Showing posts with label ကဗ်ာ. Show all posts
Showing posts with label ကဗ်ာ. Show all posts

Tuesday, October 6, 2020

ဪ.......ငဗစ်ရယ်နင်လုပ်မှအခက်

 

ဘယ်လိုလုပ်ကြမတုန်း

ပညာရေးရပ်တံ့

စီးပွားပျက်ကုန်

မြင်ရကြားရမသက်သာ

သိပ်ခင်တဲ့

သူငယ်ချင်းတွေ

လူချမ်းသာတွေ

နေ့ချင်းညချင်း

လှတပတ

ရုပ်လေးပြပြီး

အွန်လိုင်းမှာ

စုံစီနဖာတွေရောင်း

အပြင်မှထွက်လို့မရတာ

ဘယ်လိုလုပ်ကြမှာလဲ

delivery တွေ

စီးပွားဖြစ်

အသစ်အသစ်စီးပွားရေး

တီထွင်ကြံဆ

မိုတီဗေးရှင်းတွေ

အွန်လိုင်းဈေးရောင်းခြင်းတွေ

ကျောင်းသင်ခန်းစာတွေ

အွန်လိုင်းကပို့ချ

တချို့ကဂျင်းဗျ

ဟိုဟာသင်တန်း

ဒီဟာသင်တန်း

အ သူခံကြစတမ်းပါပဲ

ကိုယ့်ပစ္စည်းရောင်းချင်ဇောနဲ့

.ဖေ့ဘုတ်.မားကက်တင်းလုပ်နည်း

အွန်လိုင်းဈေးရောင်းနည်း

ကိုယ့်ပစ္စည်းအရောင်းစွံအောင်လုပ်နည်း

နည်းပေါင်းတစ်သောင်းသင်တန်းတွေ

တုံးသူခံ အသူခံသင်တန်းလို့

နာမည်မတပ်တာ

ကံကောင်းလို့

ဖျံကျသူကကျတယ်

ဖျံကျတတ်တာကို

တော်တယ်လို့မြင်တဲ့သူကမြင်တယ်

အင်း နောက်ဆုံးတော့

Boost ဖို့သာအဓိကဆိုတာများ

သိသွားသင့်တာပေါ့

အင်း......

မပြောတော့ပါဘူးလေ

ကိုဗစ်ခေတ်မှာ

မင်းကိုပြောရတာ

မောတယ်...........

ငိုးတဲ့ မှပဲ

 

၂၀၂၀ကပ်ဘေးမှာ

မင်းတို့မြို့ကလေထု

မသန့်ရှင်းတော့ဘူး

အချင်းချင်းလည်း

မယုံသင်္ကာ

လူချင်းဝေးပြီး

နှလုံးသားခြင်းနီးကြတယ်ဆိုလား...

လက်ဆွဲနှုတ်ဆက်မနေဘူး

တံတောင်ချင်းတိုက်လိုတိုက်

ကူးလိုက်တဲ့ပိုးတွေ

ဘာသာရေးအခမ်းနားကစ

ကာရာအိုကေအဆုံး

ဘဝတွေလည်းဆုံးကြ

အသက်တွေလည်းဆုံးကြ

မင်းတို့မပါဖို့

အိမ်ထဲမှာသာနေကြစို့တဲ့.....

ပြောတာပြောတာပဲ

ငါ့ဝမ်းပူစာ

မနေသာလို့

ထွက်လာတယ်ဆိုလည်း

မျက်နှာဖုံးတပ်

အကာလေးတပ်

လက်ခနခနဆေး

ပြောနေလေလည်း

လှည်းနေလှေအောင်း

မြင်းစောင်းမကျန်

ပကာသနတံတိုင်းခြားသလို

တမဟုတ်ခြင်း

တွေ့ကရာတွေနဲ့ကာပြီး

မြို့နယ်တွေခြားပစ်ကုန်တယ်

ဪ ငဗစ်ရယ်

ငိုးတဲ့ မွပဲ.........

Monday, April 22, 2019

လွမ်းလို့တမ်းတ

ခွဲခွာပြီး
ခနဝေးကြရတဲ့
နွေချိန်ခါဆို
အလွမ်းတွေချည်း
ရွာသတ်သတ်တည်
နေနေဖြစ်ခဲ့
တမ်းတရတဲ့
နေ့ညများထဲ
နေလေခက်လေ
သောကပွေတယ်
နွေလည်နေ့ခင်း
တမ်းတယင်းနဲ့
အချစ်များစွာ
ရင်မှာတည်ဖြစ်........

တမ်းတခြင်းမြစ်
အဖြစ်နဲ့
ရင်ထဲမှာစီးဆင်း
ပူလောင်ခြင်းတွေက
နွေအပူနဲ့ရောယှက်
ပြောမထွက်တဲ့အခါ
တမ်းတနေတာလေးက
ကျွမ်းလောင်မြိုက်
အလွမ်းအမှောင်တိုက်ထဲ
နွမ်းအောင်ရင်ခိုက်...........

လွမ်းတယ်
ဘယ်လိုစာသားရေးရေး
အလွမ်းဆိုတာတည်ဖြစ်
ကျွမ်းလောင်မြိုက်လည်း
ချစ်လို့မဝ
တမ်းတမိဆဲ
အလွမ်းနဲ့အတူတူ
နွေရက်များထဲမှာ
အချစ်ဆုံးရင်ကို
တမ်းတတယ်.........


Sixth anni remembrance

ပျော်စရာတွေး
ရင်ထဲအေးတဲ့
နှစ်ကူသင်္ကြန်
နှစ်အမှန်လေ
နှစ်ထောင့်ဆယ့်ကိုး
အချစ်တွေတိုး
အလွမ်းတွေပျောက်
နစ်သစ်ရောက်စေ
တမ်းတစေတဲ့
ငုဝါသင်္ကြန်
နှစ်အမှန်ပေါ့
ဘယ်လိုဖြစ်ဖြစ်
ပျော်ရွှင်တယ်........

တမ်းတခြင်းတွေနဲ့
ဖြတ်သန်းလာခဲ့တဲ့
မိုင်ပေါင်းများစွာ
မောင်တို့ကိုဆုံစေ
ရန်ကုန်မြေလေ
နွေပူဖြစ်ဖြစ်
မြတ်နိုးမိ..........

မိုင်ပေါင်းလေးရာ
ဖြတ်သန်းလာတဲ့
မောင့်အချစ်ရယ်
မောင့်ကိုလွမ်းတယ်
ဆိုတဲ့အသိတခုနဲ့
ဖြတ်သန်းခဲ့တာ
မောင်သိနားလည်
သိပ်ချစ်တယ်ကွယ်.........

