Tuesday, May 13, 2008

သန့်ရှင်းခြင်းနယ်ပယ်ကဖြူလွလွ စပယ်

ဟယ် ... ကြည့်စမ်း....
ငါ့ရင်ကဥယျာဉ်နန်းမှာ
သင်းကြည်ချိုမြ
နှင်းဆီလိုမလှပေမယ့်
အပြစ်ကင်းစင်တဲ့
ဖြူနွဲ့နွဲ့စပယ်
ကလေးငယ်အလား
တရားထဲမှာမပါ
ချစ်ကြည်စွာဖူးလာခဲ့..............


ချိုရီသင်းကြည်တဲ့
ဖြူလဲ့လဲ့ စပယ်ဟာ
နှလုံးသားရဲ့နယ်ပယ်မှာ
ခိုင်မြဲစွာတွယ်တာ
ပန်းကမ္ဘာမှာလေ
လွမ်းစရာတွေမတွေးချင်
ငေးနေရယင်ကျေနပ်ရဲ့..............

တော်မဝင်လို့ လူမသုံးချင်လည်း
မူမပြုံးတတ်ပါဘု
ညုတုတု ခရာတာတာ
အမူအယာနဲ့
မြှူဆွယ်ခြင်းလည်းကင်းခဲ့..............

မာန်မာနမရှိ
သင်းပျံစွာထုံမွှေး
ရင်ထဲအေးစေ စပယ်တဖူးဟာ
ရင်ကိုတိမ်းမူးစေ
တွယ်မက်နှောင်ရစ်
ချစ်ယောင်ဆောင်ခြင်း
အလျှည်းမရှိ
ပကတိချစ်ခြင်း
ဖြူစင်ခြင်းသာ.............။ ။

No comments: