Thursday, July 31, 2008

ဟိုးအဝေးကမှောင်မဲတိတ်ဆိတ်နေတဲ့မြို့ကလေး

မနေ့ က မြေလတ်ပိုင်းကို ရောက်သွားခဲ့ ပါတယ် အိတ်စပရက်ကားနဲ့သွားတာပါ
ဘာတွေအ ကောင်ထည်ဖေါ်နေတာလဲမသိပါဘူး စာတော့ ကပ်ထားတယ်ဘာတဲ့
အချိန်ထိန်းစံနစ်ကို အကောင်ထည်ဖေါ် လျှက်ရှိပါသည် တနာရီ ၈၀ကီလိုမီတာထက်
ပိုမမောင်းရတဲ့.....သွားတာကနေ့လည်တစ်နာရီ ခါတိုင်းကျွန်တော်သွားနေကျက
အဲဒီမြို့လေးရဲ့ တာဆုံအရောက် ညနေ ငါးနာရီ လောက်ပါ....သူတို့အချိန်ထိန်းစံ
နစ်ကို အကောင်ထည်ဖေါ်ကာမှအချိန် တော်တောကြန့်ကြာပါတယ် ကားမောင်း
တဲ့ အမြန်နှုန်းကတော့လျော့မသွားခဲ့ ပါဘူး ဒါပေမယ့်လမ်းမှာ ဟိုထောက် ဒီနား
နဲ့ခရီးသိပ်မတွင်ပါဘူး ကျွန်တော် ကစောစော ရောက်ချင်တာပါ အဲလို စောစော
ရောက်ချင် ယင် စောစောကားစီးပေါ့ လို့ပြောကြမှာပါ ဟုတ်ကဲ့ ကျွန်တော်က
အလုပ်များပါတယ် နေ့လည် တစ်နာ မှမသွားလို့မဖြစ်ပါဘူး အဲဒီအချိန်ထိန်းစံနစ်
ဆိုတာ ဘာအတွက်လည်းဆိုတာတောကနားမလည် ပါ ခရီးကြန့်ကြာတာရယ် အန္တ
ရာယ် ကတော့ ကင်းမှာမဟုတ်ပါဘူး ဘာလို့လဲဆိုတော့ လမ်းမှာကားအရှိန်
ထိန်းသိမ်းစံနစ် မှမရှိပဲ အချိန် ထိန်းစံနစ်ဆိုတာတော့ ညစ်ကွက်တစ်ကွက် ဖြစ်တော့မှာ
နည်းနည်းစပ်စု ကြည့်တော့ ခရီးဆုံးဂိတ်ကို အချိန်စော ၀င်ယင်ဒါဏ်ငွေ နှစ်သိန်း
တဲ့ ဒါဏ်ငွေ မဆောင်နိုင်ယင် ကားတစ်လမဆွဲ ပဲနားရမယ်လို့ဆိုပါတယ် တစ်ခါတရံ
နားမလည်တော့ပါ ဘူး ထားပါတော့ထွေလီကာလီတွေပြောနေတာနဲ့ ပြောချင်တဲ့
စကားဆီမရောက်တော့ဘူး အဲ အခြေခံ ကအဲဒီကစရမှာ ကျွန်တော်သွားချင်တဲ့
မြို့လေးက ကားလမ်းကနေနောက် ထပ်ခြောက်မိုင်လောက် မြင်းလှည်းဖြစ်စေ ဆိုင်ကယ်
ငှားလို့ဖြစ်စေ ဆိုက်ကားနဲ့ ဖြစ်စေ သွားရ တဲ့ မြို့ပါ ၊ တာဆုံရောက်တော့ မှောင်စပျိုး
နေပါပြီ ကျွန်တော်က စိတ်ပူတာ နဲနဲနောက်ကျယင် ကျွန်တော်အမြန်ရောက်ချင်တဲ့မြို့
လေးကိုသွားဖို့ခက် သွားမှာပါဆိုက်ကား၊ဆိုင်ကယ်၊မြင်းလှည်း မရှိတော့မှာကိုး အဲဒီတော့
