Saturday, December 31, 2016

ဆုတောင်း

Happy New Year ပါ Blogger အပေါင်းသူတော်ကောင်းတို့

Sunday, December 18, 2016

အသက်ငင်နေတဲ့ အလွမ်းပါချစ်ရယ်




အသက်ငင်နေတဲ့
အလွမ်းပါချစ်ရယ်
သခင်သာ
တနယ်တကျေး
အဝေးသွားယင်
မောင့်ရင်လွမ်းလို့
အပူဝေ..........

အဝေးမှာဆို
အဆင်ပြေလား
အမျိုးမျိုးတွေးထင်
စိုးရိမ်စိတ်ဆို
ပိုကိုပို.......

လမ်းခရီးများ
အဆင်မပြေ
ဖြစ်လေမလား
စိုးထိတ်ရင်ပူ
သောကဆူတယ်
ချစ်သူအတွက်
စိတ်ပူမိ........


Friday, November 25, 2016

ရန်ကုန်မနက်ခင်းသရဲစီးခြင်း




ဒေဝူးဟွန်ဒိုင်း တရုတ်မ
ဝုန်းဒိုင်ကျဲအောင်မောင်းသွား
မှတ်တိုင်ရှေ့ကျ
တိကနဲထိုးရပ်
ကားရဲ့ဖင်က
လမ်းပေါ်ကျန်ခဲ့
အာ့မှာစပယ်ယာရဲ့
မင်းသားခေါင်းဆောင်းထားတဲ့
ဘီလူးးရုပ်ပေါ်လာ
အတင်းတွန်းတင်
အရမ်းတွန်းချ
ရန်ကုန်မြို့ရဲ့
ကမ်းနားလမ်းတစ်လျောက်ပေါ့
ဗဟိုစံပြငါးဈေး
သူ့ထက်ငါဦးအောင်တိုးဝင်
ခေါင်းချင်းဆိုင်
သူ့ငါဆဲငါ့သူဆဲ ဆဲယင်းနဲ့
ကွန်တိန်နာတင်တဲ့
နောက်တွဲယာဉ်တေ
ခပ်ကြမ်းကြမ်းမောင်းဝင်သွာယင်း
ဘီလူး သရဲ မောင်းတဲ့ကားတွေပေါ်
လူတွေတင်နေတာ
မြင်ရတာကျောစိမ့်
၂၂၆,၁၃၂,၃၃၃,၂၀၇
ပါရမီ အဓိပတိ
ဘာညာသရကာလိုင်းတွေ
ဆိုးဆိုးရွားရွား
ဖြတ်သန်းသွားတဲ့
လမ်းမပေါ်မှာ
လူမရလို့
လူရမလို
တအိအိမောင်းနေတဲ့
တက်စီသမား
ဘယ်သူ့ကိုမှဂရုမစိုက်ပဲ
မှတ်တိုင်မဟုတ်ပဲရပ်တဲ့
ဘတ်(စ)ကား
ဘယ်သူကဥာဏ်များလဲ
ဘယ်သူကကံတရားလဲ
အချင်းချင်းဆဲဆိုသံတွေ
ပူညံပွက်လောရိုက်
ပူလောင်လောင်မြို့ပြမနက်ခင်း
မင်္ဂလာပါ အစ်ကို
တစ်စီးလောက်........
တစ်စီးလောက်.........
ဟာ...ငါxxးမသားကွာ
နောက်ကားကျော်မယ်
အကျော်မခံနဲ့.....ဆွဲဆရာရေ
.......
.............
ဝေသာလီပြည်ဘီလူးစီး
.....ဇတ်တော်ထဲမှတ်ရ
.....မျက်စေ့ထဲပြေးမြင်...
ရန်ကုန်မနက်ခင်း......
ဘီလူးသရဲစီးကုန်ပြီ......
LikeShow more reactions
Comment

Friday, October 14, 2016

ဆောင်းရနံ့ ....အလွမ်း




အငွေ့အသက်
ရလို့လာပြီ
မနက်ခင်းတွေဆို
တိတ်ဆိတ်ခြေသံနဲ့
တိတ်တိတ်ကြွေဟန်...
လွမ်းဆွတ်ခြင်းပါပဲ
မြူတွေဆိုင်းနေတဲ့
ရိုးမရဲ့အရိပ်မှာ
တိုးတိတ်တိတ်စီးမျောသွားယင်း.....
အတွေးအပိုင်းစ
ထင်ဟပ်လာသော
ချစ်သူ၏တွယ်ငြိစရာ
တမ်းတမက်မောစရာပုံရိပ်.......
ဘယ်နေရာကြည့်ကြည့်
အလွမ်းချည်းပါပဲလေ
မြူခိုးဝေနေတဲ့
ဆောင်းညနေလမ်း
အာရုံမှာအမြင်ထွေပြားခဲ့.......
ချစ်ခြင်းတစ်ခု
ဆိုတာထက်ပိုတဲ့
မြတ်နိုးတွယ်တာ
နှောင်ဖွဲ့ခြင်းလေ.........

Tuesday, August 9, 2016

ငွေရတုအလွန်....





အကြာကြီးမက်​ခဲ့တဲ့
အိပ်​မက်​​တွေ
နှစ်​ပတ်​လည်​လို့​ကောင်း​နေတုန်း.......

အလွဲကြီးလွဲခဲ့ကြတဲ့
မဆုံစည်းခဲ့တဲ့
ရင်​ဘတ်​​တွေ
အလွဲကြီးလွဲခဲ့တာ​တွေ
နှစ်​ပတ်​လည်​လို့​ကောင်း​နေတုန်း......

အချစ်​များစွာနဲ့
ဝေးသွားရစ်​ခဲ့ကြတာ
အပြစ်​မဲ့သံသရာမှာ
အ​ဝေးကြီး​ဝေးတာ​တွေ
နှစ်​ပတ်​လည်​လို့​ကောင်း​နေတုန်း.......

ချစ်​ခဲ့တဲ့သက်​​သေ
ဖြစ်​ပျက်​ခဲ့တဲ့မျက်​ရည်
ရင်​ကအလွမ်း​တွေ
ထွေး​ပွေ့ထားခြင်းဟာ
နှစ်​ပတ်​လည်​လို့​ကောင်း​နေတုန်း........

ငိုချင်​လျက်​လက်​တို့
အ​တွေးထဲကအချစ်
ဒဏ္ဍာရီဖြစ်​​အာင်
မျက်​ရည်​သက်​​သေ
အခက်​​ပွေရတက်​​ပွေရက်​​တွေ
နှစ်​ပတ်​လည်​လို့​ကောင်း​နေတုန်း...........

အလွမ်းဟာတိတ်​တဆိတ်
ရင်​ခွင်​ကိုထိုး​ဖောက်​ဝင်
ဘယ်​လိုဖြစ်​ဖြစ်​ဘယ်​လို​နေရစ်​ရစ်
ငွေရတု​တောင်
ကျော်​လာ​ခဲ့​ပေါ့..........

မထင်​မှတ်​တဲ့ရင်​က





မထင်​မှတ်​တဲ့အချိန်
ရင်​ကိုစပ်​စပ်
ထိမှန်​တဲ့
အိပ်​မက်​တစ်​ခု
မက်​ခဲ့တယ်​လား
စိတ်​ထဲဘာမှ
မရှိပါပဲ
အပြာ​ရောင်​အိပ်​မက်
နှိပ်​စက်​ခဲ့.......

ချစ်​သော​နှမငယ်
အသင်​ဟာ
ရင်​ခွင်​မှာ
ခိုဝင်​​နေသူလား
ကျူး​ကျော်​သူလား
အမှတ်​တရများမရှိလဲ
မှတ်​မိပါတယ်​...........

မသင့်လျော်​ခြင်းများ
စိတ်​တွင်းအစဉ်
အချစ်​ဟာ
ဘယ်​လိုလားကွယ်​......

မသိခြင်း၏သိခြင်း
တွယ်​မက်​တပ်​ငြိခြင်း
ထိုထိုသ​ဘောတရားအစုစုက
သမုဒယပွား
အယုအယများ
ဖြစ်​​စေသလားကွယ်​........

ဘာဖြစ်​မှန်းသိရက်​နှင့်
ရင်​ခုန်​လှိုက်​​မောလျ
ဝေဒနာကျွမ်း​လောင်
နွမ်းလျ​အောင်​ပြုစား
ဆောင်းအိပ်​မက်​မဟုတ်​ပါပဲ
ဂ​ယောက်​ဂယက်​ဖြစ်
အ​နှောင့်​အယှက်​မဖြစ်​ယင်
လှိုက်​​မောစွာပင်
ရင်​ခုန်​ချင်​.........

တိတ်​တိတ်​တမ်းတ
နွမ်းလျတာ
ရင်​မှာမသိပဲ
မချိတရိအ​တွေး
သူပဲ​လေလား
ဝိုးတဝါးထင်
စိတ်​အစဉ်​မှာ​ကြောင့်​ကြခြင်း.......

Tuesday, June 28, 2016

ခြောက်ခြားခြင်း



ခင်မလွမ်း တော့တဲ့အခါ
သတိမရ
မတမ်းတတော့တဲ့အခါ
အရာရာဟာအပြစ်ဖြစ်
ကဗျာတွေဟာအဆိပ်ဖြစ်
မြင်သမျှ အရာအားလုံးမှာ
ကောင်းကင်ပြိုကျ
တိမ်တွေမလှတော့
ရက်စက်ခြင်းအညှိုးတွေ
မဲမဲမြင်ရာ
ဒေါသသင့်ပြီ
အချစ်အမုန်း
အစွန်းနှစ်ဖက်မှာ
မောင်ဟာကဗျာမဟုတ်တော့ပါလေ.....

ချစ်ခြင်းတွေနဲ့တပ်မက်
နှောင်ဖွဲ့ခြင်းတွေနဲ့သံယောဇဉ်
တမင်တကာဖယ်ခွာတိမ်းလို့
သူစိမ်းမှတ်ရမလားကွယ်
သူမုန်းပြီလား
မူပြုံးရန်မဆိုထားနဲ့
လေသံလေးနည်းနည်း
ပြောင်းလဲသွားယင်တောင်မှ
မခံစားနိုင်သူပါ
တွယ်တာခြင်းရင်က
တပ်မက်မိတဲ့နှလုံးသား
အပြုံးနဲ့စကားမဆိုသာ
အရှုံးအတွက်နားခိုရာမရှိပါလေ......

အလွမ်းဆွေးတွေနဲ့
ကူရာကယ်ရာမဲ့လေပေါ့
သေလုအောင်ခံစား
နာကျင်တယ်ရင်ခွင်တွင်းမှာ
ပူပြင်းလှချည်ဆို
ငိုမလိုပြိုတဲ့
တောင်ဆီကညိုတဲ့မိုးရယ်
သည်းနှင့်ပါဦး............

လွမ်းလွန်းတဲ့အခါ
ကာရံပျောက်ရှ
စကားလုံးတွေ
ရှာမရတဲ့အဖြစ်
အလွမ်းသင့်တော့
ပန်းပွင့်လိုကြွေချင်ပြီ..........

Friday, June 10, 2016

အိမ်ရှေ့က ကျွန်တော့ခရေပင်






အိမ်ရှေ့ကခရေပင်
တင့်တယ်အောင်စိုက်ကာထား
ရေတွေလောင်းပေါင်းတွေသင်
လက်ခုပ်တစ်ဖောင်မရောက်ခင်
မကြာခင်ပွင့်တော့မယ်လား.....

ခရေပန်းလေးမွှေးမွှေးကြူ
ရနံသင်းပျံလှိုင်လှိုင်သူ
ကြွေကျတာကိုမစောင့်အား
ဝါးလုံးဆစ်လို့ခူးမယ်တအား
ရပ်ကွက်နေသူလူအများ......

စိုက်ပျိုးသူမှာ
မုဒိတာ
ထားပြန်သော်လဲမရပါ
ပန်းကိုခူးကာ
အကိုင်းချိုးသွား
ကျနော့ခရေပင်လေး
ငုံးတိဗျား.......

အများသူငါအရိပ်ရအောင်
စွမ်းဆောင်ချင်လို့ပျိုးကာထောင်
အရိပ်နေလို့အခက်ချိုးသွား
ကျနော့လမ်းကပြည်သူများ........

လွမ်းလာတဲ့အခါ



တရှိုက်မက်မက်
နမ်းခဲ့ဖူးတဲ့ပါးပြင်
ဖွဖွ နမ်းမိတဲ့နဖူး
မြတ်နိုးစွာနှောင်တွယ်ရစ်တဲ့
ချစ်ခြင်းတွေ
ရင်ခွင်မှာတငွေ့ငွေ့
လောင်မြိုက်ကြွမ်းဝေဒနာ
သူအဝေးသွားယင်
နေမထိထိုင်မသာ
နေမိနေရာတွေ........

တရံတဆစ်
တူတူသွားခဲ့ဖူးတဲ့လမ်း
လျှောက်လည်ဖူးတဲ့နေရာ
အမှတ်တရများစွာ
ပျော်တယ်ထင်လား
မောင့်သခင်...သက်ထား
အလွမ်းကြားနစ်
ဆူးများရစ်ပေါ့.........

ခဏတာဝေး
တမ်းတတေးတွေ
စကြဝဠာဟိုအဝေး
ဖြန့်ကြက်တွေးယင်း
ကြယ်တွေပါလွမ်းစေ
နဂါးငွေ့တန်း
ဟိုး...အလှမ်းကွာ
ကိန္နရာအလွမ်း
တိုင်တည်သစ္စာ
အချစ်ဟာ..လေ
တွေဝေမိန်းမော......

တစ်ညဝေးလို့
ရက်ခုနစ်ရာ
ငိုတဲ့အလွမ်းဆို
တဘဝစာ
မငိုချင်ပါလေ
ရုပ်ဝတ္ထုဆန်တယ်ထား
ရင်ခွင်မှာလေ
ငုံ့ကြည့်လိုက်ယင်
သခင်ရှိမှ
ပြည့်စုံတယ်.......

လွမ်းလာတဲ့အခါ
ဟိုးအဝေးက
ကြယ်တွေဖမ်းဆုပ်
အနမ်းရဲ့သရုပ်တွေ
ပြီပြင်စေပေါ့.......

စကြဝဠာတံတိုင်း
ဟိုးအစပ်နားလေးက
ကြယ်တွေကောက်လို့ကြိုးနဲ့သီ
ညဟာကဗျာဖြစ်
အလွမ်းဟာပန်းကုံးဖြစ်
တမ်းတခြင်းတွေက
ရင်မှာစူးနစ်
အရူးမူးဖြစ်တယ်
သခင်ရယ်........

Tuesday, June 7, 2016

တမ်းတမိသော.....






လွမ်းတယ်.....
ဆိုတဲ့စကားလုံး
အခါခါသုံးပြီး
ကိုယ့်ကိုယ်နှိပ်စက်ခြင်းတွေ
ဝေးအောင်ရှောင်နေလည်း
ကြုံရ ဆုံရ
ဤ ဘဝဝယ်
အလွမ်းအဆွေး
တေးချင်းညည်းဆို
ငိုနေမယ့်ရက်တွေ
အခက်ပွေနေ့ညတွေ
ရတက်ပွေမေ့မရလေတော့
ဪ..... ချစ်ရယ်
အလွမ်းသာ....ကျန်ခဲ့.....

တမ်းတရတဲ့
နေ့ရက်များအဆုံးမှာ
ပြုံးရယ်နိုင်မှာလား
ရုန်းဖယ်ကာမထားနိုင်
အားပြိုင်ချစ်ခြင်းတွေ
မမှားနိုင်အပြစ်ကင်းပေမယ့်
တမ်းတမိတဲ့
တရှိုက်မက်မက်အနမ်း
ဖွဖွရှိုက်တဲ့ နဖူးပြင်
ရင်ကိုမှီနွဲ့စကားဆိုဟန်
အဖန်ဖန်မြင်ယောင်တွေး
မိုးရွာလျှင်အားငယ်တတ်သူ
ချစ်သူအတွက်မောင့်ရင်ခွင်
တမ်းတခြင်းတွေနဲ့
ငိုနေမယ်ကွယ်........

သခင်
အဝေးသွားတော့
တမ်းတပိုကဲ
နှလုံးအိမ်ထဲမှာ
သူမှသူပဲ ပိုင်စိုး
အစဉ် အနားရှိစေချင်
တမ်းတရတဲ့ရင်ခွင်
သခင်သိလေမလား
ခံစားချက်အချို့တလေတွေ
ထပ်တူကျခဲ့သလား
သခင်လွမ်းလျှင်
အလွမ်းပင်လယ်
ရင်မှာဝေတယ်
ကြွေတဲ့မိုးစက်တွေနဲ့အတူ.....

Tuesday, May 31, 2016

ရင်​ခွင်​အတု အိပ်​မက်​အစစ်















ဘာ​ပြောရမလဲကွယ်
ခဏခဏ
ပျက်​ပြယ်​တတ်​တဲ့
အိပ်​မက်​​တွေအ​ကြောင်း
တဖွဲ့တနွဲ့ဆိုပြန်​ယင်​လည်း
လွန်​တယ်​ထင်​မယ်​......

တစ်​ကယ်​ကျ​တော့
အိပ်​မက်​​တွေ
ခဏခဏပြယ်​တာ
လက်​​တွေ့ဘဝမှာ
အ​ကြောင်းတရား
တခုမဟုတ်​ တခုကိုရှိတယ်​......

တိုက်​ဆိုင်​ခြင်း​တွေများလာ​တော့
အဲတာဟာ
သာမာန်​တိုက်​ဆိုင်​ခြင်းလား
တစုံတဦးက
ရည်​ရွယ်​ချက်​နဲ့
လွင့်​ပြယ်​​စေသလား
ထင်​မှတ်​မားဆဲ​တွေ​ဝေ
မ​နေသာ​နေ့ရက်​​တွေမှာ
အ​ဖြေရှာ​တွေ့​ပေမယ့်
ဟုတ်​​လေနိုးနိုး
ထင်​​ယောင်​မှား...........

မ​နေသာတဲ့​နေ့ရက်​​တွေ
မ​ဖြေသာတဲ့​နေ့ရက်​​တွေ
ရင်​ခွင်​ကိုတိုက်​စား
ခြွေယူပါများလာ​တော့
ရင်​ကခပ်​ပါးပါး
သောကဟာအလကားဆိုပြီး
နေသား​တောင်​ကျလာတယ်​..........

မ​ပျော်​ချင်​လဲ​နေတတ်
မရယ်​မပြုံးတဲ့သက်​ရှိအရုပ်​ဟာ
အတ္တ​တောင်​မဲ့ပြီလား
တွေ​ဝေမှတ်​မှား
တစ်​ကယ်​ဆို
ဘာမှ အမြဲမရှိတဲ့
လောကဓံဟာလည်း
ခပ်​ ပါးပါးပုတ်​လို့
မရယ်​တတ်​တဲ့မျက်​ဝန်းတစ်​စုံရယ်
ပျော်​စရာမဲ့ရင်​ခွင်​တခု
အတုများလား...........

Tuesday, May 17, 2016

သံသယ


ရင်ခွင်မှာတိမ်းမူ
တွယ်ငြိလို့ရူးရသမျှ
ခုဘဝမှာပြေရာပြေကြောင်း
ကြေပါစေ၊

တွေးလို့မရ
ခက်ခဲတဲ့ဘဝတွေ
ငိုချင်လျက်
လက်တို့ခက်တဲ့အဖြစ်
မငိုချင်လည်း
ခက်လို့မရတဲ့အဖြစ်တွေ၊

တွေဝေတိမ်းမူး
ရူးခဲ့သမျှ
ဒီဘဝ ဒီမှာ
ကြေပါစေ၊

ဝဋ်ကြွေးဆပ်တယ်
စိတ်မှာထား
သိက္ခာတရားတွေ
စိတ်မှာအမှားမပွေချင်
မထိတ်သာစကားတွေ
မစေချင်ပါ၊

ဘဝရဲ့သောက
ဘယ်တော့မှပြီးမလဲ
အတွေးတွေအထပ်ထပ်ပွေ
အမေးတွေလည်း
တရစပ်ဝေ....... ။     ။

Monday, May 16, 2016

လွမ်း၍​ကြွေ​သော.......



မျက်နှာမွန်ဦး
မော်ဖူးချင်လည်း
ဆုံဖြစ်ခဲသည့်
နေ့ရက်များတွင်
တမ်းတခြင်းသည်
အဆုံးစမရှိတဲ့
ကောင်းကင်ပြင်.......

နှစ်ကိုယ်တူကြည်ဖြူ
ချစ်ရည်လူးညများ
တမ်းတခြင်းသာ
အစားတိုးဝင်
နေရာယူစဉ်
ရင်မှာလွမ်းလျှက်
လောင်မြိုက်ခြင်း.....

တမ်းတတဲ့အခါ
လွမ်းရတဲ့အခါ
နွမ်းလျတာလည်း
အကြိမ်ကြိမ်
ကြယ်တွေနဲ့အတူ
စကြဝဋာအပြင်ဖက်
ပြေးထွက်သွားယင်း
စိတ်အစဉ်
ထိတ်လို့သာငိုချင်
ငိုချင်လျှက်ပင်
တရှိုက်မက်မက်
တမ်းတခက်တဲ့
နွေလယ်ည
ဝေဒနာများ........

ခဏဝေးလျှင်
ရင်ကအပူ
သောကဆူကာ
မဟာစကြဝဋာကို
တိုင်တည်ကာလှုပ်ကိုင်
တီးတိုးစကားဆိုယင်း
တမ်းတရေရွတ်ခြင်းမှ
တိုင်တည်သစ္စာ
နှောင်တွယ်မေတ္တာသည်
စက္ကန့်မလပ်ပင်
သူ..သူ..သူ...သာလျှင်
အစဉ်စိုးမိုး
အတွေးတိုင်းတခဏ
အသွေးသားက
တမ်းတခြင်း......

တကယ်ပါဆို
မောင်တို့တွေလေ
ခဏများဝေးယင်
ကြယ်အစင်းစင်း
ကြွေမယ်ထင်.......။

Thursday, May 5, 2016

နွယ်​ရာတိမ်းလို့ သူစိမ်း​မှမဟုတ်​ပဲ



ဒီတစ်​ည​တော့
ငိုခွင့်​ပြုပါ
မောင့်​ချစ်​သူရယ်
တွယ်​တာတမ်းတ
လွမ်းရတဲ့ခါ
ရင်​ခွင်​မှာ​လေ
ငိုချင်​လျက်​လက်​တို့
ထိန်းမရလို့ပါကွယ်​.......

ရာသီ​တွေအခါခါ​ပြောင်း
မ​ဟောင်းနိုင်​တဲ့အချစ်
အမြဲအသစ်​ပါကွယ်
ခဏတာ​လေး
အ​ဝေးသွားယင်
တမ်းတ​မျှော်​​မော
လွမ်းရ​သောရင်​က
သောကထုတည်
မထင်​သာပြီ
မျှော်​ကာ​ငေး​မော
တမ်းတသည်​..........

ထိန်းမရတဲ့အလွမ်း
အနမ်းမသင့်​ပြီပဲ
ကျွမ်းရင့်​လို့​နေ
ရင်​မှာ​ကြွေ
ဖြေဆည်​ရာ​နေရာ
နတ္ထိ ပစ္စက္ခ
ကျွမ်း​လောင်​​မောလျ
စိတ္တဇ​လေ
ခါခါခိုဝင်
ရင်​ခွင်​ကအပူမီး
ဘယ်​လိုသူသိ​လေမလဲကွယ်
လည်​သလို​နေကြည့်​ခဲ့​လေလည်း
ဖယ်​ခွာတိမ်းလို့သူစိမ်းမှမဟုတ်​ပဲ.........
တွယ်​ရာယိမ်းလို့ လူပြိန်းမှမဟုတ်​ပဲ
နွယ်​ရာလွမ်းလို့
ချစ်​ဦး​မောင့်​ချစ်​သည်း........

Wednesday, May 4, 2016

ဘင်္ဂလား​အော်​ကိုဗဟိုပြု၍





လွမ်းတယ်​ချစ်​ရယ်
နေမရ​အောင်
နှောင်​တွယ်​ကျွမ်းရစ်
သိပ်​ချစ်​သတဲ့
ရင်​ကအပူ
ဘယ်​သူသိ
ဘယ်​သူမြင်
ရင်​တခွင်​ကျွမ်းလုလု.....

တမ်းတတယ်​ချစ်
လွမ်း​နှောင်​ရစ်​​ပေါ့
စူးစူးနစ်​ရင်​ထဲ
နွေလယ်​ပဲ ကျွမ်းလု​အောင်
နေမြဲ​ဝေဒနာ​လေ
တွေ​ဝေဆဲ​ခြေရာ​တွေ အထပ်​ထပ်
နေမတတ်​ပါပြီ..........

နွမ်းလို့သာမှိုင်​​လျော့
နှစ်​ကိုယ်​တူယှဉ်
လျှောက်​ခဲ့ဖူးလမ်း
သတိရ​နေ
တမ်းတ​ထွေကာ
ဝေဒနာဖြစ်
နှလုံးသားမှာ
မျက်​ရည်​မြစ်​​လေ
နှောင်​​နှောင်​တွယ်​တွယ်
တမ်းတမ်းတ.......

ဘင်္ဂလားပင်​လယ်​​အော်
ကပ္ပလီပင်​လယ်​​ကွေ့
မေ​တွေ့သလား
အလွမ်း​ခြေရာ
မ​ဖြေသာပြီ
လှိုင်းနှင့်​အတူ
သခင်​ရှိရာကမ်းစပ်
ဘယ်​နားကသဲ​သောင်
ဘယ်​နားက​ကျောက်​​ဆောင်
မခွဲခြားပါ
သခင်​​နေရာအရပ်
တမင်​​ဖွေရှာကာ ဆက်​စပ်​လို့
လွမ်းနှင့်​​လေဦးမည်​....... ။

Saturday, April 30, 2016

လွမ်းလို့သာနေ......





လွမ်းတယ်​ချစ်​ရယ်
တနယ်​တရွာ
အ​ဝေးသွားယင်
လွမ်းလို​မ​ဖြေသာ
တမ်းတလို့​​နေပါသည်​......

လွမ်းသည်​သခင်
ခဏတာခွဲရတဲ့ခိုက်
လွမ်းရက်​​တွေက
စက္ကန့်​တိုင်းဟာကြာခဲ့
တွယ်​တာတပ်​ငြိခဲ့​သော
သံ​ယောဇဉ်​ကြိုးစများ
မရုန်းဖယ်​သာ
ရင်​မှာမြိုသိပ်​​သော
သောက​ဝေဒနာတို့
ရင်​ခွင်​ကိုသာ
လောင်​မြိုက်​သွားယင်း
နွေ အပူကို အံတုခဲ့........

တမ်းတသည်​ခင်
ပျော်​ရွှင်​စွာ
နှစ်​ကိုယ်​ယှဉ်​ခဲ့​သော
အရပ်​​သည်
အထီးကျန်​ဆန်
မြင်​ရာ​နေရာတကာ
အလွမ်းသာလျှင်
စိုးမိုးကာသာ
မ​ပျော်​ပိုက်​လည်း
အလွမ်း​ထွေး​ပွေ့
ဝေဒနာ​နေ့​တွေ
နှုတ်​ခွန်းဆက်​ကာ
မ​ပျော်​​သောရင်​က
တမ်းတမ်းတ.......

နွမ်းလျရက်​​တွေ
မြို့ပြည​နေခင်း
လောင်​မြိုက်​သွားယင်း
ရင်​ကအပူ
သောကဆူခဲ့
နွေလည်​​နေ့ခင်း
တမ်းတယင်းပင်
အသက်​ပင်​​ကြွေလု
အခက်​​​တွေ​ပွေ
နေလည်းမ​ပျော်
ဗျာပါဒည​နေခင်း
ရေခပ်​ဆင်းချိန်​လား
ပကာသနည​နေခင်းရဲ့
ရုံးဆင်းအိမ်​ပြန်​ချိန်​လား
မကွဲပြားပါ​လေ..........