟူသတတ်။
ခက်နေသည်ကမောင့်ဘ၀ပါ ဘ၀တစ်ခုပြီးတစ်ခုပျက်ခဲ့လေသလား ၀ဋ်ကြွေးလား မောင်မသိခဲ့နောက်ပြီး
မောင်မသိခဲ့ရသော မောင်နှင့်ညီမ၏ အတိတ်ဘ၀ဆိုသောသိုက်သမိုင်း မောင်မယုံသော်လည်းကြားခဲ့ရ၏။
မောင်တို့သည် ရွှေစက်တော်ဘုရားသိုက်မှလာကြသူများဟူသတတ် ။မောင်သည်အထက်စက်တော်ရာသိုက်မှ
ဟုဆိုလေသည်မောင့်ထံ(သိုက်ထဲ)တွင်မိန်းမနှင့်ကလေးရှိသည်ဟုဆိုလေသည် ညီမသည်လည်း အောက်
စက်တော်ရာသိုက်မှလာသည်ဟုဆိုလေသည်။ဖြစ်နိုင်ချေ ရာနှုန်း အနည်းငယ်ဖြစ်သော်လည်း မောင်တို့ညီမတို့
မရွံ့ရဲစွာ ယုံကြည်ခဲ့ရဖူး၏။အဘယ့်ကြောင့်ဆိုသော် မောင်တို့လက်ထပ်ပြီးသကာလ မထင်မှတ်ပဲရုတ်တစ်ရက်
မောင်တို့ ရွှေစက်တော်ဘုရားသို့ရောက်ခဲ့ရ၏ ထိုမျှမက တိုက်ဆိုင်မှုက ရှိသေး၏ ထိုတိုက်ဆိုင်မှုကထိုရောက်
သွားသောနေ့သည်ကား ညီမ၏ မွေးနေ့ နောက်တိုက်ဆိုင်မှုတစ်ခုမှာ မောင်သည်အထက်စက်တော်ရာကို
သာရောက်ပြီး အောက်စက်တော်ရာကိုလုံးဝမရောက်ခဲ့ ညီမသာ မောင်မန်းချောင်းထဲရေချိုးကောင်းနေတုန်း
အောက်စက်တော်ရာကို ရောက်သွားခဲ့၏ ။မောင်တို့နှစ်ယောက်ဝေးရမှာကြောက်၏ သို့သော်ဝေးခဲ့ကြ၏
ဘ၀တွင်အပြင်းထန်ဆုံးစိတ်ဒါဏ်ရာ အမာရွတ်ဖြစ်ခဲ့ရ၏.....ထို့ကြောင့် မောင်သည်တော်တော်တန်ကိစ္စ
များတွင် ခံစားချက်ကင်းမဲ့တတ်လေသည် သို့သော် ခံစားမှုကားဒါဏ်ရာအမာရွတ်များပင်ဖြစ်လာခဲ့တော့၏။
တခါတရံ...မောင်သည် တမ်းတတတ်၏ လွမ်းမိ၏ ဖျက်ပစ်ချင်သောအတိတ် များရှိ၏ အချုပ်အားဖြင့် ကေနှင့်ဇတ်လမ်း မီးနှင့်အိမ်ထောင်ကျခဲ့ခြင်း စသည် အတိတ်ဆိုးများကို မောင့် ဘ၀တွင်းမှ ပြန်ဖယ်ထုတ်၍
ရပါလျှင် ဗွီဒီယိုတိတ် တခွေလိုပြန် REWလုပ်ပြီးဖျက်ပစ်လို့ရပါလျှင် ညီမမရှိတော့ဘူးဟူသောအသိ
မောင့်စိတ်ထဲတွင် အမှန်တစ်ကယ်သိရှိသွားခဲ့ပါလျှင် မောင် အတော်နေထိုင်ရသက်သာမည်ဟုထင်သည်
သို့သော်ဘ၀ဆိုသည် ဗွီဒီယို တစ်ခွေမဟုတ် ခဲ့ ဒီဗွီဒီတချပ်သာဖြစ်လေတော့ လိုချင်သည့် အစိတ်ပိုင်းလေးမျှ
ကိုဖျက်ပစ်၍မရ NEO 8 အထိမစွမ်းဆောင်နိုင်သေး အမှန်တော့ဖျက်ပစ်မရသောအရာများအဖြစ်စိတ်ထဲတွင်
ညီမသည်လည်းအမြဲရှင်သန်နေဦးမည် ညီမရှိရာကိုတနှစ်လျှင်သုံးကြိမ်မျှ မောင်ရောက်ဖြစ်ဆဲ ၊ကေ ကတော့တခါတရံမောင့်ဆီကိုဖုံး ဆက်နေဆဲ ၊ မီးကိုလည်းမောင် မုန်းလျှက်နှင့်တခါတရံတိုက်ဆိုင်မှုများတွေ့မိ
လျှင် လွမ်းနေဆဲ သို့သော် ယ္ခုအချိန်တွင် မောင်သည် ယောက်ျားကောင်းတစ်ယောက်ပီသစွာ အသက်ကလေးနှင့် ဘ၀ကိုခိုင်ခံ့တည်တံအောင် တည်ဆောက်နေသူတစ်ယောက်ဖြစ်နေချေပြီ ထို့အတူ
ကလေးတစ်ဦး၏ဖခင်မလွဲမသွေအဖြစ် သက်ကလေးကလည်းမောင့်ကို ရင်သွေးရတနာလေးမွေးဖွား
ပေးတော့မည်ကိုစိတ်ကူးနှင့်ပျော်ရွှင်မြူးနေခဲ့သူတစ်ဦးပါ။သို့သော် တခါတရံ HEROS ဇတ်လမ်းတွဲများထဲက
Hiro လို Time travel ( အချိန်ခရီးသွားခြင်း)ကို ပိုင်နိုင်ခဲ့လျှင် မောင့်၏စိတ်ဒါဏ်ရာ အတိတ်ဆိုးများကိုပြန်
ပြင်ချင်ပါသည်.........................

သို့သော်ခုချိန်ထိ မောင့်စိတ်ထဲတွင်အရိပ်အဖြစ် ညီမလေးရှိနေဆဲ တခါတရံ အလွန်အမင်းတွေ့ချင်စိတ်ဖြစ်မိဆဲပါ

Monday, November 24, 2008

ကိုယ်တိုင်ရေးပုံပြင်

နိုင်ငံခြားရောက်သွားတဲ့ ကလေးတစ်ယောက်ရဲ့ အတွေး နဲ့ သူ့အဖွားကိုပြန်ရေးလိုက်တဲ့စာ

သို့/
ဖွားဖွား
သားရိုသေသတိရစွာစာရေးလိုက်ပါတယ်။ဟိုနေ့က အင်တာနက်ကနေဖုံးပြောလို့ရလို့ ဖွားဖွားကျန်းမာ
ကြောင်းသားသိရတဲ့အတွက်သားအရမ်းဝမ်းသာပါတယ်။ဖွားဖွားရေ ဒီနိုင်ငံမှာကားတွေတစ်အားပေါတယ်ဗျာ
ကျွန်တော်တို့နိုင်ငံကစက်မှုဇုံထုတ်တဲ့ဂျစ်ကားတွေလိုပုံမဟုတ်ပဲပုံလှလှလေးတွေပါ ။ဟိုနေ့က ဖေဖေတို့နဲ့
ကားပြပွဲလိုက်သွားကြည့်ဖြစ်ပါတယ် ကားတွေကလှမှလှ ကားတွေရဲ့အတွင်းခန်း ဘော်ဒီပြောစရာမရှိအောင်
လှတယ်။ ကြော်ငြာတဲ့ မော်ဒယ်မလေးတွေကလည်းကိုယ်တုံးလုံးနီးပါးဝတ်လို့ သားကတော့မျက်စေ့ရှက်ပါ
တယ် ခုမှရောက်ကာစမို့နေမှာနောက်တော့လည်းရိုးသွားမယ်ထင်ပါရဲ့။ထူးဆန်းတယ်ဖွားဖွားရေ သားတို့ဆီမှာ
ရှိတဲ့ဗိုက်ပူပူကားကြီးတွေထုတ်တဲ့ ချက်ပက်လက် ကုမ္ပဏီ ခုထိရှိသေးတယ် ဗျဖွားဖွားပြောတော့စစ်ကြွင်း
စစ်ကျန်ဆို ခုထုတ်ထားတဲ့ကားတွေကချက်ပက်လက်ဆိုပေမယ့် ကားကခပ်သေးသေး လှလှလေးတွေ
ကျွန်တော်တို့ဆီက ဂျစ်ကားတစ်မျိုးပဲထုတ်တတ်သလားအောက်မေ့ရ တယ်။
ဒီကိုမလာခင်တုန်းကဖေဖေ ၀ယ်စီးခဲ့တဲ့စက်မှုဇုံကထုတ်တဲ့ ရာဇာဂျစ်ဆိုတာ ဘီးလေးဘီးအင်ဂျင်ဂီယာ
စတီယာတိုင်ပဲပါတာပါလား အဲတာတောင်မှမြန်မာငွေသိန်းတစ်ရာလောက်ပေးရတယ်နော်။ဒီမှာတော့ဒေါ်လာ
တစ်သောင်းဆိုယင် တော်တော်ကောင်းတဲ့ကားစီးလို့ရနေပါပြီစူဇူကီးအာပလပ်ဆိုယင်တော်တော်နိမ့်တဲ့ကား
ထဲမှာပါသွားပြီလို့ဖေဖေကပြောပါတယ်။သားစဉ်းစားမိတယ်မြန်မာပြည်ကကားတွေက စာအုပ်တွေလိုပဲကျမ်းကိုး
စာရင်း ရှိတယ်ဒါပေမယ့် JEEP ဆိုတာကလွဲလို့ဘာမှကျမ်းကိုးမရှိဘုး။
ဒီမှာဆိုယင်တော့စုံလိုက်တာမှ HONDA ဆိုယင်နောက်ဖက်မှာ ကျမ်းကိုး လိုမျိုး CIVIC,ACCORD, TOYOTA
ဆိုယင်လည်းအများသား LEXUS,PARADO.LANDROVER ဆို DISCOVERY အစရှိသဖြင့်စာတမ်းသေးသေး
တွေရးထားတာပေါ့ဖွားဖွားရယ်။
သားသားတို့ဆီမှာတော့ ဂျစ်ကားကိုပဲအမျိုးမျိုးကျမ်းကိုးလုပ်နေတာနေမှာနော် သားသားမှတ်မိသလောက်
ဆို ရာဇာဂျစ်၊ထီလာဂျစ်၊ရှမ်းစတားဂျစ်၊ ဒဂုံဂျစ်၊ချင်းတွင်းစတားဂျစ်၊မန္တလာဂျစ်၊ နိုင်ဂျစ်၊တော်တော်များတယ်
ဒါပေမယ့် ကျွန်တော်တို့နိုင်ငံကကားထုတ်တဲ့ကုမ္ပဏီတွေများတာမှန်ပေမယ့်ကျမ်းကိုးကတစ်ခုတည်း ရယ်
သားတို့စီးခဲ့တဲ့ ကားကိုတော့ မမတစ်ယောက်ကကင်ပွန်းတပ်ထားတာရှိသေးတယ် အသံထက်မြန်ပြီးပုလိပ်
လိုက်လို့မမှီတဲ့ကားတဲ့။တော်သေးပြီ ဖေဖေနဲ့ကားပြပွဲလိုက်သွားမိလို့ဖွားဖွားဆီဒီစာရေးပို့လိုက်တာ။
ဖွားဖွားကျန်းမာပါစေ။သားသားကျောင်းသွားတော့မှာမို့လို့စာကိုရပ်လိုက်တော့မယ်
ဖွားဖွားရဲ့အချစ်ဆုံးမြေး

Sunday, November 23, 2008

ဆောင်းအတု(၂)

















မြူနှင်းဝေ၍
လန်းဖြာသည့်ဆောင်း
အဟောင်းအတိုင်း
လွမ်းခဲ့ခိုင်းလျှင်
မောင့်ရင်ပူဆွေး
အတွေးထဲမှာ
လွမ်းကမ္ဘာတည်
နွယ်ကာရစ်ပတ်
တင်းကျပ်နေခက်
ဆောင်းငွေ့သက်တို့
မပီတပီ
ဝို့တို့ဝါးတား..........

အမြင်မှားသလား
မောင့်အတွေးမှာ
မပျော်ပိုက်ပါချေ
နွေအလား သောက
လောင်မြိုက်ကျွမ်းပူ
အလွမ်းယူစေ
ဆောင်းဟာနွေအလား
ထင်မှတ်မှားအောင်
ဖန်တီးယောင်သို့
နှင်းရိပ်ဝေလည်း
အတွေးစိတ်မှာ
မဖြေသာပျော်မော
အလွမ်းဝေဒနာတွေ
သေရာပါမယ်
ထင်ပါတယ်လေ...........

လွမ်းသောကဝေဒနာ
နွမ်းမောလျဝေဒနာ
တမ်းတကျွမ်းလောင်
ပူလောင်နေခွင့်
အလွမ်းရင့်လို့
ပန်းပွင့်လိုကြွေ
အလွမ်းတွေပါ
ဘာတွေပဲဖြစ်ဖြစ်
လွမ်းရစ်အောင်လို့
ဖန်တီးတဲ့ဆောင်း
အဟောင်းတွေ
အသစ်မဖြစ်ပေမယ့်
အတွေးတွေဝေ
အသစ်ဖြစ်စေသော
ဆောင်းအတုမှာလည်း
လွမ်းချင်းညည်းနေ
ခွင့်လွှတ်စေချင်
မောင့်ရင်ခွင်သည်
ကျွမ်းလောင်သောက
ဗျာပါဒတို့
စိုးမိုးခိုက်လေ
ငိုချင်လျှက်နှင့်
လက်တို့လာသော
အိုဘယ့်နှင်း.................

ချစ်သူမောင်၏စိတ်ဒါဏ်ရာအမာရွတ်များ(၉)

မီးကြောင့်ထင်ခဲ့သောစိတ်ဒါဏ်ရာမှာ တော်တော်နှင့်မပျောက်ခဲ့ပါချေ
တစ်ကယ်ဆန်းစစ်လျှင် ခုနှစ်သက္ကရာဇ်ကိုရေတွက်လျှင် ၁၉၉၆ခုနှစ်မှစ၍ ပါ တစ်ယောက်တည်းအထီးကျန်စွာ
နေဖြစ်ခဲ့သောရက်များစတင်ခဲ့ပါ၏ခြေထောက်တစ်ဖက်မကောင်း တော့သဖြင့်လည်းလောကနှင့်ဝေးရာ
တွင်ပုန်းအောင်းနေခဲ့မိခြင်းဖြစ်လိမ့်မည်။နှစ်အတန်ကြာ ပုန်းအောင်းနေစဉ် ငယ်စဉ်ကလေးဘ၀ တည်းက
ညီမတစ်ယောက်လိုခင်မင်ခဲ့သောညီမလေးဟုခေါ်သော ညီမလေးနှင့်မောင်ပြန်တွေ့လေသည် ။မောင့်မျက်
နှာညှိုးငယ်နေခြင်းကို ညီမလေးသတိထားမိသည် ထိုနေ့ကသူငယ်ချင်းတစ်ဦး၏မင်္ဂလာပွဲတွင်ဖြစ်သည်။
မောင်တစ်ယောက်တည်း တချာင်ထဲ တွင်ပုန်းအောင်းနေခြင်းကို ညီမလေးမနှစ်သက်ပါချေ မောင့်အား
ပြင်ပသို့ထွက်လာရန်ဖေးတစ်ဖက်လှည့် နှင့်ဖေးကူခဲ့သောမောင့်၏ကျေး ဇူးရှင်တစ်ဦးဖြစ်သောညီမလေး
ဖြစ်လေသည် ။မောင်အထီးကျန်နေမှန်းညီမသိ၏ ထို့အတွက် သူအလုပ်လုပ်မည်ဆိုလေ၏ မောင့်ကိုဝိုင်း
ကူစေ၏။ ၀ိုင်အမ်စီအေမှာဖွင့်သောမိတ်ကပ်သင်တန်းနှင့် ပန်းထိုးသင်တန်း အစရှိသည့်သတို့သမီးဝတ်
စုံအငှားဆိုင်နှင့်ပါတ်သက်သည့်ဖက်ရှင်ဆိုင်ရာသင်တန်း ဆံထုံသင်တန်း အစရှိသောသင်တန်းပေါင်းများ
စွာကိုမောင် လိုက်အပ်ပေးခြင်းစုံစမ်းပေးခြင်း အကြိုပို့လုပ်ခြင်း မော်ဒယ်များနှင့်ဓါတ်ပုံရိုက်ပေးခြင်း ။
အစရှိသည့်အလုပ်များစွာကိုလုပ်ပေးယင်းမောင်အထီးကျန်ခြင်းမှစတင်ကင်းဝေးလာခဲ့သည်။ မောင့်စိတ်
ကိုချမ်းမြေ့စေသည့်ညီမလေးပါ။
တစ်နေ့တော့ မောင်တို့ခွဲခွာချိန်တစ်ခုကိုအစပြုလာခဲ့ပြန်၏....
မှတ်မှတ်ရရ ညီမလေးသည်မောင်တို့ကုန်သည်အသိုင်းဝိုင်းနှင့်လည်းအဆက်စပ်ရှိခဲ့သည့်အတွက်
ထိုလောကမှအတင်းများစွာမောင်နားနှင့်မဆံ့အောင်ကြားမိလေသည် မောင်ညီမလေးအပေါ်ရိုးသားခဲ့
သည်မှာမောင် ဖာသာသိသည် ထို့အတွက်ညီမလေးကို အားနာစွာညီမလေးအနားမှမောင်အပြေးထွက်ခဲ့
လေတော့သည်။အဆက်သွယ်တော့မပြတ်ခဲ့ပါချေ တယ်လီဖုံးကိုအသုံးပြု၍ မောင်တို့၏ နာကျင်ဖွယ်
ရာများတစ်ယောက်နှင့်တစ်ယောက်ရင်ဖွင့်ဖြစ်ခဲ့ကြပါ၏။ထိုသို့သောအခြေနေတွင်သာ...ညီမလေးနှင့်
နှစ်နှစ်ခန့်ဝေးခဲ့ကြပါ၏ ပြန်တွေးယင်ရင်လည်းနာပါသည်။
၂၀၀၀ ခုနှစ် ၏နေ့တစ်နေ့တွင် ညီမလေးနှင့်ခွဲခွာခဲ့ ရ၏ နောက်ပိုင်းညီမလေးနှင့်အဆက်သွယ်ပြတ်လု
နီးပါးပါပေ တခါတရံ သတိရလို့ဖုံးဆက်ယင်တောင်မှ အမုန်းခက်လို့မေ့ပြီထင်.......မောင်နှင့်ညီမလေး
လုံးဝမတွေ့ဖြစ်တော့ ညီမလေးကိုလည်းမကူညီဖြစ်ပြန် တစတစ နှင့်ဝေးကွာခဲ့သည်။ပါတ်ဝန်းကျင်၏
ရိုက်ခတ်မှုဒါဏ်ကိုမောင်တို့နှစ်ယောက် အပြင်းထန်ခံစားရလေ၏။ထိုစိတ်ဒါဏ်ရာသည် ကိုယ်ဘယ်လောက်
ကောင်းကောင်း ခေါင်းဘယ်မရွေ့ဆိုတဲ့ စကားတစ်ခွန်းဟာမှားစေခဲ့လေပြီလား ပါတ်ဝန်းကျင်ကို ဂရုမစိုက်
တတ်သောမောင့်အတွက်တော်တော်ခံပြင်းစရာကိစ္စတစ်ခုဖြစ်ခဲ့လေသည်။သို့ သော် ညီမလေး၏သိက္ခာ
တရား အတွက်ငဲ့ကွက်ပြီးညီမလေးနှင့်မတွေ့ဖြစ်အောင်မောင်နေခဲ့လင့်ကစား မောင်တခါတရံမောင်ငို
တတ်ခဲ့ပါပြီ.....ကေ့ကိုရက်ရက်စက်စက်ခွဲပစ်တတ်ခဲ့သောမောင် မီးကိုမုန်းတီးနာကျည်းစွာ စွန့်ပစ်ခဲ့
သော မောင်တစ်ယောက် အတွက်လည်သည့်ဝဋ်လေလော .....မောင်မဆန်းစစ်မိပါချေ။ဒီလိုပဲအပေအတေ
အဖြစ်ပြန်နေဖြစ်ခဲ့ပြန်တော့၏ ။ ညီမလေးကိုချစ်ခဲ့လေပြီလားမောင်မခွဲခြားတတ်ခဲ့။အမှန်အစစ်သောအချစ်
ကိုတွေ့ရှိချိန်ဟုဆိုလျှင် ၀ိုင်းရယ်ကြမည်လား တစ်ကယ်တမ်းပြောရလျှင် မောင်အထီးကျန်ဆန်စွာမနေချင်
ခဲ့သော်လည်း မောင်သည်အား လုံးနှင့်ဝေးရာတွင်သာ နေဖြစ်လေ၏။

ညီမလေးအမှတ်တရ................အလွမ်း
ညီမလေးအမှတ်တရ.............အလွမ်း
ညီမလေးအမှတ်တရ.....အလွမ်း
ညီမလေးအမှတ်တရ...အလွမ်းကဗျာ

Friday, November 21, 2008

ချစ်သူမောင်၏စိတ်ဒါဏ်ရာအမာရွတ်များ(၈)

ထားပါတော့လေ ကေနှင့်ဇတ်လမ်းပြီးတယ်ဆိုပါစို့ မီးကိုလွမ်းနေသောမောင်သည် မီးနှင့်ပြန်တွေ့တော့သည်
သည်တစ်ခေါက်တော့မီးမောင့်ကို အဖြေပေးခဲ့လေသည် ။ကေနှင့်ဖြစ်ရပ်များကိုလည်း မောင်ဝန်ခံချေသည်
မောင်ဝဋ်လည်သည်လား မီးနှင့်မောင်တို့ မင်္ဂလာဆောင်ဖြစ်ခဲ့သည်(ပြန်ရောက်ပြီးမကြာမီမှာပေါ့)
Living Together ကိစ္စများကိုမီးလက်ခံခဲ့ သည့်အတွက်ဘ၀အစပိုင်းတွင်မောင်မီးကို လေးစားမဆုံးခဲ့ပါချေ
တစ်ကယ်တော့မောင်သည်မီး၏စရိုက်အမှန်ကိုမသိခဲ့ခြင်းဖြစ်ပေမည် ။သည်လိုနှင့်မောင့်စိတ်ထဲတွင် ယောရှီဒါနှင့်နယ်လုပွဲ ထို့အတူမီးနှင့်နယ်လုပွဲတစ်ဖနဖြစ်ရလေတော့ချေသည်....အမှန်တော့သည်တမြို့တည်း
တွင် မီးသည် ၂၁ လမ်း၌ နေလိုသည် မောင်ကစက်ရုံရှိရာ ရွှေပြည်သာသို့ အလုပ်လိုက်လုပ်စေလိုသည်။
အိမ်ထောင်ကျပြီဆိုသော်လည်းမီးသည် အသွားမပျက် အပေါင်းသင်းများနှင့်ပျော်ရွှင်မပျက်ဖြစ်လေသည်
မောင်သည်ကား အလုပ်ရိရာ မြို့စွန်သို့ဆိုင်ကယ်တစ်စီးနှင့် အရောက်သွား ညနေအနည်းဆုံး ၈ နာရီလောက်မှ
ပြန်ရောက်ဖြစ်တတ် သည် ည ၉ နာရီခန့်မှပြန်ရောက်လျှင်ကားမီးမျက်နှာညို လေသည် ထိုညများမောင်မီး
နှင့်ရန်မဖြစ်လို၍ အပြင်၌ အိပ်ခြင်းများလေသည် ၊အပြင်ဆိုသည်ကားမောင့် ညီ၏ဆိုင်၊သို့မဟုတ်သူငယ်ချင်း
တစ်ယောက်ယောက်၏အိမ်တွင်သာ။မီးသည်ကားမောင့်ကိုဂရုလည်းမစိုက် ပျော်ရွှင်လျှက်
လျှပ်ပေါ်လော်လီသော ဟူသောထိုစာကားလုံး မသုံးစွဲရက်ခဲ့ မီးကိုချစ်သည့်မောင့်အချစ်သည်ကား
မောင့်ဘယ်ခြေတွင် သေရာပါမည့် အရွတ်ပြတ်ဒါဏ်ရာ မောင့်၏စိတ်ဒါဏ်ရာများ မောင်အနေထိုင်ကျပ်ခဲ့
တဲ့နေ့တွေ မီးနှင့်မောင်ပျော်ခဲ့တဲ့မန္တလေးသင်္ကြန် ၊ရန်ကုန်ဆေးရုံကြီး ၏ ၅/၆ အဆောင် ရီနယ်မယ်ဒီကယ်
နားက ပီအာ ခန်းများ ထိုအရာများကား မီးကိုချစ်မိသော ၆နှစ်တာကာလ၏ စိတ်ဒါဏ်ရာအမာရွတ်များပင်၊
ကဲကွယ်ခွဲကြမယ်မီးရယ်လို့မပြောသေးခင်မှာပဲ............

ကျွန်တော့ချစ်သူများအကြောင်း(၉)
ကျွန်တော့ချစ်သူများအကြောင်း(၁၀)

ဆောင်းအတု





























ဒီနှစ် ရာသီ
မိုးကိုမှီ၍
ဆက်ခဲ့သည့်ဆောင်း
တုပကောင်းခဲ့.....

မိုးတွင်းပြီပြင်
မိုးသက်လေနှင်
အစချီကာ
ရွာခဲ့သည့်မိုး
မိုးကိုငြိုငြင်
ရာသီတွင်ကား
ဒုက္ခများစေ
မိုးသက်လေ........

နွေဟူဘိကား
နွေမပြီပြင်
အစောရောက်တဲ့
မုန်တိုင်းမိုးသက်
သည်းထန်ခက်ခဲ့
ကြမ္မာလေလား
မုန်တိုင်းမိုးသက်
နှင်ရန်ခက်ခဲ့
မိုးဦးအကျ
စောခဲ့သည်....

မိုးသည်နှောင်းလည်း
ဆောင်းဦးမလာ
သည်းသည်းပူကာ
နေရခက်တဲ့
အတု....အဖြစ်
ဆောင်းညစ်ပတ်သာ
ရောက်လို့လာခဲ့
ခက်သည်ရင်မှာ
လွမ်းစရာမရှိ
ပကတိသာ
ဆောင်းအတုဟု
မှတ်ယူတင်စား
ပြောလျှင်လေလည်း
မှားမည်လား..............။ ။

Thursday, November 20, 2008

ချစ်သူမောင်၏စိတ်ဒါဏ်ရာအမာရွတ်များ(၇)

ပြောလျှင်တော့မောင် ဆက်ပြောရတော့မည် သို့သော်ခွန်အားမရှိ ပွေသည်ရှုပ်သည်ဟုထင်ကြမည် သို့သော်
မောင်ဆက်မပြော မဖြစ်ပြောရပေမည် ။စိတ်အစဉ်တွင် တစ်ကယ်လား အရက်မူးလို့လားခွဲခြားမရခဲ့ပါပေ
ကေအိပ်ယာမှနိုးလာတောကရှက်ရွံ့ ဟန်မျက်နှာလေးမြင်လိုက်သည့်ခဏ
မောင်မှားပြီဆိုတာသေချာသွားတော့
သည်လေ။ကိုကို သမီးကိုတစ်ကယ်ချစ်လား လို့ကေ့မေးသံကြားမှာမောင်တွေဝေနေခဲ့သည်။မောင်မှားသည့်
အမှားအတွက်မောင်တာဝန်ယူရမည်သာ။မောင်တာဝန်မဲ့သည့်စိတ်မျိုးရှိသည့်လူစားမဟုတ်ပါချေ။ သမီး ကိုကိုတို့ညက တစ်ကယ်လား လို့မေးတော့ကေ မဖြေပါချေရှက်ရွံ့စွာခေါင်းငုံ့နေခဲ့လေသည်။ ကဲပါသမီးရယ်
ရှက်မနေပါနဲ့တော့နော်သမီးကို ကိုကိုတာဝန်ယူပါတယ် အပေါင်းအသင်းတွေကိုကြေငြာမယ်၊သံရုံးမှာလက်မှတ်
ထိုးပြီးလက်ထပ်မယ်နော် စိတ်ချသမီး။အမှန်ထို စကားများမှာအားပေးနှစ်သိမ့်သောစကားလိမ်ငြာသောစကား
များဖြစ်လိမ့်မည်ဟုမောင်မထင်မိခဲ့ပါချေ....
သို့သော်ထိုစဉ်ကမောင် သမီးအပေါ်လင့်ဝတ္တရားပြည့်စွာပေါင်းသင်းခဲ့ပါ၏။သူငယ်ချင်းများကိုလည်းအသိမှတ်ပြုပွဲလေးတစ်ခုလုပ်ပေး
ခဲ့ပါ၏။ သံရုံးတွင်လက်မှတ်ထိုးသည့်ကိစ္စသာ မဖြစ်မြောက်ခဲ့ပါချေ......သို့သော် ဧည့်သည်များမျက်စေ့
လည်ကုန်သောကိစ္စကိုလည်းရှင်းရသည်မှာအမောပါ။အစကယောရှီဒါနှင့်အသိမှတ်ပြုထားကြသူအပေါင်း
ကိုတော်တော်ရှင်းပြယူ ရလေသည်....နှစ်အတန်ကြာတော့ ...... မောင်လူဆိုးတစ်ဖန်ပြန်ဖြစ်
ရဦးမည်ကိုမောင်မသိခဲ့ပါချေ..ကေသည်လည်းမောင့်အပေါ်ယ္ခင်ကထက်ပိုဆိုးခဲ့သည် ပိုချုပ်ချယ်လာသည်
မောင်စိတ်သည်လွတ်လပ်မှုကိုအလိုရှိသည် မောင်သည်ချုပ်ချယ်မှုကိုမလိုလား ထိုအရာများသည်မောင့်စိတ်
ကိုဒါဏ်ရာအမာရွတ်ဖြစ်စေလိမ့်မည် ကိုမောင်မသိခဲ့ ။သို့သော် အချိန်နှင့်အမျှ စိတ်ဖိစီးမှုဒါဏ်ကိုမောင်ခံစား
ရတော့သည်။ကေသည်လည်းအမျိုးမျိုး အဖုံဖုံချုပ်ချယ်လေသည်။ တနေ့ မောင်နှင့်ယောရှီဒါစကားပြောနေ
သည်ကိုသမီးတွေ့မြင်သွားသည် ဘာရယ်တော့မဟုတ်ပါ ယောရှီဒါနှင့်သူငယ်ချင်းအဆင့်သို့ပြန်လျှောကျ
သွားသည်မှာ သမီးနှင့်အိမ်ထောင်ပြု ခဲ့သည့်အချိန်တည်းကဖြစ်သည် ။သို့သော် သမီး၏သ၀န်တိုခြင်း
သည် မောင်နှင့်သမီးကြားတွင်ကြီးမားသောရန်ပွဲကိုဖြစ်စေသည် ။မောင်သည်ကားစိတ်ညစ်ညူးစွာ အလုပ်များလုပ်နေရသောဘ၀ကိုမပျော်ပိုက်တော့ပါချေ.........

မှတ်ချက်။ ။လွမ်းနှင့်တော့မြကေခိုင် ကိုသာပြန်ရှာဖတ်ကြပါတော့နော်

Wednesday, November 19, 2008

ချစ်သူမောင်၏စိတ်ဒါဏ်ရာအမာရွတ်များ(၆)

တစ်ကယ်တော့မောင် အတ္တကြီးခဲ့ လေသလား ကလေးဆန်ခဲ့ တာလားတွေးလို့မရခဲ့ပါချေ အတွေးထဲက
မှတ်မိသလောက် ပြောပြချင်လေသည် ရင်းနှီးစွာနေဖြစ်ခဲ့ တဲ့ တစ်နှစ်ကျော်ကာလအတွင်း ကေသည် မောင့်
အပေါ် အလွန်ကောင်းခဲ့ လေသည် ဆိုးသည့်အချက်များရှိခဲသော်လည်း ကောင်းသည့်ရာနှုန်းကများပါ၏
သို့သော် မောင်ကေ့ကိုမချစ်ခဲ့ ချစ်မိသည်ကယောရှီဒါသာ။ ယောရှိဒါကိုတွယ်တာမိသည့်အကြောင်းပြချက်မရှိခဲ့
သစ္စာဆိုသည်ကိုမောင်နားမလည်ခဲ့ နားမလည်ချင်ယောင်ဆောင်ခဲ့တာလည်းဖြစ်ချင်ဖြစ်ပေမည် ။သို့သော် မောင်ပျော်ခဲ့ပါ၏ ။ယောရှီဒါ သည် မောင့်ကိုချစ်လေသည် မောင်သည်လည်းသူ့ကိုချစ်ခဲ့ မိသည် ကိုဝန်ခံရပေ
မည် ။မောင်နှင့်ယောရှီဒါ တနိုင်ငံလုံး မိုးမမြင်လေမမြင် သွားလိုရာသွား ၏။တစ်ဖန်မောင်မန်နေဂျာဖြစ်သောဆိုင်
ငယ်လေး တွင် အလုပ်ရပြီးအလုပ်မှထွက်သွားခဲ့သော်လည်း အလုပ်မှပြန်ချိန်တိုင်းမောင့်ထံသို့လာ၏ ။
ဧည့်သည် တိုင်းသည်လည်းမောင်တို့စုံတွဲကိုအသိမှတ်ပြုခဲ့ကြ၏ ယောရှီဒါကား အရပ်မြင့်မြင့် အသားဖြူဖြူ
သွယ်လျလျ ကောင်မလေးဖြစ်သည်။ယောရှီဒါကိုချစ်မိသည့်အတွက်မောင့်မှာအပြစ်ရှိလေသည်လား
မောင်စဉ်းစားနေဆဲမှာပင် မောင့်ထံတွင်အပြစ်မရှိဟုကိုယ်တိုင် "မသိဘူးကွာ" ဟု ဇွတ်မှိတ်ငြင်းပစ် လိုက်သည့်
မောင့်ကိုယ်မောင်လှည့်စားခြင်းမျိုးဖြစ်ခဲ့လေသည်။တစ်ကယ်တော့ယောရှီဒါသည် မောင်တို့နိုင်ငံ၏လူနေမှု
နှင့်မည်သို့မှအံမ၀င် မောင်လည်းတပါးနိုင်ငံတွင်တစ်သက်လုံးနေရန်ဆန္ဒမရှိခဲ့ပါချေ။မောင်သည်ယောရှီဒါကို
ချစ်နေလင့်ကစား မီးကိုလွမ်း၏ တမ်းတ၏ သို့သော် မောင့်စိတ်အစဉ်တွင်မရှင်းလင်းခဲ့ပါချေ......
တစ်ကယ်တော့ယောရှီဒါသာ မောင်နှင့်အတူမောင့်နိုင်ငံတွင်လိုက်နေမည်ဆိုလျှင် မောင့်စိတ်အတွေးတို့
သည်မျှရှုပ်ထွေးဖွယ်မရှိ မောင်စိတ်ရှုပ်ထွေးနေစဉ် အရက်တည်းဟူသော အရာကိုအဖေါ်ပြုမိခဲ့ချေသည်။
တနေ့ ကြုံလာချေသည်လေ.....ကုမ္ပဏီက စကီးစီးရန်ခရီးတစ်ခုစီစဉ် သည့်နေ့တွင် မောင်သည်ပုလင်းကိုဆွဲ
လျှက်ကားပေါ်တက်သည် ကားပေါ်မတက်မှီကလည်းတစ်ပုလင်းမျှသောက်ခဲ့ မိချေသည် မောင်အမူးလွန်ခဲ့
လေသည်လား မောင်စဉ်းစားမိသည်မစဉ်းစားမိသည်ထားထိုခရီးတွင် ယောရှီဒါ က သူ့အစီစဉ်နှင့်သူလိုက်
ပါလာခဲ့လေသည် မောင်တို့နယ်မြေလုယင်းစကားများခဲ့ကြ၏ ။မောင်လည်းအမူးလွန်ချေပြီ ။မောင်နိုးလာ
သောအခါ ကေသည်မြင်ရန်မသင့်သည့်ပုံစံဖြင့်မောင့်အနီး အိပ်ပျော်နေခဲ့လေသည် မောင့်ခေါင်းသည်ကား
အရက်မူးသည်ထက်ချာချာလည်ရတော့သည်။ ကေနှင့်ဘယ်လိုသည်အခန်းထဲရောက်လာပြီးဘာတွေဖြစ်ခဲ့
သည်မောင်တွေးလို့မရခဲ့ မောင်မူးနေစဉ်ကတွဲ လာသူကိုယောရှီဒါဟုမောင်ထင်သည်မှာမမှန်ခဲ့ လေသည်ပေါ့ မောင်နှင့်အချစ်စခန်းဖွင့်ခဲ့သူမှာယောရှီဒါမဟုတ်ပေါ့ ဒါဆိုလျှင်..........

HAPPY BIRTHDAY ကိုယ့်ရဲ့အသက်ကလေး

zwani.com myspace graphic comments
Myspace Happy Birthday Comments & Graphics


ကိုယ့်ရဲ့ ရင်ထဲကချစ်ရတဲ့ ကိုယ့်ရဲ့အသက်ကလေး
ဒီနေ့ကျရောက်တဲ့ မွေးနေ့မှသည် သက် ချစ်တဲ့ကို နဲ့ ဘ၀တစ်လျှောက်လုံးလက်တွဲပြီး ပျော်ရွှင်ချမ်းမြေ့
သာယာ အေးချမ်းတဲ့ဘ၀ကိုဆက်တည်ဆောက်နိုင်ပြီး လိုတိုင်းတတိုင်း ပြည့်တဲ့ ဘ၀ကိုပိုင်ဆိုင်ပြီးသကာလ
လွယ်ထားရတဲ့ ရင်သွေးလေးကိုကိုယ့် အတွက်အောင်မြင်စွာ မွေးဖွားပေးနိုင်ပါစေ.....
ချစ်တဲ့
အသက်လေးရဲ့...... ကို

zwani.com


Tuesday, November 18, 2008

ချစ်သူမောင်၏စိတ်ဒါဏ်ရာအမာရွတ်များ(၅)

အမှန်ပြောရယင်တော့ မြကေခိုင်ကို တွေ့စတည်းကညီမတစ်ယောက်လို ခင်မိသွားတာကစတာ ဒါပေမယ့်
မောင့်အဖြစ်က ချစ်ခြင်းကို ငတ်မွတ်တောင့်တနေသူတစ်ဦးမဟုတ်လား တစ်နေ့ရွှေတိဂုံဘုရားအတူသွား
ဖြစ်တဲ့နေ့တစ်နေ့ပေါ့ ....ကိုကိုသမီးကိုချစ်လားလို့ မေးလာခဲ့တယ်
(ကူကူးရေ အဲတာအမှန်ပဲသိက္ခာချတာဟုတ်ဖူးနော်)
မောင်ဘယ်
လိုဖြေရမလဲ အမှန်ကခင်မင်စိတ်နဲ့ ကူညီတာ။ မောင်ဘယ်လိုဖြေခဲ့လည်းသိလား ညီမတစ်ယောက်လိုချစ်တယ်လို့ပဲဖြေခဲ့တာ တစ်ကယ်။ မောင်တို့ ဖြူစင်သန့်ရှင်းခဲ့ ကြပါတယ် ဘန်ကောက်မှာ
ညအိပ်ကာနီးကြားမှာ ပန်းကုံးလေးခြား အိပ်တာ အမှတ်တရပေါ့ ။မောင့်အတွေ့ကြုံကိုပြောပြဦးမယ် အဲဒီတုန်းက
မောင်တို့သူများဗီဇာဝယ်ပြီး ဂျပန် IMMIGRATION ကိုလှည့်စားခဲ့တာ ။ပထမတစ်ခေါက်နှစ်ယောက်အတူ
သွားတော့ UNITED AIR LINE နဲ့ ပါ ၀င်လို့မရပါဘူး ဒီပို့ တုံးအထုခံရပါတယ် ။ဘန်ကောက်က လုပ်ပေးတဲ့
သူကလည်းလည်ပါတယ် စာမျက်နှာတိုင်းမှာကော်သုတ်ပေးခဲ့တာပေါ့ အဲတော့ ဒီပို့ တုံးကဖျက်လို့လွယ်သွား
တာပေါ့ လေ.....ဖျက်တယ် နောက်ပြီးမောင်အယင်ဂျပန်ကိုဝင်တယ် ဒီတခါတော့နပ်သွားပြီ JAL နဲ့ဝင်တယ်
လက်မှတ်ခဈေးကြီးယင် ကြီးပေ့စေပေါ့ ၀င်လို့ရဖို့ကအရေး ကြီးတာကို ၊ မနက်စောစောပဲ ဂျပန်ကိုဝင်လို့
ရသွားတယ်။ဝင်လိုကရပြန်တော့ ကေကိုစိုးရိမ်ရပြန်ရော သူအ၀င်ရခက်မှာစိုးလို့ ဒါပေမယ့်တစ်ပါတ်ကြာတော့သူရောက်လာခဲ့ တယ် အဲဂျပန်လိုဘာမှမသိတဲ့ ကေ့ကိုဂျပန်စာစသင်ပေးတော့တာပေါ့
ရောက်ရောက်ချင်းအလုပ်မရဘူးလေ ...နွေရာသီကျောင်းပိတ်ရက်နဲ့တိုးနေတာကိုး အဲတာနဲ့ အမှတ်မရှိတောင်
ပေါ်ကိုဖုန်းဆက်လိုက်မိတယ် သူဋ္ဌေးကလာခဲ့ လို့ပြောတယ်အဲတာနဲ့ ကေ့ကိုပါခေါ်ပြီးတောင်
ပေါ်ကိုတစ်ခေါက် အရောက်သွားဖြစ်ပြန်တယ် အဆင်မပြေပါဘူး ဟိုရောက်တော့ ဘယ်နိုင်ငံက ကုလားတွေ
ရောက်နေလဲမသိ ကိုတိုးတို့လည်းမရှိ တော့ဘူး အားလုံးပြောင်းလဲနေပြီ....။ အလုပ်မဖြစ်တာနဲ့ တောင်ပေါ်ကပြန်ဆင်းလာတယ် ပွဲခပေးပြီး အလုပ်ဝင်ပါတယ် အလုပ်ဆက်တိုက်ရလိုကတစ်နေ့အလုပ်ချိန်
၁၈နာရီလုပ်ခဲ့တယ် သုံးလအတွင်းမှာပဲထိုင်စားခဲ့တဲ့ သုံးလစာအကြွေးကျေတယ် လူလည်းဘုံးဘုံးလဲတော့
တာ။ အလုပ်တွေလည်းပြုတ်ကုန်တယ် ။နောက်နေပြန်ကောင်းတော့ တနေ့၁၃နာရီလောက်ပဲလုပ်မယ်လို့ဆုံး
ဖြတ်လိုက်တယ် Isagaya(ဂျပန်ရိုးရာဆိုင်) နဲ့ Sushi (ဆူရှီ ဆိုင်) မှာ အလုပ်ရတယ် တနေ့ဆယ့်သုံးနာရီ
ညနေလေးနာရီကနေကိုးနာရီအထိ တစ်ပိုင်း နောက်ညဆယ်နာရီကနေမနက်ငါးနာရီ အထိတစ်ပိုင်းပေါ့
ခုမှအခြေကျတော့တယ် ကေလည်းခေါက်ဆွဲဆိုင်မှာအလုပ်ရ တယ် တပူးတွဲတွဲဖြူစင်သန့်ရှင်းဆဲပါ ။သူငယ်
ချင်းတွေကမယုံကြဘူး နေပေါ့ ချစ်သူမောင်ဆိုတာ ဘာကိုမှသိပ်ဂရုမစိုက်တဲ့ကောင်ပဲဟာ ။ ညနေပိုင်းအလုပ်ကအဆင်ပြေတယ် ညအလုပ်ကအကုသိုလ်များပါတယ် ။ငါးလှီးတဲ့အလုပ် ငါးအရှင်လတ်လတ်ကို အသားလွှာတာ ငါးကမသေပဲ စားသုံးသူရှေ့အရောက်ပါစပ်ဟစိဟစိနဲ့ ခုထိပြန်တွေးယင်အဲဒီအကုသိုလ်တွေ ကျောချမ်းတယ် ။ဒါပေမယ့်သုံးလလောက်လုပ်ပြီးအိမ်ခန်းလေး တစ်ခန်းငှားနိုင်တယ် ကေနဲ့ရှယ်ယာပေါ့ အခန်းနှစ်ခန်းပါတယ် ရေချိုးခန်းမပါဘူး အိမ်သာပါတယ် တစ်ခန်းစီ
နေကြတယ်။ညအလုပ်ကိုစိတ်ပျက်တာနဲ့ ညနေအလုပ်ကိုတစ်ညလုံးလုပ်ဖို့ဆုံးဖြတ်ပြီး ညနေဆိုင်မှာပဲ ညနေ၎
နာရီကနေ မနက်၅နာရီအထိ ကေနဲ့ တူတူပဲလုပ်ဖြစ်ခဲ့ တော့တယ် အလုပ်နာမည်က အချိန်ပိုင်းအလုပ်သမား
တစ်ကယ်တော့လခစားမတပ်ယုံ တမည်ပါ ဘာလို့လဲဆိုတော့ လခစားအခွင့်ရေးအပြည့်ဝရပါတယ်
ပတ်တိုင်း ဆိုပေမယ့်အရာရောက်ပါတယ် ။နောက်ပြီးမောင်က ဂျပန်စားဖိုမှုးပညာမှာအမြင့်ဆုံးဖြစ်တဲ့ဆူရှီ
ပွဲပြင်တဲ့ အတတ်ကို ဆူရှီဆိုင်ကနေတတ်ခဲ့တာကိုး။နောက်အချက်အပြုတ် ပိုင်းလည်းတတ်လာတော့ certificate ထုတ်ပေးတယ် ဖိုထဲမာမောင်အကြီးဆုံးပေါ့ ။ပြောတာပါ တစ်ဆိုင်လုံးမောင့်လက်မောင့်ခြေပါပဲ
အခုမှစတွေ့တော့တာ မောင်တို့ရောက်ပြီးတစ်နှစ်ပြည့်တော့သံသရာတစ်ပတ်လည်ခဲ့ပြီလေ။
နွေရာသီကျောင်းပိတ်
ရက်ရောက်လာပြန်ပေါ့ အဲဒီမှာ ဂျပန်လူမျိုးပတ်တိုင်း အလုပ်သမားလေးတွေဆိုင်ကိုဝင်လိုက်ထွက်လိုက်နဲ့
ပေါ့။Yoshida Miyuki နဲ့ စတွေ့ဖြစ်ခဲ့ တော့တာပေါ့ ..........ဂျပန်မချောချောလေး ပါ တက္ကသိုလ်ပိတ်တုန်း
ပတ်တိုင်းဝင်လုပ်တာ ဒါပေမယ့်သူဘွဲ့အရစောင့်တာဆိုတော့ဆိုင်မှာတော်တော်ကြာသွားတယ် မောင်က
သူ့ကိုစိတ်ဝင်စားတယ် ကေနဲ့ ဖြူစင်တယ်ဆိုတာအစကသူမယုံဘူး တစ်အိမ်တည်းအတူနေတာဆိုတော့
နောက်တော့ကေနဲ့ သူအဖွဲ့ ကျသွားတယ်မိန်းကလေးတွေအဖွဲ့ကျသွားယင်လည်းကြောက်စရာတော်တော် ကောင်း ယောရှီဒါလည်း Myanmar cultural ကိုလေ့လာတော့တယ် ကေကလည်းတိုက်တွန်းမှာပေါ့
အဲဒီအချိန် မှာမောင်ကသမီးလို့ ခေါ်တဲ့ ကေ့ရင်ထဲဘယ်လိုခံစားရမလဲမောင်မတွေးဖြစ်ခဲ့တာအမှန်ပါ......

Monday, November 17, 2008

ချစ်သူမောင်၏စိတ်ဒါဏ်ရာအမာရွတ်များ(၄)

အဲဒီနိုင်ငံကို မသွားခင် အဖေ မှာလိုက်တဲ့စကားတစ်ခွန်းရှိပါတယ် လူ့အောက်ကျို့လို့ လူပိမသေဘူး
သစ်ပင်အောက်ကျို့ယင်တော့သစ်ပင်ပိသေတတ်တယ်တဲ့။အဲလိုမှာလိုက်တာ တစ်ကယ်တော့လူအောက်
ကျို့ယင်းနဲ့ နင်းပြားဖြစ်သွားရတဲ့ ဘ၀ပါ။ငဖြိုးနိုင့်ထက်စီးနင်းလုပ်တာခံရသလို ဒေါ်မိုးမိုးကလည်း ခေါင်းပုံ
ဖြတ်အမြတ်ထုတ် ငွေတော်တော်များများ ဆုံးရှုံးသွားခဲ့ ရတယ် တစ်ကယ်တော့တောင်ပေါ်မှာ သစ်ပင်ပိမသေခဲ့တာအပြေးကောင်းလို့ ဖြစ်ပုံကဒီလို တောင်ကမ်းပါးရံက အပင်ကြီးကိုလှဲတာ
လူနှစ်ဖက်လောက်ရှိမှာပေါ့ ဆွဲလှဲဖို့ကြိုးကမမှီတမှီ အောက်ကနေချိန်းဆော နဲ့ဖြတ်တဲ့သူကတစ်ယောက်ဲ
လဲကာနီးအဖျားမှာချည်ထားတဲ့ကြိုးကိုဆွဲလှဲတော့ သစ်ပင်လဲပြီးလူနောက်တဟုန်ထိုးလိုက်လာတာပေါ့
တောင်ကမ်းပါးယံကိုး ဘာပြောကောင်းမလဲပြေးတာဖနောင့်နဲ့တင်ပါးတစ်သားတည်းမကျရုံတမည်ပေါ့
သစ်ပင်ကြီး အရှိန်မသေမချင်းရပ်မရအောင်ပြေးရတာ နောက်တစ်ခုအတွေ့ကြုံပါ ။လူကအရွတ်တုံးဖြစ်သွားတာ ကမ်းပါးယံကိုညှိတော့ ဘက်ဖိုးနဲ့ညှိတာလေ မြွေတွင်းတွေလည်းရှိတယ် အဲမှာမြွေဖမ်းပစ်လိုက်တယ်
ထွက်လာတဲ့မြွေခေါင်းကိုဆတ်ကနဲဖမ်းညှစ်ပစ်တာ အစွယ်နဲ့လွတ်သွားလို့နို့မို့ဆို ချစ်သူမောင်ခုချိန်မှာ
မရှိတော့ဘူးလေ ဟီး.......ထားပါလေ လူညစ်နေတော့ပေါက်ကရလုပ်ခဲ့ တာလေးအမှတ်တရထည့်ရေး
တာပါ ။အဲဒီအချိန်မှာကြောက်စိတ်ဆိုတာလည်းမရှိတော့ဘူးလေ။လုပ်ချင်ရာစွတ်လုပ်တော့တာ ခုချိန်မြွေ
တစ်ကောင်လောက်ဖမ်းပြဆိုယင်တော့ ကိုင်ရဲဖို့နေနေသာသာ အသည်းယားတာနဲ့ တင် တခုခုနဲ့ ရိုက်ပစ်
မှာ။ချစ်သူမောင်သစ်ပင်ပိလို့မသေပဲလူ့အောက်ကျို့လွန်းလို့ သူများနိုင့်ထက်စီးနင်း လုပ်တာခံရတော့တာ
အဖေ့ မှာကြားချက်မှားတယ်လို့တော့မပြောပါဘူး ချစ်သူမောင်အတွက်မမှန်တာပါ။ အမှန်တော့ ကိုယ်နိုင်ငံသားက နိုင်ငံခြားမှာကြောက်ဖို့ကောင်းတယ် ။လှီးမယ် ခုတ်မယ်ထစ်မယ်ဆိုတာမျိုးတွေပါ
အဲလိုနဲ့ Hamura မှာမနေနိုင်တဲ့ အဆုံးတိုကျိုကိုပြန်လာခဲ့ တယ် Ikebukoro ဘူတာရုံရှေ့က ပန်းခြံထဲမှာ
ချမ်းချမ်းစီးစီးကြီး ကဒ်ထူပုံးခင်းပြီးအိပ်ခဲ့ဘူးတယ် တောင်ပေါ်ကိုဖုံးဆက်လိုက်တော့ကိုတိုးလှမ်းပေးလိုက်တဲ့
လိပ်စာကိုမသွားတတ်လို့ နောက်ပြီး ညမိုးချုပ်နေတာလည်းပါတာပေါ့။နောက်နေ့မနက် ကိုတိုးရဲ့ယောက်ဖ ကိုဘိုဘို အိမ်ကိုသွားရှာတယ် တစ်ကယ်တော့ ကိုဘိုဘို ကစိတ်ထားကောင်းတယ် ကျေးဇူးရှင်တစ်ယောက်ပါ
အလုပ်လည်းသွင်းပေးတဲ့ အပြင် ငွေကြေးစကားတစ်ခွန်းမှမပြောခဲ့ပါဘူးအိမ်ပေါ်မှာလည်းတင်ထားတယ်
ခင်ဖို့လည်းကောင်းတယ် ခုတောကဂျပန်မနဲ့အိမ်ထောင်ကျပြီးအပြီးပြန်မလာတော့ဘူး။
ဒါပေမယ့် မောင်အဲဒီအချိန်ကငယ်သေးတာကိုး အိမ်ကိုလည်းလွမ်းတယ် (အိမ်နဲ့ မတည့်တာတောင်)
သူငယ်ချင်းတွေကိုလည်းလွမ်းတယ် ရန်ကုန်မှာရှိတဲ့အရာအားလုံးကိုလွမ်းတယ် အဲတာနဲ့တနှစ်မပြည့်
တပြည့်မှာပဲ ရန်ကုန်ပြန်လာဖြစ်ခဲ့ တာပေါ့ ။အဓိကအဲ့အချိန်ကမီးကိုလွမ်းတာပဲဖြစ်မှာ အသက်က
ငယ်သေးတယ် ဆယ်ကိုးနှစ် ကျော်လောက်ပဲ ရှိဦးမှာ ။နောက်တော့မီးနဲ့ အင်္ဂါနေ့တိုင်းလိုလိုတွေ့ဖြစ်တယ်
ဒါပေမယ့်မီး မောင့်ကိုအဖြေမပေးပဲထားတယ် မောင်တော်တော်ညစ်လာတယ် အဲတာနဲ့ မန္တလေး၁၆လမ်း
မီးလောင်ပြင်ကိုကံထရိုက်ဆောက်ဖို့ဖြစ်လာတယ် အဲတာနဲ့ မောင်လည်းမန္တလေး ကိုကံထရိုက်အဖွဲ့နဲ့
လိုက်သွားဖြစ်တော့တယ်မောင်တော်တော်ပေပေတေတေ နေဖြစ်ခဲ့တာ ခရီးပေါင်းစုံရောက်လို့ ပေါ့ ပုဂံ၊
ညောင်ဦး ၊ပုပ္ပား အစရှိသဖြင့်ပေါ့ အဲမှာမောင့်အစ်ကိုဝမ်းကွဲလူပျို ကြီးတစ်ယောက်ပါတယ် သူမိန်းမရရေး
မောင် လှုပ်ရှားတာလည်းပါတယ် ပေါ့။အမျိုးချင်းပေးစားမလို့သူ့ကိုလူကြီးတွေစီစဉ်တာ အမှန်တော့
အမျိုးဆိုတာဟိုဖက်မျိုးဒီဖက်မျိုးပါ ဦးလေးမိန်းမဖက်ကအမျိုးနဲ့ သူ့ကိုပေးစားဖို့ ပေါ့ အဲဒီမှာ မောင်လိုက်ပြီးလေနေခဲ့ တာပေါ့၊သူနဲ့စီစဉ် တဲ့ ကောင်မလေးက ကသာက သူနဲ့ တွဲပြီးမောင် ကသာမှာ
တစ်လလောက်နေဖြစ်ခဲ့တာပေါ့။သူ့ ကြောင့်အမျိုးတွေကြားမှာမောင်တော်တော်နာမည်ကြီးခဲ့တာပေါ့
သူ့ကောင်မလေးရဲ့တူမနဲ့မောင်နဲ့ အတော်ခင်ခဲ့ ကြတာကိုး နောက်ပိုင်းလည်း စာအဆက်သွယ်ရှိသေးတယ်
ခုတော့ကလေးတစ်ယောက်ဆိုလားနှစ်ယောက်ဆိုလား ရနေပြီတဲ့လေ.....။ ထားပါအဲဒီအရွတ်တုံး စိတ်ဒါဏ်
ရာကမပျောက်ခဲ့ပါဘူး ကသာကနေပြန်လာတော့အဖေနဲ့ မတည့်ပြန်ဘူး အဲမှာမန္တလေးကန်ထရိုက်ကဆက်
မလုပ်ဖြစ်ခဲ့တော့ဘူး။နောက်တော့ရန်ကုန်ပြန်လာ ဘုရင့်နောင် ပွဲရုံတန်း ဆောက်ဖို့စလာရောလေ မောင်
ကအလုပ်မကြောက်တတ်တာဆိုတော့ သဲထဲနွံထဲလည်း သွားတာပဲဆောက်တာပဲဆောက်တဲ့ အချိန်တွေ
မောင်နဲ့မီးဝေးနေခဲ့ကြတယ် မီးကိုမောင်နောက်ဆုံးပေးခဲ့ တဲ့စာထဲကအတိုင်း နှစ်ယောက်စာ
မောင်တစ်ယောက်တည်းလွမ်းနေပေးပါ့မယ် ဆိုတဲ့အတိုင်း မောင်ဆိတ်ဆိတ်နေခဲ့ တာပေါ့ .....
ဘုရင့်နောင်က(ခ)၂၄ အဆောက်ဦမပြီးခင်မှာပဲ မောင်နောက်တစ်ခေါက် ချယ်ရီပွင့်တဲ့ နိုင်ငံကို ပြန်ရောက်ဖြစ်ခဲ့ရပြန်တယ် ခက်ခက်ခဲခဲဟုတ်ပါဘူး ဒါပေမယ့်အဲ့ဒီအချိန်က ခက်ခဲခဲ့တယ်လေ ...ဘာလို့လည်းဆိုတော့မြကေခိုင်ဆိုတဲ့ ကောင်မလေးတစ်ယောက်ကိုသနားလို့ကူညီပေးခဲ့တာကြောင့်
ပေါ့ မောင် သစ္စာမရှိတာတော့မဟုတ်ပါဘူး မရှိချင်တော့တာဖြစ်မယ် အဲဒီအချိန်တုန်းက မောင့်စိတ်တွေ
အခြေနေမဲ့ လေနေခဲ့တယ်လေ....................။

ချစ်သူမောင်၏စိတ်ဒါဏ်ရာအမာရွတ်များ(၃)

အင်းလေ ဟုတ်ပါတယ် တစ်ကယ်ချစ်တာပါဆိုနေ.....မီး ယုံအောင်ကိုယ်ဘယ်လိုပြောရမလဲ တစ်ကယ်
သိရအောင်မီးကိုမေးလိုက်တယ်လေ ဘယ်သူလဲ ဘယ်ကလဲ တောင်ကြီးကတဲ့ အဲ ...ထားပါတော့လေ
မီးကိုချစ်တဲ့အချစ်တွေမျိုသိပ်ပြီး နှစ်ယောက်စာရင်ကအလွမ်းတွေကိုပဲ ကြိတ်ခံစားတော့မယ်ဆိုပြီး မီးရဲ့
အပါးကပြေးထွက်ခဲ့ ပေမယ့် မောင်ပြေးလို့မလွတ်ခဲ့ပါဘူး နိုဝင်္ဘာရောက်တိုင်း မီးနဲ့တွေ့ဖြစ်တယ်
တစ်ကယ်တော့ နော့(ဗ)ဒက်ဇ ဆိုတာမောင့်အတွက်အိပ်မက်မဟုတ်ပါလား ချစ်ရတဲ့မီးရေ.......
အဲဒီမှာအဖေကအပြတ် ကြော်ငြာလာခဲ့ တယ် လုံးဝသဘောမတူနိုင်ဘူးဆိုတာနဲ့ အတူမီးနဲ့ ဝေးတဲ့အရပ်
ချယ်ရီပန်းတွေပွင့်တဲ့ အရပ် ကို သွားချင်နေတဲ့ မောင့်ကို သွားခွင့်ပေးခဲ့ပြန်တယ်.....မီးထံတော့မောင်
စာအရေးမပျက်ခဲ့ ပါဘူး ။အဲဒီမှာအလုပ်အပိုင်းရောက်လာခဲ့ ပြန်တယ် ရောက်သွားတဲ့ နေရာကစကီးဂျော
နားကအ၀တ်လျှော်ရုံ တစ်ရုံကိုပါ tsumagoi mura ဆိုတဲ့ ဂျပန်နိုင်ငံကရွာငယ်လေးတစ်ရွာကိုပေါ့။
အဲတာလည်း အဖေ့ရဲ့သူငယ်ချင်းရဲ့သား ကျွန်တော့ထက်အသက်အများကြီးကြီးတဲ့ ကိုတိုး ကခေါ်ပေး
လို့ လေ...ရောက်စကတော့အဆင်ပြေပါတယ် ကျွန်တော်နဲ့ အတူငဖြိုးဆိုတဲ့ ကိုတိုးရဲ့ ညီတစ်ယောက်
တူတူ ပါ လာတယ်။ သူကနဲနဲဆိုးတယ် အဲ စကီးစီးတဲ့ရာသီကုန်သွားတဲ့အခါ စက်ရုံမှာလူတွေပိုနေတော့
တာပေါ့...သူဋ္ဌေးကလည်းလူပိုမထားချင်တော့ ကွန်စထရပ်ရှင် လုပ်နေတဲ့ သူ့သူငယ်ချင်းထံလက်ဆင့်
ကမ်း လိုက်တယ် ကျွန်တော်နဲ့ ကိုချို့ ကို ငဖြိုးကျတော့ ဘာလို့မပါလဲမေးစရာဖြစ်လာတယ် သူက ကိုတိုး
ရဲ့ညီကိုး ကိုတိုးကသူဋ္ဌေးရဲ့လူယုံဖြစ်တာဆိုတော့ မောင်တို့ ကံ မောင်တို့ခံပေရော့ စိတ်ကအရွတ်တုံး
စိတ် နဲ့ တောင်ပေါ်မှာမြေကြီးပေါက်ရတယ် ဘာလို့လဲဆို ဂျပန်နိုင်ငံရဲ့ တောင်တန်းဒေသ ကအင်မန်မှ
စံနစ်ကျပါတယ် တောင်မပြိုအောင်တောင်နံရံတွေကို ကွန်ကရစ်လောင်းတာပါ အဲမလောင်းခင် အပင်
တွေရှင်းလင်း မြေညှိ မြေတိုင်းတဲ့ အလုပ် လုပ်ရပါတယ် ။မြေတိုင်းတော့တြီဂိုမှာသင်ခဲ့ ရတဲ့မနီမနီ
ထထ၊ထထနီမနီမ ကတော်တော်အသုံးဝင်တယ် sin,cos,tan,cotan တွေနဲ့ နိမ့်ထောင့်မြင့်ထောင့်တွေ
တောင်နံရံရဲ့ အမြင့် အကွာအဝေး တိုင်းတာတွက်ချက်တာတွေ သိနားလည်ခဲ့ ရပြန်တယ်ဒါပေမယ့်
မောင်လုပ်ခဲ့တာ မြေကြီးပေါက်တဲ့ အလုပ် ။စိတ်ဒါဏ်ရာရတာကတော့ လူလူခြင်း ခွဲခြား ဆက်ဆံခံ
ရခြင်းပေါ့ မောင့်ကို သူဋ္ဌေး ဘယ်လိုပဲချစ်တယ်ပြောပြော အလကားပါ ကိုတိုးကလည်းဘယ်လောက်ခင်
ခင်ညီအစ်ကိုလို မခင်နိုင်ဘူး ဒါပေမယ့် ခေါင်းပုံဖြတ်မှုတစ်မျိုး ထပ်ကြုံရတာက မောင်တို့မြေကြီးပေါက်တဲ့
အလုပ်က ငွေပိုရတယ် ရတဲ့ လစာကိုသူဋ္ဌေးက ကိုင်ပြီး သူ့စက်ရုံကလခအတိုင်းရှင်းပေးတဲ့အခါ
နောက်ထပ် စိတ်ဒါဏ်ရာဖြစ်ရပြန်တယ်......စိတ်နာနာနဲ့ အဲဒီတောင်ပေါ်ကိုစွန့်ဖို့စဉ်းစားဖြစ်လိုက်တယ်
အဲတာနဲ့ Hamura ကဒေါ်မိုးမိုး ဆိုဂျပန်ကပြန်လာတဲ့သူအတော်များများသူ့အကြောင်းသိကြပါတယ်
သူနဲ့ တွေ့ပြန်တော့စိတ်ဒါဏ်ရာထပ်ဖြစ်ရပြန်တယ်.....သူကပွဲစား(အလုပ်) နောက်ပြီး အိမ်ငှားတယ်
ကျောချစရာနေရာတစ်ခုကို တစ်လယန်း ၃၅၀၀၀ တဲ့ လေ သူသွင်းပေးတဲ့အလုပ်ကတော်တော်ဝေးတယ်
ဘတ်စကားလည်းမပေါက် စက်ဘီးလေးဆယ့်ငါးမိနစ်လောက် စီးရတယ် အဲဒေါ်မိုးမိုးရဲ့အိမ်အကြောင်း
ပြောရဦးမယ် အိမ်ဆိုတာထက်တန်းလျားပါ ဒုက္ခသည်စခန်းနဲ့ပိုတူတယ် အားလုံး မိန်းကလေးယောက်ျား
လေး တပြေးညီအိပ်ရတယ် ။ မောင်ကတော့အလုပ်ကနေအိမ်ပြန်ရမှာအကြောက် ဆုံးပဲ တစ်ကယ့်ငရဲပါ
တစ်ရွာမပြောင်းသူကောင်းမဖြစ်ဆိုပေမယ့် သေချင်တဲ့ကျားတောပြောင်းတာပါ....

Sunday, November 16, 2008

ချစ်သူမောင်၏စိတ်ဒါဏ်ရာအမာရွတ်များ(၂)

ဒီလိုနဲ့ ကျွန်တော်ကြီးပြင်းခဲ့ရတယ်လေ.....
အဲဒီမှာကျွန်တောကစိတ်ဒါဏ်ရာအမာရွတ်တစ်ခုရခဲ့တယ် ။အရွဲ့တိုက်ခြင်းဆိုတဲ့အမာရွတ်တစ်ခုပေါ့။
ခစ်ရတဲ့သူကိုရချစ်ခွင့်မပန်ဖြစ်ခဲ့တော့ ပါ။ဒီလိုနဲ့ ကျောင်းတက်ရင်း ၁၉၈၈ အရေးခင်းဖြစ်တော့
ကျောင်းတွေပိတ်သွားခဲ့ ပါတယ်။ အရေးခင်းပြီးခါစ ၁၉၈၈ ရဲ့နိုဝင်္ဘာ နောက်ဆုံးပိုင်းလတွေမှာပေါ့
တရုတ်စက်ဘီးတွေပေါခြင်းသောခြင်းဝင်လာတဲ့ အချိန် မှာစက်ဘီးစီးဖြစ်ပါတယ် ကျန်းမာရေးအတွက်
အကြောင်းပြဖြစ်ပါတယ် ကျွန်တော်ကတော့တရုတ်ဘီးမစီးဖြစ်ပါဘူး။ကိုယ်တိုင်ဆင်ထားတဲ့ချိုးဘီးလေး
ကိုသာမြတ်မြတ်နိုးနိုးစီးဖြစ်ခဲ့တာပေါ့။ မနက်အစောကြီး၎နာရီလောက်ပုံမှန်ထစီးဖြစ်ပါတယ်။တစ်နေ့တော့
အဲဒီတနေ့မှာ ချစ်စရာကောင်းသူတစ်ယောက်နဲ့ စတင်တွေကရှိပါတော့တယ်။ စက်ဘီးစီးနေယင်းပေါ့
တွေ့တွေ့ချင်း စိတ်ဝင်စားသွားတယ်ဆိုလေမလား...အဲဒီနေ့က နာမည်သိယုံလေးမိတ်ဆက်ဖြစ်ခဲ့တာ
ဦးဝိစာရအ၀ိုင်းအနီးမှာပေါ့။ သူ့နာမည်ကမီးမီးတဲ့ သူ့ကို "မီးငယ်"လို့ ရင်ထဲကခေါ်ဖြစ်တယ် နောက်
တစ်နေ့သူတို့နဲ့ တွေ့ဖြစ်ခဲ့ပါတယ်မှတ်မှတ်ရရ အဲဒီနေ့က နှင်းတွေတအားကျနေပြီး နိုဝင်္ဘာလ၂၇ရက်
၁၉၉၈ ပေါ့။မ၀ံ့ ရဲစွာပဲအပြာရောင်မီးခြစ်လေးတစ်လုံးလက်ဆောင်ပေးဖြစ်ခဲ့တယ်။သူကဘာလုပ်ဖို့လဲ
လို့မေးပါတယ်..ကျွန်တော်ကလည်းမ၀ံရဲစွာဖြေဖြစ်တာက မီးငယ် ချစ်ဖို့တဲ့ ဒီလိုနဲ့ ခင်မင်မှုလေးတွေ
အစပျိုးခဲ့တယ် အဲဒီအချိန် ကျွန်တော်တို့တတွေရန်ကုန်မြေ အနှံစက်ဘီးလေးတွေနဲ့ ခြေဆန့်ဖြစ်ခဲ့တယ်
မီးငယ်က ကျွန်တောကစက်ဘီးနောက်က ကယ်ရီယာပေါ်ကပေါ့။ မှတ်မှတ်ထင်ထင် ၁၉၈၈ ရဲ့ ဒီဇင်္ဘာလ
၂၅ ခရစ္စမတ်နေ့မှာ ကျွန်တော်တို့ ကုက္ကိုင်း ဘုရားကျောင်းဝင်း ထဲမှာ တစ်နေကုန်နီးပါးပြောလက်စ
စကားတွေမကုန်အောင်ဖောင်ဖွဲ့ ဖြစ်ခဲ့တယ် အပျော်ဆုံး ကာလတွေပဲဖြစ်လိမ့်မလားပေါ့ ဒါပေမယ့်
၁၉၈၉ ဇန္န၀ါရီလ ၁ ရက် နေ့ကျွန်တော်ကက်ဆက်ခွေအငှား ဆိုင်လေးဖွင့်ဖြစ်တဲ့ဖွင့်ပွဲကို မီငယ် တို့ ကို
ဖိတ်ဖြစ်ခဲ့တယ် အမှန်တော့စည်းကမ်းချက် ၁၁ ချက်နဲ့မကိုက်ပါဘူး ဒါပေမယ့် ရင်ထဲက သိုသိပ်ထား
ခဲ့ တဲ့ အချစ်တွေနဲ့ မီးငယ်ကို အားလုံးပုံချစ်ခဲ့မိတယ် ။အဲဒီနေ့က အဖေတို့နဲ့ အကြီးကျယ်ပြဿနာ
တက်တဲ့ နေ့တစ်နေ့အဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ် ။ ဘာပဲဖြစ်ဖြစ် ချစ်မိပြီဆိုမှနောက်မဆုတ်တမ်းပေါ့
ဒါပေမယ့် ကံကမကောင်းပါဘူးမီးကိုချစ်ခွင့်ပန်ခဲ့ ပေမယ့် သူ့မှာချစ်သူရှိပြီးသားတဲ့။ခံရခက်တယ်
ဘ၀ကအဲဒီလိုပါပဲ ဒါပေမယ့် ကျွန်တော် ကတော့ချစ်မြဲပါ.........စိတ်ညစ်လွန်းအားကြီးလို့ကျွန်တော်
အိမ်ကခဏတ ဖြုတ်ထွက်ပြေးဖြစ်ခဲ့တယ် အညာအရပ်ဒေသဆီ သူငယ်ချင်းများရှိရာဆီကိုပါ ။အဲဒီလိုနဲ့
စိတ်ဒါဏ်ရာနောက်တစ်ခုထပ်တိုးခဲ့ပေါ့ ပထမကမိဘစကားနားထောင်လို့ ရတဲ့စိတ်ဒါဏ်ရာအမာရွတ်ပါ
ဒီတစ်ခုကတော့မည်သူမပြုမိမိမှုပါလေ........မီးငယ်နဲ့ တစ်ကယ်တော့မဝေးခဲ့ပါဘူး။ဒါပေမယ့်အသည်း
တွေကွဲလိုက်ရတာ.....အချိန်တော်တော်ကြာအခုထိဆိုမလား NOV-DEC ဆိုယင် မီးငယ်ကိုသတိရပါတယ်။

နှင်းနှင့်အတူ













နှင်းနှင့်အတူ
ယူကာဝေမျှ
အလွမ်းစတို့
တမ်းတတွေဝေ
နွမ်းလျကြွေလွင့်မျော
သောက ဝေဒနာ
တို့သည် လည်းကောင်း..........

နှင်းနှင့်အတူ
ပူကာတမ်းတ
အလွမ်းစတို့
နွမ်းလျကြွေလွင့်မျော
ဒေါသစေတနာ
တို့သည်လည်းကောင်း..........

နှင်းနှင့်အတူ
ယူကာဝေမျှ
အပျော်စတို့
တမ်းတမိသော
ပူပင်ကြောင့်ကြ
ဝေးလှစွာသော
ခြေရာဖြစ်တည်
ဝေဒနာအစုစု
တို့သည် လည်းကောင်း...........

နှင်းနှင့်အတူ
ကွယ်ကာလွင့်ပါး
အတိတ်များစွာ
နှစ်လရှည်ကြာ
ရတနာဖြစ်
ပုလဲနှစ်သို့
ရင်မှာစုထား
မျက်ရည်များသည်
ရင်မှာစုတည်
တိမ်ခိုးကြွေလွင့်မျော
လောကဝေဒနာ
တို့သည်လည်းကောင်း....................

နှင်းနှင့်အတူ
ကွယ်ကာလွင့်ပါး
တိုကျိုညများ
တမ်းတတမ်းမက်
အိပ်ပျက်ဝေဒနာ
အရိပ်များစွာ
တမ်းတပိုခဲ့
နွမ်းလျခက်သော
စောဒကစေရာ
စိတ်ဝေဒနာ
တို့သည်လည်းကောင်း..........

နှင်းနှင့်အတူ
ကွယ်ကာလွင့်ပါး
အတိတ်ဝေဒနာ
ခြေရာများစွာ
နှင်းနှင့်အတူ
ပျော်ရွှင်ခံစား
နေ့ရက်များစွာ
ပစ္စက္ခမှာ
နေသာပါ၏
သောကဟူ၏
ဘယ်မရှိပြီ............။ ။

Monday, November 10, 2008

တချိန်ကNov-Dec

ချစ်ခဲ့ရတဲ့မီး
ဘာတွေတွေးနေလဲ
အပျက်ပျက်နဲ့ထွက်ခဲ့တဲ့
နှာခေါင်းသွေးစက်တွေ
ခြောက်သွားတော့မှ....
နော့ဗဒက်ဇ အိပ်မက်
တကယ့်အဖြစ်ပျက်တွေတွေးယင်း
တခါတရံမှပဲသတိရဖြစ်တယ်
တမ်းတတာတော့ဟုတ်ဖူး
ထူးမလာတဲ့အဖြစ်မှာ
ရူးစရာလည်းမဖြစ်ခဲ့တော့ပါ.......
 
အလွမ်းနေ့စွဲအဖြစ်
နှောင်းတခေတ်မှာ
အကြောင်းအရာသစ်အတွက်
ဆောင်းစအဖြစ်မှာ
လွမ်းစရာနေ့စွဲ
တမ်းတ နေလည်းမထူး
လွမ်းနာကျနေလည်းရူးယုံ
ရင်ခွင်သည်းဦး
အမြဲစူးခဲ့ ခံရခက်ခက်
နေ့ရက်တွေမှာ
သတ်ပုံတွေအခါခါမှားလည်း
အဓိပ္ပာယ် မှန်ချက်
လွမ်းရစ်ခက်အောင်
မြူမှုန်တို့ကလုပ်ရက်......
 
ခပ်ခက်ခက်ပဲနေခဲ့နေ့စွဲ
အလွမ်းထဲမှာမောင်မပျော်ပါ
ချစ်တဲ့ငယ်ရာ
မင်းရဲ့ရုပ်သွင်
မြင်ယောင်လေတိုင်း
စိတ်ထဲမှိုင်းခဲ့
အလွမ်းနေ့ရက်လား
ထင်ယောင်မြင်မှား
လွမ်းစကားတွေ
အတွေးမှာတွေဝေ
မနေသာပါ
ဖြေစရာမဲ့
ရင်ခွင်ကလေ
နာချင်ရက်နဲ့
နာရန်ခက်ခဲ့ပေမယ့်
တမင်နာတယ်..........
 
အမှတ်မရချင်တဲ့အတိတ်
အရိပ်ဖြစ်နေ
အတိတ်က ခြေရာ
သောကခြေရာကောက်
နောက်ကမလိုက်ချင်
အင်တင်တင်ပေမယ့်
အမှတ်တရတော့ရှိနေဆဲ
အမှတ်မထင်
ဘ၀တဆစ်ချိုးမှာငါ့ကိုလည်း
မင်းချိုးခဲ့တဲ့သစ်စိမ်းချိုး
အလွမ်းတွေမပျိုးတော့ပေမယ့်
အမှတ်တရတော့
ရှိသေးတယ် မောင်ချစ်တဲ့ "မီး"ရယ်........။      ။
 
တစ်ခါကတစ်ဘ၀ပါ.............
 

Friday, November 7, 2008

HAPPY BIRTHDAY သူသာလျှင်

လူပြိုကြီး ကိုသူသာလျှင်

မွေးနေ့မှသည် နောက်နှစ်ပေါင်းများစွာစိတ်ချမ်းသာကိုယ်ကျန်းမာပြီးသကာလ ရည်မှန်းထားသောချစ်သူနှင့်

အမြန်ပေါင်းဖက်နိုင်ပါစေ........တစ်ရက်နောက်ကျတာခွင့်လွှတ်ပါ

Sunday, November 2, 2008

ရေနစ်သူဝါးကူထိုးသူများ

အဲဒီစကားရပ်လေးကိုနောက်ပြောင်ပြီး ပြောဖြစ် ခဲ့ဘူးပါတယ်။ နောက်ခဲ့ဘူးသလို လည်းပြောခဲ့ဘူးပါတယ်
အမှန်တစ်ကယ်ကျတော့ အဲဒီစကားလေးကအမှန်ဖြစ်နေတတ်ပြန်ရော၊ လက်တွေ့ပါ ။ကျွန်တော်ကပြဿတွေ
နဲ့ ကင်းကင်းနေတတ်တဲ့သူမဟုတ်လေတော့ ပြဿနာတွေကိုတွေ့တွေ့နေရတာပေါ့ ချစ်သူမောင်ဆိုတာ
ပေါ့သေးသေးကောင်မှမဟုတ်တာ။အခုကမိသားစုပြဿနာတစ်ခုမှာကြားဝင်ပြီး ရေနစ်သူဝါးကူထိုးတတ်တဲ့
သူအကြောင်းလို့ဆိုပါစို့။ ဟုတ်ပါပြီ ပြောပြချင်လွန်းလို့ပါ။ ခက်တာကပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်တာမျိုးလည်း
မဖြစ်စေချင်စေချင်ပါဘူး။ ဒါပေမယ့်မပြောမဖြစ်ပြောရတော့မယ်။
အမှုတစ်ခုဖြစ်နေတဲ့ သူတစ်ယောက်ဆိုပါတော့ တရားမမှု ပဲဖြစ်ဖြစ် ရုံးရောက်တယ်ဆိုယင်အင်မတန်မှခေါင်း
စားပါတယ် ။ ရှေ့နေငှားရ အမှုရင်ဆိုင်ရ အမျိုးမျိုးအလုပ်ရှုပ်တော့တာပါပဲ ။အဲဒီမှာရှေ့နေမြှောင် ဆိုတဲ့လူတန်းစား
တစ်ရပ်ပေါ်ထွန်းလာပါတော့တယ်။သူကဥပဒေဘွဲ့လည်းမရ ဘာဘွဲ့မှလည်းမရပါဘူး အမှုသွားအမှုလာကိုကြည့်ပြီး
ဘာလုပ်သင့်တယ် ဘာကိုင်သင့်တယ်လို့ ညွှန်ပြတတ်တဲ့သူပါ သူကတရားရုံးဝါးဝ နေတာကိုး၊ သူကပဲတရားသူကြီး
ကိုပိုင်သလိုလို လည်းပြောတတ်ပါသေးတယ်။သူ့ကိုအားကိုးချင်လာအောင်အာဘောင်အာရင်း
သန်သန်နဲ့ပြောတတ်ပါတယ်။အားကိုးဟန်ပြလာပြီဆိုယင်တော့လူမှုရေးအရဆုံးရှုံးရတော့မှာသတိ ထားပေတော့
နည်းလမ်းမျိုးစုံနဲ့ ငွေကြေးကိုလှည့်ပတ်ရယူတော့မယ်ဆိုတာပါပဲ။
တစ်ကယ်အမှုရင်ဆိုင်နေရတဲ့သူမှာခေါင်းဘယ်လောက်စားမလဲစဉ်းစားကြည့်ကြပေါ့ အဲဒီမှာငွေကြေးအကူညီ တောင်း
တာမျိုးပါလာယင် ဘယ်လိုထပ်ခံစားရမလဲ စဉ်းစားသာကြည့်ကြပေါ့ငွေကြေးလို့ဆိုရာမှာချေးငှားတဲ့နည်း သာရှိတာမို့
ယုံကြည်ရလောက်တဲ့အထောက်အထားတစ်ခုပေးပြီး သိန်းရာနဲ့ချီချေးတာပါ။ အကြောင်းပြချက်ကောင်းလေးတွေလည်း
ရှိနေပါလိမ့်မယ် သမီဂျပန်သွားမှာမို့လို့။သားစင်္ကာပူသွားမှာမို့လို့အစရှိသဖြင့်ပေါ့။ အဲဒီလိုရုံးဂျပိုး ရှေ့နေမြှောင်
ရေနစ်သူဝါးကူထိုးတတ်သူတွေရဲ့ရန်ကနေကင်းဝေးနိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးရင်း......

ဘ၀အတွက်အမှတ်တမဲ့




Tuesday, October 14, 2008

ချစ်သူမောင်၏ စိတ်ဒါဏ်ရာ အမာရွတ်များ(၁)

ငယ်စဉ်တောင်ကျေးကလေးဘ၀ကစလို့ ဘာမှအသုံးမကျခဲ့ လို့ပြောလို့မရသလို အသုံးကျပါတယ်ဆိုတာလည်း
ပြောလို့မရခဲ့ပါ။ မထင်မရှားလှိုင်မြို့နယ် ရဲ့ မူလတန်းကျောင်းလေးမှာစပြီးကျောင်းတက်ခဲ့ရတယ် အဲဒီမတိုင်မီ
မူကြို ဆိုတာ စီးကရက်စက်ရုံအမှတ်(၂) နားက မူကြိုလေးတစ်ခုမှာကျောင်းသားဘ၀ကိုစတင်ခဲ့ပါတယ်...........
စာလည်းသိပ်တော့အတော်ကြီးမဟုတ်ခဲ့ပါ ဒါပေမယ့် မူလတန်းကျောင်းမှာတော့ နှစ်စဉ် ပညာရည်ချွန်ဆုရခဲ့
ဘူးတယ်၊ မှတ်မှတ်ရရ စတုတ္ထတန်း အောင်တော့ အထက်တန်းကျောင်းကိုပြောင်းခဲ့ ရတယ် အိမ်က စည်းကမ်း
ကြီးတယ် အမေက ပညာတတ်စေချင်တယ် အဖေကပညာတော်စေချင်တယ် ၊ငယ်ငယ်တည်းက မနက်ပိုင်း ကျောင်း
ကအပြန် ညနေပိုင်းတွေအားနေယင်အဖေ့နောက်တစ်ကောက်ကောက်လိုက်ခဲ့ တယ် ညောင်ပင်လေးဈေး (အဲဒီ
တုန်းကတစ်ထပ်ဈေးပဲရှိသေးတယ်) သိမ်ကြီးဈေး (အုတ်နဲ့ အခိုင်အမာဆောက်ထားတဲ့ဈေး) နောက်အခု
ဗိုလ်ရွဲလမ်းလို့ ခေါ်တဲ့ တစ်ချိန်ကမောင်ခိုင်လမ်း ဘ၀တွေကအဲဒီမှာကျင်လည်ခဲ့ရတယ်။ အဖေကကုန်သည်
Production လုပ်တယ် ။ဘာလဲဆိုတော့အဖိုးလက်ထက်တည်းကလုပ်လာခဲ့တဲ့ နှမ်းလှော်လုပ်ငန်းပါ ဒါပေမယ့်
စီးပွားရေး ကောင်းလှတယ်တော့လည်းမဟုတ်တဲ့ ခေတ်မှာ မဆိုးဘူးလို့ပြောရမလားမသိခဲ့ အဲဒီတုန်းက
သုံးဘီးနှစ်စီး အဖွားကပိုင်တယ် အဖေမောင်းယင်မောင်းဒါမှမဟုတ် ဒရိုင်ဘာအငှားတင်ထားတယ်။ အဲတာ ကလေး
ဘ၀ ၊နောက်တော့ သုံးဘီးတွေနယ်ပို့မယ်ဆိုတဲ့ အသံမကြားခင်မှာပဲ သုံးဘီးကားတွေရောင်းပစ်လိုက်တယ်
ပရက်စတိုလေးတစ်စီး အဖေ၀ယ်လိုက်တယ် ငါးချိတ်ပါ ကုန်ပို့ဖို့ရည်ရွယ်ချက်နဲ့ အဲဒီအချိန်မှာငါးတန်း
ခြောက်တန်းလောက်ရောက် နေခဲ့ ပြီပဲ ။ ကုန်ပို့ပြီးအပြန်သားအဖ နှစ်ယောက် ကားဆွဲတယ်ဆူးလေကနေသမိုင်း
လမ်းဆုံအထိပေါ့အဖေရှေ့ကမောင်းတော့ ကျွန်တော်နောက်ကစပယ်ရာလိုက်တယ် အဲဒီတုန်းကလိုင်းကားဆိုလို့
နံပါတ် (၈) ဟီးနိုးလောက်ပဲ ရှိသေးတာလေ..(၁၇) လိုင်းမပေါ်သေးဘူး အဲဒီ(၁၇) လိုင်းဆိုတာအခု (၄၈)လိုင်းပါ
ကျောင်းအားတဲ့ ရက်တွေဆိုစပယ်ရာလိုက်ဖြစ်ခဲ့ပါတယ်။ ဘ၀ကိုလှုပ်ရှားရုန်းကန်မှုနဲ့စခဲ့တယ်ဆိုမလား
ဒါမှမဟုတ်ကလေး ဘ၀ကအပျော်လုပ်ခဲ့ တာလို့ထင်ကြမလား အဲထားပါလေအဲတာတွေ ခေါင်းစဉ်နဲ့သိပ်မဆိုင်
သလို ပဲ.....ထားပါလေ အထက်တန်းကျောင်းမှာ ပထမဦးဆုံးအကြိမ်ဒဿမတန်းကို ကျရှုံးခဲ့ ရတယ်စာမေးပွဲကျတာ
အဆန်းလားလို့မေးယင် ကျွန်တော့အတွက်တော့အဆန်းပါ တစ်ခါမှမကျခဲ့ဘူးပဲကိုး အဲဒီမှာစပြီးနာကျည်းတတ်
သွားခဲ့တာပါ လောကကိုလည်းရွဲ့ တတ်သွားတယ် ဘာကိုမှဂရုမစိုက်တတ်တောကလောက်အောင်ပါပဲ စာကျက်စါးပွဲ
ပေါ်က စာအုပ်တွေပေါ်ခြေထောက်တင်ပြီးစာကျက်တတ်လာတယ် ရွဲ့တတ်လာတာ ၊ကောင်းတော့သိပ်မကောင်း
ပါဘူး... ဒါပေမယ့်အရွဲ့ တိုက်တတ်လာတာ အဲဒီကစတယ်လို့ထင်ပါတယ် ။ အဲဒီဆယ်တန်း ဒုတိယနှစ်မှာ
ဆေးလိပ်ကို ဘူးလိုက်ကိုင်သောက်တတ်နေခဲ့ပြီလေ လူ့အပေအတေလေးတစ်ယောက်ဖြစ်နေခဲ့ ပေါ့။
ဆယ်တန်းအောင်တေှာု့ တက္ကသိုလ်မရောက်ခင် အချိန်မှာ အိမ်အလုပ်တွေဝိုင်းကူယင်း ဒီလိုပဲနေဖြစ်ခဲ့ တယ်
တက္ကသိုလ်ကိုပထမဆုံး တက်ရမဲ့ နေ့မရောက်ခင်တစ်ည အဖေက စာရွက်တစ်ရွက်လာပေးတယ် အဲဒီစာရွက်ပေါ်မှာ
စည်းကမ်းချက်ဆယ့်တစ်ချက်ပါတယ် အစအဆုံးပြောမပြတော့ပါဘူး အနည်းကျဉ်း တော့ ပြောမယ်လေ ရည်းစား
ထားတာက အစ ပေါ့ ဘယ်လိုရည်းစားထားရမယ် ဘယ်လိုရည်းစားမျိုးကိုလက်မခံဘူး ။ကျောင်းခေါ်ချိန်မှန်ရမယ်
အဲလိုစည်းကမ်းမျိုးတွေ ခက်တာက ကျွန်တော်ဆိုတဲ့ ကောင်ကလည်းစည်းကမ်းတွေချုပ်ချယ်မှုတွေ အင်မတန်မှ
မုန်းတတ်တဲ့ကောင် မို့လားမသိပါဘူး သိပ်တော့ဂရုမစိုက်ဖြစ်ပါဘူး ဒါပေမယ့် အဲဒီတုန်းကရည်းစားထားဖို့လည်း
စိတ်မ၀င်စားခဲ့ ပါဘူး ။ဒါပေမယ့်ချစ်ရသူရှိနှင့် ပြီးသား ခက်တာကအဖေ့စည်းကမ်းနဲ့ မလွတ်ဖြစ်နေတယ်
ကျွန်တော် သူ့ကိုတအားချစ်သလို သူကလည်းကျွန်တော်ချစ်တာကိုသိပါတယ် ဖွင့်မပြောဖြစ်ခဲ့တာအဲဒီစည်းကမ်း
ချက်၁၁ ချက်နဲ့လည်းပါတ်သက်တယ် ခုချိန်ထိသူ့အသံကြားယောင်နေတတ်တုန်း တခါတရံတမ်းတတုန်းပါ။

ဝါ လ ကင်းလွတ်သောသီတင်းကျွတ်လပြည့်နေ့မှာပျော်ရွှင်ကြပါစေ


ဝါလကင်းလွတ်သီတင်းကျွတ် လို့ဆိုကြပါတယ် ဟုတ်ပါတယ်ဒီနေ့ဟာဝါလ ကင်းလွတ်တဲ့သီတင်းကျွတ်လပြည့်နေ့ပါငယ်ငယ်တုန်းကတော့စာစီစာကုံးထဲမှာ မြတ်စွာဘုရား နတ်ပြည်ကပြန်ကြွလာတာကိုလူတွေက မီးထွန်းပြီးပူဇော်ကြိုဆိုတဲ့အခါသမယလို့ ဆရာတွေဆရာမတွေရေးခိုင်းလို့ရေး ရတာပဲ :) ။ နောက်တခုကဘုန်းဘုန်းတွေ ၀ါတွင်းသုံးလ၀ါပန်ရာကနေ့ ၀ါပြန်ထွက်တဲ့နေ့ဆိုလည်းမမှားပါ ဘူး ။ လူတွေအတွက်ကတော့ ပျော်စရာသီတင်းကျွတ်လ ပေါ့။ အဲဒီသီတင်းကျွတ်လရဲ့နောက်ခံသမိုင်းကိုစစ်စစ်ပေါက်ပေါက်လေ့လာကြည့်တော့နည်းဘူးပဲ။ ဘုရားရှင်လက်ထက်တော်တည်းကသံဃာတော်တွေ ခရီးထွက်လွန်းလို့ စိုက်ပျိုးချိန်ဖြစ်တဲ့မိုးရာသီ မှာ သီးပင်စားပင်တွေပျက်စီး တာကိုအကြောင်းပြုပြီး ဘုရားရှင်က၀ါတွင်းသုံးလ ၀ါပန်ဖို့သံဃာတော်တွေကိုပညတ် ထားခဲ့တာပေါ့။ နောက်တော့လူတွေပါတုပြီး ၀ါတွင်းဟိုမပြောင်းကောင်း ဒီမပြောင်းကောင်း အိမ်ထောင်မပြုကောင်း ဆိုတာတွေ ဖြစ်ပေါ်လာတယ်လို့ထင်တာပဲ။အဲတာတော့အတွေးတစ်စပါ ။ပျော်စရာကတော့ စုံတွဲတွေမင်္ဂလာဆောင် ကြမှာပါ တစ်ကယ်တွေးတော့ပျော်စရာကြီး တစ်ကယ်သေချာတွေးတော့စိတ်ညစ်စရာကြီး ဟယ်ဘယ့်နှယ် နှစ်မျိုးပြောရတာလဲလိုကမေးကြမှာပေါ့ ၊ ဟုတ်ပါတယ် ချစ်သူနှစ်ဦးပေါင်းရတာပျော်စရာပါ ဘ၀တစ်ခု စတင်တည်ဆောက်တယ်ဆိုတာလည်းပျော်စရာပါ ၊ဒါဖြင့်စိတ်ညစ်စရာဘာရှိတုန်း မေးယင်တော့သေချာစဉ်းစားကြည့်ကြပါ..... အများကြီး တမိသားနဲ့တမိသားပေါင်းစည်းတယ်ဆိုတာ လွယ်တဲ့အလုပ်ကျလို့ တစ်ကယ်စရိုက်ချင်းမတူတဲ့ အသိုင်းအ၀ိုင်းနှစ်ခုတွဲဖက်ရတာလေ လွယ်တော့သိပ်မလွယ်ပါဘူး အဲဒီအသိုင်းဝိုင်းနှစ်ခုက ပြဿနာများစွာဟာ အဲဒီပေါင်းဖက်တဲ့စုံတွဲအပေါ်သက်ရောက်မှုရှိမှာဆိုတာပါ။ဒါပေမယ့် ဘာဖြစ်ဖြစ် ချစ်သူမောင်ကတော့ဆုတောင်းပါတယ် သီတင်းကျွတ် လပြည့်နေ့မှာပျော်ရွှင်နိုင်ကြပါစေလို့။

Thursday, October 9, 2008

CUSTOMER IS ALWAYS RIGHT BUT THE SALE PROMOTER MUST ALWAYS RIGHT

အခုခေါင်းစဉ်လိုပါပဲ စားသုံးသူသာလျှင်အမြဲတမ်း မှန်ကန်တယ် အမှန်ဖြစ်တယ် လို့ယ္ခင်က အရောင်းဝန်ထမ်း
တွေအတွက်ဆိုခဲ့ကြပါတယ်။ ဒါပေမယ့် အရောင်းဝန်ထမ်းတွေအတွက်ဘာမှ ပြောထားတာမတွေ့ပါဘူးတခုပဲ
စကားကိုချိုချိုသာသာပြုံးပြုံး
လေးပြော မိမိပစ္စည်းရဲ့ကွာလတီအမှန်ကို တစ်ကယ်သိလား မသိလားလည်း မသိ ၀ယ်သူကိုဇွတ်အတင်းရောင်း
အခုအချိန်မှာလက်တွေ့ ဒီလိုအဖြစ်မျိုးတွေရှိနေပါတယ်။ကျွန်တော့ အမြင်ကတော့ မဟုတ်တာကိုလုပ်ကြံပြော
ရောင်းတာထက်စာယင် ၀ယ်သူလိုချင်လာအောင် ပြောနေတာထက်စာယင် မိမိပစ္စည်းရဲ့ အရည်သွေးမှန်ကို
ကိုယ်တိုင်သိထားသင့်သလို ၀ယ်သူကိုလည်းရှင်းပြနိုင်ရပါမယ် ၀ယ်သူအနေနဲ့ ဘယ်ပစ္စည်းသုံးသင့်လဲဆိုတာ
ကိုလည်း ရွေးချယ်ပေးတတ်ရပါမယ် ၀ယ်သူကိုသည်လိုဝန်ဆောင်မှုပေးခြင်းသည် ၀ယ်သူကိုဆရာလုပ်ခြင်းမျိုး
မဟုတ်လို့ဆိုလိုခြင်းဖြစ်ပါတယ်။ဆရာလုပ်မိပြန်ယင်လည်း ၀ယ်သူက သူ့ကိုအထင်သေးတယ်လို့ထင်မြင်
သွားနိုင်ပါတယ် အဲဒီတော့ အရောင်းမြှင့်တင်ရေးသမားတွေ၊အရောင်းသမားတွေအတွက်လည်း ကျွန်တော်က
စကားတစ်ခွန်းထပ်တိုးပေးချင်ပါတယ် sale promotor must alwayas right လို့ပါ ကိုယ်ရောင်းတဲ့ပစ္စည်း
ရဲ့ အားသာချက်အားနည်းချက်တွေကိုမိမိ ဆီကနေ ၀ယ်သူ့ ကိုသေချာရှင်းပြနိုင်ရပါမယ် အားလုံးကောင်း
တရှယ်တည်းရှယ် တဂွတ်တည်းဂွတ်ပြီး မျက်စေ့စုံမှိတ် ဇွတ်ရောင်းကြမယ်ဆိုယင် ၀ယ်သူတွေ အတွက်အ
ကျိုးဆက်၊မှာယွင်းမှု အဲတာတွေအတွက် ဘယ်သူတာဝန်ယူနိုင်မလဲ ၊ ဘယ်သူ့တာဝန် ဘယ်ဝါ့ တာဝန်
လွှဲချနေမယ့် အစား တစ်ကယ်တော့အရောင်းသမားမှာတာဝန်အရှိဆုံးဖြစ်ပါတယ် အဲတာကြောင့် စားသုံး
သူက အမြဲတမ်းမှန်သလို ရောင်းချသူလည်း အမြဲတမ်းမှန်နေဖို့လိုပါတယ်။ရောင်းရပြီးရောသဘောမထားဖို့
လိုပါတယ် မိမိရောင်းတဲ့ ပစ္စည်းမိမိတာဝန် ယူနိုင်ရပါမယ် ကျွန်တော်အခုလိုပြောလို့ ခင်ဗျားကောခင်ဗျား
ရောင်းတဲ့ ပစ္စည်းကို ခင်ဗျားတာဝန်ယူနိုင်လား လို့မေးပါ အမြဲတမ်းတာဝန်ယူနိုင်ပါတယ် တာဝန်မယူပေး
နိုင်တဲ့ပစ္စည်းမျိုးလည်းကျွန်တော်မရောင်းပါဘူး။

Monday, September 29, 2008

Happy Birthday to ချစ်သူမောင်

ကိုယ့်ကို ပဲဟက်ပီးဘတ်ဒေးလိုက်ပါတယ်




Happybirthday

Happy Birthday

ဖြစ်တည်မှု(၃)

16 weeks


The feus is 10cm to 17cm in length and weighs 55g to 120g


Sex is differentiate.Rudimentary kidneys secrete urine.


Heart beat is present.Nasal septumand palate close.


ဟီး နှလုံးခုန်ပြီတဲ့ နားတော့မထောင်ဖြစ်သေးပါဘူး မအားတာနဲ့


ကျောက်ကပ်လည်းဖြစ်တည်လာပြီး ဆီးတောင်မှစွန့်ပစ်ပြီပဲ.သက်ကတော့ပြောပါတယ်


ဟိုနေ့တည်းက ဟိုသွားသည်သွားနဲ့ တဲ့ ဟုတ်တယ် ညအိပ်ယင်သူက ညာဖက်ရောက်သွားတယ်


သူလည်းအိပ်တယ်ထင်ပါ့ ၊စပြီးလှုပ်စပြုနေပါပြီ.................

ညီမပေးတဲ့အိပ်မက်
















ညက အိပ်မက်တယ် သိပ်ချစ်ရတဲ့ ညီမလေး တမလွန်ကနေ ဘာတွေလိုအပ်နေလဲ ကိုကို့ ကိုပြောပြတာလား အတည်ကြီး(ညီမရဲ့အဖေ
သူက သူ့ သမီးဆုံးပြီးဆယ်လအကြာမှာဆုံးတယ်)ကိုပါတွေ့တယ်
သေသောသူ ကြာယင်မေ့တဲ့ အဲလိုပြော ကြတယ် ကိုကို ကတော့မမေ့နိုင်ဘူး ထင်ပါတယ်။ ကိုကို ရင်ထဲ တမျိုးကြီးခံစားရတယ်ကွယ်
အလွမ်းတွေနဲ့ နွမ်းကြေခဲ့ တဲ့ ကိုကို့ ရင်ခွင်ကို တမင်ကလာ နင်ပါဆိုပြီး သိအောင်လုပ်တာလား အလွမ်းတွေပင်လယ်ဝေခဲ့ပြီးမှ ခုချိန်
အချစ်တွေနဲ့ ပျော်နေတုန်းမှာ မပျော်အောင် ညီမ လုပ်ရက်လေပြီလား.....တကယ်တော့ တမ်းတမိတယ် ညီမလေးရယ်။

ပျော်နေခဲ့သောရင်မှာ
တကယ်တော့
သခင် သာလျှင်စိုးမိုးပိုင်စား
အလွမ်းတွေနဲ့
မတမ်းတချင်ပေမယ့်
လွမ်းနေသေးတာရင်ကသိ
မချိတရိပါကွယ်.............

ပန်းတွေတောင်မှ
ကြွေတတ်သေးတယ်
စမ်းရေတောင်မှ
ခမ်းခြောက်တတ်တဲ့
သင်္ခါရလောကသဘောမှာ
သဘာဝ ကို
လွန်ဆန်မရတဲ့
တမလွန်ဆိုတာ
လက်တွေ့ကျတဲ့တရား........

အလွမ်းသရုပ်ပြီပြင်
ကိုယ့်ရင်ခွင်ဟာ
သခင်ပိုင်စား
နေရာယူ........

အလွမ်းရဲ့
သဘောတရားဟာ
ရမ်းတုတ်ပြီးမှန်းဆမရ.......

ညကအလွမ်း
တမ်းယစ်မူးရီ
အိပ်မက်ဆီတွင်
အလည်ဝင်ကာ
အတွေးစိုးနှေင့်
ပူစေကြောင့်ခင်
နေ့နေ့ညည
အလွမ်းစရှည်
အနမ်းတွေဝေခဲ့တဲ့ဘဝ
အလွမ်းတွေရှည်ခဲ့သမျှ
တမ်းတရစ်အောင်
လုပ်ရက်နှောင်ကြိုး
သံသရာဒီဇတ်လမ်းမှာ
တခန်းရပ်မဟုတ်
အလွမ်းသရုပ်ပြီပြင်စွာ........

ဘယ်လိုဖြစ်ဖြစ်
သတိတရ တမ်းတဖြစ်တယ်
ချစ်ညီမရယ်......။ ။

Friday, September 12, 2008

စူဠသုဘဒ္ဒါမျက်ဖြေ










(အမုန်းရန်ငြိုး ကဘေးဖြစ်တတ်ကြောင်းကိုလေ
သုဘဒ္ဒါကောင်းကောင်းပြောသွားဖူးခဲ့တယ် . . . )

မောင် တော် ဘု ရားရယ်
အငယ်နှောင်းမို့ ၀န်တိုစိတ်နဲ.ငြိုးမာန်ဖွဲ.ကာ
ဘ၀ဟောင်းကိုပြန်ပြောင်းသတိရစေဖို့..........
အမျက်သိုဆုတောင်းလိုက်မိတယ်.......

တကယ်တော့ ဆန္ဒန် အိုင်မှာ.....
သုံးဦးသားပျော်မြူးစွာလက်တွဲ
ပျော်ပိုက် ခဲ. ရတဲ. အဖြစ်တွေ
ပြန်မြင် ယောင် မိ တော မှ
မိုက်မဲတဲ.ကိုယ့် အပြစ် ကိုယ်မြင်
မောင်တော့်အစွယ် အစုံ ကို
နားမှာပန်ဖို.ဝေး ၊ စိတ်လေးနဲ့တောင်မှ
မပြစ်မှားရက်အောင်ပါလေ.......

ဝန်တိုစိတ်ရယ်ကြောင်.
နှလုံးသားလောင်မြိုက်ကျွမ်းကာ
အင်ကြင်းခိုင် ကခါချဉ် ကောင် ရယ်ကြောင်.
မုန်းမျက်မာန်ဖွဲ့ကာငြိုးမိတယ်
ခွင်. လွှတ် ပါ မပြောသာတော့တဲ့အခါမို့
စိတ်နှလုံး အစဉ်ကွဲကြေ ပြုန်းကာ
စွယ်အစုံ ရင် မှာပိုက်ပါလို့
သောနုတ္ထို ရဲ့ ရှေ့ မှာ ပဲ
နှလုံးကြေ ကွဲ သေပွဲဝင်ရ မှာပါမောင်တော်ဆန္ဒန်၊

အတိတ်က ပြုဖူးကုသိုလ် ထူးရယ်ကြောင့်
ပြန်ပြောင်းကာ ကလဲ့စားချေရ လည်း
ပြစ်မှားမိတဲ့ကြွေးရယ်ကြောင်.
တကယ်.ရင်ကအချစ်အစစ်မှန်နဲ့
မောင်တော့်မှာစကားကို
အနှစ်တွေသာစုပြီးကြားမိတဲ့အခါ
စူဠမှာလေ နှလုံးအိမ်ကွဲကြေပြုန်း ကာ
မောင်တော့်စွယ်အစုံကို ရင်မှာပိုက်လို့
အမြဲကြွေလွင်.ခဲ. ပါပြီမောင် တော်။ ။

Wednesday, September 10, 2008

ကျွန်တော့အကြောင်း














ကိုယ့်နာမည် .. ချစ်သူမောင်

ကိုယ့်ကို အများက ဒီလိုခေါ်တယ်.... အဖေကတော့ သားကြီး၊ညီမတွေညီတွေအားလုံး က ကိုကိုကြီး ၊ သယ်ချင်းတွေကဟေ့ရောင်


ကိုယ့်ကိုကိုဒီလိုခေါ်တယ်... - ကိုယ်က၊ ကျွန်တော်က ၊ချတ်တင်မှာဆို I က၊ အလုပ်ထဲ မှာဆိုကျွန်တော် ၊

ကိုယ်ဒီနေ့မှာမွေးတယ်။----29.9.19--


ကိုယ်ဒီမှာနေတယ်။-- မြန်မာပြည်ရဲ့ ပထမဦးဆုံးစက်မှုဇုံ

ကိုယ်ဆီဖုန်းဆက်ချင်ရင်....09-51094--


ကိုယ့်ရဲ့ email address -- ယမမင်း07@gmail.com

ကိုယ်အကြိုက်ဆုံးတွေက--- လက်ပတ်နာရီ၊ဟန်းဆက်နဲ့ ကွန်ပျူတာ၊နောက် Hardware tools

အရောင်ဆိုရင် ---ခရမ်းရောင်ဒီအရောင်


အ၀တ်အစားဆိုရင် -- တော်မယ်ထင်ယင်အဆင်ပြေတယ် ၊ ချောင်ချောင်ပွပွဆိုပြီးရော


ဆံပင်ပုံစံ -- အလယ်ခွဲမဟုတ်ယင်ဘေးခွဲ၊အယင်ကဆို နောက်မှာအရှည် ကျစ်ဆံမြီးသေးသေးလေးကျစ်ထားတတ်တယ်


ဆံပင်အရောင် --အနက် ခုတော့ ဘာရောင်လို့ပြောရမလဲအနက်ဖက်သန်းတဲ့ အညို


စားစရာ --ပါးစပ်ထဲထည့်မိလို့မသေယင် အားလုံးစားတယ် အမဲသားကလွဲလို့


သောက်စရာ --- အယင်တုန်းကတော့ အရက်ပြင်း ခုတော့အကျွတ်တရားရသွားလို့ ရေသန့်ဘူး အိုအေစစ်မရယင် အယ်လပိုင်း မရယင် Life


ပစ္စည်း --ရုပ်ပိုင်းဆိုင်ရာအသုံးတည့်မယ့်ပစ္စည်းအားလုံး ကွန်ပျူတာဆက်စပ်ပစ္စည်း၊ စက်ပိုင်းဆိုင်ရာပြုင်ရေးပစ္စည်း
အိမ်ရဲ့ အိမ်ရှေ့ခန်းမှာချိတ်ထားတဲ့ ယာမဟာ ဟော်လိုဂစ်တာနဲ့ solid ဂစ်တာ


ပန်း... အဲ.......ပြောတတ်ဘူး ၊


လိုချင်တဲ့လက်ဆောင် -- အလကားဘာမှ မရဘူးတဲ့အတွက် ဘာမှမလိုချင်ဘူး


အကြိုက်ဆုံးမင်းသား --ဟယ်ရစ်ဆင်ဖို့ဒ၊မဲလ်ဂစ်ဘ်ဆင်


မင်းသမီး --ဆူဇူကိအိုနာမိ၊လာရာခရော့ဖအဖြစ်သရုပ်ဆောင်တဲ့ အင်ဂျလီနာဂျိုလီ


ရုပ်ရှင်/ဗီဒီယို ဇာတ်ကား -- အဲတာတော့အားလုံးကြည့်တယ် (မြန်မာကားကလွဲယင်)