အဲဒီတာဆုံမတိုင် ကားလမ်းပေါ် ကမြို့ လေးမှာဆင်းရတယ် ပြီးတော့ မှဆိုင်ကယ်ငှားပြီး
ကျွန်တော်သွားချင် တဲ့ မြို့ လေးကိုသွားရပါတယ် အဲ့မြို့လေး ရောက်တော့ အတော့ကို
မှောင် နေပြီ အဲတာနဲ့ဆိုင်ကယ်ဆရာကို ထမင်းဆိုင် တန်းမောင်းခိုင်းရတယ် မနက်စာတောင်
လွတ်တာဆိုတော့ ညနေပိုင်စားမှဖြစ်မှာပေါ့၊ ရထားလမ်းအသုံးပြုတဲ့ မြို့လေး ဆိုတော့
ရထားချိန်မဟုတ်ယင် အသွားလာမရှိသလောက်ပါပဲ မှောင်ကလဲမှောင်နေ မီးကလည်းပျက်
နေဆိုတော့ ထမင်းစားအပြီးသွားချင်တဲ့နေရာကို လွယ်အိတ်ထဲ အမြဲပါတဲ့ လက်နှိပ်ဓါတ်မီး
ထုတ်ရတောကတာပေါ့ ရောက်ရောက်ချင်းပြန်ဖို့ စီစဉ်ရတော့တာပေါ့ မအားတဲ့ ကြားက
အမေ့လာခေါ်တာကိုး အမေ ဆိုတာက ယောက္ခမပါ ၊ အမေ့အိမ်မှာခဏနား ပြီးတော့ဘူတာ
ရုံကိုသွား တော့ ညဆယ့်တစ်နာရီ အမြန်လက်မှတ်မရောင်းသေးဘူး ၊အမြန်မှဟုတ်ပါဘူး
ဘာလက်မှတ်မှ မရောင်းသေးတာ ဘူတာမှာတော့ လူစည်ပါတယ် ကုန်စိမ်းဒိုင်တွေနဲ့ ရာသီ
သီးနှံလာသွင်းသူတွေပါ ၊ပြီးတော့ဘူတာကို အိမ်အမှတ်နဲ့ အိပ်နေတဲ့သူတွေလည်းရှိတာပေါ့။
ထားပါတော့ အဲတာနဲ့ လက်မှတ်ဝယ်မယ်ဆိုတဲ့ အတွေးနဲ့ ဘူတာရှေ့က အရက်ဆိုင်တဖြစ်
လည်း လဖက်ရည်ဆိုင်လေးမှာ ထိုင်ပြီးကော်ဖီမစ်ပလိန်း တစ်ခွက်မှာ ပြီးထိုင်နေခဲ့တယ်လက်
မှတ်ရုံကတော့ ရောင်းမယ့်ပုံမပေါ်သေးဘူး ၊အတော်ကြာထိုင်စောင့်လို့လက်မှတ် မရောင်း
သေးတဲ့ အဆုံး ခဏပြန်လာပါတယ် မှောင်ပိန်းလို့ပေါ့၊အမေနဲ့ သိမ်းစရာရှိတာကူသိမ်း သယ်
မယ့်ပစ္စည်းကူသယ်ဖို့လုပ်ပြီး ည၁၂နာရီမှာဘူတာကိုဆင်းခဲ့ပါတယ် ရထားကညတစ်နာရီမှာ
လာမှာ အဲဒီမြို့ လေးမှာရပ်မှာကသုံးမိနစ် တည်းရယ် လက်မှတ်က ခုထိမရောင်းသေးဆယ့်နှစ်
နာရီ ကျော်ပြီ စောင့်နေယင်းနဲ့ လက်မှတ်ရုံဝ ပွင့်လာပါတယ် ဆယ့်နှစ်နာရီခွဲကျော်ပြီ ဖွင့်လိုက်
ပြန်တော့လည်း လက်မှတ်ရောင်းတဲ့ သူကလည်တည်တည်ပါ ဘာလို့လည်းဆိုတော့ မူးနေလို့
ခုံ နှစ်ခုံလိုချင်လို့ပြောတော့တစ်ခုံ ပဲရပါတယ် ကျွန်တော်ကတော့ခုံမဲ့ပေါ့ ထားပါအမေထိုင်ခုံ
ရယင်ပြီးတာပဲ ရထားလာပါပြီ ညတစ်နာရီတိတိ လောက်မှာပေါ့ ရတဲ့တွဲကို ကြည့်မိတော့ဘရိတ်တွဲ
နောက်ဆုံးတွဲ အင်းခက်တော့ခက်ပြီ ဒါပေမယ့် မနက်ဖန်အလုပ်တွေရှိသေးတော့ဘာဖြစ်ဖြစ်
ပြန်ရမှာပဲ ဆိုစိတ်ကိုဒုံးဒုံးချပြီး တက်လိုက်ရပါတယ် အပေါက်ဝမှာပန်းစည်းကြီးတွေပစ္စည်း
ခြင်းတွေမငဲ့ နိုင်ပဲ ကျော်ခွတက်လိုက်ရတယ် တွဲက လွတ်နေတာတော့မဟုတ်ဘူး အိပ်တဲ့
သူတွေကအိပ်လို့ အခက်တွေ့ပြန်ပြီ အမေ့အတွက်လက်မှတ်ယူလာတဲ့ ခုံနံပါတ်က လူတွေထိုင်
နေတယ် မေးကြည့်တော့ လက်မှတ်ခြင်းတိုက်ကြည့်ပြန်တော့ ခုံနံပါတ်တူနေ့စွဲတူတွေဖြစ်နေပြန်
တယ်နည်းနည်းခေါင်းစားသွားတယ် ဘာလုပ်ရမှန်းမသိတောကနီးစပ်ရာလွတ်နေတဲ့ ခုံတစ်ခုံမှာ
ပဲအမေ့ကိုထိုင်ခိုင်းယင်း ကျွန်တော်ကတော့မတ်တပ်ရပ်နေခဲ့တယ် နှစ်ဘူတာလောက်စီးပြီးတော့
လက်မှတ်စစ် ဆရာကြီးတစ်ယောက်ရောက်လာတယ် ကျွန်တော့အခက်ခဲကိုတင်ပြတော့ ခုံနံပါတ်
ထပ်နေတဲ့ လက်မှတ်နှစ်စောင်စလုံးကိုတောင်းကြည့်တယ် အဲ.....သူလည်းလေသွားတယ် နေ့စွဲတူ
နံပါတ်တူ လက်မှတ်နှစ်စောင် ကြောင်တန်ဆာခတော့ ရအောင်တောင်းသွားတယ် အမေကကြောင်
တစ်ကောင် သယ်လာတာကိုး ၊၁၅၀၀ိ/- တဲ့လူစီးခထက်ကြောင်စီးခဈေးကြီးပြီ ဟီး လူစီးလက်မှတ်က
ထိုင်ခုံနဲ့ဆို ခုနစ်ရာကျော် ခုံမဲ့ ကငါးရာကျော် ထားပါ ကျွန်တော်ကဖြေရှင်းပေးပါလို့တောင်းဆိုတယ်
အင်းတဲ့ နောက်ဆုံးလူတက်မဲ့ ဘူတာရောက်ယင်ရှင်းပေးမယ် လို့ပြောတာပဲ အဲဒီဘူတာသာကျော်
လာတယ် နောက်ထပ်တက်လာတဲ့သူတွေလည်းများလာတယ် သူကတော့လု့းဝပေါ်မလာတော့ပါဘူး
ကျွန်တော်ကတော့ တစ်ချိန်ကကျင်လည်ခဲ့ တဲ့ ဂျပန်နိုင်ငံက ရထားတွေ မြေအောက်ရထားတွေ
ကျည်ဆန်ရထားတွေအကြောင်း စဉ်းစားယင်းမြို့လေးကအဝေးအမှောင်ထဲမှာကျန်ခဲ့...........
ကျွန်တော်ကတော့ဒီနေ့မနက်ပဲရန်ကုန်ပြန်ရောက်ခဲ့..............။ ။

