Sunday, November 23, 2008

ချစ်သူမောင်၏စိတ်ဒါဏ်ရာအမာရွတ်များ(၉)

မီးကြောင့်ထင်ခဲ့သောစိတ်ဒါဏ်ရာမှာ တော်တော်နှင့်မပျောက်ခဲ့ပါချေ
တစ်ကယ်ဆန်းစစ်လျှင် ခုနှစ်သက္ကရာဇ်ကိုရေတွက်လျှင် ၁၉၉၆ခုနှစ်မှစ၍ ပါ တစ်ယောက်တည်းအထီးကျန်စွာ
နေဖြစ်ခဲ့သောရက်များစတင်ခဲ့ပါ၏ခြေထောက်တစ်ဖက်မကောင်း တော့သဖြင့်လည်းလောကနှင့်ဝေးရာ
တွင်ပုန်းအောင်းနေခဲ့မိခြင်းဖြစ်လိမ့်မည်။နှစ်အတန်ကြာ ပုန်းအောင်းနေစဉ် ငယ်စဉ်ကလေးဘ၀ တည်းက
ညီမတစ်ယောက်လိုခင်မင်ခဲ့သောညီမလေးဟုခေါ်သော ညီမလေးနှင့်မောင်ပြန်တွေ့လေသည် ။မောင့်မျက်
နှာညှိုးငယ်နေခြင်းကို ညီမလေးသတိထားမိသည် ထိုနေ့ကသူငယ်ချင်းတစ်ဦး၏မင်္ဂလာပွဲတွင်ဖြစ်သည်။
မောင်တစ်ယောက်တည်း တချာင်ထဲ တွင်ပုန်းအောင်းနေခြင်းကို ညီမလေးမနှစ်သက်ပါချေ မောင့်အား
ပြင်ပသို့ထွက်လာရန်ဖေးတစ်ဖက်လှည့် နှင့်ဖေးကူခဲ့သောမောင့်၏ကျေး ဇူးရှင်တစ်ဦးဖြစ်သောညီမလေး
ဖြစ်လေသည် ။မောင်အထီးကျန်နေမှန်းညီမသိ၏ ထို့အတွက် သူအလုပ်လုပ်မည်ဆိုလေ၏ မောင့်ကိုဝိုင်း
ကူစေ၏။ ၀ိုင်အမ်စီအေမှာဖွင့်သောမိတ်ကပ်သင်တန်းနှင့် ပန်းထိုးသင်တန်း အစရှိသည့်သတို့သမီးဝတ်
စုံအငှားဆိုင်နှင့်ပါတ်သက်သည့်ဖက်ရှင်ဆိုင်ရာသင်တန်း ဆံထုံသင်တန်း အစရှိသောသင်တန်းပေါင်းများ
စွာကိုမောင် လိုက်အပ်ပေးခြင်းစုံစမ်းပေးခြင်း အကြိုပို့လုပ်ခြင်း မော်ဒယ်များနှင့်ဓါတ်ပုံရိုက်ပေးခြင်း ။
အစရှိသည့်အလုပ်များစွာကိုလုပ်ပေးယင်းမောင်အထီးကျန်ခြင်းမှစတင်ကင်းဝေးလာခဲ့သည်။ မောင့်စိတ်
ကိုချမ်းမြေ့စေသည့်ညီမလေးပါ။
တစ်နေ့တော့ မောင်တို့ခွဲခွာချိန်တစ်ခုကိုအစပြုလာခဲ့ပြန်၏....
မှတ်မှတ်ရရ ညီမလေးသည်မောင်တို့ကုန်သည်အသိုင်းဝိုင်းနှင့်လည်းအဆက်စပ်ရှိခဲ့သည့်အတွက်
ထိုလောကမှအတင်းများစွာမောင်နားနှင့်မဆံ့အောင်ကြားမိလေသည် မောင်ညီမလေးအပေါ်ရိုးသားခဲ့
