Showing posts with label အမှတ်တရ. Show all posts
Showing posts with label အမှတ်တရ. Show all posts

Friday, August 31, 2012

BLOG DAY !!!!!!!

အစဉ်လာထဲ
မင်္ဂလာ အမြဲလို့
ခွန်းချွေဆုတောင်း
ဘလော့ဂါအပေါင်းလည်း
တစ်နှစ်တစ်ခါ
ဘလော့ဒေးမှာ
ဘလော့ဂင်းကို
စိတ်ဝင်စားမပျက်
ဖတ်ရှုသူများလည်း
ကျန်းမာချမ်းသာလျှက်
31082012 နေ့
BLOG DAY အတွက်
တောင်းဆုချွေလျှက်.......။     ။

ချစ်ခင်လေးစားစွာဖြင့်
ချစ်သူမောင်

Tuesday, January 12, 2010

Expo2010

ရင်ငြိမ်း.............မင်းလေးရဲ့နာမည်အဲ့လိုပဲခေါ်လား ဘာပဲဖြစ်ဖြစ် မင်းမျက်နှာလေးမြင်ရတော့တို့ရင်မှာတစ်ခုခု စွဲငြိသလိုဖြစ်ခဲ့တယ်လို့
ဆိုယင် မင်းလေးကယုံကြည်မလား ။ ဒီနေ့ Expo 2010 ရဲ့ နောက်ဆုံးနေ့လည်းဖြစ်တယ် လေးရက်တာပင်ပန်းနွမ်းနယ်ခဲ့သမျှတွေ အားလုံး
ပြီးဆုံးခဲ့တဲ့နေ့လေးတစ်နေ့ပေါ့။ပင်ပန်းတယ်လို့သာ ဆိုရတာ တစ်ကယ်ပြီးပြီဆိုတော့  ရင်ထဲမှာဟာတာတာ နဲ့ဝမ်းနည်းသလိုလို
ခံစားရတယ်...တစ်ကယ်ပါ ၈.၁.၂၀၁၀ နေ့က စဖွင့်တဲ့ Expo 2010 ကျင်းပပြီးစီးခဲ့တာဒီနေ့ ဘာပဲဖြစ်ဖြစ် အမှတ်တရဖြစ်သွားရမယ့်
လေးရက်တာကာလပါ။ စဖွင့်တဲ့ နေ့က တော့ ဘာမှမသိသေးမတွေ့သေးပဲ ခပ်ငေါင်ငေါင်ပါ နောက်တော့ ပြပွဲလာသူတွေကိုယ့်ကုန်
ပစ္စည်းအကြောင်းရှင်းပြယင်း ပြပွဲထဲဝင်စယင်းနောက်ယင်း နဲ့ သတိထားမိခဲ့တာမင်းလေးတစ်ယောက်တည်းပါ။ဘာပဲဖြစ်ဖြစ် ကိုယ်ကလုပ်ငန်းရှင်
တစ်ဦးအနေနဲ့ ထိန်းသိမ်းရမယ့်စည်းကမ်းတွေ ရှိနေပြန်ပေါ့ သိက္ခာနဲ့ သမာဓိတည်ငြိမ်သင့်တာမဟုတ်လား .........တည်ငြိမ်ခဲ့တာပါ
ခက်တာက မင်းတို့အုပ်စု နားနေရာအခန်းလေးကကိုယ့်ပြခန်းတည့်တည့်လောက်မှာ ရှိနေတယ်လေ ။ ကိုယ် ကမတွေ့လည်းမြင်နေတော့
သတိထားမိခဲ့တော့တာပေါ့ညီမလေးရယ် တစ်ကယ်ပါ နှစ်လိုဖွယ်ကောင်းတဲ့ မင်းရဲ့ အပြုံး ကြည်လင်တဲ့ မင်းရဲ့အသံလေးရဲ့နောက်ကို
မျောပါခဲ့ မိသလားမဆိုသာဘူး ဒါပေမယ့်သန့်ရှင်းတဲ့ ဖြူစင်တဲ့ခင်မင်လိုစိတ် လေးတစ်ခုတည်းပါ ပထမနေ့သတိထားမိတယ် နောက်
တစ်နေ့ တော့ပိုသတိထားမိလာတယ်လေ မင်းပြုံးတဲ့ အပြုံးထဲ မှာ ခင်မင်နှစ်လိုဖွယ်လေးတွေပါနေတာကိုး ဒီလိုနဲ့သတိထားမိလိုက်
ကိုယ့်အလုပ်ထဲကိုယ်အာရုံရောက်သွားလိုက် ဘာပဲဖြစ်ဖြစ်စိတ်ထဲကတော့ညီမလေးတစ်ယောက်လိုခင်မင်နေမိခဲ့တယ်...............
ဘာပဲဖြစ်ဖြစ် Expo2010 ကတော့စည်ကားမြဲပါပဲ။ပြခန်းအချင်းချင်းစယင်းနောက်ယင်း အချိန်တွေတရွေ့ရွေ့ ဖြတ်သန်းခဲ့တယ် လေ...
ဒီနေ့နောက်ဆုံးနေ့ အမှတ်ရစရာလေးတွေကလည်း မနည်း ခင်မင်မှုတွေစခဲ့ organizer အစ်ကိုက မိတ်ဆက်ပေးတော့
မင်းနဲ့မှတည့်တည့်လားညီမလေးရေ တစ်ကယ်တော့ တွေ့တွေ့ချင်းခင်မင်မိတဲ့ ကိုယ့်ရဲ့စိတ်က ဟိုးတစ်ချိန်က အငြိမ့်သမလေးကို
သဘောကျလို့ အငြိမ့်သမလေး ကလေရာနောက်တစ်ကောက်ကောက်ပါတဲ့တောသား တစ်ယောက်ရဲ့စိတ်လိုမျိုး ဖြစ်နေမလားပဲ....
မင်းရဲ့ပရိတ်သတ်တစ်ယောက်ဟာကိုယ်ပါကွယ်.....အမြဲအားပေးနေမယ် အောင်မြင်ပျော်ရွှင်ပါစေ .....တချိန်ကြလို့ပြန်ဆုံဖြစ်ကြယင်
မင်းအောင်မြင်ကျော်ကြားနေတာကို မြင်ချင်ပါတယ်ကွယ် .....
အစဉ်အားပေးနေမယ့် ရင်ငြိမ်းရဲ့ပရိတ်သတ် တဦး............

တစ်ဦးတစ်ယာက်ရဲ့ခံစားချက်အား ရင်ဘတ်ချင်းမိတ္တူပွားပြီး ရင်ခုန်ခံစားရေးဖွဲ့လိုက်ပါတယ်
Expo 2010 ဓါတ်ပုံလေးတွေကြည့်ယင်း ပျော်ရွှင်နိုင်ကြပါစေ

ခင်မင်လေးစားလျှက်
ချစ်သူမောင်

Photobucket

Photobucket



Photobucket
ရင်ငြိမ်းအေးရဲ့အက

Photobucket

Photobucket

Photobucket
ကိုချိုကြီးရဲ့မော်ဒယ်လ်များ ဆမ်ဆောင်းအတွက်တာဝန်ယူပုံ

Photobucket

Photobucket

Photobucket



Photobucket
ခန်းမအရှေ့ဘယ်ဖက်ခြမ်းမှဆိုင်တန်းများ

Photobucket

Photobucket



Photobucket

Photobucket

Peace Brothersတစ်လုံးထိုးအသံငြိမ်မီးစက်ရဲ့ စပွန်ဆာ

Photobucket
နှုတ်ဆက်လက်ပြခွဲခွာချိန်

Photobucket

Monday, December 1, 2008

"မီး ငယ်"အလွမ်း

ဒီနေ့မှာမောင်တို့မတွေ့ခဲ့ ကြပေမယ့် အလွမ်းတွေဝေနေခဲ့တာရင်ကသိ မှန်းကြည့်ပါမီး အလွမ်းမဝေချင် ပန်းကြွေတောမှာလွမ်း ဒီရေတိုး နှင်းမှုန်ဝေတဲ့ ဒီလဟာ မောင့်ရင်ကိုတဆတ်ဆတ်တုန်စေတယ် ဘာပဲဖြစ်
ဖြစ် လွမ်းတယ် မီးရယ် အပြစ်တင်လည်း ခံရယုံကလွဲလို့ ဘာရှိမလဲ။ အမှတ်တရလို့ပြောရအောင်လည်း မှတ်
မှတ်ရရ မီးပေးခဲ့တဲ့ အစိမ်းရောင်လွယ်အိတ်လေး ...... တော်ပြီမီး မတွေးချင် မရေးချင်တော့ပါ မောင်အချစ်
ကြီးပေမယ့် အမျက်မသို ရန်မလိုတတ်ခဲ့ပါ ရင်ထဲစူးနစ်စွာခံစားနေရတာတော့မောင့်ဖာသာ မောင်သိ ယနေ့ထိ
ပဲလွမ်းခြင်း၊တမ်းခြင်း ၊တွယ်တာခြင်းတွေကင်းဝေးစေဖို့သာ...........

Tuesday, November 25, 2008

ချစ်သူမောင်၏စိတ်ဒါဏ်ရာအမာရွတ်များ(၁၀)

nnt4

nnt2

ourwedding2




ထိုမျှများပြားလှသောစိတ်ဒါဏ်ရာများကိုသယ်ပိုးကာ ဘ၀ခရီးကိုဖြတ်သန်း ခဲ့ရသောမောင့်ရင်ခွင်ကို
မှန်းကြည့်ပါ။သို့သော်မောင်သည် စိတ်ခံစားချက်ကင်းမဲ့ခဲ့ပြီထင့် တော်တော်တန်တန် တုန်လှုပ်ခြင်င်း
ကင်းမဲ့စွာ နေတတ်ခဲ့သည်။ညီမလေးနှင့်ပါတ်သက်၍ အသေးစိတ်ပြောရန်ကျန်ပေဦးမည်မောင်မ
ပြောချင် သော်လည်း ပြောပြပါမည် အလွန်သနားစရာကောင်းသောဖြစ်ရပ်တစ်ခုဖြစ်ခဲ့ပါ၏ ။ ကံကြမ္မာကို
မမြင်နိုင်ကြပါပေ ။ မောင်နှင့်ညီမလေး ကြီးကြီးကျယ်ကျယ်လက်ထပ်ခဲ့ကြပြီးနောက်ပိုင်း မောင်တို့လွန်စွာ
ပျော်ခဲ့ကြလေသည်။ စီးပွားရေးလုပ်ငန်းအတူတူလုပ်ကြစက်ရုံထဲတွင်လည်းအတူတူ စားလည်းအတူတူ
သွားလည်းအတူတူဖြစ်သည်..... မောင်တို့ တစ်အားချစ်ခဲ့ကြပါသည်ညီမလေးသည်လည်းမောင့်အပေါ်
ချစ်၏ ကြင်နာ၏ ထိုမျှမကတွယ်တာ၏။မောင်သည်လည်းညီမချစ်သည်ထက်မပိုလျှင်တောင်မလျော့ခဲ့
သည်မှာသေချာ၏။ နှစ်ဖက်မိဘများကြည်ဖြူ ချစ်ရည်တူခဲ့ကြ၏။ညီမ၏အဖေအမေ တို့ကမောင့်အားချစ်
ကြသလိုမောင့်မိဘများကလည်း ညီမကိုတအားချစ်ခဲ့ကြ၏ မောင့်မောင်နှမများကလည်း ချစ်ကြလေသည်
သည်တစ်ခါတော့အလွန်ချမ်းမြေ့ သာယာသောဘ၀တစ်ခု ကိုပိုင်ဆိုင်ပြီဟု မောင့်အထင်သည်တက်တက်
စင်အောင်မှားခဲ့ လေသည်။
ညီမနှင့်အိမ်ထောင်ကျပြီးတနှစ်နှင့်လေးရက်တိတိ ညီမဆုံးပါးခဲ့သည် ။ ထိုနေ့က မောင်နှင့်ညီမတို့ တစ်ည
လုံးတစ်ခုတင်တည်း အတူတူ အိပ်ခဲ့ ကြလေသည်။မနက် ၄နာရီထိုးတော့ မောင် အိမ်နောက်ဖက်တွင်ရှိသော
အလုပ်သမားတန်းလျားသို့အလုပ်သမားများကိုနှိုးရန်အခန်းတွင်းမှထွက်ခဲ့၏ အလုပ်သမားများကို နှိုးသည့်
အချိန်မှာမောင့်အထင် ဆယ့်ငါးမိနစ်မျှသာသို့သော်ဘ၀တစ်ခုဆုံးရှုံးရမည်ကိုမောင်မသိခဲ့ပါချေ ။မောင်
မောင်တို့နေသည့်အခန်းလေးသို့ပြန်လာချိန်တွင်အခန်းတွင်း မီးခိုးငွေ့များထွက်နေသည်ကိုမောင်တွေ့လိုက်
ရ၏ မောင်တံခါးကို ဆွဲအဖွင့်မောင့်မျက်နာနှင့်လက်တို့တွင်မီးဟပ်ခံရတော့၏။အခန်းတွင်းသိုမောင်အတင်း
တိုးဝင်ပါသော်လည်းဝင်၍မရခဲ့ပါပြန်ပြောလျှင်ရင်နာပါသည် နှလုံးသည်းပွတ်ကြေပြုန်းလုမတတ်ဖြစ်ရပါ၏
မောင်ချက်ချင်းမီးသတ်ဆေးဘူးပြေးယူ၏တပြိုင်နက် အဖေတို့ကိုအော်ဟစ်အကူညီတောင်း၏ မောင့်တပည့်
တို့သည်လည်းမောင့်နောက်မှမးသတ်ဆေးဘူးကိုယ်စီနှင့်အတူလိုက်လာပက်ဖျန်းကြ၏ သို့သော်ညီမကိုဆုံး
ရှုံးခဲ့ရချေပြီမိနစ်ပိုင်းအတွင်းတွင်သာ။မောင်ရူးသွားလောက်အောင်ပင် မောင့်အားရဲများစခန်းသိုခေါ်သွားသည်
ကိုသာမောင်သိတော့၏ ပုဒ်မ၂၈၅ ၊ ၃၀၄(က) နဲ့ဖမ်းဆီးခံရ၏။ထိုနေ့က မောင်မည်သို့ဖြစ်မှန်းကိုယ်တိုင်မသိခဲ့
သေမင်းသည်တစ်ညလုံးအတူတူ အိပ်ခဲ့ ကြသော်လည်း မောင့်အားချန်ထားကာညီမအားခေါ်သွားခဲ့၏
တချို့ကပြောတော့အထုံပါလို့ပါတဲ့။ ဘုန်းကြီးပြောတော့နဂါးပြည်ကလာလို့ပါတဲ့ မင်းတို့ကတော့မီးကို
ပူတယ်လို့ထင်ပေမယ့်နဂါးပြည်ကလာတဲ့သူဆိုယင်ဒီလိုနည်းနဲ့ပြန်ကြသူတွေများတယ်ဟူသတတ်။
ခက်နေသည်ကမောင့်ဘ၀ပါ ဘ၀တစ်ခုပြီးတစ်ခုပျက်ခဲ့လေသလား ၀ဋ်ကြွေးလား မောင်မသိခဲ့နောက်ပြီး
မောင်မသိခဲ့ရသော မောင်နှင့်ညီမ၏ အတိတ်ဘ၀ဆိုသောသိုက်သမိုင်း မောင်မယုံသော်လည်းကြားခဲ့ရ၏။
မောင်တို့သည် ရွှေစက်တော်ဘုရားသိုက်မှလာကြသူများဟူသတတ် ။မောင်သည်အထက်စက်တော်ရာသိုက်မှ
ဟုဆိုလေသည်မောင့်ထံ(သိုက်ထဲ)တွင်မိန်းမနှင့်ကလေးရှိသည်ဟုဆိုလေသည် ညီမသည်လည်း အောက်
စက်တော်ရာသိုက်မှလာသည်ဟုဆိုလေသည်။ဖြစ်နိုင်ချေ ရာနှုန်း အနည်းငယ်ဖြစ်သော်လည်း မောင်တို့ညီမတို့
မရွံ့ရဲစွာ ယုံကြည်ခဲ့ရဖူး၏။အဘယ့်ကြောင့်ဆိုသော် မောင်တို့လက်ထပ်ပြီးသကာလ မထင်မှတ်ပဲရုတ်တစ်ရက်
မောင်တို့ ရွှေစက်တော်ဘုရားသို့ရောက်ခဲ့ရ၏ ထိုမျှမက တိုက်ဆိုင်မှုက ရှိသေး၏ ထိုတိုက်ဆိုင်မှုကထိုရောက်
သွားသောနေ့သည်ကား ညီမ၏ မွေးနေ့ နောက်တိုက်ဆိုင်မှုတစ်ခုမှာ မောင်သည်အထက်စက်တော်ရာကို
သာရောက်ပြီး အောက်စက်တော်ရာကိုလုံးဝမရောက်ခဲ့ ညီမသာ မောင်မန်းချောင်းထဲရေချိုးကောင်းနေတုန်း
အောက်စက်တော်ရာကို ရောက်သွားခဲ့၏ ။မောင်တို့နှစ်ယောက်ဝေးရမှာကြောက်၏ သို့သော်ဝေးခဲ့ကြ၏
ဘ၀တွင်အပြင်းထန်ဆုံးစိတ်ဒါဏ်ရာ အမာရွတ်ဖြစ်ခဲ့ရ၏.....ထို့ကြောင့် မောင်သည်တော်တော်တန်ကိစ္စ
များတွင် ခံစားချက်ကင်းမဲ့တတ်လေသည် သို့သော် ခံစားမှုကားဒါဏ်ရာအမာရွတ်များပင်ဖြစ်လာခဲ့တော့၏။
တခါတရံ...မောင်သည် တမ်းတတတ်၏ လွမ်းမိ၏ ဖျက်ပစ်ချင်သောအတိတ် များရှိ၏ အချုပ်အားဖြင့် ကေနှင့်ဇတ်လမ်း မီးနှင့်အိမ်ထောင်ကျခဲ့ခြင်း စသည် အတိတ်ဆိုးများကို မောင့် ဘ၀တွင်းမှ ပြန်ဖယ်ထုတ်၍
ရပါလျှင် ဗွီဒီယိုတိတ် တခွေလိုပြန် REWလုပ်ပြီးဖျက်ပစ်လို့ရပါလျှင် ညီမမရှိတော့ဘူးဟူသောအသိ
မောင့်စိတ်ထဲတွင် အမှန်တစ်ကယ်သိရှိသွားခဲ့ပါလျှင် မောင် အတော်နေထိုင်ရသက်သာမည်ဟုထင်သည်
သို့သော်ဘ၀ဆိုသည် ဗွီဒီယို တစ်ခွေမဟုတ် ခဲ့ ဒီဗွီဒီတချပ်သာဖြစ်လေတော့ လိုချင်သည့် အစိတ်ပိုင်းလေးမျှ
ကိုဖျက်ပစ်၍မရ NEO 8 အထိမစွမ်းဆောင်နိုင်သေး အမှန်တော့ဖျက်ပစ်မရသောအရာများအဖြစ်စိတ်ထဲတွင်
ညီမသည်လည်းအမြဲရှင်သန်နေဦးမည် ညီမရှိရာကိုတနှစ်လျှင်သုံးကြိမ်မျှ မောင်ရောက်ဖြစ်ဆဲ ၊ကေ ကတော့တခါတရံမောင့်ဆီကိုဖုံး ဆက်နေဆဲ ၊ မီးကိုလည်းမောင် မုန်းလျှက်နှင့်တခါတရံတိုက်ဆိုင်မှုများတွေ့မိ
လျှင် လွမ်းနေဆဲ သို့သော် ယ္ခုအချိန်တွင် မောင်သည် ယောက်ျားကောင်းတစ်ယောက်ပီသစွာ အသက်ကလေးနှင့် ဘ၀ကိုခိုင်ခံ့တည်တံအောင် တည်ဆောက်နေသူတစ်ယောက်ဖြစ်နေချေပြီ ထို့အတူ
ကလေးတစ်ဦး၏ဖခင်မလွဲမသွေအဖြစ် သက်ကလေးကလည်းမောင့်ကို ရင်သွေးရတနာလေးမွေးဖွား
ပေးတော့မည်ကိုစိတ်ကူးနှင့်ပျော်ရွှင်မြူးနေခဲ့သူတစ်ဦးပါ။သို့သော် တခါတရံ HEROS ဇတ်လမ်းတွဲများထဲက
Hiro လို Time travel ( အချိန်ခရီးသွားခြင်း)ကို ပိုင်နိုင်ခဲ့လျှင် မောင့်၏စိတ်ဒါဏ်ရာ အတိတ်ဆိုးများကိုပြန်
ပြင်ချင်ပါသည်.........................

သို့သော်ခုချိန်ထိ မောင့်စိတ်ထဲတွင်အရိပ်အဖြစ် ညီမလေးရှိနေဆဲ တခါတရံ အလွန်အမင်းတွေ့ချင်စိတ်ဖြစ်မိဆဲပါ

Sunday, November 23, 2008

ချစ်သူမောင်၏စိတ်ဒါဏ်ရာအမာရွတ်များ(၉)

မီးကြောင့်ထင်ခဲ့သောစိတ်ဒါဏ်ရာမှာ တော်တော်နှင့်မပျောက်ခဲ့ပါချေ
တစ်ကယ်ဆန်းစစ်လျှင် ခုနှစ်သက္ကရာဇ်ကိုရေတွက်လျှင် ၁၉၉၆ခုနှစ်မှစ၍ ပါ တစ်ယောက်တည်းအထီးကျန်စွာ
နေဖြစ်ခဲ့သောရက်များစတင်ခဲ့ပါ၏ခြေထောက်တစ်ဖက်မကောင်း တော့သဖြင့်လည်းလောကနှင့်ဝေးရာ
တွင်ပုန်းအောင်းနေခဲ့မိခြင်းဖြစ်လိမ့်မည်။နှစ်အတန်ကြာ ပုန်းအောင်းနေစဉ် ငယ်စဉ်ကလေးဘ၀ တည်းက
ညီမတစ်ယောက်လိုခင်မင်ခဲ့သောညီမလေးဟုခေါ်သော ညီမလေးနှင့်မောင်ပြန်တွေ့လေသည် ။မောင့်မျက်
နှာညှိုးငယ်နေခြင်းကို ညီမလေးသတိထားမိသည် ထိုနေ့ကသူငယ်ချင်းတစ်ဦး၏မင်္ဂလာပွဲတွင်ဖြစ်သည်။
မောင်တစ်ယောက်တည်း တချာင်ထဲ တွင်ပုန်းအောင်းနေခြင်းကို ညီမလေးမနှစ်သက်ပါချေ မောင့်အား
ပြင်ပသို့ထွက်လာရန်ဖေးတစ်ဖက်လှည့် နှင့်ဖေးကူခဲ့သောမောင့်၏ကျေး ဇူးရှင်တစ်ဦးဖြစ်သောညီမလေး
ဖြစ်လေသည် ။မောင်အထီးကျန်နေမှန်းညီမသိ၏ ထို့အတွက် သူအလုပ်လုပ်မည်ဆိုလေ၏ မောင့်ကိုဝိုင်း
ကူစေ၏။ ၀ိုင်အမ်စီအေမှာဖွင့်သောမိတ်ကပ်သင်တန်းနှင့် ပန်းထိုးသင်တန်း အစရှိသည့်သတို့သမီးဝတ်
စုံအငှားဆိုင်နှင့်ပါတ်သက်သည့်ဖက်ရှင်ဆိုင်ရာသင်တန်း ဆံထုံသင်တန်း အစရှိသောသင်တန်းပေါင်းများ
စွာကိုမောင် လိုက်အပ်ပေးခြင်းစုံစမ်းပေးခြင်း အကြိုပို့လုပ်ခြင်း မော်ဒယ်များနှင့်ဓါတ်ပုံရိုက်ပေးခြင်း ။
အစရှိသည့်အလုပ်များစွာကိုလုပ်ပေးယင်းမောင်အထီးကျန်ခြင်းမှစတင်ကင်းဝေးလာခဲ့သည်။ မောင့်စိတ်
ကိုချမ်းမြေ့စေသည့်ညီမလေးပါ။
တစ်နေ့တော့ မောင်တို့ခွဲခွာချိန်တစ်ခုကိုအစပြုလာခဲ့ပြန်၏....
မှတ်မှတ်ရရ ညီမလေးသည်မောင်တို့ကုန်သည်အသိုင်းဝိုင်းနှင့်လည်းအဆက်စပ်ရှိခဲ့သည့်အတွက်
ထိုလောကမှအတင်းများစွာမောင်နားနှင့်မဆံ့အောင်ကြားမိလေသည် မောင်ညီမလေးအပေါ်ရိုးသားခဲ့
သည်မှာမောင် ဖာသာသိသည် ထို့အတွက်ညီမလေးကို အားနာစွာညီမလေးအနားမှမောင်အပြေးထွက်ခဲ့
လေတော့သည်။အဆက်သွယ်တော့မပြတ်ခဲ့ပါချေ တယ်လီဖုံးကိုအသုံးပြု၍ မောင်တို့၏ နာကျင်ဖွယ်
ရာများတစ်ယောက်နှင့်တစ်ယောက်ရင်ဖွင့်ဖြစ်ခဲ့ကြပါ၏။ထိုသို့သောအခြေနေတွင်သာ...ညီမလေးနှင့်
နှစ်နှစ်ခန့်ဝေးခဲ့ကြပါ၏ ပြန်တွေးယင်ရင်လည်းနာပါသည်။
၂၀၀၀ ခုနှစ် ၏နေ့တစ်နေ့တွင် ညီမလေးနှင့်ခွဲခွာခဲ့ ရ၏ နောက်ပိုင်းညီမလေးနှင့်အဆက်သွယ်ပြတ်လု
နီးပါးပါပေ တခါတရံ သတိရလို့ဖုံးဆက်ယင်တောင်မှ အမုန်းခက်လို့မေ့ပြီထင်.......မောင်နှင့်ညီမလေး
လုံးဝမတွေ့ဖြစ်တော့ ညီမလေးကိုလည်းမကူညီဖြစ်ပြန် တစတစ နှင့်ဝေးကွာခဲ့သည်။ပါတ်ဝန်းကျင်၏
ရိုက်ခတ်မှုဒါဏ်ကိုမောင်တို့နှစ်ယောက် အပြင်းထန်ခံစားရလေ၏။ထိုစိတ်ဒါဏ်ရာသည် ကိုယ်ဘယ်လောက်
ကောင်းကောင်း ခေါင်းဘယ်မရွေ့ဆိုတဲ့ စကားတစ်ခွန်းဟာမှားစေခဲ့လေပြီလား ပါတ်ဝန်းကျင်ကို ဂရုမစိုက်
တတ်သောမောင့်အတွက်တော်တော်ခံပြင်းစရာကိစ္စတစ်ခုဖြစ်ခဲ့လေသည်။သို့ သော် ညီမလေး၏သိက္ခာ
တရား အတွက်ငဲ့ကွက်ပြီးညီမလေးနှင့်မတွေ့ဖြစ်အောင်မောင်နေခဲ့လင့်ကစား မောင်တခါတရံမောင်ငို
တတ်ခဲ့ပါပြီ.....ကေ့ကိုရက်ရက်စက်စက်ခွဲပစ်တတ်ခဲ့သောမောင် မီးကိုမုန်းတီးနာကျည်းစွာ စွန့်ပစ်ခဲ့
သော မောင်တစ်ယောက် အတွက်လည်သည့်ဝဋ်လေလော .....မောင်မဆန်းစစ်မိပါချေ။ဒီလိုပဲအပေအတေ
အဖြစ်ပြန်နေဖြစ်ခဲ့ပြန်တော့၏ ။ ညီမလေးကိုချစ်ခဲ့လေပြီလားမောင်မခွဲခြားတတ်ခဲ့။အမှန်အစစ်သောအချစ်
ကိုတွေ့ရှိချိန်ဟုဆိုလျှင် ၀ိုင်းရယ်ကြမည်လား တစ်ကယ်တမ်းပြောရလျှင် မောင်အထီးကျန်ဆန်စွာမနေချင်
ခဲ့သော်လည်း မောင်သည်အား လုံးနှင့်ဝေးရာတွင်သာ နေဖြစ်လေ၏။

ညီမလေးအမှတ်တရ................အလွမ်း
ညီမလေးအမှတ်တရ.............အလွမ်း
ညီမလေးအမှတ်တရ.....အလွမ်း
ညီမလေးအမှတ်တရ...အလွမ်းကဗျာ

Friday, November 21, 2008

ချစ်သူမောင်၏စိတ်ဒါဏ်ရာအမာရွတ်များ(၈)