Sunday, July 27, 2008

လူညွန့်ခူးစားသူများ

ဟုတ်ပါတယ် လူညွန့်ခူးစားသူများ ဆိုတဲ့ခေါင်းစဉ်နဲ့ ရေးခဲ့ ပါတယ် ဒါပေမယ့်ပို့စ်တင်လို့မရပဲ
အကုန်ပျက်သွားခဲ့ပါတယ်......။ ခုပြန်ရေးရမှာပါ ဒါပေမယ့်နောက်တစ်ခေါက်ရေးဆိုတော့ mood
မရှိတော့ဘူး ခက်တော့ခက်နေပါပြီ  ကဲဘာဖြစ်ဖြစ် စရေးလိုက်တော့မယ်.........
လူတွေနဲ့ အထိတွေ့များတဲ့အလုပ်တွေမှာ တွေ့ဖူးကြုံဖူး ကြမယ်ထင်ပါတယ် လူအမျိုးမျိုး
စိတ်အထွေထွေ ဆိုသလိုပါပဲ  နှိမ့်ချ သူနဲ့ အနှိမ်ခံရသူဆိုတာရှိ မှာပါ ၊ အဲလိုပဲစကားတွေတော့
ရှိပါတယ် လူ့အောက်ကျို့ ယင်မသေနိုင်ဘူး သစ်ပင်အောက်ကျို့လို့သစ်ပင်ပိယင် သေနိုင်တယ်
ပြောကြတာပါပဲ အဲလိုယူဆထားတတ်ကြသလို အဲလိုလည်း ကျင့်သုံးတတ်ကြပါတယ် အောက်ကျို့
ပေါင်းတာတော့ ကောင်းပါတယ် ဒါပေမယ့်ဝန်ဆောင်မှုလုပ်ငန်း လုပ်တဲ့သူတွေအတွက်သတိပေး
ချင်တာ လေးပါ လူအောက်ကျို့တဲ့ အခါ ကိုယ့်ကိုယ်ကိုနှိမ့် ချဆက်ဆံတဲ့ အခါ တစ်ဖက် ကကျော
ကျောပြန်ဆက်ဆံခံရ တဲ့ အခါမျိုးရှိမှာပါ အဲဒီအခါမျိုးကြယင် ၀န်ဆောင်မှုတန်ဖိုး ဆုံးရှုံးခြင်းလို့
ခံစားရတတ်ပါတယ် အဲတာမျိုးတွေကြုံတွေ့ရတတ်တယ် ခက်တာက တစ်ဖက်က အားနာရမှန်းမသိ
တတ် ကြတဲ့ သူတွေပါ  သူတို့မှာငါ ငွေပေးထားတာပဲ ငွေပေးတာနဲ့တန်အောင် လုပ်ပေးရမှာပေါ့
ဆိုတဲ့ စိတ်မျိုး တစ်ဖက်ကအားနာပြီးလိုက်လျောတာကိုအခွင့်ကောင်းယူတာမျိုးတွေလည်းရှိနေ
တတ် ပါတယ်။ ခက်တာကလိုအပ်သည်ထက်ပိုပြီးဝန်ဆောင်မှုတောင်းခံခြင်းပါ သို့သော်စဉ်းစားစရာ
တစ်ခုရှိနေပြန်ပါတယ် တမင်အခွင့်ကောင်းယူတာမျိုးလား ဒါမှမဟုတ် သူတို့ရဲ့ ပင်ကိုယ်ကိုယ်ရည်
ကိုယ်သွေးကိုက ညံဖျင်းတာလား အဲတာမျိုးကြယင် ဖြေရှင်းနိုင်ပါ့မလား  စိတ်ဓါတ်ညံ့ သူများကို
တော့ပြုင် ပေးလို့ ရမယ်မထင်ပါဘူး ။ သူငယ်ချင်းတစ်ယောက် ပြောတဲ့ စကားကိုမှတ်မိနေပြန်ပါ
တယ် ဘာတဲ့ "သဒ္ဓါလွန်တော့ကျွန်ဖြစ်" ပါတဲ့ အင်းအဲဒီလိုပဲယူဆထားလိုက်ပါ့မယ်
လူညွန့်ခူးစားသူများရန်မှဝေးပါစေ............