တီဗွီအစီအစဉ်/ဇာတ်လမ်းတွဲ --လောလောဆယ် ကိုရီးယားဇတ်လမ်းတွဲ အယင်ကတရုတ်သိုင်းဇတ်လမ်းတွဲတွေ စိတ်မရှည်လို့
ဝတ္ထုတွေပြန်ရှာဖတ်ရတာတော့ ရှိတာ ပေါ့


အဆိုတော် -- ဂျော့ ချ မိုက်ကယ်၊ ရော့စတီးဝဒ်၊စီလင်းဒီယွန်၊ဟေမာနေ၀င်း၊မေဆွိ၊ဂျေညီညီ၊ဂျေမောင်မောင်၊
ဇော်ဝင်းထွဋ်၊ထူးအိမ်သင်၊ခင်မောင်တိုး၊ ဘရုစပရင်းစတင်း


သီချင်း -- ဟစ်ဟော့ကလွဲယင်အားလုံး (ဟစ်ဟော့ တချို့လည်းလူပြိန်းကြိုက်ဆိုယင်)


ဝတ္ထု --- သူငယ်ချင်းလို့ပဲဆက်၍ခေါ်မည်ခိုင်၊ The gun of Neveron၊ ဒေါင်းယာဉ်ပျံဘုံနံဘေးမှာစာရေးလို့ထားချင်တယ်
ပန်းတောမှာကြွေနေသည် ၊ အရှေ့မြို့ရိုးမှမိုးရေစက်များ အား....အများကြီး


ဂျာနယ်/မဂ္ဂဇင်း --- တချိန်က ချယ်ရီ၊ ရင်ခုန်ပွင့်၊ ရွှေအမြုတေ၊ ခုတော့ပီစီဝါး၊ကွန်ပျူတာဂျာနယ်၊ အင်တာနက်


အကြိုက်ဆုံးကာတွန်းဇာတ်ကောင် --- တာယာပွကြီး ၊ သမိန်ပေါသွပ် ၊ အရိုင်း၊


အရုပ် --- အမ် စက်ရုပ် (ငယ်ငယ်က) ကြီးတော့သိဘူး


ဂိမ်းကစားနည်း -- စူပါမာရီယို၊

အားကစား -- ကြက်တောင် ၊ဘော်လီဘော၊ မြန်မာ့သိုင်း၊ ရေကူး


အကြိုက်ဆုံးစာရေးဆရာ -- တာရာမင်းဝေ၊တက္ကသိုလ်ဘုန်းနိုင်၊မြင့်မောင်မောင်၊မောင်စိန်ဝင်း(ပုတီးကုန်း)၊ဇော်ဇော်အောင်


အကြိုက်ဆုံးစာအုပ်-- THE GOLDEN TREASURY (oxford university press)


ကိုယ်အမြဲဝင်ဖြစ်တဲ့ ၀က်ဆိုဒ်လေးများ --blogger.com, padonma.com,multiply.com,hi5.com ,ainmat.com,planet.com


ကိုယ်ဖန်တီးထားတဲ့ website/ friendster/ ..ect များ....
http://happyman11.multiply.com/

http://chittemaung.blogspot.com/
http://chitthumaung.com/


အလေးစားဆုံးပုဂ္ဂိုလ် -- အဖေ၊ သခင်ကိုယ်တော်မှိုင်း၊ စလေဦးပုည ၊ လက်ဝဲသုန္ဒရ ၊


ကိုယ်နေချင်တဲ့ life style -- ပေါ့ပေါ့ပါးပါး လွတ်လွတ် လပ်လပ် အပူပင်ရှိယင်တောင်မေ့ ထားချင်တဲ့ စတိုင် ၊မရရအောင်မေ့တယ်


ကိုယ်အချစ်ဆုံးသူ -- အမေ ၊အဖေ ၊အဖေ့အအမေ(အဖွား)မရှိတော့၊မိန်းမ။

အမုန်းဆုံးသူ -- မရှိပါ မုန်းမိယင်ခဏ ပါ တဖက်ကလှည့်ပြီးကိုယ်ချင်း စာကြည့်တဲ့ အခါမမုန်းတတ်တော့ပါ၊ တခုတော့ရှိတယ် အလုပ်ရှိလျက်နှင့် မလုပ်သူ ရေသာခိုချင်သူ၊အချောင်လိုက်ချင်သူ


အချစ်ဆုံးတိရိစ္ဆာန် --- တခါကကြက်တူရွေးလေး သေသွားတော့ငိုခဲ့ရဘူးတယ် စကားတတ်တယ် ခုတော့ရှိဘူး


အမုန်းဆုံးတိရစ္ဆာန် --- ကြွက၊်ခြင၊်ယင၊်ပိုးဟပ်၊ပုရွက်ဆိတ်၊ခွေးသန်း


အပျော်ဆုံးနေ့ --- နှစ်ပေါင်းများစွာ အဝေးမှာနေခဲ့ရပြီးအဝေးကနေမွေးရပ်မြေပြန်ရောက်တဲ့နေ့တစ်နေ့၊ အချုပ်ကလွတ်တဲ့နေ့ ရှင်လိင်ပြန်တာခဏခဏဆိုတော့ အဲနေ့က ထားပါတော့၊

မင်္ဂလာဆောင်တာလဲဒီတိုင်းပဲ


ဝမ်းအနည်းဆုံးနေ့ --- အဖေ့အမေ (အဖွားဆုံးတဲ့နေ့) ၊ အချစ်ဆုံးသူဖေါက်ပြန်မှုကိုသိလိုက်ရတဲ့နေ့


ရင်အခုန်ရဆုံးအချိန် --- အချစ်ဦး က ရေလာမြောင်းပေး ရည်းစားစကားပြောခိုင်းတဲ့နေ့ (အကြောင်းကြောင်းကြောင့်မပြောဖြစ်ခဲ့ဘူး)
နောက်ပိုင်းရင်သိပ်မခုန်တတ်တော့ပါ


ကိုယ်ရဲ့ဝါသနာ --- နဲနဲများတယ် (စက်ပြင်ပညာ)(အနုပညာ--ဂစ်တာ တယော ၀တ္ထု ရေး ကဗျာရေး) ( အီလက်ထရွန်းနစ် ) (ကွန်ပျူတာ)




ကိုယ်ကျွမ်းကျင်တဲ့ အတတ်ပညာတွေက --- (စက်ပြင်ပညာ) (ဂစ်တာ ၊ကဗျာ)


ကိုယ်ရဲ့ရည်မှန်းချက် --- ထွေထွေထူးထူး မရှိပါ (လူ့လောကမှာလူ့စိတ်ထားနဲ့လူဆန်ဆန်နေရယင်သေပျော်တယ်)


ကိုယ့်ရဲ့အိမ်မက် --- အိပ်မက်မမက်တတ်ဘူး(လက်တွေ့ဖြစ်လာတာကိုပဲရင်ဆိုင်တတ်တယ်)


အားလပ်ချိန်သွားတဲ့နေရာ--- အားလပ်ချိန်ရယ်လို့သိပ်မရှိတော့ အားယင်အိမ်က ကွန်ပျူတာရှေ့မှာတနေ့လုံးနီးပါး


စိတ်ညစ်ရင်လုပ်တတ်တဲ့ အပြုအမူ --- စိတ်သိပ်မညစ်တတ် ဘူး ညစ်ယင်သက်ပြင်းချ အစါးနဲနဲပါးပါးပိုစားတွေ့ကရာပေါက်ကရ
အကုန်လျှောက်ဝယ်တတ်တယ်


ပျော်ရင်လုပ်တတ်တဲ့ အပြုအမု --- သွားဖြီး ပြီး နေတတ်တယ် မျက်နှာက ပြုံးနေတတ်တယ်

၅ မိနစ်ပဲ အသက်ရှင်ဖို့ကျန်တယ်ဆို ဘာတွေလုပ်မယ် --- ငါးမိနစ်ဆိုမလောက်တော့ဘူး ၊ ကြိုလုပ်ထားတယ် နက်ဖြန်သေလဲစိတ်မပူဘူး


ထီဆုကြီးပေါက်ခဲ့ရင် ဘာလုပ်မလဲ --- အာဟား ၀ါသနာလုံးဝမပါ ဘူး ပေါက်ရအောင် ထိုးမှမထိုးပဲ


ဆုတောင်းတိုင်းသာ ပြည့်မယ်ဆို တောင်းမယ့်ဆု --- ဘုရားရှိခိုးယင် တောင်မှ ဆုမတောင်းတတ်တာ အဲဘုရား ရှိခိုးထဲမှာပါ တဲ့ နိဗ္ဗာန် ကိုရက်တိုတိုနဲ့ရောက်ရပါလို၏လို့တောင်ဆုမတောင်းမိဘူး


ဘ၀မှာအရေးကြီးဆုံးက --- ပျော်ရွှင်ချမ်းမြေ့သာယာတဲ့ ဘ၀ကလေး


သူငယ်ချင်းဆိုတာ --- အကူညီလိုယင်ပေးမယ်၊ ညစ်နေတဲ့အခါဖျောင်းဖျပြောပေးမယ်၊ စိတ်မကောင်းတဲ့အခါဖြေသိမ့်ပေးမယ်
(အဲတာကိုယ့်ဖက်ကအမြင်)


အချစ်ဆိုတာ ---- အ ရယ် ခကွေး ရယ် ယပင့် ရယ် စလုံးရယ် အသတ်ကလေးရယ် ပေါ့ ၊ရင်ထဲမှာနင့်နေအောင်ခံစားရတိုင်း အချစ်မဟုတ်ပေမယ့်

တခါတရံမထင် မှတ် တာလေးလဲအချစ်ပေါ့


ကိုယ်လိုချင်တဲ့ ချစ်သူ style ---- မြို့ မကျတောမကျ ရိုးရိုးလေး


အမုန်းဆိုတာ ------ ရယ်စရာတစ်ခုပါ


ဘ၀ဆိုတာ --- ရုန်းကန်လှုပ်ရှားခြင်း


ကိုယ်ကိုကိုယ့် ဒီလိုမြင်တယ် --- ဘယ်လိုမှမြင်ဘူး


ကိုယ့်ရဲ့ အမှတ်ရဆုံး ဖြစ်ရပ် ---- NNT ကိုဆုံးရှုံးရတဲ့နေ့ ၊ဒဿမတန်းကိုပထမအကြိမ်ကျခဲ့တဲ့နေ့


ကိုယ်ရဲ့လက်ဆွဲဆောင်ပုဒ် ---- လောကကြီးကိုနှစ်ဖက်ကြည့်တတ်မှ အဆင်ပြေမယ်


ဒီစာရေးတဲ့အချိန်ဖြစ်တဲ့ ခံစားမူ--- ရေးနေကျပဲခံစားမိလို့ရေးတာ မခံစားမိယင်ရေးဘူး


ကိုယ်ဟာကို ပြောချင်တဲ့ စကားလုံးများ --- မင်းအများ ကြီးညံ့နေသေးတယ် ဆက်လေ့လာဦး



အော်တို....ရေးဖူးထားတာလေးတင်လိုက်တာ စိတ်ဝင်စားသူများအတွက်ပေါ့။

Thursday, August 28, 2008

နေကြတ်တဲ့နေ့လကြတ်တဲ့ည






ကာရံတွေထွေပြား
စိတ်ကစားတဲ့နေ့
အလွမ်းတွေ
သောကပင်လယ်ဝေတဲ့နေ့
တစုံတဦးကိုတမ်းတမိတဲ့နေ့
လွမ်းသောကပွေ
နွမ်းမောလျ
ဝေဒနာတွေပါ.........

အဖွားဆိုတဲ့
နေမင်းတဆူ
ကွယ်ပျောက်တဲ့
နေ့တစ်နေ့
တစ်ကယ်ဆန်းစစ်ကြည့်ယင်
အနှစ်နှစ်ဆယ်ပြည့်ပြီ
ငါ့ဘ၀မှာနေကြတ်ခဲ့တာ
အနှစ်နှစ်ဆယ်ရှိခဲ့ပြီ........

ကာရံတွေနဲ့ကစား
ဗျာများတဲ့ည
အလွမ်းတွေ
သောကပင်လယ်ဝေတဲ့ည
တစုံတဦးကိုတမ်းတမိတဲ့ည
လွမ်းသောကပွေ
နွမ်းမောလျ
ဝေဒနာတွေပါ.........

ကိုကို့ရဲ့အသက်ကလေး
လမင်းတစ်စင်းလို
ကွယ်ပျောက်သွားတဲ့
ညတစ်ည
တစ်ကယ်ဆန်းစစ်တော့
ငါးနှစ်စာတိုင်ခဲ့ပေါ့
ငါ့ဘ၀မှာ
လကြတ်သွားတာ
ငါးနှစ်ကျော်ကြာခဲ့ပြီ..........

တည်ငြိမ်ပြီလို့ထင်တဲ့ရင်
တခါတခါလည်း
လွမ်းလို့ကောင်းဆဲပါ
လွမ်းတွေနွေတစ်ရာ
စမ်းရေလည်းမဖြေသာ
အနမ်းတွေဝေဆာလည်းနေလို့မရ
ဖြေလို့မရတဲ့ဘဝ
နှောင်ကြိုးတွေ
ရစ်ပတ်နေတဲ့
"ခဏ"ဆိုတဲ့ဒီဘဝ
အလွမ်းနွေတစ်ရာ
စမ်းရေနဲ့နွေကန္တာမှာ
ငါလည်းမောနေ
သောကပွေ
ရင်ကအလွမ်းတွေပါလေ.........။ ။

Wednesday, August 27, 2008

ဖြစ်တည်မှု(၂)

12 week
The fetus is 7cm to 9cm in length
and weighs 28g
Fingers and toes are distinct
Placenta is complete
Fetal circulation is complete.
ဟီး ၇ စင်တီမီတာကနေ၉စင်တီမီတာလောက်အထိတဲ့ လက်ချောင်းနဲ့ခြေချောင်းလေးတွေ
ကွဲကွဲ ပြားပြားတွေ့ရပေါ့..............

Monday, August 18, 2008

UCG Test

UCG test
ယူစီဂျီတက်(စ) ဆိုတာကတော့ အလွယ်တကူပြောရယင်ကိုယ်ဝန်ရှိမရှိစမ်းသပ်တာပါ
တချိန်က တော့ စမ်းသပ်ခံရမယ့်သူရဲ့ဆီးကို (မနက်စောစောအိပ်ယာထထခြင်းဆီး)
ယူပြီး ဓါတ်ခွဲခန်းမှာ စမ်းသပ်တာပါ အဲဒီလိုစမ်းသပ်မှုမှာ ခန္ဓာကိုယ်ရဲ့ ဟိုမုန်းဓါတ်ထွက်ရှိ
မှုပမာဏကိုစမ်းသပ်ပြီး ကိုယ်ဝန်ရှိမရှိ ဓါတ်ခွဲခန်းကအဖြေ ထုတ်ပေးပါတယ် ။
အဲဒီကိစ္စနဲ့ပါတ်သက်လို့ ရယ်စရာအကြောင်းလေးတခုကြုံဖူးခဲ့ ဖူးပါတယ် ဘယ်လို
ရယ်စရာလဲ ဆိုတော့ တချိန်တုန်းက ဆီးနမူနာယူပြီးစမ်းသပ်စဉ် အခါက ဖြစ်ရပ်လေးပါ
အဲဒီ ယူစီဂျီစမ်းသပ်မှုလုပ်မယ့် စုံတွဲ တစ်တွဲဆီက ဆီးနမူနာကိစ္စနဲ့ ပါတ်သက်ပြီးဖြစ်ရပ်
လေးပါ၊အမျိုးသမီးမနက်စောစောအိပ်ယာထထခြင်း ဆီးကိုဓါတ်ခွဲခန်းပို့ရမယ်ဆိုတော့
အဲဒီမနက်မှာအမျိုးသမီးက မနက်စောစောဆီးယူဖိုကမေ့သွားပြီး ဈေးဝယ်ထွက်သွားပါ
တယ် ယောက်ျား လုပ်သူအိပ်ယာကနိုးလာတော့ မနေ့ညနေဓါတ်ခွဲခန်းကပေးလိုက်တဲ့
ဆီးပုလင်းကိုသတိရသွားပါတယ်မိန်းမကို ဆီးယူဖို့လိုက်ရှာတော့ ဈေးသွားပြီဆိုတာသိ
လိုက်ရတယ် သူလည်းကြံရာမရဖြစ်သွားတယ် အဲတာနဲ့သူ့ရဲ့ဆီးကို ဆီးပုလင်းထဲထည့်
ပြီးဓါတ်ခွဲခန်းပို့ လိုက်တယ် အဲဒီအချိန်က ကျန်းမာရေးအသိပညာနည်းပါးနေသေးတဲ့
အချိန်လည်း ဖြစ်နေတာကိုး ဟီး ဓါတ်ခွဲခန်း အဖြေထွက်လာတော့ ဘယ်လိုထွက်လာ
တယ် ထင်လဲ ကိုယ်ဝန်ရှိနေပြီဆိုတဲ့ အဖြေထွက်လာတယ် ဘာလို့လဲတော့မသိပါဘူး
အဲဒီမှာ ယောက်ျားလုပ်သူ မျက်စေ့ပြူးတော့တာပဲ သူ့ဆီးကိုမိန်းမနာမည်နဲ့ ပေးလိုက်
တဲ့ဓါတ်ခွဲခန်းအဖြေ ဖြစ်နေတော့ သူ့မှာကိုယ်ဝန်ရှိနေတယ်ဆိုတဲ့ အဓိပ္ပါယ် ရောက်သွား
တာ သူလည်း ဘာပြောရမှန်းမသိဖြစ်သွားတယ် သူတလွဲလုပ်တာကိုး ဟီး ရယ်တော့ရယ်
ရတယ် တချိန်က ဇတ်လမ်းတပုဒ်ကိုသတိရ မိတယ်၊ပဋိသန္ဓေ တားဆေး သောက်ခိုင်းတဲ့
ဖြစ်ရပ်လိုပေါ့ အမျိုးသမီးသောက်ရမယ့်ကိစ္စကို အမျိုးသားသောက်တဲ့ဇတ်လမ်းမျိုးပါပဲ
သောက်တာသောက်တယ် မထိရောက်ဘူးကလေးတစွတ်စွတ်မွေးနေတုန်းပဲ ဆိုတဲ့ဇတ်
လမ်းမျိုးပါ အဓိက တော့ အနည်းဆုံးကျန်းမာရေးအသိပညာနည်းနည်း တော့ ရှိဖို့လို
ပါလိမ့်မယ် ၊ ခုခေတ်တော့ အဲလောက်ခက်ခက်ခဲခဲ ဓါတ်ခွဲခန်း ပို့ဖို့မလိုတော့ပါ
ဘူး UCG test လုပ်ဖို့ Strip လေးတွေဆေးဆိုင် တွေမှာအလွယ်တကူဝယ်လို့ရနေပါပြီ။
စမ်းသပ်တာလည်းလွယ်ကူပါတယ် ကိုယ်ဝန်ရှိမရှိစမ်းသပ်မယ့် အမျိုးသမီးရဲ့ မနက်စော
စော အိပ်ယာထထ ခြင်းဆီးကိုယူ ပြီး Strip လေးကို စိမ်ရမယ့်အပိုင်းကိုနှစ်လိုက်ယုံပါပဲ
အဖြေကလည်းလွယ်ပါတယ်။ ပန်းရောင်အစင်းကြောင်းလေး တစ်ကြောင်းတည်းပေါ်လာ
ယင် ကိုယ်ဝန်မရှိသေးပါဘူး အဲ နှစ်ကြောင်းဆိုယင်တော့ ကလေးလိုချင်နေသူတွေအတွက်
ဝမ်းသာစရာသတင်း တခုရပြီပေါ့။ ပြီးတော့ အနေထိုင် အစားသောက်ဆင်ခြင်လို့ လည်းရ
ပြီပေါ့။

Sunday, August 17, 2008

ဖြစ်တည်မှု(၁)

