Monday, April 22, 2024

နွေနေပူမှာထင်တဲ့အလွမ်း


 


မပျော်ပါဘူးကွယ်

မောင့်ချစ်သူရယ်

အလွမ်းဆိုတာ

အစဉ်တစိုက်

စိုက်လိုက်မတ်တပ်

ရင်မှာငြိဝင်

စွဲထင်နေကြောင်း

ထောင်းလမောင်းကြေအောင်

ပြောပြလေ‌လည်း

နားမဝင်သူ

ချစ်သောသူရေ........


မပျော်ပါဘူးကွယ်

မောင့်ချစ်သူရယ်

မင်းထံကကြား

ခုအရွယ်ထိတောင်

ဝိုင်းဝိုင်းလည်နေတုန်းပဲ

ဆိုတဲ့စကားရယ်

မပိုင်ဝက်မွေး

မောင့်အဖြစ်ကို

သခင်မြင်ကြည့်

မြတ်နိုး၏ဆို

သေခြာသဲကွဲ

သိမလား......


တနေ့မြင်

တနေ့တွေ့

မမြင်ရတဲ့နေဆို

ပူလောင်ကျွမ်း

ရင်ပူအောင် အလွမ်းတွေနဲ့

ဝန်တိုခြင်းနဲ့

ယှဉ်ပြီးလွမ်း.......


အနမ်းတွေ

တမ်းတမိသော

တွေ့ခွင့်မကြုံ

မဆုံသည့်ရက်

ရင်မှာအနေခက်လို့

ခနတာဝေးယင်တောင်

ဆွေးပင်လယ်ဖြေရခက်.........