ထားပါတော့လေ ကေနှင့်ဇတ်လမ်းပြီးတယ်ဆိုပါစို့ မီးကိုလွမ်းနေသောမောင်သည် မီးနှင့်ပြန်တွေ့တော့သည်
သည်တစ်ခေါက်တော့မီးမောင့်ကို အဖြေပေးခဲ့လေသည် ။ကေနှင့်ဖြစ်ရပ်များကိုလည်း မောင်ဝန်ခံချေသည်
မောင်ဝဋ်လည်သည်လား မီးနှင့်မောင်တို့ မင်္ဂလာဆောင်ဖြစ်ခဲ့သည်(ပြန်ရောက်ပြီးမကြာမီမှာပေါ့)
Living Together ကိစ္စများကိုမီးလက်ခံခဲ့ သည့်အတွက်ဘ၀အစပိုင်းတွင်မောင်မီးကို လေးစားမဆုံးခဲ့ပါချေ
တစ်ကယ်တော့မောင်သည်မီး၏စရိုက်အမှန်ကိုမသိခဲ့ခြင်းဖြစ်ပေမည် ။သည်လိုနှင့်မောင့်စိတ်ထဲတွင် ယောရှီဒါနှင့်နယ်လုပွဲ ထို့အတူမီးနှင့်နယ်လုပွဲတစ်ဖနဖြစ်ရလေတော့ချေသည်....အမှန်တော့သည်တမြို့တည်း
တွင် မီးသည် ၂၁ လမ်း၌ နေလိုသည် မောင်ကစက်ရုံရှိရာ ရွှေပြည်သာသို့ အလုပ်လိုက်လုပ်စေလိုသည်။
အိမ်ထောင်ကျပြီဆိုသော်လည်းမီးသည် အသွားမပျက် အပေါင်းသင်းများနှင့်ပျော်ရွှင်မပျက်ဖြစ်လေသည်
မောင်သည်ကား အလုပ်ရိရာ မြို့စွန်သို့ဆိုင်ကယ်တစ်စီးနှင့် အရောက်သွား ညနေအနည်းဆုံး ၈ နာရီလောက်မှ
ပြန်ရောက်ဖြစ်တတ် သည် ည ၉ နာရီခန့်မှပြန်ရောက်လျှင်ကားမီးမျက်နှာညို လေသည် ထိုညများမောင်မီး
နှင့်ရန်မဖြစ်လို၍ အပြင်၌ အိပ်ခြင်းများလေသည် ၊အပြင်ဆိုသည်ကားမောင့် ညီ၏ဆိုင်၊သို့မဟုတ်သူငယ်ချင်း
တစ်ယောက်ယောက်၏အိမ်တွင်သာ။မီးသည်ကားမောင့်ကိုဂရုလည်းမစိုက် ပျော်ရွှင်လျှက်
လျှပ်ပေါ်လော်လီသော ဟူသောထိုစာကားလုံး မသုံးစွဲရက်ခဲ့ မီးကိုချစ်သည့်မောင့်အချစ်သည်ကား
မောင့်ဘယ်ခြေတွင် သေရာပါမည့် အရွတ်ပြတ်ဒါဏ်ရာ မောင့်၏စိတ်ဒါဏ်ရာများ မောင်အနေထိုင်ကျပ်ခဲ့
တဲ့နေ့တွေ မီးနှင့်မောင်ပျော်ခဲ့တဲ့မန္တလေးသင်္ကြန် ၊ရန်ကုန်ဆေးရုံကြီး ၏ ၅/၆ အဆောင် ရီနယ်မယ်ဒီကယ်
နားက ပီအာ ခန်းများ ထိုအရာများကား မီးကိုချစ်မိသော ၆နှစ်တာကာလ၏ စိတ်ဒါဏ်ရာအမာရွတ်များပင်၊
ကဲကွယ်ခွဲကြမယ်မီးရယ်လို့မပြောသေးခင်မှာပဲ............

ကျွန်တော့ချစ်သူများအကြောင်း(၉)
ကျွန်တော့ချစ်သူများအကြောင်း(၁၀)

Thursday, November 20, 2008

ချစ်သူမောင်၏စိတ်ဒါဏ်ရာအမာရွတ်များ(၇)

ပြောလျှင်တော့မောင် ဆက်ပြောရတော့မည် သို့သော်ခွန်အားမရှိ ပွေသည်ရှုပ်သည်ဟုထင်ကြမည် သို့သော်
မောင်ဆက်မပြော မဖြစ်ပြောရပေမည် ။စိတ်အစဉ်တွင် တစ်ကယ်လား အရက်မူးလို့လားခွဲခြားမရခဲ့ပါပေ
ကေအိပ်ယာမှနိုးလာတောကရှက်ရွံ့ ဟန်မျက်နှာလေးမြင်လိုက်သည့်ခဏ
မောင်မှားပြီဆိုတာသေချာသွားတော့
သည်လေ။ကိုကို သမီးကိုတစ်ကယ်ချစ်လား လို့ကေ့မေးသံကြားမှာမောင်တွေဝေနေခဲ့သည်။မောင်မှားသည့်
အမှားအတွက်မောင်တာဝန်ယူရမည်သာ။မောင်တာဝန်မဲ့သည့်စိတ်မျိုးရှိသည့်လူစားမဟုတ်ပါချေ။ သမီး ကိုကိုတို့ညက တစ်ကယ်လား လို့မေးတော့ကေ မဖြေပါချေရှက်ရွံ့စွာခေါင်းငုံ့နေခဲ့လေသည်။ ကဲပါသမီးရယ်
ရှက်မနေပါနဲ့တော့နော်သမီးကို ကိုကိုတာဝန်ယူပါတယ် အပေါင်းအသင်းတွေကိုကြေငြာမယ်၊သံရုံးမှာလက်မှတ်
ထိုးပြီးလက်ထပ်မယ်နော် စိတ်ချသမီး။အမှန်ထို စကားများမှာအားပေးနှစ်သိမ့်သောစကားလိမ်ငြာသောစကား
များဖြစ်လိမ့်မည်ဟုမောင်မထင်မိခဲ့ပါချေ....
သို့သော်ထိုစဉ်ကမောင် သမီးအပေါ်လင့်ဝတ္တရားပြည့်စွာပေါင်းသင်းခဲ့ပါ၏။သူငယ်ချင်းများကိုလည်းအသိမှတ်ပြုပွဲလေးတစ်ခုလုပ်ပေး
ခဲ့ပါ၏။ သံရုံးတွင်လက်မှတ်ထိုးသည့်ကိစ္စသာ မဖြစ်မြောက်ခဲ့ပါချေ......သို့သော် ဧည့်သည်များမျက်စေ့
လည်ကုန်သောကိစ္စကိုလည်းရှင်းရသည်မှာအမောပါ။အစကယောရှီဒါနှင့်အသိမှတ်ပြုထားကြသူအပေါင်း
ကိုတော်တော်ရှင်းပြယူ ရလေသည်....နှစ်အတန်ကြာတော့ ...... မောင်လူဆိုးတစ်ဖန်ပြန်ဖြစ်
ရဦးမည်ကိုမောင်မသိခဲ့ပါချေ..ကေသည်လည်းမောင့်အပေါ်ယ္ခင်ကထက်ပိုဆိုးခဲ့သည် ပိုချုပ်ချယ်လာသည်
မောင်စိတ်သည်လွတ်လပ်မှုကိုအလိုရှိသည် မောင်သည်ချုပ်ချယ်မှုကိုမလိုလား ထိုအရာများသည်မောင့်စိတ်
ကိုဒါဏ်ရာအမာရွတ်ဖြစ်စေလိမ့်မည် ကိုမောင်မသိခဲ့ ။သို့သော် အချိန်နှင့်အမျှ စိတ်ဖိစီးမှုဒါဏ်ကိုမောင်ခံစား
ရတော့သည်။ကေသည်လည်းအမျိုးမျိုး အဖုံဖုံချုပ်ချယ်လေသည်။ တနေ့ မောင်နှင့်ယောရှီဒါစကားပြောနေ
သည်ကိုသမီးတွေ့မြင်သွားသည် ဘာရယ်တော့မဟုတ်ပါ ယောရှီဒါနှင့်သူငယ်ချင်းအဆင့်သို့ပြန်လျှောကျ
သွားသည်မှာ သမီးနှင့်အိမ်ထောင်ပြု ခဲ့သည့်အချိန်တည်းကဖြစ်သည် ။သို့သော် သမီး၏သ၀န်တိုခြင်း
သည် မောင်နှင့်သမီးကြားတွင်ကြီးမားသောရန်ပွဲကိုဖြစ်စေသည် ။မောင်သည်ကားစိတ်ညစ်ညူးစွာ အလုပ်များလုပ်နေရသောဘ၀ကိုမပျော်ပိုက်တော့ပါချေ.........

မှတ်ချက်။ ။လွမ်းနှင့်တော့မြကေခိုင် ကိုသာပြန်ရှာဖတ်ကြပါတော့နော်

Wednesday, November 19, 2008

ချစ်သူမောင်၏စိတ်ဒါဏ်ရာအမာရွတ်များ(၆)

တစ်ကယ်တော့မောင် အတ္တကြီးခဲ့ လေသလား ကလေးဆန်ခဲ့ တာလားတွေးလို့မရခဲ့ပါချေ အတွေးထဲက
မှတ်မိသလောက် ပြောပြချင်လေသည် ရင်းနှီးစွာနေဖြစ်ခဲ့ တဲ့ တစ်နှစ်ကျော်ကာလအတွင်း ကေသည် မောင့်
အပေါ် အလွန်ကောင်းခဲ့ လေသည် ဆိုးသည့်အချက်များရှိခဲသော်လည်း ကောင်းသည့်ရာနှုန်းကများပါ၏
သို့သော် မောင်ကေ့ကိုမချစ်ခဲ့ ချစ်မိသည်ကယောရှီဒါသာ။ ယောရှိဒါကိုတွယ်တာမိသည့်အကြောင်းပြချက်မရှိခဲ့
သစ္စာဆိုသည်ကိုမောင်နားမလည်ခဲ့ နားမလည်ချင်ယောင်ဆောင်ခဲ့တာလည်းဖြစ်ချင်ဖြစ်ပေမည် ။သို့သော် မောင်ပျော်ခဲ့ပါ၏ ။ယောရှီဒါ သည် မောင့်ကိုချစ်လေသည် မောင်သည်လည်းသူ့ကိုချစ်ခဲ့ မိသည် ကိုဝန်ခံရပေ
မည် ။မောင်နှင့်ယောရှီဒါ တနိုင်ငံလုံး မိုးမမြင်လေမမြင် သွားလိုရာသွား ၏။တစ်ဖန်မောင်မန်နေဂျာဖြစ်သောဆိုင်
ငယ်လေး တွင် အလုပ်ရပြီးအလုပ်မှထွက်သွားခဲ့သော်လည်း အလုပ်မှပြန်ချိန်တိုင်းမောင့်ထံသို့လာ၏ ။
ဧည့်သည် တိုင်းသည်လည်းမောင်တို့စုံတွဲကိုအသိမှတ်ပြုခဲ့ကြ၏ ယောရှီဒါကား အရပ်မြင့်မြင့် အသားဖြူဖြူ
သွယ်လျလျ ကောင်မလေးဖြစ်သည်။ယောရှီဒါကိုချစ်မိသည့်အတွက်မောင့်မှာအပြစ်ရှိလေသည်လား
မောင်စဉ်းစားနေဆဲမှာပင် မောင့်ထံတွင်အပြစ်မရှိဟုကိုယ်တိုင် "မသိဘူးကွာ" ဟု ဇွတ်မှိတ်ငြင်းပစ် လိုက်သည့်
မောင့်ကိုယ်မောင်လှည့်စားခြင်းမျိုးဖြစ်ခဲ့လေသည်။တစ်ကယ်တော့ယောရှီဒါသည် မောင်တို့နိုင်ငံ၏လူနေမှု
နှင့်မည်သို့မှအံမ၀င် မောင်လည်းတပါးနိုင်ငံတွင်တစ်သက်လုံးနေရန်ဆန္ဒမရှိခဲ့ပါချေ။မောင်သည်ယောရှီဒါကို
ချစ်နေလင့်ကစား မီးကိုလွမ်း၏ တမ်းတ၏ သို့သော် မောင့်စိတ်အစဉ်တွင်မရှင်းလင်းခဲ့ပါချေ......
တစ်ကယ်တော့ယောရှီဒါသာ မောင်နှင့်အတူမောင့်နိုင်ငံတွင်လိုက်နေမည်ဆိုလျှင် မောင့်စိတ်အတွေးတို့
သည်မျှရှုပ်ထွေးဖွယ်မရှိ မောင်စိတ်ရှုပ်ထွေးနေစဉ် အရက်တည်းဟူသော အရာကိုအဖေါ်ပြုမိခဲ့ချေသည်။
တနေ့ ကြုံလာချေသည်လေ.....ကုမ္ပဏီက စကီးစီးရန်ခရီးတစ်ခုစီစဉ် သည့်နေ့တွင် မောင်သည်ပုလင်းကိုဆွဲ
လျှက်ကားပေါ်တက်သည် ကားပေါ်မတက်မှီကလည်းတစ်ပုလင်းမျှသောက်ခဲ့ မိချေသည် မောင်အမူးလွန်ခဲ့
လေသည်လား မောင်စဉ်းစားမိသည်မစဉ်းစားမိသည်ထားထိုခရီးတွင် ယောရှီဒါ က သူ့အစီစဉ်နှင့်သူလိုက်
ပါလာခဲ့လေသည် မောင်တို့နယ်မြေလုယင်းစကားများခဲ့ကြ၏ ။မောင်လည်းအမူးလွန်ချေပြီ ။မောင်နိုးလာ
သောအခါ ကေသည်မြင်ရန်မသင့်သည့်ပုံစံဖြင့်မောင့်အနီး အိပ်ပျော်နေခဲ့လေသည် မောင့်ခေါင်းသည်ကား
အရက်မူးသည်ထက်ချာချာလည်ရတော့သည်။ ကေနှင့်ဘယ်လိုသည်အခန်းထဲရောက်လာပြီးဘာတွေဖြစ်ခဲ့
သည်မောင်တွေးလို့မရခဲ့ မောင်မူးနေစဉ်ကတွဲ လာသူကိုယောရှီဒါဟုမောင်ထင်သည်မှာမမှန်ခဲ့ လေသည်ပေါ့ မောင်နှင့်အချစ်စခန်းဖွင့်ခဲ့သူမှာယောရှီဒါမဟုတ်ပေါ့ ဒါဆိုလျှင်..........

Tuesday, November 18, 2008

ချစ်သူမောင်၏စိတ်ဒါဏ်ရာအမာရွတ်များ(၅)

အမှန်ပြောရယင်တော့ မြကေခိုင်ကို တွေ့စတည်းကညီမတစ်ယောက်လို ခင်မိသွားတာကစတာ ဒါပေမယ့်
မောင့်အဖြစ်က ချစ်ခြင်းကို ငတ်မွတ်တောင့်တနေသူတစ်ဦးမဟုတ်လား တစ်နေ့ရွှေတိဂုံဘုရားအတူသွား
ဖြစ်တဲ့နေ့တစ်နေ့ပေါ့ ....ကိုကိုသမီးကိုချစ်လားလို့ မေးလာခဲ့တယ်
(ကူကူးရေ အဲတာအမှန်ပဲသိက္ခာချတာဟုတ်ဖူးနော်)
မောင်ဘယ်
လိုဖြေရမလဲ အမှန်ကခင်မင်စိတ်နဲ့ ကူညီတာ။ မောင်ဘယ်လိုဖြေခဲ့လည်းသိလား ညီမတစ်ယောက်လိုချစ်တယ်လို့ပဲဖြေခဲ့တာ တစ်ကယ်။ မောင်တို့ ဖြူစင်သန့်ရှင်းခဲ့ ကြပါတယ် ဘန်ကောက်မှာ
ညအိပ်ကာနီးကြားမှာ ပန်းကုံးလေးခြား အိပ်တာ အမှတ်တရပေါ့ ။မောင့်အတွေ့ကြုံကိုပြောပြဦးမယ် အဲဒီတုန်းက
မောင်တို့သူများဗီဇာဝယ်ပြီး ဂျပန် IMMIGRATION ကိုလှည့်စားခဲ့တာ ။ပထမတစ်ခေါက်နှစ်ယောက်အတူ
သွားတော့ UNITED AIR LINE နဲ့ ပါ ၀င်လို့မရပါဘူး ဒီပို့ တုံးအထုခံရပါတယ် ။ဘန်ကောက်က လုပ်ပေးတဲ့
သူကလည်းလည်ပါတယ် စာမျက်နှာတိုင်းမှာကော်သုတ်ပေးခဲ့တာပေါ့ အဲတော့ ဒီပို့ တုံးကဖျက်လို့လွယ်သွား
တာပေါ့ လေ.....ဖျက်တယ် နောက်ပြီးမောင်အယင်ဂျပန်ကိုဝင်တယ် ဒီတခါတော့နပ်သွားပြီ JAL နဲ့ဝင်တယ်
လက်မှတ်ခဈေးကြီးယင် ကြီးပေ့စေပေါ့ ၀င်လို့ရဖို့ကအရေး ကြီးတာကို ၊ မနက်စောစောပဲ ဂျပန်ကိုဝင်လို့
ရသွားတယ်။ဝင်လိုကရပြန်တော့ ကေကိုစိုးရိမ်ရပြန်ရော သူအ၀င်ရခက်မှာစိုးလို့ ဒါပေမယ့်တစ်ပါတ်ကြာတော့သူရောက်လာခဲ့ တယ် အဲဂျပန်လိုဘာမှမသိတဲ့ ကေ့ကိုဂျပန်စာစသင်ပေးတော့တာပေါ့
ရောက်ရောက်ချင်းအလုပ်မရဘူးလေ ...နွေရာသီကျောင်းပိတ်ရက်နဲ့တိုးနေတာကိုး အဲတာနဲ့ အမှတ်မရှိတောင်
ပေါ်ကိုဖုန်းဆက်လိုက်မိတယ် သူဋ္ဌေးကလာခဲ့ လို့ပြောတယ်အဲတာနဲ့ ကေ့ကိုပါခေါ်ပြီးတောင်
ပေါ်ကိုတစ်ခေါက် အရောက်သွားဖြစ်ပြန်တယ် အဆင်မပြေပါဘူး ဟိုရောက်တော့ ဘယ်နိုင်ငံက ကုလားတွေ
ရောက်နေလဲမသိ ကိုတိုးတို့လည်းမရှိ တော့ဘူး အားလုံးပြောင်းလဲနေပြီ....။ အလုပ်မဖြစ်တာနဲ့ တောင်ပေါ်ကပြန်ဆင်းလာတယ် ပွဲခပေးပြီး အလုပ်ဝင်ပါတယ် အလုပ်ဆက်တိုက်ရလိုကတစ်နေ့အလုပ်ချိန်
၁၈နာရီလုပ်ခဲ့တယ် သုံးလအတွင်းမှာပဲထိုင်စားခဲ့တဲ့ သုံးလစာအကြွေးကျေတယ် လူလည်းဘုံးဘုံးလဲတော့
တာ။ အလုပ်တွေလည်းပြုတ်ကုန်တယ် ။နောက်နေပြန်ကောင်းတော့ တနေ့၁၃နာရီလောက်ပဲလုပ်မယ်လို့ဆုံး
ဖြတ်လိုက်တယ် Isagaya(ဂျပန်ရိုးရာဆိုင်) နဲ့ Sushi (ဆူရှီ ဆိုင်) မှာ အလုပ်ရတယ် တနေ့ဆယ့်သုံးနာရီ
ညနေလေးနာရီကနေကိုးနာရီအထိ တစ်ပိုင်း နောက်ညဆယ်နာရီကနေမနက်ငါးနာရီ အထိတစ်ပိုင်းပေါ့
ခုမှအခြေကျတော့တယ် ကေလည်းခေါက်ဆွဲဆိုင်မှာအလုပ်ရ တယ် တပူးတွဲတွဲဖြူစင်သန့်ရှင်းဆဲပါ ။သူငယ်
ချင်းတွေကမယုံကြဘူး နေပေါ့ ချစ်သူမောင်ဆိုတာ ဘာကိုမှသိပ်ဂရုမစိုက်တဲ့ကောင်ပဲဟာ ။ ညနေပိုင်းအလုပ်ကအဆင်ပြေတယ် ညအလုပ်ကအကုသိုလ်များပါတယ် ။ငါးလှီးတဲ့အလုပ် ငါးအရှင်လတ်လတ်ကို အသားလွှာတာ ငါးကမသေပဲ စားသုံးသူရှေ့အရောက်ပါစပ်ဟစိဟစိနဲ့ ခုထိပြန်တွေးယင်အဲဒီအကုသိုလ်တွေ ကျောချမ်းတယ် ။ဒါပေမယ့်သုံးလလောက်လုပ်ပြီးအိမ်ခန်းလေး တစ်ခန်းငှားနိုင်တယ် ကေနဲ့ရှယ်ယာပေါ့ အခန်းနှစ်ခန်းပါတယ် ရေချိုးခန်းမပါဘူး အိမ်သာပါတယ် တစ်ခန်းစီ
နေကြတယ်။ညအလုပ်ကိုစိတ်ပျက်တာနဲ့ ညနေအလုပ်ကိုတစ်ညလုံးလုပ်ဖို့ဆုံးဖြတ်ပြီး ညနေဆိုင်မှာပဲ ညနေ၎
နာရီကနေ မနက်၅နာရီအထိ ကေနဲ့ တူတူပဲလုပ်ဖြစ်ခဲ့ တော့တယ် အလုပ်နာမည်က အချိန်ပိုင်းအလုပ်သမား
တစ်ကယ်တော့လခစားမတပ်ယုံ တမည်ပါ ဘာလို့လဲဆိုတော့ လခစားအခွင့်ရေးအပြည့်ဝရပါတယ်
ပတ်တိုင်း ဆိုပေမယ့်အရာရောက်ပါတယ် ။နောက်ပြီးမောင်က ဂျပန်စားဖိုမှုးပညာမှာအမြင့်ဆုံးဖြစ်တဲ့ဆူရှီ
ပွဲပြင်တဲ့ အတတ်ကို ဆူရှီဆိုင်ကနေတတ်ခဲ့တာကိုး။နောက်အချက်အပြုတ် ပိုင်းလည်းတတ်လာတော့ certificate ထုတ်ပေးတယ် ဖိုထဲမာမောင်အကြီးဆုံးပေါ့ ။ပြောတာပါ တစ်ဆိုင်လုံးမောင့်လက်မောင့်ခြေပါပဲ
အခုမှစတွေ့တော့တာ မောင်တို့ရောက်ပြီးတစ်နှစ်ပြည့်တော့သံသရာတစ်ပတ်လည်ခဲ့ပြီလေ။
နွေရာသီကျောင်းပိတ်
ရက်ရောက်လာပြန်ပေါ့ အဲဒီမှာ ဂျပန်လူမျိုးပတ်တိုင်း အလုပ်သမားလေးတွေဆိုင်ကိုဝင်လိုက်ထွက်လိုက်နဲ့
ပေါ့။Yoshida Miyuki နဲ့ စတွေ့ဖြစ်ခဲ့ တော့တာပေါ့ ..........ဂျပန်မချောချောလေး ပါ တက္ကသိုလ်ပိတ်တုန်း
ပတ်တိုင်းဝင်လုပ်တာ ဒါပေမယ့်သူဘွဲ့အရစောင့်တာဆိုတော့ဆိုင်မှာတော်တော်ကြာသွားတယ် မောင်က
သူ့ကိုစိတ်ဝင်စားတယ် ကေနဲ့ ဖြူစင်တယ်ဆိုတာအစကသူမယုံဘူး တစ်အိမ်တည်းအတူနေတာဆိုတော့
နောက်တော့ကေနဲ့ သူအဖွဲ့ ကျသွားတယ်မိန်းကလေးတွေအဖွဲ့ကျသွားယင်လည်းကြောက်စရာတော်တော် ကောင်း ယောရှီဒါလည်း Myanmar cultural ကိုလေ့လာတော့တယ် ကေကလည်းတိုက်တွန်းမှာပေါ့
အဲဒီအချိန် မှာမောင်ကသမီးလို့ ခေါ်တဲ့ ကေ့ရင်ထဲဘယ်လိုခံစားရမလဲမောင်မတွေးဖြစ်ခဲ့တာအမှန်ပါ......

Monday, November 17, 2008

ချစ်သူမောင်၏စိတ်ဒါဏ်ရာအမာရွတ်များ(၄)

အဲဒီနိုင်ငံကို မသွားခင် အဖေ မှာလိုက်တဲ့စကားတစ်ခွန်းရှိပါတယ် လူ့အောက်ကျို့လို့ လူပိမသေဘူး
သစ်ပင်အောက်ကျို့ယင်တော့သစ်ပင်ပိသေတတ်တယ်တဲ့။အဲလိုမှာလိုက်တာ တစ်ကယ်တော့လူအောက်
ကျို့ယင်းနဲ့ နင်းပြားဖြစ်သွားရတဲ့ ဘ၀ပါ။ငဖြိုးနိုင့်ထက်စီးနင်းလုပ်တာခံရသလို ဒေါ်မိုးမိုးကလည်း ခေါင်းပုံ
ဖြတ်အမြတ်ထုတ် ငွေတော်တော်များများ ဆုံးရှုံးသွားခဲ့ ရတယ် တစ်ကယ်တော့တောင်ပေါ်မှာ သစ်ပင်ပိမသေခဲ့တာအပြေးကောင်းလို့ ဖြစ်ပုံကဒီလို တောင်ကမ်းပါးရံက အပင်ကြီးကိုလှဲတာ
လူနှစ်ဖက်လောက်ရှိမှာပေါ့ ဆွဲလှဲဖို့ကြိုးကမမှီတမှီ အောက်ကနေချိန်းဆော နဲ့ဖြတ်တဲ့သူကတစ်ယောက်ဲ
လဲကာနီးအဖျားမှာချည်ထားတဲ့ကြိုးကိုဆွဲလှဲတော့ သစ်ပင်လဲပြီးလူနောက်တဟုန်ထိုးလိုက်လာတာပေါ့
တောင်ကမ်းပါးယံကိုး ဘာပြောကောင်းမလဲပြေးတာဖနောင့်နဲ့တင်ပါးတစ်သားတည်းမကျရုံတမည်ပေါ့
သစ်ပင်ကြီး အရှိန်မသေမချင်းရပ်မရအောင်ပြေးရတာ နောက်တစ်ခုအတွေ့ကြုံပါ ။လူကအရွတ်တုံးဖြစ်သွားတာ ကမ်းပါးယံကိုညှိတော့ ဘက်ဖိုးနဲ့ညှိတာလေ မြွေတွင်းတွေလည်းရှိတယ် အဲမှာမြွေဖမ်းပစ်လိုက်တယ်
ထွက်လာတဲ့မြွေခေါင်းကိုဆတ်ကနဲဖမ်းညှစ်ပစ်တာ အစွယ်နဲ့လွတ်သွားလို့နို့မို့ဆို ချစ်သူမောင်ခုချိန်မှာ
မရှိတော့ဘူးလေ ဟီး.......ထားပါလေ လူညစ်နေတော့ပေါက်ကရလုပ်ခဲ့ တာလေးအမှတ်တရထည့်ရေး
တာပါ ။အဲဒီအချိန်မှာကြောက်စိတ်ဆိုတာလည်းမရှိတော့ဘူးလေ။လုပ်ချင်ရာစွတ်လုပ်တော့တာ ခုချိန်မြွေ
တစ်ကောင်လောက်ဖမ်းပြဆိုယင်တော့ ကိုင်ရဲဖို့နေနေသာသာ အသည်းယားတာနဲ့ တင် တခုခုနဲ့ ရိုက်ပစ်
မှာ။ချစ်သူမောင်သစ်ပင်ပိလို့မသေပဲလူ့အောက်ကျို့လွန်းလို့ သူများနိုင့်ထက်စီးနင်း လုပ်တာခံရတော့တာ
အဖေ့ မှာကြားချက်မှားတယ်လို့တော့မပြောပါဘူး ချစ်သူမောင်အတွက်မမှန်တာပါ။ အမှန်တော့ ကိုယ်နိုင်ငံသားက နိုင်ငံခြားမှာကြောက်ဖို့ကောင်းတယ် ။လှီးမယ် ခုတ်မယ်ထစ်မယ်ဆိုတာမျိုးတွေပါ
အဲလိုနဲ့ Hamura မှာမနေနိုင်တဲ့ အဆုံးတိုကျိုကိုပြန်လာခဲ့ တယ် Ikebukoro ဘူတာရုံရှေ့က ပန်းခြံထဲမှာ
ချမ်းချမ်းစီးစီးကြီး ကဒ်ထူပုံးခင်းပြီးအိပ်ခဲ့ဘူးတယ် တောင်ပေါ်ကိုဖုံးဆက်လိုက်တော့ကိုတိုးလှမ်းပေးလိုက်တဲ့
လိပ်စာကိုမသွားတတ်လို့ နောက်ပြီး ညမိုးချုပ်နေတာလည်းပါတာပေါ့။နောက်နေ့မနက် ကိုတိုးရဲ့ယောက်ဖ ကိုဘိုဘို အိမ်ကိုသွားရှာတယ် တစ်ကယ်တော့ ကိုဘိုဘို ကစိတ်ထားကောင်းတယ် ကျေးဇူးရှင်တစ်ယောက်ပါ
အလုပ်လည်းသွင်းပေးတဲ့ အပြင် ငွေကြေးစကားတစ်ခွန်းမှမပြောခဲ့ပါဘူးအိမ်ပေါ်မှာလည်းတင်ထားတယ်
ခင်ဖို့လည်းကောင်းတယ် ခုတောကဂျပန်မနဲ့အိမ်ထောင်ကျပြီးအပြီးပြန်မလာတော့ဘူး။
ဒါပေမယ့် မောင်အဲဒီအချိန်ကငယ်သေးတာကိုး အိမ်ကိုလည်းလွမ်းတယ် (အိမ်နဲ့ မတည့်တာတောင်)
သူငယ်ချင်းတွေကိုလည်းလွမ်းတယ် ရန်ကုန်မှာရှိတဲ့အရာအားလုံးကိုလွမ်းတယ် အဲတာနဲ့တနှစ်မပြည့်
တပြည့်မှာပဲ ရန်ကုန်ပြန်လာဖြစ်ခဲ့ တာပေါ့ ။အဓိကအဲ့အချိန်ကမီးကိုလွမ်းတာပဲဖြစ်မှာ အသက်က
ငယ်သေးတယ် ဆယ်ကိုးနှစ် ကျော်လောက်ပဲ ရှိဦးမှာ ။နောက်တော့မီးနဲ့ အင်္ဂါနေ့တိုင်းလိုလိုတွေ့ဖြစ်တယ်
ဒါပေမယ့်မီး မောင့်ကိုအဖြေမပေးပဲထားတယ် မောင်တော်တော်ညစ်လာတယ် အဲတာနဲ့ မန္တလေး၁၆လမ်း
မီးလောင်ပြင်ကိုကံထရိုက်ဆောက်ဖို့ဖြစ်လာတယ် အဲတာနဲ့ မောင်လည်းမန္တလေး ကိုကံထရိုက်အဖွဲ့နဲ့
လိုက်သွားဖြစ်တော့တယ်မောင်တော်တော်ပေပေတေတေ နေဖြစ်ခဲ့တာ ခရီးပေါင်းစုံရောက်လို့ ပေါ့ ပုဂံ၊
ညောင်ဦး ၊ပုပ္ပား အစရှိသဖြင့်ပေါ့ အဲမှာမောင့်အစ်ကိုဝမ်းကွဲလူပျို ကြီးတစ်ယောက်ပါတယ် သူမိန်းမရရေး
မောင် လှုပ်ရှားတာလည်းပါတယ် ပေါ့။အမျိုးချင်းပေးစားမလို့သူ့ကိုလူကြီးတွေစီစဉ်တာ အမှန်တော့
အမျိုးဆိုတာဟိုဖက်မျိုးဒီဖက်မျိုးပါ ဦးလေးမိန်းမဖက်ကအမျိုးနဲ့ သူ့ကိုပေးစားဖို့ ပေါ့ အဲဒီမှာ မောင်လိုက်ပြီးလေနေခဲ့ တာပေါ့၊သူနဲ့စီစဉ် တဲ့ ကောင်မလေးက ကသာက သူနဲ့ တွဲပြီးမောင် ကသာမှာ
တစ်လလောက်နေဖြစ်ခဲ့တာပေါ့။သူ့ ကြောင့်အမျိုးတွေကြားမှာမောင်တော်တော်နာမည်ကြီးခဲ့တာပေါ့
သူ့ကောင်မလေးရဲ့တူမနဲ့မောင်နဲ့ အတော်ခင်ခဲ့ ကြတာကိုး နောက်ပိုင်းလည်း စာအဆက်သွယ်ရှိသေးတယ်
ခုတော့ကလေးတစ်ယောက်ဆိုလားနှစ်ယောက်ဆိုလား ရနေပြီတဲ့လေ.....။ ထားပါအဲဒီအရွတ်တုံး စိတ်ဒါဏ်
ရာကမပျောက်ခဲ့ပါဘူး ကသာကနေပြန်လာတော့အဖေနဲ့ မတည့်ပြန်ဘူး အဲမှာမန္တလေးကန်ထရိုက်ကဆက်
မလုပ်ဖြစ်ခဲ့တော့ဘူး။နောက်တော့ရန်ကုန်ပြန်လာ ဘုရင့်နောင် ပွဲရုံတန်း ဆောက်ဖို့စလာရောလေ မောင်
ကအလုပ်မကြောက်တတ်တာဆိုတော့ သဲထဲနွံထဲလည်း သွားတာပဲဆောက်တာပဲဆောက်တဲ့ အချိန်တွေ
မောင်နဲ့မီးဝေးနေခဲ့ကြတယ် မီးကိုမောင်နောက်ဆုံးပေးခဲ့ တဲ့စာထဲကအတိုင်း နှစ်ယောက်စာ
မောင်တစ်ယောက်တည်းလွမ်းနေပေးပါ့မယ် ဆိုတဲ့အတိုင်း မောင်ဆိတ်ဆိတ်နေခဲ့ တာပေါ့ .....
ဘုရင့်နောင်က(ခ)၂၄ အဆောက်ဦမပြီးခင်မှာပဲ မောင်နောက်တစ်ခေါက် ချယ်ရီပွင့်တဲ့ နိုင်ငံကို ပြန်ရောက်ဖြစ်ခဲ့ရပြန်တယ် ခက်ခက်ခဲခဲဟုတ်ပါဘူး ဒါပေမယ့်အဲ့ဒီအချိန်က ခက်ခဲခဲ့တယ်လေ ...ဘာလို့လည်းဆိုတော့မြကေခိုင်ဆိုတဲ့ ကောင်မလေးတစ်ယောက်ကိုသနားလို့ကူညီပေးခဲ့တာကြောင့်
ပေါ့ မောင် သစ္စာမရှိတာတော့မဟုတ်ပါဘူး မရှိချင်တော့တာဖြစ်မယ် အဲဒီအချိန်တုန်းက မောင့်စိတ်တွေ
အခြေနေမဲ့ လေနေခဲ့တယ်လေ....................။

ချစ်သူမောင်၏စိတ်ဒါဏ်ရာအမာရွတ်များ(၃)

အင်းလေ ဟုတ်ပါတယ် တစ်ကယ်ချစ်တာပါဆိုနေ.....မီး ယုံအောင်ကိုယ်ဘယ်လိုပြောရမလဲ တစ်ကယ်
သိရအောင်မီးကိုမေးလိုက်တယ်လေ ဘယ်သူလဲ ဘယ်ကလဲ တောင်ကြီးကတဲ့ အဲ ...ထားပါတော့လေ
မီးကိုချစ်တဲ့အချစ်တွေမျိုသိပ်ပြီး နှစ်ယောက်စာရင်ကအလွမ်းတွေကိုပဲ ကြိတ်ခံစားတော့မယ်ဆိုပြီး မီးရဲ့
အပါးကပြေးထွက်ခဲ့ ပေမယ့် မောင်ပြေးလို့မလွတ်ခဲ့ပါဘူး နိုဝင်္ဘာရောက်တိုင်း မီးနဲ့တွေ့ဖြစ်တယ်
တစ်ကယ်တော့ နော့(ဗ)ဒက်ဇ ဆိုတာမောင့်အတွက်အိပ်မက်မဟုတ်ပါလား ချစ်ရတဲ့မီးရေ.......
အဲဒီမှာအဖေကအပြတ် ကြော်ငြာလာခဲ့ တယ် လုံးဝသဘောမတူနိုင်ဘူးဆိုတာနဲ့ အတူမီးနဲ့ ဝေးတဲ့အရပ်
ချယ်ရီပန်းတွေပွင့်တဲ့ အရပ် ကို သွားချင်နေတဲ့ မောင့်ကို သွားခွင့်ပေးခဲ့ပြန်တယ်.....မီးထံတော့မောင်
စာအရေးမပျက်ခဲ့ ပါဘူး ။အဲဒီမှာအလုပ်အပိုင်းရောက်လာခဲ့ ပြန်တယ် ရောက်သွားတဲ့ နေရာကစကီးဂျော
နားကအ၀တ်လျှော်ရုံ တစ်ရုံကိုပါ tsumagoi mura ဆိုတဲ့ ဂျပန်နိုင်ငံကရွာငယ်လေးတစ်ရွာကိုပေါ့။
အဲတာလည်း အဖေ့ရဲ့သူငယ်ချင်းရဲ့သား ကျွန်တော့ထက်အသက်အများကြီးကြီးတဲ့ ကိုတိုး ကခေါ်ပေး
လို့ လေ...ရောက်စကတော့အဆင်ပြေပါတယ် ကျွန်တော်နဲ့ အတူငဖြိုးဆိုတဲ့ ကိုတိုးရဲ့ ညီတစ်ယောက်
တူတူ ပါ လာတယ်။ သူကနဲနဲဆိုးတယ် အဲ စကီးစီးတဲ့ရာသီကုန်သွားတဲ့အခါ စက်ရုံမှာလူတွေပိုနေတော့
တာပေါ့...သူဋ္ဌေးကလည်းလူပိုမထားချင်တော့ ကွန်စထရပ်ရှင် လုပ်နေတဲ့ သူ့သူငယ်ချင်းထံလက်ဆင့်
ကမ်း လိုက်တယ် ကျွန်တော်နဲ့ ကိုချို့ ကို ငဖြိုးကျတော့ ဘာလို့မပါလဲမေးစရာဖြစ်လာတယ် သူက ကိုတိုး
ရဲ့ညီကိုး ကိုတိုးကသူဋ္ဌေးရဲ့လူယုံဖြစ်တာဆိုတော့ မောင်တို့ ကံ မောင်တို့ခံပေရော့ စိတ်ကအရွတ်တုံး
စိတ် နဲ့ တောင်ပေါ်မှာမြေကြီးပေါက်ရတယ် ဘာလို့လဲဆို ဂျပန်နိုင်ငံရဲ့ တောင်တန်းဒေသ ကအင်မန်မှ
စံနစ်ကျပါတယ် တောင်မပြိုအောင်တောင်နံရံတွေကို ကွန်ကရစ်လောင်းတာပါ အဲမလောင်းခင် အပင်
တွေရှင်းလင်း မြေညှိ မြေတိုင်းတဲ့ အလုပ် လုပ်ရပါတယ် ။မြေတိုင်းတော့တြီဂိုမှာသင်ခဲ့ ရတဲ့မနီမနီ
ထထ၊ထထနီမနီမ ကတော်တော်အသုံးဝင်တယ် sin,cos,tan,cotan တွေနဲ့ နိမ့်ထောင့်မြင့်ထောင့်တွေ
တောင်နံရံရဲ့ အမြင့် အကွာအဝေး တိုင်းတာတွက်ချက်တာတွေ သိနားလည်ခဲ့ ရပြန်တယ်ဒါပေမယ့်
မောင်လုပ်ခဲ့တာ မြေကြီးပေါက်တဲ့ အလုပ် ။စိတ်ဒါဏ်ရာရတာကတော့ လူလူခြင်း ခွဲခြား ဆက်ဆံခံ
ရခြင်းပေါ့ မောင့်ကို သူဋ္ဌေး ဘယ်လိုပဲချစ်တယ်ပြောပြော အလကားပါ ကိုတိုးကလည်းဘယ်လောက်ခင်
ခင်ညီအစ်ကိုလို မခင်နိုင်ဘူး ဒါပေမယ့် ခေါင်းပုံဖြတ်မှုတစ်မျိုး ထပ်ကြုံရတာက မောင်တို့မြေကြီးပေါက်တဲ့
အလုပ်က ငွေပိုရတယ် ရတဲ့ လစာကိုသူဋ္ဌေးက ကိုင်ပြီး သူ့စက်ရုံကလခအတိုင်းရှင်းပေးတဲ့အခါ
နောက်ထပ် စိတ်ဒါဏ်ရာဖြစ်ရပြန်တယ်......စိတ်နာနာနဲ့ အဲဒီတောင်ပေါ်ကိုစွန့်ဖို့စဉ်းစားဖြစ်လိုက်တယ်
အဲတာနဲ့ Hamura ကဒေါ်မိုးမိုး ဆိုဂျပန်ကပြန်လာတဲ့သူအတော်များများသူ့အကြောင်းသိကြပါတယ်
သူနဲ့ တွေ့ပြန်တော့စိတ်ဒါဏ်ရာထပ်ဖြစ်ရပြန်တယ်.....သူကပွဲစား(အလုပ်) နောက်ပြီး အိမ်ငှားတယ်
ကျောချစရာနေရာတစ်ခုကို တစ်လယန်း ၃၅၀၀၀ တဲ့ လေ သူသွင်းပေးတဲ့အလုပ်ကတော်တော်ဝေးတယ်
ဘတ်စကားလည်းမပေါက် စက်ဘီးလေးဆယ့်ငါးမိနစ်လောက် စီးရတယ် အဲဒေါ်မိုးမိုးရဲ့အိမ်အကြောင်း
ပြောရဦးမယ် အိမ်ဆိုတာထက်တန်းလျားပါ ဒုက္ခသည်စခန်းနဲ့ပိုတူတယ် အားလုံး မိန်းကလေးယောက်ျား
လေး တပြေးညီအိပ်ရတယ် ။ မောင်ကတော့အလုပ်ကနေအိမ်ပြန်ရမှာအကြောက် ဆုံးပဲ တစ်ကယ့်ငရဲပါ
တစ်ရွာမပြောင်းသူကောင်းမဖြစ်ဆိုပေမယ့် သေချင်တဲ့ကျားတောပြောင်းတာပါ....

Sunday, November 16, 2008

ချစ်သူမောင်၏စိတ်ဒါဏ်ရာအမာရွတ်များ(၂)

ဒီလိုနဲ့ ကျွန်တော်ကြီးပြင်းခဲ့ရတယ်လေ.....
အဲဒီမှာကျွန်တောကစိတ်ဒါဏ်ရာအမာရွတ်တစ်ခုရခဲ့တယ် ။အရွဲ့တိုက်ခြင်းဆိုတဲ့အမာရွတ်တစ်ခုပေါ့။
ခစ်ရတဲ့သူကိုရချစ်ခွင့်မပန်ဖြစ်ခဲ့တော့ ပါ။ဒီလိုနဲ့ ကျောင်းတက်ရင်း ၁၉၈၈ အရေးခင်းဖြစ်တော့
ကျောင်းတွေပိတ်သွားခဲ့ ပါတယ်။ အရေးခင်းပြီးခါစ ၁၉၈၈ ရဲ့နိုဝင်္ဘာ နောက်ဆုံးပိုင်းလတွေမှာပေါ့
တရုတ်စက်ဘီးတွေပေါခြင်းသောခြင်းဝင်လာတဲ့ အချိန် မှာစက်ဘီးစီးဖြစ်ပါတယ် ကျန်းမာရေးအတွက်
အကြောင်းပြဖြစ်ပါတယ် ကျွန်တော်ကတော့တရုတ်ဘီးမစီးဖြစ်ပါဘူး။ကိုယ်တိုင်ဆင်ထားတဲ့ချိုးဘီးလေး
ကိုသာမြတ်မြတ်နိုးနိုးစီးဖြစ်ခဲ့တာပေါ့။ မနက်အစောကြီး၎နာရီလောက်ပုံမှန်ထစီးဖြစ်ပါတယ်။တစ်နေ့တော့
အဲဒီတနေ့မှာ ချစ်စရာကောင်းသူတစ်ယောက်နဲ့ စတင်တွေကရှိပါတော့တယ်။ စက်ဘီးစီးနေယင်းပေါ့
တွေ့တွေ့ချင်း စိတ်ဝင်စားသွားတယ်ဆိုလေမလား...အဲဒီနေ့က နာမည်သိယုံလေးမိတ်ဆက်ဖြစ်ခဲ့တာ
ဦးဝိစာရအ၀ိုင်းအနီးမှာပေါ့။ သူ့နာမည်ကမီးမီးတဲ့ သူ့ကို "မီးငယ်"လို့ ရင်ထဲကခေါ်ဖြစ်တယ် နောက်
တစ်နေ့သူတို့နဲ့ တွေ့ဖြစ်ခဲ့ပါတယ်မှတ်မှတ်ရရ အဲဒီနေ့က နှင်းတွေတအားကျနေပြီး နိုဝင်္ဘာလ၂၇ရက်
၁၉၉၈ ပေါ့။မ၀ံ့ ရဲစွာပဲအပြာရောင်မီးခြစ်လေးတစ်လုံးလက်ဆောင်ပေးဖြစ်ခဲ့တယ်။သူကဘာလုပ်ဖို့လဲ
လို့မေးပါတယ်..ကျွန်တော်ကလည်းမ၀ံရဲစွာဖြေဖြစ်တာက မီးငယ် ချစ်ဖို့တဲ့ ဒီလိုနဲ့ ခင်မင်မှုလေးတွေ
အစပျိုးခဲ့တယ် အဲဒီအချိန် ကျွန်တော်တို့တတွေရန်ကုန်မြေ အနှံစက်ဘီးလေးတွေနဲ့ ခြေဆန့်ဖြစ်ခဲ့တယ်
မီးငယ်က ကျွန်တောကစက်ဘီးနောက်က ကယ်ရီယာပေါ်ကပေါ့။ မှတ်မှတ်ထင်ထင် ၁၉၈၈ ရဲ့ ဒီဇင်္ဘာလ
၂၅ ခရစ္စမတ်နေ့မှာ ကျွန်တော်တို့ ကုက္ကိုင်း ဘုရားကျောင်းဝင်း ထဲမှာ တစ်နေကုန်နီးပါးပြောလက်စ
စကားတွေမကုန်အောင်ဖောင်ဖွဲ့ ဖြစ်ခဲ့တယ် အပျော်ဆုံး ကာလတွေပဲဖြစ်လိမ့်မလားပေါ့ ဒါပေမယ့်
၁၉၈၉ ဇန္န၀ါရီလ ၁ ရက် နေ့ကျွန်တော်ကက်ဆက်ခွေအငှား ဆိုင်လေးဖွင့်ဖြစ်တဲ့ဖွင့်ပွဲကို မီငယ် တို့ ကို
ဖိတ်ဖြစ်ခဲ့တယ် အမှန်တော့စည်းကမ်းချက် ၁၁ ချက်နဲ့မကိုက်ပါဘူး ဒါပေမယ့် ရင်ထဲက သိုသိပ်ထား
ခဲ့ တဲ့ အချစ်တွေနဲ့ မီးငယ်ကို အားလုံးပုံချစ်ခဲ့မိတယ် ။အဲဒီနေ့က အဖေတို့နဲ့ အကြီးကျယ်ပြဿနာ
တက်တဲ့ နေ့တစ်နေ့အဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ် ။ ဘာပဲဖြစ်ဖြစ် ချစ်မိပြီဆိုမှနောက်မဆုတ်တမ်းပေါ့
ဒါပေမယ့် ကံကမကောင်းပါဘူးမီးကိုချစ်ခွင့်ပန်ခဲ့ ပေမယ့် သူ့မှာချစ်သူရှိပြီးသားတဲ့။ခံရခက်တယ်
ဘ၀ကအဲဒီလိုပါပဲ ဒါပေမယ့် ကျွန်တော် ကတော့ချစ်မြဲပါ.........စိတ်ညစ်လွန်းအားကြီးလို့ကျွန်တော်
အိမ်ကခဏတ ဖြုတ်ထွက်ပြေးဖြစ်ခဲ့တယ် အညာအရပ်ဒေသဆီ သူငယ်ချင်းများရှိရာဆီကိုပါ ။အဲဒီလိုနဲ့
စိတ်ဒါဏ်ရာနောက်တစ်ခုထပ်တိုးခဲ့ပေါ့ ပထမကမိဘစကားနားထောင်လို့ ရတဲ့စိတ်ဒါဏ်ရာအမာရွတ်ပါ
ဒီတစ်ခုကတော့မည်သူမပြုမိမိမှုပါလေ........မီးငယ်နဲ့ တစ်ကယ်တော့မဝေးခဲ့ပါဘူး။ဒါပေမယ့်အသည်း
တွေကွဲလိုက်ရတာ.....အချိန်တော်တော်ကြာအခုထိဆိုမလား NOV-DEC ဆိုယင် မီးငယ်ကိုသတိရပါတယ်။

Tuesday, October 14, 2008

ချစ်သူမောင်၏ စိတ်ဒါဏ်ရာ အမာရွတ်များ(၁)

ငယ်စဉ်တောင်ကျေးကလေးဘ၀ကစလို့ ဘာမှအသုံးမကျခဲ့ လို့ပြောလို့မရသလို အသုံးကျပါတယ်ဆိုတာလည်း
ပြောလို့မရခဲ့ပါ။ မထင်မရှားလှိုင်မြို့နယ် ရဲ့ မူလတန်းကျောင်းလေးမှာစပြီးကျောင်းတက်ခဲ့ရတယ် အဲဒီမတိုင်မီ
မူကြို ဆိုတာ စီးကရက်စက်ရုံအမှတ်(၂) နားက မူကြိုလေးတစ်ခုမှာကျောင်းသားဘ၀ကိုစတင်ခဲ့ပါတယ်...........
စာလည်းသိပ်တော့အတော်ကြီးမဟုတ်ခဲ့ပါ ဒါပေမယ့် မူလတန်းကျောင်းမှာတော့ နှစ်စဉ် ပညာရည်ချွန်ဆုရခဲ့
ဘူးတယ်၊ မှတ်မှတ်ရရ စတုတ္ထတန်း အောင်တော့ အထက်တန်းကျောင်းကိုပြောင်းခဲ့ ရတယ် အိမ်က စည်းကမ်း
ကြီးတယ် အမေက ပညာတတ်စေချင်တယ် အဖေကပညာတော်စေချင်တယ် ၊ငယ်ငယ်တည်းက မနက်ပိုင်း ကျောင်း
ကအပြန် ညနေပိုင်းတွေအားနေယင်အဖေ့နောက်တစ်ကောက်ကောက်လိုက်ခဲ့ တယ် ညောင်ပင်လေးဈေး (အဲဒီ
တုန်းကတစ်ထပ်ဈေးပဲရှိသေးတယ်) သိမ်ကြီးဈေး (အုတ်နဲ့ အခိုင်အမာဆောက်ထားတဲ့ဈေး) နောက်အခု
ဗိုလ်ရွဲလမ်းလို့ ခေါ်တဲ့ တစ်ချိန်ကမောင်ခိုင်လမ်း ဘ၀တွေကအဲဒီမှာကျင်လည်ခဲ့ရတယ်။ အဖေကကုန်သည်
Production လုပ်တယ် ။ဘာလဲဆိုတော့အဖိုးလက်ထက်တည်းကလုပ်လာခဲ့တဲ့ နှမ်းလှော်လုပ်ငန်းပါ ဒါပေမယ့်
စီးပွားရေး ကောင်းလှတယ်တော့လည်းမဟုတ်တဲ့ ခေတ်မှာ မဆိုးဘူးလို့ပြောရမလားမသိခဲ့ အဲဒီတုန်းက
သုံးဘီးနှစ်စီး အဖွားကပိုင်တယ် အဖေမောင်းယင်မောင်းဒါမှမဟုတ် ဒရိုင်ဘာအငှားတင်ထားတယ်။ အဲတာ ကလေး
ဘ၀ ၊နောက်တော့ သုံးဘီးတွေနယ်ပို့မယ်ဆိုတဲ့ အသံမကြားခင်မှာပဲ သုံးဘီးကားတွေရောင်းပစ်လိုက်တယ်
ပရက်စတိုလေးတစ်စီး အဖေ၀ယ်လိုက်တယ် ငါးချိတ်ပါ ကုန်ပို့ဖို့ရည်ရွယ်ချက်နဲ့ အဲဒီအချိန်မှာငါးတန်း
ခြောက်တန်းလောက်ရောက် နေခဲ့ ပြီပဲ ။ ကုန်ပို့ပြီးအပြန်သားအဖ နှစ်ယောက် ကားဆွဲတယ်ဆူးလေကနေသမိုင်း
လမ်းဆုံအထိပေါ့အဖေရှေ့ကမောင်းတော့ ကျွန်တော်နောက်ကစပယ်ရာလိုက်တယ် အဲဒီတုန်းကလိုင်းကားဆိုလို့
နံပါတ် (၈) ဟီးနိုးလောက်ပဲ ရှိသေးတာလေ..(၁၇) လိုင်းမပေါ်သေးဘူး အဲဒီ(၁၇) လိုင်းဆိုတာအခု (၄၈)လိုင်းပါ
ကျောင်းအားတဲ့ ရက်တွေဆိုစပယ်ရာလိုက်ဖြစ်ခဲ့ပါတယ်။ ဘ၀ကိုလှုပ်ရှားရုန်းကန်မှုနဲ့စခဲ့တယ်ဆိုမလား
ဒါမှမဟုတ်ကလေး ဘ၀ကအပျော်လုပ်ခဲ့ တာလို့ထင်ကြမလား အဲထားပါလေအဲတာတွေ ခေါင်းစဉ်နဲ့သိပ်မဆိုင်
သလို ပဲ.....ထားပါလေ အထက်တန်းကျောင်းမှာ ပထမဦးဆုံးအကြိမ်ဒဿမတန်းကို ကျရှုံးခဲ့ ရတယ်စာမေးပွဲကျတာ
အဆန်းလားလို့မေးယင် ကျွန်တော့အတွက်တော့အဆန်းပါ တစ်ခါမှမကျခဲ့ဘူးပဲကိုး အဲဒီမှာစပြီးနာကျည်းတတ်
သွားခဲ့တာပါ လောကကိုလည်းရွဲ့ တတ်သွားတယ် ဘာကိုမှဂရုမစိုက်တတ်တောကလောက်အောင်ပါပဲ စာကျက်စါးပွဲ
ပေါ်က စာအုပ်တွေပေါ်ခြေထောက်တင်ပြီးစာကျက်တတ်လာတယ် ရွဲ့တတ်လာတာ ၊ကောင်းတော့သိပ်မကောင်း
ပါဘူး... ဒါပေမယ့်အရွဲ့ တိုက်တတ်လာတာ အဲဒီကစတယ်လို့ထင်ပါတယ် ။ အဲဒီဆယ်တန်း ဒုတိယနှစ်မှာ
ဆေးလိပ်ကို ဘူးလိုက်ကိုင်သောက်တတ်နေခဲ့ပြီလေ လူ့အပေအတေလေးတစ်ယောက်ဖြစ်နေခဲ့ ပေါ့။
ဆယ်တန်းအောင်တေှာု့ တက္ကသိုလ်မရောက်ခင် အချိန်မှာ အိမ်အလုပ်တွေဝိုင်းကူယင်း ဒီလိုပဲနေဖြစ်ခဲ့ တယ်
တက္ကသိုလ်ကိုပထမဆုံး တက်ရမဲ့ နေ့မရောက်ခင်တစ်ည အဖေက စာရွက်တစ်ရွက်လာပေးတယ် အဲဒီစာရွက်ပေါ်မှာ
စည်းကမ်းချက်ဆယ့်တစ်ချက်ပါတယ် အစအဆုံးပြောမပြတော့ပါဘူး အနည်းကျဉ်း တော့ ပြောမယ်လေ ရည်းစား
ထားတာက အစ ပေါ့ ဘယ်လိုရည်းစားထားရမယ် ဘယ်လိုရည်းစားမျိုးကိုလက်မခံဘူး ။ကျောင်းခေါ်ချိန်မှန်ရမယ်
အဲလိုစည်းကမ်းမျိုးတွေ ခက်တာက ကျွန်တော်ဆိုတဲ့ ကောင်ကလည်းစည်းကမ်းတွေချုပ်ချယ်မှုတွေ အင်မတန်မှ
မုန်းတတ်တဲ့ကောင် မို့လားမသိပါဘူး သိပ်တော့ဂရုမစိုက်ဖြစ်ပါဘူး ဒါပေမယ့် အဲဒီတုန်းကရည်းစားထားဖို့လည်း
စိတ်မ၀င်စားခဲ့ ပါဘူး ။ဒါပေမယ့်ချစ်ရသူရှိနှင့် ပြီးသား ခက်တာကအဖေ့စည်းကမ်းနဲ့ မလွတ်ဖြစ်နေတယ်
ကျွန်တော် သူ့ကိုတအားချစ်သလို သူကလည်းကျွန်တော်ချစ်တာကိုသိပါတယ် ဖွင့်မပြောဖြစ်ခဲ့တာအဲဒီစည်းကမ်း
ချက်၁၁ ချက်နဲ့လည်းပါတ်သက်တယ် ခုချိန်ထိသူ့အသံကြားယောင်နေတတ်တုန်း တခါတရံတမ်းတတုန်းပါ။

Monday, April 14, 2008

ကျွန်တော့ချစ်သူများအကြောင်း(၁၄)

ညီမလေး ကိုတမ်းတ တဲ့ စိတ် တွေနဲ့ နေခဲ့ ရတဲ့ နှစ်တွေ တော်တော့် ကိုအနေ ကျပ်ခဲ့ တာပေါ့ ခက်တာကလွမ်းလွမ်း ကြီးမနေချင်ခဲ့ ပါဘူး
ဒါပေမယ့် မနေလို့မရခဲ့ ပါ ၊နေပြန်တဲ့ အခါ ကျတော့ လူက မှုန်မှိုင်းမှိုင်းနဲ့ ဆေးချသလား အမေးခံခဲ့ ရပြန်တော့ ခက်နေတယ် ချစ်တဲ့ ကိုကို့
ရဲ့ အသက်ကလေး ကို လွမ်းတဲ့ ရင်က နာကျင်စွာ စိတ်ခိုင်လို့ သာပေါ့ မခိုင်ယင် ရူးသွားနိုင်တယ်.....ခုထိ ညီမလေးဆီကို အချိန်ကျယင် သွားတုန်း ဆို တာသိယင် ၀ိုင်းဆဲကြ မလားမသိခဲ့ ပါဘူး ... ညီမလေး ကိုတမ်းတယင်း တနေ့ MEDICAL CHECK UP လုပ်မိ တယ် အမှန်တော့
ဘာမှဟုတ်ဖူး သေရမှာကြောက်လို့လဲမဟုတ်ဖူး တနေ့ အပြင်းဖျားတော့တာ ၊ အမှန်တော့ ဘာမှဟုတ်ဖူး အပူရှပ်တာ မိသားစု ဆရာဝန်က မက်ဒီကယ် ချက်အပ် လုပ်ဆိုတာနဲ့ အာထရာဆောင်းပါ မကျန် ရိုက်လိုက်ရော....အဲဒီမှာတွေ့ပါပြီ....ဘာလဲဆိုတော့ ကျောက်ကပ်ထဲမှာ ဆီးကျောက် နှစ်လုံးတောင် မှ တွေ့လေ သည်ပေါ့ တွေ့ တာအကြောင်း မဟုတ်ပါဘူး စက်နဲ့ ဒီတိုင်းခြေပစ်လို့ ရယင်တော့ ကောင်းသား ခက်တာက ကျွန်တော်က ခန္ဓာ ကိုယ် ကြီးတော့ ကျောက်ခြေ စက်ရဲ့ ရိုက် တဲ့ ကြိမ်နှုန်းကမတိုး ဘူးလေ အဲ တာနဲ့ PCNL လုပ်လိုက်ရရော အဲတာ..ဘာလဲလို့.. မေးယင် နောက်ကျောကနေ ကျောက်ရှိတဲ့ နေရာတည့် တည့် ကို အပေါက်ဖောက် လိုက် ပြီး ကျောက်ကို ခြေ ပြီး
vaccum နဲ့ စုပ်ထုတ်ပစ်တာ ပါ အတော့်ကိုခံစား ရပါတယ် G.A နဲ့ လုပ်တဲ့ အချိန်မှာဘာမှမသိပေမယ့် တော်တော့ ကိုနာပါတယ် နောက်ကျော
တစ်ခြမ်း ကျောက်ကပ်ရှိတဲ့ ဖက် ဆို တစ်ပတ်လောက်ယောင်နေ တာပေါ့....တော်တော့ကို အီပါတယ်၊အဲတာနဲ့ ဘာဆိုင်လဲလို့ မေးတော့မယ်
ဟုတ် ဆိုင်မှာပေါ့ ဖြည်းဖြည်းပါ ....သီယေတာ ကထွက်လာတဲ့ အထိမေ့ဆေး အရှိန်မပြယ် သေး တော့ တော်တော်ဒုက္ခ ရောက်ပါတယ် ပိုဆိုး
တာကကျောက်ကပ်သမား တွေအတွက် Analgesic ကို တခြား မပေးတာပါ ထရာမာဒေါ အပြင် ဘာမှမပေးတာ အဲတော့ အနာ ဘယ်သက် သာပါ့မလဲ နာလိုက် ထရာမဒေါ ထိုးလိုက် ခက်တာ ကဆိုက် အဖက် ခံ ရတာ...ထရာမဒေါ က ဘိန်း၊ ကိုကင်း ၊မော်ဖင်း သုံးဖူးတဲ့သူတွေ သုံးလို့မရ ဘူး အမှန်တော့ ပက်သတင်း အပျော့စားပါ ။မူးယစ်ဆေးတော့ လည်းမဟုတ်ပါဘူး ...ခက်တာက အနာကနာ သုံးတဲ့ ဆေးကအနာမပျောက်ပဲ စိတ်ထဲမှာ အယောင်ယောင် အကန်းကန်း ညီမလေးနဲ့ တွေ့လားတွေ့ ရဲ့ လူကငိုသလို ရီသလို
လက်မှာလဲ ပုလင်းတွေချိတ် ခါးမှာလဲ အပေါက်နဲ့ ဆီးအိတ်ကြီးချိတ် လို့ တော်တော်ခံခဲ့ ရတာပေါ့ အဲဒီလို အရမ်းနာကျင်ခံစားနေရတဲ့ အချိန်မှာ
ကြင်နာစွာ ပြုစုလာသူ က တော့ ဆရာမလေး ပေါ့ နော်...ဘယ်သူ့ ကိုမှချစ်လို့မရ တော့ ဘူးလို့ ထင်ထားတဲ့ ရင် က သံယောဇဉ် တွယ်မိခဲ့
တော့တယ် ၊ ကျွန်တော် ဘာမှမဟုတ်ပါဘူးလို့ပြောထားရဲ့သားနဲ့ နေ နဲနဲ ကောင်းလာတဲ့ အချိန်မှာ တတ်တဲ့ ပညာ မနေသာစွာ ကူညီမိတယ်
လေ..ဘယ်လို ကူညီမိသလဲ ဆိုတော့ အဲဒီဝဒ်မှာ ညနေပိုင်း ဆေးထိုး ဆေးတိုက်တဲ့ အချိန်ဆို ၀ဒ် စတပ်ဖ တစ်ယောက်တည်း ပင်ပင်ပန်းပန်း
လုပ်ရ တယ် ၊ပုတ်ခတ်တာတော့မဟုတ်ပါဘူး အသုံးမကျတဲ့ ဆေးရုံလို့ပြောလည်း ကြိုက်မှာ ဟုတ်ဖူး ၀ဒ် တခုလုံးမှ သူနာပြုဆရာမ
တစ်ယောက်တည်း လုပ်ခိုင်းတာတော့ မတရား ရာကျပါတယ်၊ဒါပေမယ့် လည်းတတ်နိုင်ဖူး ကွာ တစ်ယောက်တည်း မမြင်ချင်တော့ ၀င်လုပ်ပေး
ဖြစ်တယ် လူနာတွေကလည်း အားကိုးတကြီး နဲ့ ကိုယ့်ကိုနဲနဲအထင်ကြီးလာတယ် အမှန်ပြောရယင်ဘွဲ့သာရတာ စိတ်ဝင်စားတာ မဟုတ်လို့
စီးပွားရေး ကလွဲယင် ဘာမှလုပ်တာဟုတ်ဖူး ၊ရထားတဲ့ဘွဲ့ လည်းခေါင်းထဲထည့်တာဟုတ်ဖူး၊ဒါပေမယ့် အဲတာ ကလာအသုံးဝင်နေပြန်တယ် အဲတာကြောင့် အကူညီပေးဖြစ်ခဲ့တော့ တယ် သူမလာယင်လဲ မျှော်နေမိပြန်တယ် ကိုယ့်ကို ဘာရယ်လို့ မပြောထားတော့ ဆေးထိုးအပ်တွေ
ဆေးတွေနဲ့အကျွမ်းဝင်လွန်း လှတဲ့ ကိုယ့် ကိုကြည့်ပြီး တော်တော်အံသြနေရှာတဲ့သူ့ မျက်ဝန်းက ချစ်စရာဆိုယင် ကျွန်တော့ အတွက် အမှား
ဟုတ်မှာမဟုတ်ပါ ဘူး သူမက ကျွန်တော့ကို ပျော်ရွှင်နိုင် အောင် ကူညီခဲ့ တယ် စိတ်ဓါတ်တွေကျပြီးလောကမှာဆက်အသက်ရှင် မနေချင်
တော့တဲ့ ကျွန်တော့ ကို ဆက်အသက်ရှင်အောင် တွန်းအားပေး ခဲ့ သူ ပါ အဲဒီတောက သူမကိုချစ်ခဲ့ မိတာတော့ အပြစ်လို့ မြင်ကြဦးမလား
ညီမလေးကို တမ်းတနေယင်း က ချစ်နိုင်သေးတာပဲလို့ ကိုယ့်ကိုမထင်မှတ်တဲ့ အချိန် မှာချစ်သွားခဲ့မိတော့တာပါပဲ ။

Saturday, April 12, 2008

ကျွန်တော့ချစ်သူများအကြောင်း(၁၃)

မှတ်မှတ် ရရ အလွမ်းနေ့စွဲဖြစ်မယ့် ရက်တစ်ရက်ကိုရောက်လာခဲ့ ပြန်ပေါ့.......
တစ်ကယ် ချစ်တဲ့ ညီမလေးနဲ့ ဘ၀ ကိုစတင်ကြိုး စားနေတဲ့ အချိန်မှာပဲကံကြမ္မာဟာ
ကံဆိုးမိုးမှောင်ကျခဲ့........တကယ့်ကိုတနှစ်နဲ့ လေးရက်တိတိပါ....ဘာလို့လဲတော့
မမေးပါနဲ့ မဖြေချင်လို့ပါ ဖြေရယင် ရင်မှာကျွမ်းမြေ့ ဗလောင်ဆူတယ် ........
တကယ်ကို တစ်ယောက် တည်းထားခဲ့တယ် လောက အလယ်မှာလေ.. သေကွဲ ဆိုတာ
သိလိုက်ရတော့ တကယ်နှမြောတမ်း တမိတဲ့ သူနဲ့ ဝေးနေချိန်လေးတွေ ကိုပါ ပြန်လို
ချင်လား လိုချင်မိရဲ့ တကယ်ပါ တနေ့ အဲလိုခွဲသွားလိမ့်မယ် လို့လုံးဝ မထင်ထားခဲ့ပါ
ဆိုးလိုက်တဲ့ ဘ၀ တော်တော့်ကိုခံစားရခက်ပါ့ ဗျာ ရင်မှာလေ အလွမ်းနေ ဆယ်စင်း
ပါ......

ကိုကို့ရဲ့အသက်ကလေးသို့ nnt@mail4tamalon.com


ကြေကွဲနေ့ညတွေမှာလေကိုယ်ဘယ်လိုနေရမလဲ.........
အိပ်လို့မရ၊တမ်းတရတယ်
ညညတွေဆို၊ယောင်ကာအော်မိတယ်
"ညလေး"ရယ်။

မင်းအတွက် ကုသိုလ်ကောင်းမှု
အစုစုကို ပြုနေ ပေမယ့်
နှုတ်မဆက်ပဲ ၊ရုတ်တရက်ခွဲသွား
ကြယ်တွေတောင်မပျောက်သေးတဲ့မနက်၊

အတူနေသွားတဲ့
တနှစ်နဲ့လေးရက်
တသက်စါဘယ်လိုဖြေမလဲ.......
ကိုယ့်ရင်က ကလေးရယ်၊

တကယ်ဆိုယင်လေ
လောကထဲမှာမနေရဲ
တဦးတည်းလည်းလမ်းမလျှောက်ဖြစ်
အလွမ်းသစ်တွေသာတိုးပြီး
အရမ်းညစ်နေတာမင်းသိမလား......?

ဘယ်လိုမှမှတ်ထင်မထားတဲ့
အဖြစ်ပျက်တခုက
တနှစ်နဲ့လေးရက်တိတိ
မက်ခဲ့တဲ့အိပ်မက်လား.......?

အလွမ်းတွေတရစ်ရစ်နဲ့
ရင်မှာတင်းကျပ်
နင်းသတ်သွားမလားထင်ရ
မြင်သမျှအလွမ်းစတွေ
အထင်ကရတမ်းတမှုတွေနဲ့
ရင်ရဲ့အပြည့်ပေါ့........၊

လွမ်းရသူစိတ်ထဲမှာ
မင်းကိုပဲရှာနေမိ
အသိမှာမင်းပဲရှိ
နွမ်းရိနေတဲ့နှလုံးသား
ပြုံးစကားတွေမဆိုနိုင်တော့
အေးစက်စက်မျက် ၀န်းတစုံနဲ့
မှုန်ရီဝေတဲ့မျက်နှာတခု
အစားပြုပြီးရောက်လာပြီ ကလေးရယ်၊

သူငယ်ချင်းဘဝ
ညီမလေးကစပြီး
ဘ၀တွဲဖေါ်အဖြစ်
အမြဲခေါ်တော့မယ်လို့
ဆုံးဖြတ်ကာ
တသက်လုံးမခွဲကြေးလို့.....
ပြောခဲ့ကြပေမဲ့
အလွမ်းအဖြစ်နဲ့ကွဲကွာ
ဘယ်တော့မှပြန်ဆုံခြင်းမရှိတဲ့
ခွဲခွာခြင်းမျိုး
ဘယ်လိုရင်ခွင်မျိုးမှာ
ခံစားနိုင်မလဲ၊

ကံတရားအပိုင်ပဲလား
လောကဓံကိုအံတု
ပြန်မှုစရာလိုသေးလား
ကိုကိုလဲတွေဝေ
ကြေကွဲနေ့ညတွေမှာလေ။ ။


အသက်ကလေးရေ ကြေကွဲနေ့နဲ့ညတွေဘယ်လိုဖြေရမလဲ။ ဘယ်လိုပဲဖြစ်ဖြစ် မင်းမရှိတော့ဘူးမဟုတ်လားအဲတာကြောင့်စဉ်းစားနေမိယင်းကလွမ်းသောကတွေပြေလိုပြေငြား
NNT@tamalonmail.com
NNT@mail4tamalon.com များရှိနေမလားလို့ တကယ်လို့များရှိခဲ့ယင်အသက်လေးဖတ်မိမှာပါ။

သင်္ကြန်အိပ်မက်

အမှတ်တရပါပဲ ညီမ လေးရေ မနက်က အိပ် ရာနိုးနိုး ခြင်း သင်္ကြန် ရောက်ပြီ ဆို တဲ့အ သိ က ရင် ထဲကို
ထင်သာ မြင်သာ အောင် တိုး ဝှေ့ လာ တယ် လေ သင်္ကြန် ဆိုတဲ့ အသိကရင်ကိုတိုးဝှေ့တိုက် ခတ်လာခဲ့
ရင် ကိုထိ ခိုက်စေလှစွာ......ညီမလေးကို သတိ ရစွာ ပျော်ရွှင်ခဲ့ တဲ့နေ့ရက်များအတွက် မချိန် ထံ ပါး မှအ
လျော်လိုချင်ပါသည်။ ရမည်ဆိုပါလျှင် အချိန်ဖြင့် ခရီးသွားလာခြင်း စက်ကို လိုချင် ပါသည် အတိတ် တစ်ချိန်
သို့ ခရီး ထွက်ချင် ခြင်းမှာ ညီမလေး ဆီသွား ရန်အ တွက် သာ ဖြစ် သည် လွမ်းရ ပါလေ သည် ကိုကို့
ညီမလေး ညီမလေးကိုသတိရတိုင်း သာပန်း တစ်ပွင့်ပွင့် မယ် ဆို ယင် ကိုကို့ ကမ္ဘာမှာ ပန်းတွေ အရမ်းဝေ
နေအောင်လို့ သတိတွေ တအား ရနေ တာ ပေါ့ ။ ညီမလေးနဲ့ အတူ သွားခဲ့ လာခဲ့တဲ့ နေရာတွေကို ကိုကို
ဘယ်လို သွားနိုင်မလဲညီမလေး....ကိုယ့်ရဲ့ အသက်လေး ရယ် ။ အဲဒီနှစ်က မင်္ဂလာ ဆောင်ပြီးနောက် တော့
ရွှေစက်တော် ဘုရားပွဲကို ရောက်သွား ခဲ့ တယ်လေ ခုချိန်ထိတော့ မရောက်ဖြစ်တော့ ဘူး သွားလဲမသွားချင်ခဲ့
ဘူး ရွှေစက်တော် ဘုရားပွဲမှာ ပျော်ရွှ့င်ခဲ့ ကြတယ် မန်းချောင်း ရေအေးအေး ဆင်းစိမ် ရတာအင်မတန်မှ စိတ်
ကျေနပ်စရာပါ အလွန်ပူတဲ့ရာ သီကြားမှာပေါ့။ နောက်ပြန်လာပြီးမကြာခင် သင်္ကြန်ကျရောလေ.....အဲနှစ်က
အိမ်က ကားနဲ့ အတူတူလည်ဖြစ်ခဲ့ ကြတာအမှတ်တရပါ သည်နေ့တော့ ညီမလေးကိုလွမ်းပါရစေ
လွမ်းဦးမယ် လွမ်းခွင့်ပြုပါ့ ကိုကို့ရဲ့ အသက်ကလေး ရေ..................