ဖြစ်တည်မှု တခုအစပြုခဲ့ ပါပြီ ဘာကြောင့်လဲ မေးယင်တော့ ကလေးရပြီလို့ဆိုချင်ပါတယ်
ရည်းစားရသလိုရင်ခုန်ရပါတယ် အော်မိဘမေတ္တာ တကယ်ကြီးမားလှပါလား ၊ဟိုးအယင်တည်းက
လဖက်ရည်တစ်ခွက်သူများငါးမတ်ရောင်းယင် သူကတစ်ကျပ်ခွဲ အဲမှားလို့ မိဘမေတ္တကြီးမားတာ
လဖက်ရည် ဈေးကြီးတာနဲ့ရောသွားလို့ တလာကကျွန်တော်လက်ခွဲလိုက်ရပါတယ် လက်ခွဲပြီး
ဒါဏ်ရာမကျက်သေးတော့ ဆရာဝန်ကြီးနဲ့ဆက်ပြ နေခဲ့ ရပါတယ် တနေ့ ဆရာဝန်သွားပြပြီး
အပြန်မှာ ကျွန်တော့ရဲ့ (သက်ကလေး) မိန်းမ က ကားမူးတယ်လို့ပြောပါတယ်။တစ်ချိန်လုံး
ကားနဲ့လျှောက်သွားနေတဲ့သူက ကားမူးတယ်ဆိုတော့ နည်းနည်းစဉ်းစားစရာပေါ့ ကျွန်တော်
ကတော့ထင်ပါတယ် ကိုယ်ဝန်ရှိနေပြီ ဆိုတာပါ....အဲတာနဲ့ UCG test လုပ်တဲ့ strip လေးဝယ်
လိုက်ပါတယ်.......နောက် နေ့မနက် စမ်းသပ်လိုက်တော့ ပန်းရောင် အစင်းလေးနှစ်ကြောင်း
တွေ့လိုက်ရတယ် ပျော်လိုက်တာဖြစ် ခြင်း ...... မိန်းမရဖူးတယ် ကလေးမရဖူးခဲ့ပါ တော်တော်
ပျော်သွားခဲ့တယ်လေ အပျော်တွေ အပျော်တွေ ဘယ်လောက်ထိပျော်လဲမေးယင် နှစ်ရက်လောက်
ထမင်းစားကောင်းအောင်ကိုပျော်နေခဲ့ တယ် သက်ကလေးကို ကျေးဇူးတင်ကြောင်းတွေတဖွဖွပြော
လို့....မမောမပန်းနိုင်ခဲ့ ပါဘူး တစ်သက်နဲ့တစ်ကိုယ်အဲလောက် ပျော်ခဲ့တာမရှိပါဘူး တစ်ကယ်
အလွမ်းဇတ်ကို တစ်ခန်းရပ်ပြီး ချစ်ရတဲ့မိသားစုလေးနဲ့ ငြိမ်းချမ်းသာယာတဲ့ဘ၀လေးတစ်ခုတည်
ဆောက်ပြီးပျော်ရွှင်စွာနေချင်တဲ့ဆန္ဒည်းပြည့်ဝပြီ...............လောလောဆယ်ကလေးက ရှစ်ပတ်
သားကျော်ကျော် လေး တနေ့ အိုဂျီသွားပြလိုက်တယ် စစ်ခိုင်းတာစုံလို့ပါသွေးစစ်တယ် HIV
အသည်းရောင်အသားဝါ B ,C ဟေမိုဂလိုဘင် စုံလို့ပါဗျာ အာထရာဆောင်းရိုက်ခိုင်းတယ်
ဟီး....ကလေး သေးသေးလေးကိုမြင်ရတယ် ဘာမှတော့မရှိသေးဘူး 2.5 cmတဲ့
ကျွန်တော်လက်လှမ်းမှီသလောက်လေ့လာတင်ပြပါ့မယ် ဆွဲတော့မဆိတ်နဲ့နော် အဲမှားပြန်ပြီ
မေ့ကုန်လို့စာအုပ်ပြန်ရှာရတာအမော .......ကဲစပြီ.............
စကင်နာမရှိလို့စာချည်းတင်လိုက်မယ်.....စိတ်မဆိုးကြကြေး............
Fetal Developement
4weeks
The feature is 0.75cm to 1cm in length
Trophoblast embed in decidua.
Chorionic villi from
Foundation for nervous system,genitourinary system,skin,bone and lungs are formed
Buds of arms and legs beging to form.
Rudiments of eyes ears and nose appear.
ဟီး ထူးဆန်းတာ ကိုယ်ဝန်လေးပတ်မှာကလေးက ပုံတောင်ပေါ်နေပြီ ဒါပေမယ့်အာထရာဆောင်းပုံထဲမှာ
အလုံးလေးပဲ
8weeks
The feature is 2.5 cm in length and weigh 4gm
Fetus is markedly bent
Head is disproportionately large.
owing to brain development
Sex differentiation beings
Centers of bone begin to ossify
ဒီအရွယ်လေးလဲဘာပုံမှမထွက်သေးဘူး အထီးလေးလားအမလေးလားစခွဲပြီတဲ့ ဟီးအဲတာလဲမမြင်ရသေးဘူး
ဦးနှောက်လည်းစတင်ဖွံဖြိုးတယ်လို့ပြောရမလား ခုမှဦးနှောက်စဖြစ်တယ်လို့ဆိုရမလား လောလောဆယ်
တော့ သက်ကလေး Morning Sickness တော့တော်တော်ခံစားနေရတယ် ကြည့်ပြီးသနားတယ်။
အော်...အဲတာမြင်မှ အမေတို့အဖေတို့ရဲ့ ချစ်ခြင်းတွေ ကိုသေချာမြင်လာရတော့တယ် ကျွန်တော်
ဆိုးခဲ့ မိုက်ခဲ့ တေခဲ့ လေခဲ့ တာတွေ အတွက် အဖေတို့အမေတို့ကို ကိုယ်ချင်း စာမိတယ် တော်သေးတယ်
အမားရောအပါးပါ လန်းဖြာပကတိ ကျန်းမာစွာရှိနေသေးတယ် ကျွန်တော့အတွက် အကောင်းပါ မိဘကျေး
ဇူး ဆပ်ခွင့်ရနေပါသေးတယ် တစ်ချိန်က မှားခဲ့မိုက်ခဲ့တာတွေ ခွင့်လွှတ်နိုင်တဲ့ အပါးနဲ့ အမားတို့ရဲ့ မေတ္တာ
ဘယ်လောက်ကြီးမားခဲ့ပါသလဲ................။ ။



Tuesday, August 5, 2008

ပန်းလိမ္မော်




အဲဒီပန်းလိမ္မော်သီးလေးတွေပါ ကျွန်တော်အစကတော့အလှစိုက်ထားတာပါ တော်တော်လည်း
သီးပါတယ် အပင်ကသုံးပင် ၀ယ်တုန်းကတော့အချိုသီးလို့ပြောပါတယ် ဒါပေမယ့်ချိုလည်းမချို
ချဉ်လည်း မချဉ်ပါဘူး အဲဒီတော့ကျွန်တော်ဘာလုပ်တယ်ထင်သလဲ ရေစင်အောင်ဆေးပါတယ်
နောက် အသီးထိပ်ကနေလေးစိတ်ခွဲ ပြီးတော့ ယိုထိုးလိုက်ပါတယ် အသီးကနှစ်ပိသာလောက်ရ
ပါတယ် အဲဒီတော့ထန်းလျက် တစ်ပိသာ ၀ယ် လိုက်ပါတယ် နောက်ပထမဆုံး ကျိုပြီး ထန်းလျက်
ရည်ကို ပိတ်စိမ်းပါးနဲ့ စစ်လိုက်ပါတယ် အဲမနည်းမနော သဲတွေ အမှိုက်တွေထွက်လာတော့တယ်
ပြီးတော့မှ ထပ်ပြီး စစ်ပြီးသားထန်းလျက်ရည်ကို ထပ်ကျိုတဲ့အထဲ အဲဒီခုနကရေဆေးပြီးလေး
စိတ်စိတ်ထားတဲ့ အသီးတွေကိုထည့်ရေကုန်အောင်ကျိုပစ်လိုက်တာပါ အခွံပါအပါပေါ့ ဆေး
ဘက်ဝင်မ၀င်တော့ မသိပါဘူး စားလို့တော့ကောင်းတယ် ဘာပဲဖြစ်ဖြစ်ယိုတော့ထိုးတတ်သွားပါပြီ။

Thursday, July 31, 2008

ဟိုးအဝေးကမှောင်မဲတိတ်ဆိတ်နေတဲ့မြို့ကလေး

မနေ့ က မြေလတ်ပိုင်းကို ရောက်သွားခဲ့ ပါတယ် အိတ်စပရက်ကားနဲ့သွားတာပါ
ဘာတွေအ ကောင်ထည်ဖေါ်နေတာလဲမသိပါဘူး စာတော့ ကပ်ထားတယ်ဘာတဲ့
အချိန်ထိန်းစံနစ်ကို အကောင်ထည်ဖေါ် လျှက်ရှိပါသည် တနာရီ ၈၀ကီလိုမီတာထက်
ပိုမမောင်းရတဲ့.....သွားတာကနေ့လည်တစ်နာရီ ခါတိုင်းကျွန်တော်သွားနေကျက
အဲဒီမြို့လေးရဲ့ တာဆုံအရောက် ညနေ ငါးနာရီ လောက်ပါ....သူတို့အချိန်ထိန်းစံ
နစ်ကို အကောင်ထည်ဖေါ်ကာမှအချိန် တော်တောကြန့်ကြာပါတယ် ကားမောင်း
တဲ့ အမြန်နှုန်းကတော့လျော့မသွားခဲ့ ပါဘူး ဒါပေမယ့်လမ်းမှာ ဟိုထောက် ဒီနား
နဲ့ခရီးသိပ်မတွင်ပါဘူး ကျွန်တော် ကစောစော ရောက်ချင်တာပါ အဲလို စောစော
ရောက်ချင် ယင် စောစောကားစီးပေါ့ လို့ပြောကြမှာပါ ဟုတ်ကဲ့ ကျွန်တော်က
အလုပ်များပါတယ် နေ့လည် တစ်နာ မှမသွားလို့မဖြစ်ပါဘူး အဲဒီအချိန်ထိန်းစံနစ်
ဆိုတာ ဘာအတွက်လည်းဆိုတာတောကနားမလည် ပါ ခရီးကြန့်ကြာတာရယ် အန္တ
ရာယ် ကတော့ ကင်းမှာမဟုတ်ပါဘူး ဘာလို့လဲဆိုတော့ လမ်းမှာကားအရှိန်
ထိန်းသိမ်းစံနစ် မှမရှိပဲ အချိန် ထိန်းစံနစ်ဆိုတာတော့ ညစ်ကွက်တစ်ကွက် ဖြစ်တော့မှာ
နည်းနည်းစပ်စု ကြည့်တော့ ခရီးဆုံးဂိတ်ကို အချိန်စော ၀င်ယင်ဒါဏ်ငွေ နှစ်သိန်း
တဲ့ ဒါဏ်ငွေ မဆောင်နိုင်ယင် ကားတစ်လမဆွဲ ပဲနားရမယ်လို့ဆိုပါတယ် တစ်ခါတရံ
နားမလည်တော့ပါ ဘူး ထားပါတော့ထွေလီကာလီတွေပြောနေတာနဲ့ ပြောချင်တဲ့
စကားဆီမရောက်တော့ဘူး အဲ အခြေခံ ကအဲဒီကစရမှာ ကျွန်တော်သွားချင်တဲ့
မြို့လေးက ကားလမ်းကနေနောက် ထပ်ခြောက်မိုင်လောက် မြင်းလှည်းဖြစ်စေ ဆိုင်ကယ်
ငှားလို့ဖြစ်စေ ဆိုက်ကားနဲ့ ဖြစ်စေ သွားရ တဲ့ မြို့ပါ ၊ တာဆုံရောက်တော့ မှောင်စပျိုး
နေပါပြီ ကျွန်တော်က စိတ်ပူတာ နဲနဲနောက်ကျယင် ကျွန်တော်အမြန်ရောက်ချင်တဲ့မြို့
လေးကိုသွားဖို့ခက် သွားမှာပါဆိုက်ကား၊ဆိုင်ကယ်၊မြင်းလှည်း မရှိတော့မှာကိုး အဲဒီတော့
အဲဒီတာဆုံမတိုင် ကားလမ်းပေါ် ကမြို့ လေးမှာဆင်းရတယ် ပြီးတော့ မှဆိုင်ကယ်ငှားပြီး
ကျွန်တော်သွားချင် တဲ့ မြို့ လေးကိုသွားရပါတယ် အဲ့မြို့လေး ရောက်တော့ အတော့ကို
မှောင် နေပြီ အဲတာနဲ့ဆိုင်ကယ်ဆရာကို ထမင်းဆိုင် တန်းမောင်းခိုင်းရတယ် မနက်စာတောင်
လွတ်တာဆိုတော့ ညနေပိုင်စားမှဖြစ်မှာပေါ့၊ ရထားလမ်းအသုံးပြုတဲ့ မြို့လေး ဆိုတော့
ရထားချိန်မဟုတ်ယင် အသွားလာမရှိသလောက်ပါပဲ မှောင်ကလဲမှောင်နေ မီးကလည်းပျက်
နေဆိုတော့ ထမင်းစားအပြီးသွားချင်တဲ့နေရာကို လွယ်အိတ်ထဲ အမြဲပါတဲ့ လက်နှိပ်ဓါတ်မီး
ထုတ်ရတောကတာပေါ့ ရောက်ရောက်ချင်းပြန်ဖို့ စီစဉ်ရတော့တာပေါ့ မအားတဲ့ ကြားက
အမေ့လာခေါ်တာကိုး အမေ ဆိုတာက ယောက္ခမပါ ၊ အမေ့အိမ်မှာခဏနား ပြီးတော့ဘူတာ
ရုံကိုသွား တော့ ညဆယ့်တစ်နာရီ အမြန်လက်မှတ်မရောင်းသေးဘူး ၊အမြန်မှဟုတ်ပါဘူး
ဘာလက်မှတ်မှ မရောင်းသေးတာ ဘူတာမှာတော့ လူစည်ပါတယ် ကုန်စိမ်းဒိုင်တွေနဲ့ ရာသီ
သီးနှံလာသွင်းသူတွေပါ ၊ပြီးတော့ဘူတာကို အိမ်အမှတ်နဲ့ အိပ်နေတဲ့သူတွေလည်းရှိတာပေါ့။
ထားပါတော့ အဲတာနဲ့ လက်မှတ်ဝယ်မယ်ဆိုတဲ့ အတွေးနဲ့ ဘူတာရှေ့က အရက်ဆိုင်တဖြစ်
လည်း လဖက်ရည်ဆိုင်လေးမှာ ထိုင်ပြီးကော်ဖီမစ်ပလိန်း တစ်ခွက်မှာ ပြီးထိုင်နေခဲ့တယ်လက်
မှတ်ရုံကတော့ ရောင်းမယ့်ပုံမပေါ်သေးဘူး ၊အတော်ကြာထိုင်စောင့်လို့လက်မှတ် မရောင်း
သေးတဲ့ အဆုံး ခဏပြန်လာပါတယ် မှောင်ပိန်းလို့ပေါ့၊အမေနဲ့ သိမ်းစရာရှိတာကူသိမ်း သယ်
မယ့်ပစ္စည်းကူသယ်ဖို့လုပ်ပြီး ည၁၂နာရီမှာဘူတာကိုဆင်းခဲ့ပါတယ် ရထားကညတစ်နာရီမှာ
လာမှာ အဲဒီမြို့ လေးမှာရပ်မှာကသုံးမိနစ် တည်းရယ် လက်မှတ်က ခုထိမရောင်းသေးဆယ့်နှစ်
နာရီ ကျော်ပြီ စောင့်နေယင်းနဲ့ လက်မှတ်ရုံဝ ပွင့်လာပါတယ် ဆယ့်နှစ်နာရီခွဲကျော်ပြီ ဖွင့်လိုက်
ပြန်တော့လည်း လက်မှတ်ရောင်းတဲ့ သူကလည်တည်တည်ပါ ဘာလို့လည်းဆိုတော့ မူးနေလို့
ခုံ နှစ်ခုံလိုချင်လို့ပြောတော့တစ်ခုံ ပဲရပါတယ် ကျွန်တော်ကတော့ခုံမဲ့ပေါ့ ထားပါအမေထိုင်ခုံ
ရယင်ပြီးတာပဲ ရထားလာပါပြီ ညတစ်နာရီတိတိ လောက်မှာပေါ့ ရတဲ့တွဲကို ကြည့်မိတော့ဘရိတ်တွဲ
နောက်ဆုံးတွဲ အင်းခက်တော့ခက်ပြီ ဒါပေမယ့် မနက်ဖန်အလုပ်တွေရှိသေးတော့ဘာဖြစ်ဖြစ်
ပြန်ရမှာပဲ ဆိုစိတ်ကိုဒုံးဒုံးချပြီး တက်လိုက်ရပါတယ် အပေါက်ဝမှာပန်းစည်းကြီးတွေပစ္စည်း
ခြင်းတွေမငဲ့ နိုင်ပဲ ကျော်ခွတက်လိုက်ရတယ် တွဲက လွတ်နေတာတော့မဟုတ်ဘူး အိပ်တဲ့
သူတွေကအိပ်လို့ အခက်တွေ့ပြန်ပြီ အမေ့အတွက်လက်မှတ်ယူလာတဲ့ ခုံနံပါတ်က လူတွေထိုင်
နေတယ် မေးကြည့်တော့ လက်မှတ်ခြင်းတိုက်ကြည့်ပြန်တော့ ခုံနံပါတ်တူနေ့စွဲတူတွေဖြစ်နေပြန်
တယ်နည်းနည်းခေါင်းစားသွားတယ် ဘာလုပ်ရမှန်းမသိတောကနီးစပ်ရာလွတ်နေတဲ့ ခုံတစ်ခုံမှာ
ပဲအမေ့ကိုထိုင်ခိုင်းယင်း ကျွန်တော်ကတော့မတ်တပ်ရပ်နေခဲ့တယ် နှစ်ဘူတာလောက်စီးပြီးတော့
လက်မှတ်စစ် ဆရာကြီးတစ်ယောက်ရောက်လာတယ် ကျွန်တော့အခက်ခဲကိုတင်ပြတော့ ခုံနံပါတ်
ထပ်နေတဲ့ လက်မှတ်နှစ်စောင်စလုံးကိုတောင်းကြည့်တယ် အဲ.....သူလည်းလေသွားတယ် နေ့စွဲတူ
နံပါတ်တူ လက်မှတ်နှစ်စောင် ကြောင်တန်ဆာခတော့ ရအောင်တောင်းသွားတယ် အမေကကြောင်
တစ်ကောင် သယ်လာတာကိုး ၊၁၅၀၀ိ/- တဲ့လူစီးခထက်ကြောင်စီးခဈေးကြီးပြီ ဟီး လူစီးလက်မှတ်က
ထိုင်ခုံနဲ့ဆို ခုနစ်ရာကျော် ခုံမဲ့ ကငါးရာကျော် ထားပါ ကျွန်တော်ကဖြေရှင်းပေးပါလို့တောင်းဆိုတယ်
အင်းတဲ့ နောက်ဆုံးလူတက်မဲ့ ဘူတာရောက်ယင်ရှင်းပေးမယ် လို့ပြောတာပဲ အဲဒီဘူတာသာကျော်
လာတယ် နောက်ထပ်တက်လာတဲ့သူတွေလည်းများလာတယ် သူကတော့လု့းဝပေါ်မလာတော့ပါဘူး
ကျွန်တော်ကတော့ တစ်ချိန်ကကျင်လည်ခဲ့ တဲ့ ဂျပန်နိုင်ငံက ရထားတွေ မြေအောက်ရထားတွေ
ကျည်ဆန်ရထားတွေအကြောင်း စဉ်းစားယင်းမြို့လေးကအဝေးအမှောင်ထဲမှာကျန်ခဲ့...........
ကျွန်တော်ကတော့ဒီနေ့မနက်ပဲရန်ကုန်ပြန်ရောက်ခဲ့..............။ ။

Sunday, July 27, 2008

လူညွန့်ခူးစားသူများ

ဟုတ်ပါတယ် လူညွန့်ခူးစားသူများ ဆိုတဲ့ခေါင်းစဉ်နဲ့ ရေးခဲ့ ပါတယ် ဒါပေမယ့်ပို့စ်တင်လို့မရပဲ
အကုန်ပျက်သွားခဲ့ပါတယ်......။ ခုပြန်ရေးရမှာပါ ဒါပေမယ့်နောက်တစ်ခေါက်ရေးဆိုတော့ mood
မရှိတော့ဘူး ခက်တော့ခက်နေပါပြီ  ကဲဘာဖြစ်ဖြစ် စရေးလိုက်တော့မယ်.........
လူတွေနဲ့ အထိတွေ့များတဲ့အလုပ်တွေမှာ တွေ့ဖူးကြုံဖူး ကြမယ်ထင်ပါတယ် လူအမျိုးမျိုး
စိတ်အထွေထွေ ဆိုသလိုပါပဲ  နှိမ့်ချ သူနဲ့ အနှိမ်ခံရသူဆိုတာရှိ မှာပါ ၊ အဲလိုပဲစကားတွေတော့
ရှိပါတယ် လူ့အောက်ကျို့ ယင်မသေနိုင်ဘူး သစ်ပင်အောက်ကျို့လို့သစ်ပင်ပိယင် သေနိုင်တယ်
ပြောကြတာပါပဲ အဲလိုယူဆထားတတ်ကြသလို အဲလိုလည်း ကျင့်သုံးတတ်ကြပါတယ် အောက်ကျို့
ပေါင်းတာတော့ ကောင်းပါတယ် ဒါပေမယ့်ဝန်ဆောင်မှုလုပ်ငန်း လုပ်တဲ့သူတွေအတွက်သတိပေး
ချင်တာ လေးပါ လူအောက်ကျို့တဲ့ အခါ ကိုယ့်ကိုယ်ကိုနှိမ့် ချဆက်ဆံတဲ့ အခါ တစ်ဖက် ကကျော
ကျောပြန်ဆက်ဆံခံရ တဲ့ အခါမျိုးရှိမှာပါ အဲဒီအခါမျိုးကြယင် ၀န်ဆောင်မှုတန်ဖိုး ဆုံးရှုံးခြင်းလို့
ခံစားရတတ်ပါတယ် အဲတာမျိုးတွေကြုံတွေ့ရတတ်တယ် ခက်တာက တစ်ဖက်က အားနာရမှန်းမသိ
တတ် ကြတဲ့ သူတွေပါ  သူတို့မှာငါ ငွေပေးထားတာပဲ ငွေပေးတာနဲ့တန်အောင် လုပ်ပေးရမှာပေါ့
ဆိုတဲ့ စိတ်မျိုး တစ်ဖက်ကအားနာပြီးလိုက်လျောတာကိုအခွင့်ကောင်းယူတာမျိုးတွေလည်းရှိနေ
တတ် ပါတယ်။ ခက်တာကလိုအပ်သည်ထက်ပိုပြီးဝန်ဆောင်မှုတောင်းခံခြင်းပါ သို့သော်စဉ်းစားစရာ
တစ်ခုရှိနေပြန်ပါတယ် တမင်အခွင့်ကောင်းယူတာမျိုးလား ဒါမှမဟုတ် သူတို့ရဲ့ ပင်ကိုယ်ကိုယ်ရည်
ကိုယ်သွေးကိုက ညံဖျင်းတာလား အဲတာမျိုးကြယင် ဖြေရှင်းနိုင်ပါ့မလား  စိတ်ဓါတ်ညံ့ သူများကို
တော့ပြုင် ပေးလို့ ရမယ်မထင်ပါဘူး ။ သူငယ်ချင်းတစ်ယောက် ပြောတဲ့ စကားကိုမှတ်မိနေပြန်ပါ
တယ် ဘာတဲ့ "သဒ္ဓါလွန်တော့ကျွန်ဖြစ်" ပါတဲ့ အင်းအဲဒီလိုပဲယူဆထားလိုက်ပါ့မယ်
လူညွန့်ခူးစားသူများရန်မှဝေးပါစေ............

Tuesday, July 22, 2008

ဘ၀သစ်

ဘ၀ သစ်

အမြဲတမ်းချစ်
ဘ၀သစ်မှာ
ပျော်မယ်စိတ်ကူး
အလွမ်းရူးတွေ
မတွေ့ချင်ပါ
နေစရာလေ
ချစ်သူရင်ခွင်၊

ထွေးပွေ့ဖက်ထား
အတွေးစိတ်ကူး
နယ်ကုန်ပင်ခြေဆန့်
မြေပြန့်လွင်ပြင်
ဟိုး....ခပ်လှမ်းလှမ်းမှာ
လှမ်းလို့ကြည့်စမ်း
မြင်နေရပြီ..တို့ဘ၀တွက်
အနာဂါတ်သစ်......

ချစ်တယ်ညီမ
ပြည်ဖုံးကားချခွင့်ပေးပြီး
အချစ်သစ္စာ တွေနဲ့
မြတ်နိုးစွာတွယ်တာ
ချစ်နေတာတွေ
ကိုကို တွေ့မြင်
အလွမ်းပင်သေ
နွမ်းနေတဲ့ရင်
လန်းစေတဲ့
ကိုယ့်ရဲ့ ချစ်ဇနီး လေးရေ........

ညီမအတွက်
ကဗျာတွေနဲ့
စာပေဖွဲ့ဖို့
တော့ပစ်တခု
ကဗျာတွေရေးပေး
စာတွေတွေးမယ်
အလွမ်းရှင်ဘ၀က
အနမ်းပင်လယ်ဝေစေတဲ့
အဖြစ်............

တအားချစ်ပေါ့
ပိုလို့သာပင်
တွယ်တာမြတ်နိုး
အလွမ်းမိုးစွေ
ချစ်သက်သေဖြစ်
ဘ၀တခုလုံးနဲ့
ရွှေရောင်ဖြစ်မယ့်
အနာဂါတ်သစ်ကို
အချစ်လက်ထဲအပ်ပါတယ်.....

စီမံခန့်ခွဲ
အလွမ်းတရားထဲမပါကြေး
အလွမ်းများ ဆိုတဲ့
ကမ္ဘာဟာ အဝေးသွား
သားသားမီးမီးလေးတွေနဲ့
ရွှေေ၇ာင်လွှမ်းမဲ့
အနာဂါတ်လမ်းကို
ပဲ့ကိုင်စီမံ
သခင့်ထံကို
ချစ်ကြင်စွာနဲ့
ထာဝရအပ်နှင်း
လွမ်းချင်းမဆို
ငိုချင်းမချ
ကိုယ့်ဘ၀ဟာ
အမြဲတမ်း
ချစ်ကြည်ခြင်းတွေနဲ့
သာယာလှပနေပါမည်..........။ ။

Monday, July 21, 2008

ဘ၀သစ်

အို.....အချစ်ရယ်
ဘ၀ကိုအတူဖြတ်သန်း
လမ်းပန်းခရီးဟာသာယာ
လွမ်းကဗျာတွေလေမှာလွင့်
ပန်းကဗျာတွေရင်မှာဆင့်တော့
လွမ်းသောကပျောက်ကာ
အနမ်းမိုးတွေသွန်းဖြိုးဝေ.....
လောကအလယ်မှာလေ.....
တင့်တယ်စေ၊

မိုးရေစက်တွေထဲမှာ
မခွဲဘူးအတူတူ
ပျော်ရွှင်စွာရယ်မော
အိမ်ထောင်ဦးကာလများမှာ
အလွမ်းတွေဘေးဖယ်
နွမ်းလျခြင်းတွေ
စက္ကန့်လေးတခုတောင်မှခွဲမနေချင်ဘူးမေ....

ပျော်ရွှင်ခြင်းသဘောတရား
အမောများကိုဖျောက်ပစ်
ဘ၀အသစ်မှာလေ
ထာဝရချစ်စရာအတွေးတွေ
ပျော်ရွှင်စွာရယ်မလား
အဲသလိုပဲကောင်းမှာပါ။ ။

Tuesday, June 3, 2008

အဖွား(အမှတ်တရ)

ဒီနှစ် ဆိုယင် ကျွန်တော့ အဖွားဆုံးတာ နှစ်(၂၀) ပြည့်တဲ့နှစ်ပေါ့ ။ သတိတရနဲ့ တမ်းတ မိတယ်အဖွားရယ်
အဖွားသာရှိယင် ကျွန်တော့ ရှေ့ ကနေ ကာကွယ်ပေးမယ်နဲ့ တူပါတယ် ကျွန်တော်စိတ်ဓါတ်တွေ တအားကျ
နေတယ် အဖွားကိုလည်း သတိရတယ် လွန်ခဲ့တဲ့၁၄ နှစ် လောက်က စိတ်ဓါတ်တွေ တအားကျပြီး အဖွား ကို
မြှပ်နှံသင်္ဂြိုလ် ထားတဲ့ နေရာကိုကျွန်တော်တစ် ယောက်တည်းရောက်ခဲ့ တယ် အဖွားလာခွင့်မပြုတာလား
လမ်းမှာဆိုင်ကယ်မှောက်ပြီး အဖွားဆီကို မရောက်ဖြစ်ခဲ့ ဘူး။ဒါပေမယ့် အဖွားနဲ့ နောက်တစ်ခေါက်ပြန်တွေ့
ရတယ် သင်္ချိုင်း ပြောင်းတော့ အဖွားရဲ့ဆွေးမြေ့နေတဲ့ ရုပ်ကလာပ် ကိုတွေ့မြင်ခွင့်ရခဲ့တယ် ဘာဖြစ်ဖြစ်
ကျွန်တော့ရှေ့မှာ အမြဲရပ်တည်ပေးတတ်တဲ့ အဖွားရှိနေယင်ကောင်းမှာပဲ လို့တွေးနေယင်းကျွန်တော်ဝမ်း
နည်းနေတယ် အဖွားမရှိတော့တည်းက ကျွန်တော့ရှေ့မှာ ဘယ်သူမှမရှိတော့ဘူး ကာကွယ်ပေးတဲ့ သူလည်း
မရှိတော့ဘူး ကျွန်တော်စိတ်ဓါတ်တွေတအားကျ၊ စိတ်တွေတအားညစ်နေမှအဖွားကို သတိရတာတော့
မဟုတ် ပါဘူး တမ်းတသတိရခြင်း တွေက ကျွန်တော့ကို အမြဲတွန်းအားပေးနေခဲ့ ပါတယ် .......ကျွန်တော်တ
ခါတလေ အငယ်တွေက ပြန်ပြောတဲ့ အခါ အဖေဘက်လိုက်တယ်လို့ မြင်တဲ့ အခါ ကျွန်တော် ကိုယ်ကျွန်တော်
ညံ တယ်လို့မြင် တဲ့ အခါ အားပေးနှစ်သိမ့်ဖျောင်းဖျ ပြောတတ်တဲ့ အဖွားမရှိတော့တာ တော်တော်ခံစားရတယ်
အဖွားကတော့ ခုကောင်းရာမွန်ရာဘုံတဘုံဘုံမှာ စံစားနေရောပေါ့ ။ အဖွားရယ်တကယ်ပါ ကျွန်တော် လေ
အိမ်တွင်းရေး ကိစ္စ တွေ နဲ့ ညစ်နေတယ် အဖေကလည်းသူ့စိတ်ကူးထဲပေါက်ရာ လျှောက်လုပ်ခိုင်းနေတယ်
အဖွားတို့ အလုပ်ကိုဆက်မလုပ်လို့ မကျေနပ်သလိုမျိုး၊ ဘာတွေလုပ်ခိုင်းနေမှန်းမသိဘူးဗျာ ဆေးခန်းနဲ့
ရွှေဆိုင်တွဲဖွင့် ခိုင်းတယ် ကျွန်တော်(နားမလည်ဘူး) အရင်းနှီး လည်းမရှိဘူး(နားမလည်ဘူးဆိုတာအဖေ့ကို)
အဲဒီတော့အဖေ့ကိုနိုင်တဲ့ အဖွားကို သတိရတာပေါ့ ကျွန်တော်ကအဖွားရဲ့အချစ်ဆုံး မြေးဦးကို နော်။
တိုင်တာတော့မဟုတ်ဘူး အဲလိုမိသားစု အခက်ခဲတွေနဲ့ ကြုံလာယင်အဖွားကို သတိရတယ်ဗျာ နိုင်ငံခြား
ရောက်နေစဉ်က အဖွားတွက် ရည်စူးပြီး ဘုန်းကြီးကျောင်းခေါင်မိုး လှူပေးတာအဖွားသာဓုခေါ်လို့ရရဲ့လားဗျာ။
ဒါပေမယ့်အခုလည်း NNT နဲ့ အဖွားအတွက်အမြဲကုသိုလ်တွေလုပ်ပေးနေပါတယ် ။ ။

Thursday, May 15, 2008

ရှင်သန်ခြင်းနှင်းဆီ

အလို............
မျှော်လင့်ချက်ရှိမှ အသက်ရှင်တဲ့
လောကကြီးထဲမှာ
အရာရာဟာ မျှော်လင့်ချက်အပြည့်နဲ့ အသက်ရှင်
ရင်မှာတော့လှုပ်ရှားမှုတွေနဲ့
အတွေ့ရခက်တဲ့ရက်တွေမှာတောင်
မနေတတ်တော့ သယောင်ပါပဲ.............

ဒီလိုပြောတော့.........
ခပ်သောသောရယ်ချင်ရယ်မယ်
မယုံသင်္ကာဖြစ်ချင်ဖြစ်မယ်
"အရမ်းချစ်တယ် သခင်ရယ်"လို့
တစ်ခါကရေးဖူးတဲ့စာသား
နှလုံးသားမှာထင်ဟပ်
တကယ်မနေတတ်ခဲ့ပြီလားလို့
ကိုယ့်ကိုဆန်းစစ်
ပန်းတွေတော့ချစ်နေဆဲပါပဲ.................

တခါတလေ.....
ညာမနေတတ်ပေမယ့်လည်း
မျှော်လင့်ချက်နဲ့ရှင်သန်
မှန်ကန်နေဦးမလား
အခြားအခြားသောကမ္ဘာမှာ
စကြ၀ဠာအပြင်ဖက်မှာ
အခက်ပွေကြုံဦးမလား
တစ်သက်လေငုံဦးမလား..........????

ရှင်သန်မှုဆိုတာ......
အင်မတန်မှတုပလို့ကောင်းတဲ့အရာ
တခါတခါတွေးမှတ်
မျှော်လင့်ချက်မဲ့လည်းအသက်ရှင်
အသက်ဝင်လှုပ်ရှားနေတဲ့ငါဟာ
အတ္တရဲ့လမ်းညွှန်မှုအောက်မှာ
ညှာတာမှုကင်းမဲ့တဲ့မျက်နှာ
ရက်စက်တဲ့ မျက်လုံးတွေနဲ့
တခါတခါရှင်သန်ခဲ့ပါတယ်............

အသက်မဲ့အရုပ်......
ငါလေငုတ်တုတ်ဖြစ်ချင်
(သို့မဟုတ်)
ချစ်ရတဲ့သူကိုဖြစ်စေချင်
တကယ်တော့လည်း
ဘာကိုမှ မဖြစ်စေချင်
ရှင်သန်နေချင်တာ
ရင်ထဲကဆန္ဒအမှန်
အကြံဖန်မလုပ်ပဲ
အမှန်ကန်သရုပ်ခွဲပြီး
တမ်းတချစ်နေဦးမယ်................

တကယ်ဆို......
ကလေးငယ်တစ်ဦးရဲ့ရှင်သန်မှု
ယုယမှုဆိုတဲ့စကားဟာ
မိဘပေါ်မှာပဲမူတည်သလို
လှပတဲ့ပွင့်ဖတ်နဲ့
သင်းထုံတဲ့ရနံပေးတဲ့
နှင်းဆီပင်ရဲ့ရှင်သန်ခြင်းဟာ
ဥယျာဉ်မှူးပေါ်မှာပဲမူတည်
မကြည်ဖြူတဲ့အပြုံးမှာ
ရှင်သန်ခြင်းအနှစ်တွေ
ကင်းမဲ့နေပါတယ်.............

အပြစ်မရှိတဲ့အချစ်ဟာ
တခါတလေတော့လည်းဖေါက်လွှဲ
မရဲတရဲအကဲခတ်ပေမယ့်
ယဲ့ယဲ့ပဲကျန်တဲ့ နှလုံးသားမှာ
ရှင်သန်ခြင်းဆိုတာရှာတွေ့ဖို့
မနည်းလိုက်ရှာလို့..............
မစို့မပို့ရှင်သန်နေတဲ့နှလုံးသား
တခြားနေရာမှာတော့မတွေ့ခဲ့ပါ............

ဘာပဲဖြစ်ဖြစ်ချစ်စေချင်တယ်
အမှန်တကယ် တွယ်တာမြတ်နိုး
တိုးတိုးတိတ်ချစ် အိပ်မပစ်ရက်
အချစ်ခက်ပြီ နေ့တွေဆီကို
မျှော်ရည်မှန်းဆ လွမ်းသမျှကို
သည်းမှာပိုကဲ မငိုရဲပါ
မြဲစေရာလို မြဲစေရာလို
တခါကဆိုစပ်
ခပ်ကျပ်ကျပ်ကဗျာဟာလည်း
အမြဲတမ်းအသုံးမ၀င်ပေမယ့်
တခါတလေတော့လည်းအကျုံးဝင်ချင်
မနှင်ပါနဲ့ခင်ပါကွဲ့လို့ ခပ်နွဲ့နွဲ့စာသားတွေ
ခပ်လေလေမရေးချင်ပါ...........

ဘာပဲဖြစ်ဖြစ်....
ငါသိပ်ချစ်တဲ့ နင့်ဥယျာဉ်မှာ
နင့်ကိုစောင့်စား တောင့်ထားအားယူ
အငုံဖူးပွင့်မယ့် ချစ်တတ်တဲ့ နှင်းဆီပင်
ရှင်ဖို့အားယူနေပါတယ်..........။ ။

Tuesday, May 13, 2008

သန့်ရှင်းခြင်းနယ်ပယ်ကဖြူလွလွ စပယ်

ဟယ် ... ကြည့်စမ်း....
ငါ့ရင်ကဥယျာဉ်နန်းမှာ
သင်းကြည်ချိုမြ
နှင်းဆီလိုမလှပေမယ့်
အပြစ်ကင်းစင်တဲ့
ဖြူနွဲ့နွဲ့စပယ်
ကလေးငယ်အလား
တရားထဲမှာမပါ
ချစ်ကြည်စွာဖူးလာခဲ့..............


ချိုရီသင်းကြည်တဲ့
ဖြူလဲ့လဲ့ စပယ်ဟာ
နှလုံးသားရဲ့နယ်ပယ်မှာ
ခိုင်မြဲစွာတွယ်တာ
ပန်းကမ္ဘာမှာလေ
လွမ်းစရာတွေမတွေးချင်
ငေးနေရယင်ကျေနပ်ရဲ့..............

တော်မ၀င်လို့ လူမသုံးချင်လည်း
မူမပြုံးတတ်ပါဘု
ညုတုတု ခရာတာတာ
အမူအယာနဲ့
မြှူဆွယ်ခြင်းလည်းကင်းခဲ့..............

မာန်မာနမရှိ
သင်းပျံစွာထုံမွှေး
ရင်ထဲအေးစေ စပယ်တဖူးဟာ
ရင်ကိုတိမ်းမူးစေ
တွယ်မက်နှောင်ရစ်
ချစ်ယောင်ဆောင်ခြင်း
အလျှည်းမရှိ
ပကတိချစ်ခြင်း
ဖြူစင်ခြင်းသာ..............။ ။

Thursday, May 1, 2008

ရေနံဆီ

အပျော်သဘောလျှောက် တွေးခြင်းသာ ဖြစ်ပါသည် တခါတရံမှာခေတ်တခေတ်ကို သတိရမိနေခဲ့တယ်
CNG ကားတွေတန်းစီ နေတာကို တွေ့မိလိုက်လို့ပါ. . . . . .မှတ်မှတ်ရရ ကျွန်တော်ငယ်ငယ်က ရေနံ
ဆီ ပေးတဲ့ ခေတ်ကို မှီခဲ့သေးတယ် ၊ တအိမ်ထောင်ကို သုံးပုလင်းလား တစ်ဂါလံ လားသေချာတော့မ
မှတ်မိတော့ပါဘူး ၊ တစ်ပတ်တခါ ထုတ်ပေးခဲ့တာလို့ထင်တယ် ခုခေတ်ဆိုယင်တော့ ရေနံဆီဆိုတာ
ဘာလဲလို့ဝိုင်းမေး ကြမယ်နဲ့ တူတယ်၊နှစ်အတန်ကြာပြီရေနံဆီကို ပေါပေါများများ မတွေ့ဖြစ်ခဲ့တာပါ
တစ်ကယ်တော့ လည်းသိပ်မလိုအပ်တဲ့ အရာဖြစ်သွားပြီလို့ တွေးလို့လဲရပါတယ် အဲဒီတုန်းက LPG
ဂက်စ တွေခေတ်မစားသေးဘူးလေ ၊ အသုံးရလွယ်တဲ့ ရေနံဆီမီးဖိုပဲသုံးကြတာ ဘာကွာလဲ လို့မေး
ယင်တော့ ခုခေတ်ဒီဇယ် မီးဖိုရဲ့ ဒီဇိုင်းနဲ့ လုံးဝထပ်တူပါတယ် အဲဒီခေတ် က လျှပ်စစ်မီးဖို အဲလောက်
များများ စားစား တွင်တွင် ကျယ်ကျယ်လည်း မသုံးကြသေးဘူး ရေနံဆီလှည်း ဆိုတာလည်း ခုခေတ်မြို့
သစ်တွေမှာသုံးနေတဲ့ ရေလှည်းနဲ့ တူတူပါ၊ ပေပါကိုတုံးလုံးလှဲ ပြီး လှည်းပေါ် တင်ထားတာပါ ၊ရောင်း
ဝယ်ဖြန့်ဖြူးမှုအပိုင်းကိုနားမလည်ခဲ့ ပါဘူး အဲတုန်းကအိမ်က ဟဲ့ ရေနံဆီသွားထုတ်ချေ ဆိုပြီး
ပုံးလေးနဲ့ ငွေဘယ်လောက်ပေးလိုက်မှန်းတော့မသိပါ အဲတုန်းကတော့တော်တော်ပေါ ပါတယ် ၊
မှတ်မှတ်ရရ ကျွန်တော်ကသားအကြီးဆုံး ဆိုတော့ လက်တိုလက်တောင်းမှာလဲ ကျွန်တော်ပါတယ်လေ
လေးတန်းအသက်ဆယ်နှစ်လောက်မှာ ဘာတာဈေး နဲ့ ဘူတာရုံလမ်းဈေး ကိုသွားပြီးကျွမ်းကျွမ်း ကျင်
ကျင် ဈေးဝယ်တတ်နေခဲ့ ပါပြီ ၊ ထားပါပြောယင်းနဲ့လိုရင်းမရောက် တော့ဘူး၊ တနေ့ က တူမ လေး
လေထလို့ ရေနံဆီနဲ့ နှမ်းဆီ ရောပြီးလူး ယင်သက်သာတယ် လို့ပြောကြတယ် အဲတာနဲ့ ရေနံဆီအရှာ
ထွက်တာပေါ့ ပထမတော့ ပရဆေး ဆိုင်တွေမှာသွားမေးမိတယ် တစ်ချို့ ကမသိသလိုပြောကြတယ်
တချို့ ကတော့ ဟိုလိုလို ဒီလိုလိုပြောကြတယ် အင်း ခေတ်က မလိုအပ်တဲ့ ကုန်ပစ္စည်းတွေ တဖြည်းဖြည်း
မရှိတော့တဲ့ ခေတ်ရောက်သွားပြီနဲ့ တူပါတယ် ကျွန်တော်လက်မလျှော့သေးပါဘူး မရ ရအောင်ရှာဝယ်
်မယ်ပေါ့ တူမပေါက်စသေးသေးလေးကိုချစ်တာကိုးဟိုလူ့မေးဒီလူ့မေးနဲ့ ဘယ်မှာဝယ်ရမှန်းမသိ ဘူး
အဲတာနဲ့ ရှာယင်း မတွေ့ တော်တော်ခက် နေတာ နောက် တော့ ကျွန်တော်ပစ္စည်း တခုဝယ်ဖို့ ဗစ်တိုးရီး
ယား ဖန်စီရှော့ ပ ကိုရောက်သွားတယ် အမွှေးတိုင် ၀ယ်မလို့ပါ ၊ကြီးကြီး ကျယ်ကျယ် ခင်ဗျားက အမွှေး
တိုင်တောင်စူပါမားကက်တက် ၀ယ်သလား မေးယင်လဲခံရပါ့ မယ် ကျွန်တော်အတွက် ဈေးဝယ်ဖို့အဆင်ပြေ
တာကိုး အဲတာနဲ့ အမွှေးတိုင်ဗူးလေးတွေကို ခြင်းထဲထည့် လျှေက်ကြည့်တာပေါ့ လားလား တွေ့ပါပြီ
ရေနံဆီ အာပါး သူက ဆေးကောင်တာပေါ်မှာအခန့်သား ဗျ အရက်ပျံပုလင်းလိုပုလင်းသေးသေးနဲ့
ကျွန်တော်တော်တော် ရယ်ချင်သွားပါတယ် စဉ်းစားကြည့် လေ တချိန်က ဂါလံပုံးနဲ့ တစ်ဂါလံ သုံးကျပ် ရှိတဲ့
ရေနံဆီ ပြောယင်ယုံမှာမဟုတ်ဘူး အရက်ပျံပုလင်းလောက်လေးနဲ့ ဟာကို နှစ်ရာကျော်ဆိုလား ဒါပေမယ့်
စိတ်နာနာ နဲ့ ၀ယ်လိုက်ရတယ် ကိုယ်ကအသုံးလိုနေတာကိုး ရတာတောင်တော်တော် ၀မ်းသာရမယ်၊
:P