ပျော်ပါတယ်
ရင်ထဲမှာနွေ ရဲ့
နေ့တွေ
ညတွေအတူ
ဖြတ်သန်းလွန်မြောက်
ခြောက်နှစ်တိုင်မှာ
ဆထက်ထမ်းပိုး
တိုးတိုးပြီးချစ်
တွယ်ငြိမြတ်နိုး
စဉ်မြဲကို
တမ်းတပို.............

ချစ်သည်သခင်
တစ်ဘဝလုံး
အချစ်ဆုံးမို့
ဘယ်လိုတွေ
မတွေမဝေ
ချစ်ခြင်းတရား
ရင်မှာအမြဲ
မြတ်နိုးမှုတွေ
ဆပိုကဲ.........

Thursday, December 6, 2018

တခါက

တခါက
လပြည့်နေ့ဆို
တမင်တကာ
ရင်ခုန်ကြည်နူး
နေခဲ့ဖူးတယ်......

တခါက
တမ်းတမှုတွေမပါပဲ
အဖြူရောင်ခံစားချက်အပြည့်နဲ့
လပြည့်ည ဆိုပြီး
တခုတ်တရ
ရင်ခုန်ကြည်နူး
နေခဲ့ဖူးတယ်......

အချိန်အတိုင်းတာတခုနဲ့
အရွယ်လွန်တစ်စိတ်တစ်ပိုင်းမှာ
ရင်ခုန်ကြည်နူး
ဖြတ်သန်းဖူးပေါ့
လပြည့်ညများစွာ
တမ်းတခြင်းတွေမပါလည်း
သတိရခြင်းများစွာနဲ့
တမ်းတစရာ
လပြည့်ညတွေလည်း
တိတ်တဆိတ်ထိုင်
ငိုင်ကာနေဖူးဘဝမှာ
အထူးဆန်းမဟုတ်တော့တဲ့အခါ
ရူးနှမ်းနှမ်းစိတ်ဟာ
ထူးဆန်းစွာပျောက်ဆုံး
လစ်ဟာနေခဲ့တယ်......

တစ်ခါက
ဖြူစင်စွာကြည်နူး
နေခဲ့ဖူးတဲ့
လပြည့်ညမျိုးတွေ
ဘဝမှာ
တစ်ခနဖြစ်ဖြစ်
ပြန်ရချင်........။    ။

Tuesday, May 17, 2016

သံသယ


ရင်ခွင်မှာတိမ်းမူ
တွယ်ငြိလို့ရူးရသမျှ
ခုဘဝမှာပြေရာပြေကြောင်း
ကြေပါစေ၊

တွေးလို့မရ
ခက်ခဲတဲ့ဘဝတွေ
ငိုချင်လျက်
လက်တို့ခက်တဲ့အဖြစ်
မငိုချင်လည်း
ခက်လို့မရတဲ့အဖြစ်တွေ၊

တွေဝေတိမ်းမူး
ရူးခဲ့သမျှ
ဒီဘဝ ဒီမှာ
ကြေပါစေ၊

ဝဋ်ကြွေးဆပ်တယ်
စိတ်မှာထား
သိက္ခာတရားတွေ
စိတ်မှာအမှားမပွေချင်
မထိတ်သာစကားတွေ
မစေချင်ပါ၊

ဘဝရဲ့သောက
ဘယ်တော့မှပြီးမလဲ
အတွေးတွေအထပ်ထပ်ပွေ
အမေးတွေလည်း
တရစပ်ဝေ....... ။     ။

Thursday, August 18, 2011

ကျန်းမာပါစေအမေ ဧရာဝတီ

တပိုင်းတစဧရာဝတီ
ဧရာဝတီ
ရာဇ၀င်ထဲကသတို့သမီးအဖြစ်
ကိုငှက်ကြီးတင်စားခဲ့တယ်.....

ဧရာဝတီ
အသက်သွေးကြောဖြစ်လို့
တို့ရဲ့မြန်မာပြည်
ချမ်းသာစေခဲ့တယ်......

ဧရာဝတီ
ရဲ့ရင်ခွင်ပေါ်မှာ
ဦးနာအောက်နဲ့
ဖလုဒ်တီလာကုမ္ပဏီ
အပြင်းအထန်ယှဉ်ပြိုင်လို့
ဇာတိသွေးမာန်
နိုးကြားစေခဲ့ပြန်တယ်.....

ဧရာဝတီ
ပထ၀ီဆိုတာစမသင်ခင်တည်းက
ဧရာဝတီ ဧရာဝတီတိုင်း
အရိုင်းမဆန်တာ
သိခွင့်ရခဲ့တယ်....

ဧရာဝတီ
ဘ၀ပေါင်းများစွာ(တစ်ကယ်တော့
မြန်မာပြည်တစ်ဝက်လောက်ဘ၀တွေ)
ဧရာဝတီထမ်းပိုးထားခဲ့တယ်.....
မြစ်ဆုံကိုတချိန်က
ရောက်အောင်သွားချင်ခဲ့ပေမယ့်
လမ်းခရီးခက်ခဲမှုကြောင့်မရောက်ဖြစ်ခဲ့
မြစ်ကျဉ်းရှိတဲ့ကသာဆိုတဲ့
မြို့လေးမှာသာပျော်မွေ့ခဲ့ရ.......

ဧရာဝတီ
ဂေါဝိန်ဆိပ်ကနေ
ကသာအထိ
ဧရာဝတီရဲ့ရင်ခွင်ကိုဖြတ်ယင်း
ရေပြင်ကိုငေးယင်း
ခရီးသွားခဲ့ဘူးရဲ့
အဲဒီတုန်းကများ
ပျော်စရာပါဧရာဝတီ.......
မေခနဲ့မလိခနှစ်သွယ်
ပေါင်းဆုံကာမှဧရာဝတီဖြစ်တယ်လို့
ပြောကြပေမယ့်တစ်ကယ်ဆိုယင်
မခွဲခြားပဲဧရာဝတီဟာဧရာဝတီပါပဲ
နိုင်ငံအသက်သွေးကြော
ဘ၀များစွာကပိုင်တယ်လေ.......

ဧရာဝတီ
ရဲ့သမိုင်းကြောင်းမှာ
မကောင်းတာမရှိခဲ့ပါ
ဒါပေမယ့်အမြဲတမ်း
သမိုင်းချိုးကွေ့တိုင်း
တိုင်းတပါးအပိုင်စီးခံရတဲ့ဘ၀က
ဘယ်တော့များမှလွတ်နိုင်မလဲ......

အင်္ဂလိပ်ကလုပ်စားယုံလေး
ဖျက်ဆီးဖို့မကြံခဲ့
တရုတ်နဲ့တွေ့မှ
ကျီးတဖုတ်ဖုတ်ဖြစ်ရမယ့်အဖြစ်
ဘာပဲဖြစ်ဖြစ်
သက်ရှည်နေကောင်း
ကျန်းမာချမ်းသာအောင်
ဆုတောင်းပေးယုံမှတပါး
အခြားမရှိတော့လို့.....
ငုတ်တုတ်ငိုင်လက်မှိုင်ချနေခဲ့ရ
ဘာပဲဖြစ်ဖြစ်လေ
ငါတို့ရဲ့ဧရာဝတီအမေ
တရုတ်ကနေ
သွေးဖေါက်စုပ်တာ
မခံရပါစေနဲ့လို့ဆုတောင်းချွေ..........

Tuesday, March 15, 2011

ဘာမှမဖြစ်ပါစေနဲ့ ဂျပန်ပြည်

ဆူနာမီတဲ့
တရိပ်ရိပ် လှိုင်းတံပိုးကြီးတွေ
တလိမ့်လိမ့်နဲ့
အရှိန်ပြင်းပြင်းနဲ့
ကမ်းစပ်ကိုပြေးဝင်ဆောင့်
လှိုင်းကြီးလှေအောက်တဲ့
ဘယ်အောက်မှမရောက်တဲ့
အပေါ်ကမိုးလာတဲ့
လှိုင်းကတော့
အိမ်ယာပေါင်းများစွာနဲ့
အသက်များကိုဝါးမြိုသွားခဲ့......

တချိန်ကဆူနာမီလည်း
လူ့အသက်ပေါင်းများစွာကို
သူ့ခံတွင်းနဲ့မြိုချ
ပြိုကျတဲ့အဆောက်ဦတွေကြား
မြင်သမျှကြားသမျှ
အနိဋ္ဌာရုံ ဖြစ်လင့်
မဖြစ်ချင်လည်း ဖြစ်နေဆဲ........

ရစ်တာစကေး ရှစ်ဒဿမကိုးတဲ့
ဆူနာမီနဲ့ တခါတည်းပါတဲ့ငလျင်
ဒေါသတကြီးနဲ့ နျူကလီးယား
ဓါတ်ပေါင်းဖိုကိုပါ ထိခိုက်စေပြန်သတဲ့
ဘုရား ဘုရား ဒါတွေက ကပ်ဆိုးပါပဲ
အနုမြူဒါဏ်သင့်တဲ့
ဟီရိုရှိးမားကိုပိုင်ဆိုင်ခဲ့တဲ့
သည်နိုင်ငံဟာ သည်တကျော့လည်း
နျူဒါဏ်ခံရလေဦးမလား.....

လောလောဆယ်
နိုင်ငံတကာကအကူညီ
ဘယ်သူမဆိုကူညီနေတယ်
သူတို့ကိုယ်တိုင်လည်း
မရှက်ပဲကူညီခံတယ်
(ဒါတောင်မှကမ္ဘာမှာစီးပွားရေး
ထိတ်ထိတ်ကျဲနိုင်ငံနော်)
သဘာဝဘေးဒါဏ်တွေ
ကမ္ဘာမှာ နေရာအနှံ့သင့်နေတယ်
မကြားရက်မမြင်ရက်စရာတွေများကြားထဲမှာ
စိတ်ထဲတောင်အားငယ်လာတယ်

အဲတာနဲ့ပဲ
ဘုရားနာနာရှိခိုးပြီးတော့
ပို့လိုက်တဲ့မေတ္တာ
ဂျပန်ပြည်သူအပေါင်း
ဘေးခပ်သိမ်း
ရန်ခပ်သိမ်း
အန္တရာယ်ခပ်သိမ်းမှ
ကင်းလွတ်ငြိမ်းကြပါစေ.....။     ။

ပြောယင်း ဆိုယင်းနဲ့ပဲ ဒီနေ့မနက် cnnသတင်းမှာပဲ ပေါက်ကွဲဖို့တာစူနေတဲ့ ကျန်တဲ့
နျူးကလီးယား စက်ရုံပေါက်ကွဲသွားပြီ ဆိုတဲ့သတင်းကြားလိုက်ရတယ် စိတ်မချမ်းမြေ့စရာပါ.......

--
ချစ်သူမောင်

Thursday, September 9, 2010

မုသားနဲ့အပြစ်ရှာတဲ့စကား

game over

ရင်နာပေမယ့်
မမြင်သာပါကွယ်
ထင်ရာတွေတွေး
နေမယ်ဆိုယင်
အနှေးနဲ့အမြန်
ဝေးလံသွားကြရမှာပါ......

ကြင်နာပေမယ့်
မခင်တွယ်ပါကွယ်
ကြားတာတွေသာ
နားမှာထွေးနေယင်
သံသယစိတ်နဲ့တင်
အမှန်တရားတွေ
အဝေးရောက်
ပေးဆပ်လို့မလောက်ပါဘူး.......

သစ္စာရှိနေယင်းကပဲ
ရင်ကနာတယ်
အထင်လွဲမယ်ဆိုလည်း
တမင်ပဲလမ်းခွဲဖို့
ရည်ရွယ်ချက်ချို့ချို့ငဲ့ငဲ့နဲ့
အပြစ်ရှာစကားတွေ
အနှစ်မပါမုသားတွေနဲ့
ထိခိုက်အောင်လုပ်ဖို့
မလိုပါဘူး
သည်အတိုင်းပဲ သည်အတိုင်းပဲ
ကဲ... ခွဲကြစို့ဆိုယင်
ကျေနပ်မယ်ထင်.......။     ။

Thursday, August 28, 2008

နေကြတ်တဲ့နေ့လကြတ်တဲ့ည






ကာရံတွေထွေပြား
စိတ်ကစားတဲ့နေ့
အလွမ်းတွေ
သောကပင်လယ်ဝေတဲ့နေ့
တစုံတဦးကိုတမ်းတမိတဲ့နေ့
လွမ်းသောကပွေ
နွမ်းမောလျ
ဝေဒနာတွေပါ.........

အဖွားဆိုတဲ့
နေမင်းတဆူ
ကွယ်ပျောက်တဲ့
နေ့တစ်နေ့
တစ်ကယ်ဆန်းစစ်ကြည့်ယင်
အနှစ်နှစ်ဆယ်ပြည့်ပြီ
ငါ့ဘ၀မှာနေကြတ်ခဲ့တာ
အနှစ်နှစ်ဆယ်ရှိခဲ့ပြီ........

ကာရံတွေနဲ့ကစား
ဗျာများတဲ့ည
အလွမ်းတွေ
သောကပင်လယ်ဝေတဲ့ည
တစုံတဦးကိုတမ်းတမိတဲ့ည
လွမ်းသောကပွေ
နွမ်းမောလျ
ဝေဒနာတွေပါ.........

ကိုကို့ရဲ့အသက်ကလေး
လမင်းတစ်စင်းလို
ကွယ်ပျောက်သွားတဲ့
ညတစ်ည
တစ်ကယ်ဆန်းစစ်တော့
ငါးနှစ်စာတိုင်ခဲ့ပေါ့
ငါ့ဘ၀မှာ
လကြတ်သွားတာ
ငါးနှစ်ကျော်ကြာခဲ့ပြီ..........

တည်ငြိမ်ပြီလို့ထင်တဲ့ရင်
တခါတခါလည်း
လွမ်းလို့ကောင်းဆဲပါ
လွမ်းတွေနွေတစ်ရာ
စမ်းရေလည်းမဖြေသာ
အနမ်းတွေဝေဆာလည်းနေလို့မရ
ဖြေလို့မရတဲ့ဘဝ
နှောင်ကြိုးတွေ
ရစ်ပတ်နေတဲ့
"ခဏ"ဆိုတဲ့ဒီဘဝ
အလွမ်းနွေတစ်ရာ
စမ်းရေနဲ့နွေကန္တာမှာ
ငါလည်းမောနေ
သောကပွေ
ရင်ကအလွမ်းတွေပါလေ.........။ ။

Tuesday, July 22, 2008

ဘ၀သစ်

ဘ၀ သစ်

အမြဲတမ်းချစ်
ဘ၀သစ်မှာ
ပျော်မယ်စိတ်ကူး
အလွမ်းရူးတွေ
မတွေ့ချင်ပါ
နေစရာလေ
ချစ်သူရင်ခွင်၊

ထွေးပွေ့ဖက်ထား
အတွေးစိတ်ကူး
နယ်ကုန်ပင်ခြေဆန့်
မြေပြန့်လွင်ပြင်
ဟိုး....ခပ်လှမ်းလှမ်းမှာ
လှမ်းလို့ကြည့်စမ်း
မြင်နေရပြီ..တို့ဘ၀တွက်
အနာဂါတ်သစ်......

ချစ်တယ်ညီမ
ပြည်ဖုံးကားချခွင့်ပေးပြီး
အချစ်သစ္စာ တွေနဲ့
မြတ်နိုးစွာတွယ်တာ
ချစ်နေတာတွေ
ကိုကို တွေ့မြင်
အလွမ်းပင်သေ
နွမ်းနေတဲ့ရင်
လန်းစေတဲ့
ကိုယ့်ရဲ့ ချစ်ဇနီး လေးရေ........

ညီမအတွက်
ကဗျာတွေနဲ့
စာပေဖွဲ့ဖို့
တော့ပစ်တခု
ကဗျာတွေရေးပေး
စာတွေတွေးမယ်
အလွမ်းရှင်ဘ၀က
အနမ်းပင်လယ်ဝေစေတဲ့
အဖြစ်............

တအားချစ်ပေါ့
ပိုလို့သာပင်
တွယ်တာမြတ်နိုး
အလွမ်းမိုးစွေ
ချစ်သက်သေဖြစ်
ဘ၀တခုလုံးနဲ့
ရွှေရောင်ဖြစ်မယ့်
အနာဂါတ်သစ်ကို
အချစ်လက်ထဲအပ်ပါတယ်.....

စီမံခန့်ခွဲ
အလွမ်းတရားထဲမပါကြေး
အလွမ်းများ ဆိုတဲ့
ကမ္ဘာဟာ အဝေးသွား
သားသားမီးမီးလေးတွေနဲ့
ရွှေေ၇ာင်လွှမ်းမဲ့
အနာဂါတ်လမ်းကို
ပဲ့ကိုင်စီမံ
သခင့်ထံကို
ချစ်ကြင်စွာနဲ့
ထာဝရအပ်နှင်း
လွမ်းချင်းမဆို
ငိုချင်းမချ
ကိုယ့်ဘ၀ဟာ
အမြဲတမ်း
ချစ်ကြည်ခြင်းတွေနဲ့
သာယာလှပနေပါမည်..........။ ။

Monday, July 21, 2008

ဘ၀သစ်

အို.....အချစ်ရယ်
ဘ၀ကိုအတူဖြတ်သန်း
လမ်းပန်းခရီးဟာသာယာ
လွမ်းကဗျာတွေလေမှာလွင့်
ပန်းကဗျာတွေရင်မှာဆင့်တော့
လွမ်းသောကပျောက်ကာ
အနမ်းမိုးတွေသွန်းဖြိုးဝေ.....
လောကအလယ်မှာလေ.....
တင့်တယ်စေ၊

မိုးရေစက်တွေထဲမှာ
မခွဲဘူးအတူတူ
ပျော်ရွှင်စွာရယ်မော
အိမ်ထောင်ဦးကာလများမှာ
အလွမ်းတွေဘေးဖယ်
နွမ်းလျခြင်းတွေ
စက္ကန့်လေးတခုတောင်မှခွဲမနေချင်ဘူးမေ....

ပျော်ရွှင်ခြင်းသဘောတရား
အမောများကိုဖျောက်ပစ်
ဘ၀အသစ်မှာလေ
ထာဝရချစ်စရာအတွေးတွေ
ပျော်ရွှင်စွာရယ်မလား
အဲသလိုပဲကောင်းမှာပါ။ ။

Sunday, April 13, 2008

nnt@mail4tamalon.com(စိတ်ကူးယဉ်ခြင်းပါ)

"ညလေး" ခွဲသွားခဲ့တာငါးနှစ်နီးပါးကြာခဲ့ပြီကောကွယ် . . .

ဝေနေတဲ့ မျက်ရည်စတို့ယိုစီးချိန်

တွေဝေနေတဲ့ မျက်ဝန်းကတိမ်တိုက်တို့ပြိုကျ

နှလုံးသွေးဆိုတဲ့ချော်ရည်ပူတွေ လျှံကျ

စကြ၀ဠာတခုလုံးတိမ်တွေဖုံးအောင်ငိုချ

အလိုမကျယင် စကြ၀ဠာ အပြင်ဖက်ကိုထွက်ပြေး

ကြယ်တွေရဲ့အစွန်းနားသွားထိုင်

အချိန် မ မှန် တဲ့ ရထားနဲ့

တအားမောင်း တဲ့ ဘတ်(စ)ကား

ဘယ်ဟာရွေးမလဲ။

အလွမ်းတွေကချော်ရည် လိုလျှံကျ

မရှိတော့တဲ့ သူ့ကိုလွမ်းတဲ့အလွမ်း

တမ်း တခြင်း တွေနဲ့ တွေဝေနေတဲ့ ငါ

နံနက်ခင်း၊ ထမင်းစားချိန်၊လဘက်ရည်သောက်ချိန်

ညနေအားလို့ လမ်းလျှောက်ဖြစ်တဲ့ အချိန်

ငိုနေ တယ်ငါ့ရင် ထဲ၊ ဘယ်သူမှလဲမသိပဲနဲ့။

ကံကြမ္မာရိုင်းဟာ ပြင်းထန်တဲ့မြှား တစင်း

ချစ်ခြင်းတွေကိုပစ်ခွင်း၊ နှလုံးသားပါကြွေဆင်း

မင်းလေးရဲ့ နောက်ကိုပါ သွား

လွမ်း စ ရာတွေပါ ၊လွမ်း စ ရာတွေပါ

လွမ်း စ ရာ ပါ လေ.............

တစ် သက်လုံးမခွဲ တမ်းတဲ့

ပါး စပ် က ပွား မနေ ခဲ့ ၊တကယ်တော့ အနတ္တ တရားပါ

အ မှတ် တ ရ များ ရင် မှာဆို့နေ စေခဲ့

အ လွမ်း ဝေ စ ရာ ပန်း ကြွေတော မှာ

အ နမ်း တွေ မ ပေါ တာလဲ ရင်က သိ

မချိ တ ရိ ပါ ပဲ ကွယ် ချစ်တဲ့ ကလေးရယ်။ ။

Saturday, April 12, 2008

ကျွန်တော့ချစ်သူများအကြောင်း(၁၃)

မှတ်မှတ် ရရ အလွမ်းနေ့စွဲဖြစ်မယ့် ရက်တစ်ရက်ကိုရောက်လာခဲ့ ပြန်ပေါ့.......
တစ်ကယ် ချစ်တဲ့ ညီမလေးနဲ့ ဘ၀ ကိုစတင်ကြိုး စားနေတဲ့ အချိန်မှာပဲကံကြမ္မာဟာ
ကံဆိုးမိုးမှောင်ကျခဲ့........တကယ့်ကိုတနှစ်နဲ့ လေးရက်တိတိပါ....ဘာလို့လဲတော့
မမေးပါနဲ့ မဖြေချင်လို့ပါ ဖြေရယင် ရင်မှာကျွမ်းမြေ့ ဗလောင်ဆူတယ် ........
တကယ်ကို တစ်ယောက် တည်းထားခဲ့တယ် လောက အလယ်မှာလေ.. သေကွဲ ဆိုတာ
သိလိုက်ရတော့ တကယ်နှမြောတမ်း တမိတဲ့ သူနဲ့ ဝေးနေချိန်လေးတွေ ကိုပါ ပြန်လို
ချင်လား လိုချင်မိရဲ့ တကယ်ပါ တနေ့ အဲလိုခွဲသွားလိမ့်မယ် လို့လုံးဝ မထင်ထားခဲ့ပါ
ဆိုးလိုက်တဲ့ ဘ၀ တော်တော့်ကိုခံစားရခက်ပါ့ ဗျာ ရင်မှာလေ အလွမ်းနေ ဆယ်စင်း
ပါ......

ကိုကို့ရဲ့အသက်ကလေးသို့ nnt@mail4tamalon.com


ကြေကွဲနေ့ညတွေမှာလေကိုယ်ဘယ်လိုနေရမလဲ.........
အိပ်လို့မရ၊တမ်းတရတယ်
ညညတွေဆို၊ယောင်ကာအော်မိတယ်
"ညလေး"ရယ်။

မင်းအတွက် ကုသိုလ်ကောင်းမှု
အစုစုကို ပြုနေ ပေမယ့်
နှုတ်မဆက်ပဲ ၊ရုတ်တရက်ခွဲသွား
ကြယ်တွေတောင်မပျောက်သေးတဲ့မနက်၊

အတူနေသွားတဲ့
တနှစ်နဲ့လေးရက်
တသက်စါဘယ်လိုဖြေမလဲ.......
ကိုယ့်ရင်က ကလေးရယ်၊

တကယ်ဆိုယင်လေ
လောကထဲမှာမနေရဲ
တဦးတည်းလည်းလမ်းမလျှောက်ဖြစ်
အလွမ်းသစ်တွေသာတိုးပြီး
အရမ်းညစ်နေတာမင်းသိမလား......?

ဘယ်လိုမှမှတ်ထင်မထားတဲ့
အဖြစ်ပျက်တခုက
တနှစ်နဲ့လေးရက်တိတိ
မက်ခဲ့တဲ့အိပ်မက်လား.......?

အလွမ်းတွေတရစ်ရစ်နဲ့
ရင်မှာတင်းကျပ်
နင်းသတ်သွားမလားထင်ရ
မြင်သမျှအလွမ်းစတွေ
အထင်ကရတမ်းတမှုတွေနဲ့
ရင်ရဲ့အပြည့်ပေါ့........၊

လွမ်းရသူစိတ်ထဲမှာ
မင်းကိုပဲရှာနေမိ
အသိမှာမင်းပဲရှိ
နွမ်းရိနေတဲ့နှလုံးသား
ပြုံးစကားတွေမဆိုနိုင်တော့
အေးစက်စက်မျက် ၀န်းတစုံနဲ့
မှုန်ရီဝေတဲ့မျက်နှာတခု
အစားပြုပြီးရောက်လာပြီ ကလေးရယ်၊

သူငယ်ချင်းဘဝ
ညီမလေးကစပြီး
ဘ၀တွဲဖေါ်အဖြစ်
အမြဲခေါ်တော့မယ်လို့
ဆုံးဖြတ်ကာ
တသက်လုံးမခွဲကြေးလို့.....
ပြောခဲ့ကြပေမဲ့
အလွမ်းအဖြစ်နဲ့ကွဲကွာ
ဘယ်တော့မှပြန်ဆုံခြင်းမရှိတဲ့
ခွဲခွာခြင်းမျိုး
ဘယ်လိုရင်ခွင်မျိုးမှာ
ခံစားနိုင်မလဲ၊

ကံတရားအပိုင်ပဲလား
လောကဓံကိုအံတု
ပြန်မှုစရာလိုသေးလား
ကိုကိုလဲတွေဝေ
ကြေကွဲနေ့ညတွေမှာလေ။ ။


အသက်ကလေးရေ ကြေကွဲနေ့နဲ့ညတွေဘယ်လိုဖြေရမလဲ။ ဘယ်လိုပဲဖြစ်ဖြစ် မင်းမရှိတော့ဘူးမဟုတ်လားအဲတာကြောင့်စဉ်းစားနေမိယင်းကလွမ်းသောကတွေပြေလိုပြေငြား
NNT@tamalonmail.com
NNT@mail4tamalon.com များရှိနေမလားလို့ တကယ်လို့များရှိခဲ့ယင်အသက်လေးဖတ်မိမှာပါ။

Wednesday, April 2, 2008

ကျွန်တော့ချစ်သူများအကြောင်း(၆)

အလွမ်းပွင့်

အမှတ်တရ
ရက်လကြာရှည်
တွေ့ဖြစ်သမျှ
မောင့်ရင်ပူစေ.......

အလွမ်းရယ်ပွေ
သောကနွေမှာ
ပျော်ချင်ပါလည်း
ခက်သည်သခင်
မောင့်ရင်ခွင်သည်
အသင်ပိုင်စိုး
စောင့်မျှော်ကိုးလည်း
တွေ့မိသမျှ
လွမ်းရက်တာရှည်
လွမ်းမိသမျှ
တွေးရင်ပူစေ...........

အလွမ်းနွေမှာ
တမ်းတရှည်ကြာ
ကာလကြာသော်
အလွမ်းပွင့်ဖြစ်
နွမ်းရစ်လျှက်ကြွေ........

Wednesday, March 19, 2008

တပြည်သူသက်ထားရေ

ချစ်တဲ့သခင်
အလွမ်းပင်ပျိုး
အနမ်းမိုးတွေ
သည်းပြီးတဲ့ခဏ.....
ခွဲကြရမယ်ကြိုတင်သိ
မချိတင်ကဲရင်က
ဖြေသာစရာလေ
နေရာမတွေ့ခဲ့ပါ.....၊

တပြည်သူမောင့်အချစ်ရေ
အတွေးတွေထွေပြားစဉ်ခဏ
ချစ်လိုက်မိတာပဲကို့ကိုကိုယ်
အပြစ်တင်၊အချစ်ဝင်ကြည်ဖြူတာထားခဲ့
တပြည်စီဝေးရမဲ့အဖြစ်တွေမို့
တွေးမိတိုင်းရင်ကငို
မင်းလဲကိုယ့်လို
ခဏခဏငိုခဲ့ဖူးတယ်နော်......

တွေးမိတိုင်းငို
ခွဲခွာစဉ်ကအမှတ်တရ
ပေးခဲ့ကြတဲ့
အနမ်းမိုးတွေ
မစဲပဲလေ
မခွဲပဲနေချင်
ဟိုးအယင်ကာလများဆီကပေါ့
လွမ်းတယ်သခင်
ကျွမ်းဝင်သူသက်ထား
တပြည်စီကွာအဝေးမှာ
ထားခဲ့ရပြီလားလေ...........

အမှတ်တရအဖြစ်ခွဲခဲ့ရတဲ့နေရာက
ညောင်ညိုရိပ်မဟုတ်
နာရီးတား* ဟာနရီစည်းခြားစေခဲ့
ခုတော့ကွယ်
တစ်သက်စာအလွမ်းနဲ့
ကျွမ်းမြေ့ရပြီကောကွယ်
အချစ်ခဲ့ရဆုံး ယောရှီဒါရယ်.......။ ။

*Narita Airport

Saturday, March 8, 2008

နှင်းစက်ပွင့်သို့တမ်းတခြင်း

နှင်းစက်ပွင့်သို့တမ်းတခြင်း


ဘာလိုလိုနဲ့
တစ်ဆောင်းကုန်သွားဖြစ်ပေါ့
ရောက်လာပြန်နွေအခါ
လေပြည်ကသုတ်ဖြူး
ခုချိန်ခါချစ်ဇတ်လမ်းဝယ်
မျောလိမ့်တော့မူး...........

အသက်ကမငယ်
ကြီးတောင့်ကြီးမား
အချိန်များစွာ
ဖြတ်သန်းသွားခဲ့
နေ့နေ့ရက်ရက်
ကုန်နေခက်ပွေ
လွမ်းသောကတွေ
ရင်မှာဝေလျှက်
အနေခက်စေ................

ဆောင်းကုန်နွေကူး
ဂိန္မာန်ဦးမှာ
လွမ်းတမ်းတရစ်
ဆောင်းနှင့်နွေ
ပြောင်းသင့်လေလား
မှုန်ရီဝို့ဝါး
အတွေးများမှာ
ထားရစ်ရက်သူ
တမ်းတပူစေ
ရင်ခွင်မှာလေ
နေဆယ်စင်း...............

နေ့ပူညချမ်းနေခဲ့
တပေါင်းလသရမ်းမှ
မရောက်သေးပဲလေ
စိုးနှောင့်ဗျာပွေ
တမ်းတဝေလျှက်
အနေခက်ထင့်
နှင်းစက်လွင့်ပျယ်
နေခြည်နယ်မှာ
ကွယ်ပျောက်သွားစမ်း
ဖေဖေါ်ဝါရီမနက်လမ်းမှာ
တမ်းတစရာအစုံနဲ့
နွမ်းလျကဗျာတွေ
ဆုံချိန်ကျတော့
မမေ့မလျော့
အ၀ါရောင်နှင်းဆီ
ပန်းတစည်းနဲ့
မင်းဆီကိုယ်လာခဲ့မယ်ပါ့
လွမ်းဖွဲ့နှောင်ထုံးခဲ့
ကျွမ်းသက်နောင်ရှုံး.............။ ။

အမုန်းပွားမှောင်ရိပ်မှာနွမ်းမျက်ရည်စစို

အမုန်းပွားမှောင်ရိပ်မှာနွမ်းမျက်ရည်စစို

ဟိုအဝေးဆီက
ရိုးအရိပ်စိုစို
မှိုင်းမှုန်ဝေလျှင်
ငိုလို့မှန်းဆ
တမ်းတရလျှက်
အရှိုက်ခက်လို့
ညို့ညို့မျက်ဝန်း
ပုလဲငွေရည်
စိုစေပြီ.............

ညှာပုလဲရယ်
အယင်ရယ်ထား
အတိတ်ဘ၀လို
ထားခဲ့နိုင်လား
နင်စဉ်းစားကြည့်
တွယ်ပတ်သယောင်ဖြစ်တဲ့
သံယောဇဉ်မြစ်
အမုန်းအက်ဆစ်
လျှံစေပြီးဆို...............

တွယ်တာကင်းမဲ့
အမုန်းဖက်က
ရပ်တည်ကာဆို
ပြိုမည့်မိုးလို
တိမ်စေတမာန်
မည်းမည်းညိုလျှင်
ဝရဇိန်ပစ်ခွင်းသလို
စကားတင်းတွေ
ခြိမ်းခြောက်ဆိုရွတ်ခဲ့
မလိုချင်ပေမယ့်
ငိုချင်နေတဲ့ရင်ကလေ....
အမုန်းပွားမှောင်ရိပ်မှာ
နွမ်းမျက်ရည်စစို.........။ ။

Tuesday, March 4, 2008

နှင်းစက်တို့ရဲ့ပြိုကွဲခြင်း

နှင်းစက်တို့ရဲ့ပြိုကွဲခြင်း



ဘာပဲဖြစ်ဖြစ်သင်္ခါရလောကမှာဘာမှမတည်မြဲနိုင်ခဲ့ပါလေ
တည်မြဲမယ်ဆိုတဲ့ "နှင်း" အခုတော့လဲလေပုံပြင်တပုဒ်
ဒါမှမဟုတ်ယင်ဒဏ္ဍာရီအဖြစ်နဲ့ နောင်လာနောက်သားတွေအတွက်
မှတ်သားဖို့ထားခဲ့ရတော့မှာပဲလေ
. . .



ဘာဆိုဘာမှအမြဲမရှိတဲ့

အနိစ္စကမ္ဘာတခုမှာ

တည်မြဲနေတယ်ဆိုတာ

ဘာမှမရှိတဲ့အရာ

အဲဒီ.....ဘာမှမရှိတဲ့အရာကို

တွယ်တာတမ်းငြိမက်မော

အခက်ဇောပွေ

နွေမှပင်မရောက်သေး

လွမ်းရတဲ့ဇာတ်မကုန်သေးခင်မှာ

ညောင်ညိုပင်ရိပ်မှာထိုင်

ငိုင်တိငိုင်တိုင်တွေး

ထွေရာလေးပါးအတွေးတွေကြား

နှင်းစက်ဆိုတာတည်မြဲမယ်လို့

မိုက်မဲစွာယုံကြည်ခြင်းတရား

သဘာဝရဲ့အနားသတ်မျဉ်းတခုမှာ

အပြီးတိုင်စွန့်ခွာ

နှင်းဆိုတာခဏပါပဲလား.............


အင်းလေ......"နှင်းပျောက်တဲ့နွေ"ဆိုတဲ့

သီချင်းဆိုတာလဲရှိသားမဟုတ်လား

ဘ၀ဆိုတာနှင်းစက်တွေ၊မိုးစက်တွေ

သဘာဝနေမင်းကြီးရဲ့ပွေ့ပိုက်မှုတွေ

အဲတာတွေအားလုံးဟာမတည်မြဲခဲ့

ဘ၀ဆိုတဲ့ခဏတာကာလတခုမှာ

တွေ့ဆုံခြင်း၊ကွဲကွာခြင်း၊ခွဲခွာခြင်း

ဓမ္မတွေကြားထဲမှာ

ဘုရားရှင်တောင်မှမလွန်ဆန်ခဲ့တဲ့

သင်္ခါရသဘောကို၊ငါဆိုတဲ့အတ္တတခုနဲ့

အစဉ်ထာဝရလို့ပိုက်ခဲ့ပေမယ့်

အဲတာဟာတခဏလို့

လက်တွေ့သိလိုက်ရတဲ့အခါ

သာယာယစ်မူးမိန်းမောနေတဲ့

အိပ်မက်ဆိုတဲ့အရာကနေ

လန့်ဖျတ်စွာနိုးထလာခဲ့

အဲဒီအချိန်မှာဘ၀ဆိုတဲ့ခဏအချိန်ဟာ

သုံးပုံတပုံကိုကျော်လွန်လာခဲ့

အဲဒီအချိန်မှာလန့်ဖျတ်စွာ

နှင်းစက်ထုတို့ပြိုကွဲနေခဲ့ပြီ.....။


အဲတာတောင်မှ.............

တချိန်ကအလွန်နှမျောတွန့်တိုခဲ့တဲ့

အချိန်တချို့တလေတွေထဲက

အစအနတချို့လွင့်ပါသွားခဲ့ရပြီ

ဘာမှမတည်မြဲတဲ့လောကထဲမှာ

ဟိုး......လွန်ခဲ့တဲ့နှစ်ပေါင်းမျာစွာက

လူတွေသတ်မှတ်ခဲ့တဲ့အချိန်ကို

ဘယ်လူတွေကမှအစိုးမရခဲ့

သဘာဝတရားက

ခဏဆိုတဲ့ကန့်သတ်ချက်လက်မှတ်တခု

လူတွေကိုထုတ်ပေးထားခဲ့

အဲဒီလက်မှတ်ကိုကိုင်ဆောင်

သံသရာမှာခရီးသွာခဲ့ပေမယ့်

ငါ ငါ ငါ ဆိုတဲ့ ငါတကောကောအတ္တကြားမှာ

သဘာဝတရားကသတ်မှတ်ထားတဲ့

မမြင်ရတဲ့၊အတုလုပ်လို့မရတဲ့

သင်္ခါရဆိုတဲ့ဇတ်တခု

အဲတာဟာမတည်မြဲခြင်းတရားပေပဲ။


အမှန်တော့............

ငါဆိုတဲ့အတ္တ

ဘ၀ဆိုတဲ့သမုဒယ

တွယ်တာခြင်းဆိုတဲ့တဏှာ

မောဟဆိုတဲ့အမြိုက်တရား

ဒေါသဆိုတဲ့အရာကဖြိုခွင်းသွားခဲ့

ကမ္ဘာကြီးကိုငြိမ်းချမ်းစေချင်ပါသတဲ့၊

စစ်မဲ့တဲ့ကမ္ဘာကြီးဟာငြိမ်းချမ်းနေမတဲ့လား

ဘ၀ဆိုတဲ့လူမှုရေးတိုက်ပွဲတွေ

သံသရာရေလျဉ်ကြောမှာအဖန်တရာတေအောင်မျောမဲ့

တပ်မက်မှုတိုက်ပွဲတွေကြားမှာ

ကမ္ဘာကြီးဟာတကယ်ငြိမ်းချမ်းသွားမှာလား။


ဘာပဲဖြစ်ဖြစ်လေ.............

အမှန်တရားဆိုတာကို

တကယ်ရှာလို့တွေ့လိုက်ချိန်မှာ

နှင်းစက်ဆိုတာတွေဟာလွင့်ပြယ်

အိုဇုံးလွှာပါးလှပ်မှုဆိုတဲ့အန္တရာယ်

ဖန်လုံအိမ် ဥပဒေသနဲ့

တိုးတက်ခြင်းအတွက်သဘာဝကပေးတဲ့ဆုလာဘ်

အမှန်တရားဆိုတဲ့ကံစမ်းမဲမဟုတ်တဲ့

ကမ္ဘာကြီးပူနွေးလာခြင်းဥပဒေသ

အဲတာတွေအာလုံးရဲ့အောက်မှာ

နှင်းစက်ဆိုတာပြားပြားဝပ်ခစါး

ရန်ကုန်ဆောင်းဆိုတာနှင်းတွေနဲ့ဝေဖို့ဝေး

အေးတောင်မှမအေးတော့တာ

ခုခေတ်ကလေးတွေကိုပြောပြယင်ရီမယ်

တခါကနှင်းတွေဝေခဲ့ဘူးတယ်ဆိုယင်............

တကယ်တော့နှင်းစက်ဆိုတာဒဏ္ဍာရီတခုပါ။ ။

တကယ်တော့ခံစားချက်တခုနဲ့ရေးခဲ့တာပါ၊ ဒါပေမယ့်green house gasတွေများလာတဲ့အချိန်
နျူးကလီးယားကိုတွင်တွင်ကျယ်ကျယ်သုံးလာတဲ့အခါအနုမြူ မြူငွေ့တွေဖုံးလွှမ်းသွားမဲ့အချိန်ကြယင်
ကော........ အတွေးပါ ကဗျာနဲ့မဆိုင်ပါ၊ အကြောင်းအရာကတော့ နဲနဲဆိုင်ပါတယ်။ကမ္ဘာဟာရွာတရွာဖြစ်
သွားခဲ့ယင် ကမ္ဘာကြီးရဲ့ဘယ်နှစ်ပုံ၊ဘယ်နှစ်ပုံလောက် အနုမြူ မြူတွေဆိုင်းနေမလဲ မသိဘူးနော်။

nnt@mail4tamalon.com

ကိုကို့ရဲ့အသက်ကလေးသို့ nnt@mail4tamalon.com



ကြေကွဲနေ့ညတွေမှာလေကိုယ်ဘယ်လိုနေရမလဲ.........
. . .



အိပ်လို့မရ၊တမ်းတရတယ်
ညညတွေဆို၊ယောင်ကာအော်မိတယ်
"ညလေး"ရယ်။

မင်းအတွက် ကုသိုလ်ကောင်းမှု
အစုစုကို ပြုနေ ပေမယ့်
နှုတ်မဆက်ပဲ ၊ရုတ်တရက်ခွဲသွား
ကြယ်တွေတောင်မပျောက်သေးတဲ့မနက်၊

အတူနေသွားတဲ့
တနှစ်နဲ့လေးရက်
တသက်စါဘယ်လိုဖြေမလဲ.......
ကိုယ့်ရင်က ကလေးရယ်၊

တကယ်ဆိုယင်လေ
လောကထဲမှာမနေရဲ
တဦးတည်းလည်းလမ်းမလျှောက်ဖြစ်
အလွမ်းသစ်တွေသာတိုးပြီး
အရမ်းညစ်နေတာမင်းသိမလား......?

ဘယ်လိုမှမှတ်ထင်မထားတဲ့
အဖြစ်ပျက်တခုက
တနှစ်နဲ့လေးရက်တိတိ
မက်ခဲ့တဲ့အိပ်မက်လား.......?

အလွမ်းတွေတရစ်ရစ်နဲ့
ရင်မှာတင်းကျပ်
နင်းသတ်သွားမလားထင်ရ
မြင်သမျှအလွမ်းစတွေ
အထင်ကရတမ်းတမှုတွေနဲ့
ရင်ရဲ့အပြည့်ပေါ့........၊

လွမ်းရသူစိတ်ထဲမှာ
မင်းကိုပဲရှာနေမိ
အသိမှာမင်းပဲရှိ
နွမ်းရိနေတဲ့နှလုံးသား
ပြုံးစကားတွေမဆိုနိုင်တော့
အေးစက်စက်မျက် ၀န်းတစုံနဲ့
မှုန်ရီဝေတဲ့မျက်နှာတခု
အစားပြုပြီးရောက်လာပြီ ကလေးရယ်၊

သူငယ်ချင်းဘဝ
ညီမလေးကစပြီး
ဘ၀တွဲဖေါ်အဖြစ်
အမြဲခေါ်တော့မယ်လို့
ဆုံးဖြတ်ကာ
တသက်လုံးမခွဲကြေးလို့.....
ပြောခဲ့ကြပေမဲ့
အလွမ်းအဖြစ်နဲ့ကွဲကွာ
ဘယ်တော့မှပြန်ဆုံခြင်းမရှိတဲ့
ခွဲခွာခြင်းမျိုး
ဘယ်လိုရင်ခွင်မျိုးမှာ
ခံစားနိုင်မလဲ၊

ကံတရားအပိုင်ပဲလား
လောကဓံကိုအံတု
ပြန်မှုစရာလိုသေးလား
ကိုကိုလဲတွေဝေ
ကြေကွဲနေ့ညတွေမှာလေ။ ။


အသက်ကလေးရေ ကြေကွဲနေ့နဲ့ညတွေဘယ်လိုဖြေရမလဲ။ ဘယ်လိုပဲဖြစ်ဖြစ် မင်းမရှိတော့ဘူးမဟုတ်လားအဲတာကြောင့်စဉ်းစားနေမိယင်းကလွမ်းသောကတွေပြေလိုပြေငြား
nnt@tamalonmail.com
nnt@mail4tamalon.com များရှိနေမလားလို့ တကယ်လို့များရှိခဲ့ယင်အသက်လေးဖတ်မိမှာပါ။ ။