Tuesday, October 20, 2009

မြတ်နိုးတွယ်တာချစ်ရပါသောနှင်း(၁၁)

နှင်း ရန်ကုန်မြေကို စတင်ရောက်ခဲ့ရပေပြီ ချစ်ရသူနှင့်တွေ့ရန်မဟုတ် လက်ထပ်ရမည့် ကျော်စွာကို ကြိုနှင့်ရန် ဒေါ်လေး၏
အမိန့်ပါတွဲလျက်ပါလာ လေတော့ အောင်မင်္ဂလာဝင်းအတွင်း ခြေချမိစဉ်မှာပင် နှင်း ရှာမိသည်ကမောင်ကျော် သို့သော်
တွေ့လိုက်ရသည်က သပ်ရပ်စွာဝတ်ဆင်ထားကာ မတ်(ခ)တူး ကား ပေါ်မှဆင်းလာသော လူတစ်ယောက်သာ အိန္ဒိယသွေး
နှောဟန်တူသူ တစ်ဦးက
"အမ အမက မနှင်းဆိုတာလားဟင်
ကျွန်တော် ကကိုမောင်ကျော် ကမနှင်းကိုလာကြိုပြီး မနှင်းလိုအပ်တာမှန်သမျှ လုပ်ပေးဖို့နဲ့ မနှင်းသွားချင်တဲ့နေရာလိုက်ပို့ဖို့
ခိုင်းထားတဲ့သူပါ ကျွန်တော့နာမည် လှမြင့်ပါ "
ထိုသို့နှုတ်ဆက်လာသူတစ်ဦးသာတွေ့ရသည် ကိုကျော်ကို တော့ရှာမတွေ့ခဲ့
ခက်ချေပြီ ကိုကျော်ရောဟု အလောတကြီးမေးမည့် စကားနှုတ်ဆွံ့ သွာါ်ရပြန်သည် နှင်းက မိန်းကလေး မဟုတ်လား
"ဟုတ်ကဲ့ ကိုမောင်ကျော်ကိုယ်တိုင်လာကြိုမယ်မှတ်လို့"
"ဟုတ်ပါတယ် အစကတော့သူကိုယ်တိုင်ကြိုမလိုကပါပဲ ခက်တာက မနေ့ညနေ ကမှ အလောတကြီး ကိစ္စ တစ်ခုပေါ်လာလို့
ကော့သောင်းကိုသွားပါတယ် အစစ အရာရာ လိုအပ်တာရှိယင် ကျွန်တော့ကိုလုပ် ခိုင်းဖို့မှာခဲ့ပါတယ်"
"ဟုတ်ကဲ့ ရပါတယ်ရှင်ခုလိုလာကြိုပေးတာပဲအားနာလှပါပြီ"
"ဘာမှ သိပ်လိုအပ်လှမယ်မထင်ပါဘူး ကျွန်မကိုဒီ ဗစ်ဇစ်တင်းကဒ်ထဲကလိပ်စာအတိုင်း လိုက်ပို့ပေးယင်ရပါပြီ"
"မဟုတ်တာအမရယ် အားနာစရာမရှိပါဘူး ကိုမောင်ကျော်က ကျွန်တော့ကို မနှင်းကိုလိုလေသေးမရှိ ဆောင်ရွက်ပေးဖို့မှာထားတာ
တခုခုလွဲယင်ကျွန်တော့ကိုသတ်မှာ နောက်ပြီးကိုကျော်စွာပြန်လာမယ့်နေ့ကျယင်လည်း ကျွန်တော်ကို မနှင်းနဲ့ ၀ိုင်းကြိုပေးဖို့
မှာထားသေးတယ်"
"ခုသွားမှာကိုကျော်စွာအဒေါ်အိမ်မဟုတ်လား မနှင်းဘာတွေပါသေးလဲဒီအိတ်တစ်လုံးတည်းလား ကျွန်တော့ကိုပေး သယ်ခဲ့မယ်
"အာ မဟုတ်တာ ကျွန်မ ငရဲကြီးမှာပေါ့အထဲမှာလုံချည်တွေနဲ့ ကျွန်မဖာသာသယ်ခဲ့ပါ့မယ်"
နှင်းစိတ်ထဲမှာတော့မတင်မကျ ကိုကျော်ကိုတွေ့ချင်ပါသည်ဆိုမှ မတွေ့ရ သို့သော်မိမိအတွက်အကွက်ကျကျစီစဉ်ပေးထားမှု
ကို စိတ်ထဲမှကျိတ်ချီးကျူးနေမိသည် ။တစ်ကယ်ပဲအလုပ်မအားလို့လား ကိုကျော်ရယ် ...........
အဝေးပြေးမှ ကားအတန်ကြာမောင်းပြီးနောက်သပ်ရပ်ခန့်ငြားသော ခြံတစ်ခြံရှေ့သို့ ကားလေးထိုးရပ် လိုက်သည် ဘယ်နေရာ
လို့တော့နှင်းမသိ လိပ်စာထဲမှာပါသည့်အတိုင်းဆိုလျှင်တောကရွှေတောင်ကြား လမ်းထဲပေါ့ နှင်းကားပေါ်မှဆင်းကာ
ခြံဝမှဘဲလ်လေးကိုနှိပ်လိုက်မိသည် ဘာသံမှထွက်မလာ မနက်ကလည်းစောသေးသည် မီးကလည်းပျက်နေသည်ထင့်
နောက်မှလှမြင့်ကားပေါ်မှလိုက်ဆင်းလာကာ ခြံတံခါးမှ ကြိုးစလေးဆွဲလိုက်မှ ခေါင်းလောင်းသံထွက်ပေါ်လာတော့သည်
ထိုအခါမှ ကိုကျော်စွာ၏အဒေါ် ထွက်လာသည် နှင်းနှင့်ကတော့သိကျွမ်းသူများမို့
"ဟဲ့နှင်း ရောက်လာပြီလား ကားဘယ်ချိနကဆိုက်တာလဲ"
"စောပါတယ် ဒေါ်ဒေါ်ရယ် ခုတောင်မှအားနာနေတာမနက်ကစောနေသေးတာဆိုတော့"
"အားနာစရာမှမဟုတ်တာ အချင်းချင်းတွေကိုကွယ် ဒါနဲ့ သူငယ်လေးကိုပါခြံထဲခေါ်ပါဦးနှင်းကိုလာကြိုပေးတာဆိုတော့ "
"နှင်းသူငယ်ချင်းကလွှတ်လိုက်တဲ့သူပါ "
"အိမ်ထဲဝင်ဦး ကော်ဖီလေးဘာလေးသောက်ပြီးမှသွား"
"နေပါ့စေဒေါ်ဒေါ် အလုပ်ပိုပါတယ်ကျွန်တော့ဆရာခိုင်းထားတဲ့ကိစ္စလေးရှိလို့သွားပါဦးမယ် မနှင်းလိုအပ်ယင် ၀၉၆၈၀xxxx
ကိုဆက်လိုက်ပါ ကျွန်တော့ဆရာကကျွန်တော့ကိုပေးထားတဲ့ဖုန်းပါ ကဲမနှင်းရောဒေါ်ဒေါ်ရော ကျွန်တော့ကိုခွင့်ပြုပါဦး"
"အေးအေး" "ဟုတ်ကဲ့ရှင့်"
နှင်းကတော့မကျေနပ်စွာ ကိုကျော့်ဖုန်းကိုလှိမ့်ခေါ် နေမိသည် ဒါပေမယ့် စတေရှင်ကဆက်သွယ်မှုဧရိယပြင်ပလို့လှိမ့်ထူး
လေသည်........

မြတ်နိုးတွယ်တာချစ်ရပါသောနှင်း(၁၀)

အမှန် ဆိုရပါလျှင် နှင်း လည်း မောင်ကျော်အပေါ် တွယ်တာခဲ့မိလေသည် ။ ဒေါ်လေးထံမှ နှင်းကိုလာတောင်းသည့်အကြောင်း
ကြားခဲ့ရစဉ် နှင်း အတော့်ကိုတုန် လှုပ်ခဲ့ရလေသည်။ မောင်ကျော်ဖက်မှဖွင့်ဟလာနိုး စောင်းမျှော်ကိုးပြီး ရင်မောခဲ့ရလေသည်။
သို့သော် မောင်ကျော် ကတုန်လှုပ်ခြင်းအလျဉ်းကင်း မဲ့စွာ ဆိတ်ဆိတ် နေသောအခါ မိန်းကလေးဖက်မှစပြောရသည့် ထုံးစံ
ရှိခဲ့လေလျှင်လည်း ကောင်းသားမို့ ။ မြန်မာမိန်းကလေးတဦးပီသစွာ အိနြေ္ဒ သိက္ခာ နှင့် နေတတ်သော မြန်မာမင်း တို့နန်းစိုက်
ရာဒေသဖြစ်သော မန္တလေးမြို့သူနှင်းအဖို့ မည်သည်ကပြောခွင့်ပြုလေမည်နည်း ။
နောက်ဆုံးတော့ နှင်း ကျော်စွာနှင့် အကြောင်းဆက်ပေါင်းဖက်ရန် ဒေါ်လေးအား ခေါင်းကိုအသာယာငုံ့ပြ ရလေတော့သည် ။
ငြိမ့်ဟုမသုံးရခြင်းမှာ နှင်းခေါင်းငြိမ့်ခဲ့၍ မဟုတ်ပါ ခေါင်းကိုအသာငုံ့ပြ ခြင်းဆိုသည် ကို နှင်းမှတပါး မည်သူမှမသိပါချေ။
နေပေ့စေတော့ ဒီဘ၀ဒီမျှပဲလားတော့မသိ အမှန်မောင်ကျော် လှုပ်လှုပ်ရှားရှား ဖြစ်ဖို့ကောင်းသည် ရင်ချင်းနားလည်ထားသူ
များပေမို့ ။ သို့သော် .....

် တနေ့ မောင်ကျော်အား ဖုံးဆက် ဖြစ်လိုက်စေသည့်အကြောင်းရင်း တစ်ခုပေါ်လာခဲ့ချေသည် မောင်ကျော်၏တုန်လှုပ်သံကြား
ရတော့ တစ်ကယ်ဆို မောင်ကျော်လည်းမိမိအားချစ်သည်ကိုနှင်း နားလည်လိုက်ရပေသည် ။
"ကိုကျော် နှင်း ကျော်စွာနဲ့လက်ထပ်တော့မယ်"
"နှင်း ဘာ ဘာပြောလိုက်တယ် တစ်ခေါက်လောက်ပြောပါဦး ကိုကျော်အိပ်မက်မက် နေတာမဟုတ်ပါဘူးနော်
နှင်းသူ့ ကိုရောချစ်လို့လား"
"နှင်း ကဓါတ်ပုံထဲမှာပဲမြင်ဖူးတာလေ လူကြီးတွေစီစဉ်တာကို နာခံယုံပေါ့"
"တစ်ကယ်......."
ဒီတစ်ခါနှုတ်ဆိတ်ဆွံ့အသွားသူမှာမောင်ကျော်သာ ။ သို့သော် မောင်ကျော်မာန်တင်းရလေသည်
"ကောင်းတာပေါ့ ဘ၀တစ်ခုခုမှစတည်ဆောက်မှာ ဆိုတော့ ကွန်ကရက်ကျူရေးရှင်းပါနှင်း "
သို့သော် မောင်ကျော်မျက်ရည်တို့ဝေ့လာသည် မိမိ မှာလည်းမလှုပ်သာမလှည့်သာအခြေနေလေ ။
"အဲတာနောက်ထပ်သုံးရက်ဆိုယင် ကိုကျော်စွာပြန်လာမှာ မနက်ဖန်နှင်းရန်ကုန် ကို လာခဲ့မှာ အဲတာကိုကျော်ကိုအပြင်မှာ အရှင်
လတ်လတ်တွေ့ ချင်လို့ရယ် နောက်ပြီးနှင်း ရန်ကုန်ကိုအကျွမ်းတ၀င်မရှိလို့ပါ အဲတာ
သန်ဘက်ခါမနက် အောင်မင်္ဂလာ အဝေးပြေးဝင်းမှာလာကြိုပြီး ကိုကျော်စွာအဒေါ် အိမ်ကိုပို့ပေး ဖို့အ
ကူညီတောင်းချင်လို့ပါ ကိုကျော်လာကြိုပေးနိုင်မလားဟင် "
ဟိုက် .....အသံထွက်သွားခြင်းမဟုတ် မောင်ကျော်စိတ်ထဲ မှဖြစ်သည့်အသံပင် အဲ...အကြည်တော်စကားငှားပြောရယင်တော့
ဒုက္ခနဲ့လှလှ တွေ့ကြပြီ မောင်ကျော်အတွက် ပါ အခက်ကြုံရသော မောင်ကျော်ချက် ချင်းပြန်မပြောနိုင် စိတ်ထဲလည်းထိခိုက်
ထားပြီမို့ သို့သော် မောင်ကျော် ကတိပေးလိုက်မိသည် အသံတုန်နေမှန်းတော့ ဖာသာသိသည်လေ......
"အင်း.... လာကြိုပေးမယ်လေ နှင်း "
"ကတိနော် "
"အင်း...ကတိပါကွာ"
"အဲတာဆိုဒါပဲနော် ကိုကျော် နှင်းဖုန်းချလိုက်တော့မယ် "
"စိတ်ချနှင်း "
မင်းရဲ့လို အပ်ချက်အားလုံးကို ကိုကျော်ဖြည့်ဆည်းပေးပါ့မယ် တစ်ကယ်တော့ရင်နှင့်အမျှချစ်ရသူကို ခုမှတွေ့ရသော
ကိုကျော့်အမှား ပဲဖြစ် ပါစေတော့ ရန်ကုန်မြေကို နှင်း နင်းတာနဲ့ နှင်းရဲ့လိုအင်ဆန္ဒ မှန်သမျှဖြည့်ဆည်းပေးမယ် ကိုကျော်
ကိုတွေ့ဖို့ကလွဲယင်ပေါ့လေ ။ အမှန်တော့ကိုကျော်နှင်းကိုရင်မဆိုင်ရက် နှလုံးသားချင်းနားလည်သူမို့ပိုခက်သည် ။မိမိ ဘဝ
နှင့်အသက်သည် နှလုံးသားရေးကို ဦးစားပေး မိုက်ရန် အရွယ်လည်းမဟုတ်တော့ချေ..............

Monday, October 12, 2009

မြတ်နိုးတွယ်တာချစ်ရပါသောနှင်း(၉)

ခက်နေသည်က မောင်ကျော်ဖြစ်လေသည် ခွကျကျဖြစ်သည့်ကိစ္စဖြစ်လေသည်မို့မောင်ကျော်မငြင်းသာပါ နှင်း လက်ထပ်မည့်
ကိစ္စပြောသည့်နေ့က မောင်ကျော်တွေဝေနေခဲ့သည် ။အမှန်တော့သူဟာသူလက်ထပ်မည့်ကိစ္စ အဘယ့်ကြောင့် မိမိအား
ဖွင့်တိုင်ပင်ရသနည်း တစ်ကယ်တော့ နှင်းကိုမောင်ကျော် စွဲလန်းမိသည်မှာ အမှန်ဖြစ်ချေသည်။ ခက်နေသည်က ဘ၀ဘဝ
တွေပါ တစ်ကယ်ပါ ခိုင်ထူးသီချင်းထဲက လို ဒို့နှစ်ယောက်ခုထက်ပိုစော တွေ့ကြယင် ပျော်ကြရမှာပေါ့ ကံကြမ္မာဆို တာကြီးက
ခက်သားလား ။ စွဲလန်းမိခြင်း ကချစ်ခြင်းဟုတ်မဟုတ်ကိုမောင်ကျော် ခွဲခြားမသိ ခဲ့ပါချေ ။ အမှန်ဆိုလျှင်တော့မောင်ကျော် နှင်း
ဖွင့်ဟတိုင်ပင်လာသောစကားလုံးများကိုနားမထောင်လိုပါ သို့သော် ယ္ခုချိန်ထိဘာမှမဆိုင်သလို နေဖြစ်ခဲ့ သည်မို့ရင်နာနာ နှင့်
နားထောင်ဖြစ်နေလေသည်။ နှင်းသည် တိုင်ပင်ခြင်းဆိုသည်ထက် ဆွေးမြည့်စွာ ပြောပြခြင်းဟု မောင်ကျော်ထင်မိလေသည် အ
မှန် တစ်ကယ်လည်း ထိုသို့ဖြစ်နေခြင်းမျိုးပေလော နှင်းကမိမိအားတစ်ခုခုပြောစေလိုခြင်းကိုလည်းမောင်ကျော် မသိစိတ်က
သိနေခြင်း မျိုးလည်းဖြစ်နိုင်ပေသည်လော ။ထိုသို့မဟုတ်ပါချေ မောင်ကျော်အားလုံးကိုနားလည်ပါသည် နှင်း မိမိအပေါ် ထား
သည့် သံယောဇဉ် ချစ်ခြင်းဟုဆိုနိုင်သည် မဆိုနိုင်သည်ကိုတော့သေချာမသိ ခက်သည်ကမိမိ ကလိမ်ညာ ပြီးစထားမိသောဇတ်
လမ်းမှာ မထင်မှတ်ထားသော သံယောဇဉ် အမျှင်တန်းတွေ က၀င်ငြိ တော့ ခုမှမရှူ နိုင်မကယ်နိုင် ။ မိမိ၏မိသားစုကိစ္စ နှင်းသိ
အောင် ခုမှဖွင့်ပြောလို့မဖြစ် နှင်းကိုညာခဲ့တာဆို နှင်းမုန်းသွားမှာ အကြောက်ဆုံးဖြစ်သည် ။သည်လိုနှင့်ပဲ အောင့်အည်း
နားထောင်နေခြင်း ဖြင့်ရင်ကခံ စားချက်တို့ပေါက် ကွဲလွင့်ထွက် လုမတတ် တချက်တချက် အချစ်ကိုသိချိန်ဆိုတဲ့ အတွေးမျိုး
ကစိတ်ကိုလှိုက်စား ၀ါးမြိုနေရာယူခဲ့ ။

မပျော်ဘူးကွယ်
ချစ်သော သူရယ်
တစ်ကယ်ပါဆို
လွမ်းလို့နေရစ်
မချစ်ကြမိယင်
အကောင်းသားမို့
လွမ်းတဲ့လက်စ
မကုန်သေးခင်
ဆိုရက်ပြီလား
လမ်းခွဲစကား........

ခင်သွားတော့ပါ
ဘ၀လမ်းမှာ
သာယာဖြောင့်ဖြူး
ကြည်နူးပါစေ
ပျော်ရွှင်ကြည်နူး
နှစ်ကိုယ်တူပြုံးများ
ဆိုထားရစ်လေ
ဘ၀ထွေထွေမှာ
အပြုံးတွေနဲ့ဖြတ်သန်း
လမ်းပန်းသာစေ
တောင်းဆုချွေသည်
မောင့်ရင်မှာတော့
မဖြေသာသည်။