သည်မှာမောင် ဖာသာသိသည် ထို့အတွက်ညီမလေးကို အားနာစွာညီမလေးအနားမှမောင်အပြေးထွက်ခဲ့
လေတော့သည်။အဆက်သွယ်တော့မပြတ်ခဲ့ပါချေ တယ်လီဖုံးကိုအသုံးပြု၍ မောင်တို့၏ နာကျင်ဖွယ်
ရာများတစ်ယောက်နှင့်တစ်ယောက်ရင်ဖွင့်ဖြစ်ခဲ့ကြပါ၏။ထိုသို့သောအခြေနေတွင်သာ...ညီမလေးနှင့်
နှစ်နှစ်ခန့်ဝေးခဲ့ကြပါ၏ ပြန်တွေးယင်ရင်လည်းနာပါသည်။
၂၀၀၀ ခုနှစ် ၏နေ့တစ်နေ့တွင် ညီမလေးနှင့်ခွဲခွာခဲ့ ရ၏ နောက်ပိုင်းညီမလေးနှင့်အဆက်သွယ်ပြတ်လု
နီးပါးပါပေ တခါတရံ သတိရလို့ဖုံးဆက်ယင်တောင်မှ အမုန်းခက်လို့မေ့ပြီထင်.......မောင်နှင့်ညီမလေး
လုံးဝမတွေ့ဖြစ်တော့ ညီမလေးကိုလည်းမကူညီဖြစ်ပြန် တစတစ နှင့်ဝေးကွာခဲ့သည်။ပါတ်ဝန်းကျင်၏
ရိုက်ခတ်မှုဒါဏ်ကိုမောင်တို့နှစ်ယောက် အပြင်းထန်ခံစားရလေ၏။ထိုစိတ်ဒါဏ်ရာသည် ကိုယ်ဘယ်လောက်
ကောင်းကောင်း ခေါင်းဘယ်မရွေ့ဆိုတဲ့ စကားတစ်ခွန်းဟာမှားစေခဲ့လေပြီလား ပါတ်ဝန်းကျင်ကို ဂရုမစိုက်
တတ်သောမောင့်အတွက်တော်တော်ခံပြင်းစရာကိစ္စတစ်ခုဖြစ်ခဲ့လေသည်။သို့ သော် ညီမလေး၏သိက္ခာ
တရား အတွက်ငဲ့ကွက်ပြီးညီမလေးနှင့်မတွေ့ဖြစ်အောင်မောင်နေခဲ့လင့်ကစား မောင်တခါတရံမောင်ငို
တတ်ခဲ့ပါပြီ.....ကေ့ကိုရက်ရက်စက်စက်ခွဲပစ်တတ်ခဲ့သောမောင် မီးကိုမုန်းတီးနာကျည်းစွာ စွန့်ပစ်ခဲ့
သော မောင်တစ်ယောက် အတွက်လည်သည့်ဝဋ်လေလော .....မောင်မဆန်းစစ်မိပါချေ။ဒီလိုပဲအပေအတေ
အဖြစ်ပြန်နေဖြစ်ခဲ့ပြန်တော့၏ ။ ညီမလေးကိုချစ်ခဲ့လေပြီလားမောင်မခွဲခြားတတ်ခဲ့။အမှန်အစစ်သောအချစ်
ကိုတွေ့ရှိချိန်ဟုဆိုလျှင် ၀ိုင်းရယ်ကြမည်လား တစ်ကယ်တမ်းပြောရလျှင် မောင်အထီးကျန်ဆန်စွာမနေချင်
ခဲ့သော်လည်း မောင်သည်အား လုံးနှင့်ဝေးရာတွင်သာ နေဖြစ်လေ၏။

ညီမလေးအမှတ်တရ................အလွမ်း
ညီမလေးအမှတ်တရ.............အလွမ်း
ညီမလေးအမှတ်တရ.....အလွမ်း
ညီမလေးအမှတ်တရ...အလွမ်းကဗျာ

No comments: