Friday, November 21, 2008

ဆောင်းအတု





























ဒီနှစ် ရာသီ
မိုးကိုမှီ၍
ဆက်ခဲ့သည့်ဆောင်း
တုပကောင်းခဲ့.....

မိုးတွင်းပြီပြင်
မိုးသက်လေနှင်
အစချီကာ
ရွာခဲ့သည့်မိုး
မိုးကိုငြိုငြင်
ရာသီတွင်ကား
ဒုက္ခများစေ
မိုးသက်လေ........

နွေဟူဘိကား
နွေမပြီပြင်
အစောရောက်တဲ့
မုန်တိုင်းမိုးသက်
သည်းထန်ခက်ခဲ့
ကြမ္မာလေလား
မုန်တိုင်းမိုးသက်
နှင်ရန်ခက်ခဲ့
မိုးဦးအကျ
စောခဲ့သည်....

မိုးသည်နှောင်းလည်း
ဆောင်းဦးမလာ
သည်းသည်းပူကာ
နေရခက်တဲ့
အတု....အဖြစ်
ဆောင်းညစ်ပတ်သာ
ရောက်လို့လာခဲ့
ခက်သည်ရင်မှာ
လွမ်းစရာမရှိ
ပကတိသာ
ဆောင်းအတုဟု
မှတ်ယူတင်စား
ပြောလျှင်လေလည်း
မှားမည်လား..............။ ။


No comments: