Thursday, February 21, 2019

အလွမ်းအဆက်ဆက်

ရင်မှာနာကျင်
တဆစ်ဆစ်ကိုက်ခဲ
ဝေဒနာညများ
ခံစားနေယင်း
အလွမ်းသည်
ရင်ကိုတိုးတိုက်
နှလုံးသားနံရံ၏
လှုပ်ခတ်မှု
တွန်းတိုက်သွားသော
နာကျင်သောဝေဒနာ
တဆစ်ဆစ်ကိုက်ခဲသော
ရောပြွမ်းသော
နာကျင်သော
လွမ်းနေသော
နှလုံးသား၏ဖြစ်အင်......

တမ်းတသည်
တွယ်တာလွန်း၍
နွမ်းလျသည်
ကြင်နာလွန်း၍
လွမ်းရသည်
မြင်နေရလျက်
မကြင်သာသည်မို့
ရင်သည်နာကျင်
ဝေဒနာသည်
အခံရခက်
တစ်ပြန်ကြွချက်
ကိုက်ခဲနာကျင်မှုကို
ပျက်ပျယ်စေသောဆေးဝါး
ဒါဏ်ရအနာတရကို
ပျောက်ကင်းစေခြင်းအလို့ငှါ
ဝင်ရသောခွဲစိတ်ခန်း
ပြန်ထွက်လာသည့်အခါ
ပြယ်လာသောထုံဆေးနှင့်အတူ
နာကျင်ခြင်း
တစ်သက်မေ့မရမယ့်
နာကျင်မှုနဲ့
ရောပြွမ်းနေတဲ့အလွမ်း..........

တမ်းတခြင်း
တွေ့မြင်နေလိုခြင်း
ဒီရေအလားတရိပ်ရိပ်တက်သော
အလွမ်း၏အဆိပ်
နာကျင်ခြင်းကိုက်ခဲခင်းတို့
ရောပြွမ်းနေသေ
တမ်းတခြင်းအဆိပ်
သိုသိုသိပ်သိပ်ပါ
ရင်မှာလောင်စား
အက်ဆစ်အလား
ရက်ဆက်အလွမ်းသည်
အလွမ်းအဆက်ဆက်
ဖြစိစေတော့သခင်............