Tuesday, July 22, 2008

ဘ၀သစ်

ဘ၀ သစ်

အမြဲတမ်းချစ်
ဘ၀သစ်မှာ
ပျော်မယ်စိတ်ကူး
အလွမ်းရူးတွေ
မတွေ့ချင်ပါ
နေစရာလေ
ချစ်သူရင်ခွင်၊

ထွေးပွေ့ဖက်ထား
အတွေးစိတ်ကူး
နယ်ကုန်ပင်ခြေဆန့်
မြေပြန့်လွင်ပြင်
ဟိုး....ခပ်လှမ်းလှမ်းမှာ
လှမ်းလို့ကြည့်စမ်း
မြင်နေရပြီ..တို့ဘ၀တွက်
အနာဂါတ်သစ်......

ချစ်တယ်ညီမ
ပြည်ဖုံးကားချခွင့်ပေးပြီး
အချစ်သစ္စာ တွေနဲ့
မြတ်နိုးစွာတွယ်တာ
ချစ်နေတာတွေ
ကိုကို တွေ့မြင်
အလွမ်းပင်သေ
နွမ်းနေတဲ့ရင်
လန်းစေတဲ့
ကိုယ့်ရဲ့ ချစ်ဇနီး လေးရေ........

ညီမအတွက်
ကဗျာတွေနဲ့
စာပေဖွဲ့ဖို့
တော့ပစ်တခု
ကဗျာတွေရေးပေး
စာတွေတွေးမယ်
အလွမ်းရှင်ဘ၀က
အနမ်းပင်လယ်ဝေစေတဲ့
အဖြစ်............

တအားချစ်ပေါ့
ပိုလို့သာပင်
တွယ်တာမြတ်နိုး
အလွမ်းမိုးစွေ
ချစ်သက်သေဖြစ်
ဘ၀တခုလုံးနဲ့
ရွှေရောင်ဖြစ်မယ့်
အနာဂါတ်သစ်ကို
အချစ်လက်ထဲအပ်ပါတယ်.....

စီမံခန့်ခွဲ
အလွမ်းတရားထဲမပါကြေး
အလွမ်းများ ဆိုတဲ့
ကမ္ဘာဟာ အဝေးသွား
သားသားမီးမီးလေးတွေနဲ့
ရွှေေ၇ာင်လွှမ်းမဲ့
အနာဂါတ်လမ်းကို
ပဲ့ကိုင်စီမံ
သခင့်ထံကို
ချစ်ကြင်စွာနဲ့
ထာဝရအပ်နှင်း
လွမ်းချင်းမဆို
ငိုချင်းမချ
ကိုယ့်ဘ၀ဟာ
အမြဲတမ်း
ချစ်ကြည်ခြင်းတွေနဲ့
သာယာလှပနေပါမည်..........။ ။

Monday, July 21, 2008

ဘ၀သစ်

အို.....အချစ်ရယ်
ဘ၀ကိုအတူဖြတ်သန်း
လမ်းပန်းခရီးဟာသာယာ
လွမ်းကဗျာတွေလေမှာလွင့်
ပန်းကဗျာတွေရင်မှာဆင့်တော့
လွမ်းသောကပျောက်ကာ
အနမ်းမိုးတွေသွန်းဖြိုးဝေ.....
လောကအလယ်မှာလေ.....
တင့်တယ်စေ၊

မိုးရေစက်တွေထဲမှာ
မခွဲဘူးအတူတူ
ပျော်ရွှင်စွာရယ်မော
အိမ်ထောင်ဦးကာလများမှာ
အလွမ်းတွေဘေးဖယ်
နွမ်းလျခြင်းတွေ
စက္ကန့်လေးတခုတောင်မှခွဲမနေချင်ဘူးမေ....

ပျော်ရွှင်ခြင်းသဘောတရား
အမောများကိုဖျောက်ပစ်
ဘ၀အသစ်မှာလေ
ထာဝရချစ်စရာအတွေးတွေ
ပျော်ရွှင်စွာရယ်မလား
အဲသလိုပဲကောင်းမှာပါ။ ။