ကျွန်တော့ချစ်သူများအကြောင်း(၁၂)

ဒီလိုနဲ့ ကိုကိုတို့ ခဏ အချိန်တော်တော်ကြာအထိ ဝေးခဲ့ ရပြန်တယ်ညီမလေးရေ ညီမလေး ညောင်ပင်လေးဈေးမှာ ဈေးရောင်းထွက်တော့ ကိုကို မလာနိုင်ခဲ့ဘူး မကူညီနိုင်တော့ဘူး နော်၊ ကိုကို့ ရင်က လွမ်း တယ် သတိရနေပေမယ့် မလာဖြစ်တော့ဘူး အရမ်းချစ်နေမိပြီ ဒါပေမယ့်
ညီမလေးကို မပြောထွက်ခဲ့ ပါဘူး မပြောဖြစ်ခဲ့ ပါဘူး ၊ ရင်ကအချစ်တွေဖြူစင်ခြင်း အတွက် တာဝန်ယူရဲတယ် ကိုကို တို့နှစ်ယောက် လုံး တစ်ယောက်ရင်ကို တစ်ယောက်ဖေါက် မြင်ရလောက်အောင်ကိုချစ်ခဲ့ကြတယ် ဆိုတာ ညီမလေးအသိပါကွယ် ကိုကိုကချောင်ထဲမှာပဲ တချိန်လုံးရှိနေတာပေါ့ ဖုံးလေးတောင်မှ ခဏခဏ မဆက်ဖြစ်တဲ့ ဘ၀တွေရင်နာရ လွန်းပါတယ်လေ.....။ တနေ့ အသံတွေအားလုံးတိတ်ဆိတ်
သွားတဲ့တစ်နေ့ ရောက်တဲ့ အထိ အချိန်အတော်ကြာ ကြီးစောင့်စားခဲ့ ရပြန်တယ် ၊ ကိုကိုတို့ တနေ့ မတွေ့မဖြစ် တွေ့ရ မဲ့ အကြောင်းရင်း ကရှိနေသလို နောက်ဆုံး ထာဝရဝေးရ မယ့် အကြောင်းက ရှိ နေတယ်ဟုတ်....။ နှစ် နှစ်လောက်နီးပါး ကိုကိုတို့ ဝေးခဲ့ ကြရ ပြီးတဲ့ နောက်မှာ
ကိုကို့ ရင်တွေမခံစားနိုင်လောက် အောင်ဖြစ်ရလို့ ညီမလေးဆီ အတင်းရောက်အောင်လာခဲ့ တယ် တနေ့ မှာ ညီမလေးကို ချစ်တဲ့ အကြောင်း
ပြောဖြစ်ခဲ့ တယ်လေ ....၊ ညီမလေး က ကိုကို့ ကိုမသိဟန်ဆောင် နေခဲ့ လို့ကိုကို ဘာလုပ်ရမယ် မှန်းမသိခဲ့ တာ တော်တော် ရယ်ချင်စရာ
လား ငိုချင်စရာလား မဝေခွဲတတ်ခဲ့ ဘူး ဒါပေမယ့် သေချာတာက ကိုကို့ ဘ၀ဟာ ညီမလေးနဲ့ မတန် တော့ ဘူးလို့ ကိုကိုထင်ခဲ့ တာလဲပါမှာပေါ့ ကိုကိုက တစ်ခုလပ် လေ....။ အဲလိုလဲ မဟုတ်ပြန်ဘူးမို့လား ညီမလေး လက်ထပ်ရမယ့်သူ ရှိနေနှင့် ပြီလား .....အတွေးထဲမှာတော့ ကိုကို တစ်ယောက်တည်း ရှုပ်ရှက်ခတ်နေတာ အချစ်စစ်အချစ်မှန် တို့ရဲ့လမ်း မဖြောင့် ဖြူးဘူးဆိုတာ အမှန်ပဲလား တွေးယင်း ရင်မှာ နေလို့ မရခဲ့ ပါ။ ခက်တာက တနေ့ တော့ ကိုကို့ အဖေက ဆိုလာတယ် အိမ်ထောင် ထပ်ပြုဖို့ ချစ်သူ လက်ဆုပ် လက် ကိုင် မရှိတော့ သူတို့ ရှာပြီးပေးစားမယ် ဘာညာတွေဖြစ်ကုန်ရော ညီမလေး ကိုကိုဘယ်လို လုပ်ရပါ့မလဲ လွမ်းနေတာ သတိရနေတာတွေအားလုံး
လွှင့်ပစ် လိုက်ရ တော့မလား အဲလိုလဲ ဟုတ်သေး ပါဘူးလေ...။ ဒါနဲ့ပဲ ကောင်မလေးတွေနဲ့ တွေ့ ကြည့် ဆို ပြီး အောင်သွယ် တော်တွေနဲ့ စီ
စဉ်ကြ ပြန်တယ် ကိုကိုလည်း မနေသာတော့ စိတ် မ၀င်စားပေမယ့် နှစ်ယောက်လောက်တော့ တွေ့ ဖြစ်လိုက်တယ် ဒါပေမယ့် ဘာမှဖြစ်မလာ
ခဲ့ ပါဘူး ။ ကိုကို့အတွေးထဲမှာတစ်ကယ်ချစ်တဲ့သူ နဲ့ မှပဲ ဘ၀ တစ်ခုကို တူတူ တည်ဆောက်ချင်ခဲ့ တာ ။ တစ်ကယ်ချစ်တဲ့သူနဲ့ မှပဲ ဘ၀ တစ်ခုလုံး ပုံပေး ပြီးလုံး ပျော်ရွှင်ချမ်း မြေ့ သာယာတဲ့ နှစ်ကိုယ် တူဘ၀ လေး ထူထောင် တည်ဆောက်ချင်ခဲ့ တာမို့ ညီမလေးကိုပဲ စောင့် မျှော်နေမိခဲ့ တယ် တကယ်တော့ ညီမလေးလဲ မနေသာပါဘူး နော် တစ်ကယ်တန်း ညီမလေးဝန်ခံတဲ့ အချိန်မှာတော့ ကိုကို တအား ပျော်ရွှင်ခဲ့ ရတော့တာပေါ့ ....။ တနေ့ ညီမလေး ကိုကို့ကို အိမ် ကမိန်းမ ပေးစားတော့မယ် ဆိုတာ သိတဲ့ အချိန် အဲဒီအောင်သွယ်တော်ဆီ ညီမလေးရောက် ခဲ့ တယ် ညီမလေးနဲ့ အိမ်ချင်း တစ်လမ်းပဲခြားတာကိုး.....ကိုကိုတို့ ပျော်ရွှင်ခဲ့ရပြီပေါ့ညီမလေး ကိုမျှော်လင့် စောင့် စားနေ တဲ့ ကိုကိုလည်း ၀မ်းမြောက်စွာနဲ့ ညီမလေးကိုဘ၀တစ်ခုလုံး ပေးဖြစ် ခဲ့ တယ် အဲဒီနေ့ က LION CITY RESTAURANT ရဲ့ GOLDEN
DRAGON HALL မှာ ဧည့်ပရိတ်သတ် စုံလင်စွာနဲ့ ပျော်ရွှင်ခြင်း တွေ ခညောင်း ပြီး လက်ထပ်ပွဲ ကျင်းပဖြစ်ခဲ့ တယ်လေ ခြိမ့်ခြိမ့်သည်းပေါ့....


nnt5

nnt4

ourwedding1

nnt&me5

nnt&me4

Photobucket

nnt&me7

nnt&me8

Tuesday, April 8, 2008

ကျွန်တော့ချစ်သူများအကြောင်း(၁၁)

ခံစားရ တာများတော့လည်း စိတ်ညစ်သည်လေ...ထိုစဉ်က စိတ်ဓါတ်တော်တော် ကျနေခဲ့
လေတော့ စက်ရုံမှာပဲ ပေပေ တေတေ နေဖြစ်ခဲ့ သည်လေ ။ ချစ်ခင်တွယ်တာ ကြင်နာခြင်း
ကား ကွေကွင်း နောက်ဆုံး ရှိ ချေ၏ ။ လို့သာပြောင်းပစ်ချင်တော့တယ်။ ငါရင်နာနေတာနင်ကြည့်ရက်သလား
ဝိုင်း.....
အင်းငါ တို့တွေကဝေးခဲ့ ပြီးသား ပဲလေ အဲဒီအချိန်မှာနင့်အဖေဆုံးခါနီးက ငါ့အဖေကိုပြောသွားတဲ့စကားငါ ပြန်
ကြားတဲ့ အခါ ရင်နာယုံကလွဲပြီး ဘာတတ်နိုင်သေးလို့လဲ ။ အားလုံဟာကံကြမ္မာ ကိုပုံချလို့မရခဲ့တော့လေ ငါမှားတာလဲ
ပါမှာပေါ့ ၊ နင့်အဖေက နင့်ကို ငါနဲ့ လက်ထပ်ပေးယင် စိတ်ချရပြီ ခုတော့ထင်သလိုဖြစ်မလာပဲ ငါက အယင်အိမ်ထောင်ပြုလိုက်လို့ စိတ်မချမ်းသာဖြစ်ရတယ်လို့ပြောသွားတာ ငါ့အဖေလဲ အရမ်းစိတ် မကောင်းဖြစ်ခဲ့ ရတယ် သူ့သူငယ်ချင်းအရင်းကမဆုံးခင် ဆုံးကာနီး အချိန်တွေ့ တော့ပြောသွားခဲ့တာ ငါကတော်တော်ကြာမှ ပြန်မကြားတာ ငါဟာ တခုလပ်ဆိုတဲ့ အကြောင်းပြချက်တခုတည်းနဲ့ ဘယ်သူ့ကိုမှ ရင်မဆိုင်ရဲစွာ လူတွေနဲ့ခပ် ဝေးဝေး နေခဲ့တယ် လူတော မတိုးတော့ဘူးလေ....နင့်အဖေဆုံးတဲ့ နေ့က ငါလာခဲ့ ပါတယ်နင်တို့ ခြံကိုလေ ငါဦးကို နောက်ဆုံးလာနှုတ်ဆက် ခဲ့ ပါသေးတယ် ဟာ သီးကငါ့ကို သားတစ်ယောက်လို ချစ်ခဲ့တာ ငါအသိဆုံးပါ နင်နဲ့ငါ့ရဲ့ကြား ကရင်ခုန်သံလဲနင်နဲ့ ငါ အသိဆုံးပါဟာ.....ခုတော့ အားလုံးကြေကွဲကြရပြီလေ....တွေးမိယင်စိတ်မကောင်းဖြစ်ရတယ် ခုချိန်ထိ ငါတို့တွေ အတိတ်ကရေစက် မရှိခဲ့လို့သာ ပေါ့ ဝေးခဲ့ ကြရတယ် လွမ်းခဲ့ကြရတယ်...ငါ့ရင်က နင့်အတွက်ပါနှစ်ဆ တိုးပြီးခံစားနေတယ် နင်အိမ်ထောင်ပြုတော့မယ့် သတင်းလဲကြားရောငါတုန်လှုပ် ခဲ့ ရတယ် ဒါပေမယ့်ငါ့မှာ လက်တွဲနိုင်စွမ်းမရှိတဲ့မျက်နှာငယ် ရတဲ့ဘ၀ပါ ဟာ နင့်ရဲ့ မင်္ဂလာပွဲကို ငါမလာဖြစ်ပါဘူး နင့် မင်္ဂလာပွဲလာဘ်တိတ် မှာစိုးရွံ့မှု တွေနဲ့ ငါ တစ်ခုလပ်ဘ၀နဲ့ သိမ်ငယ်နေခဲ့ တာဟိုးဝေးဝေးမှာတစ်ဘ၀စာအလွမ်းတွေရင်မှာသိမ်းလို့....
တနေ့ ငါ့ငယ်သူငယ်ချင်း စိုးအောင်(၂) မင်္ဂလာဆောင်အသွား ငယ်ငယ်လေးတည်းက တရုတ်စာ တက်ရင်းခင်ခဲ့တဲ့ ဘေဘေးနဲ့ ပြန်တွေ့ခဲ့တယ် အဲဒီအချိန်...၀မ်းနည်းအားငယ်နေတဲ့ အချိန် ငါ့ရဲ့ ၀ိဥာဉ်ခိုလှုံရာ အရိပ် ငါ့ရဲ့ ၀မ်းနည်းမှုတွေဖြေသိမ့်ပေး နိုင်တဲ့ ငါ့ရဲ့ညီမလေး ကိုငါရှာတွေ့ခဲ့တယ် ငါပဲမှားမှား ဘယ်သူပဲမှားမှား ငါ့ကိုမှန်တယ်လို့ အယင်ဦးအောင်ပြောတတ်တဲ့ ငါ့ရဲ့ညီမလေးနဲ့ ပြန်ဆုံခဲ့တယ် တကယ့်ကိုတိုင်ပင်ဖော် တိုင်ပင်ဖက် ညီမလေးကို ပြန်တွေ့ချိန်မှာတော့ ကိုယ်တိုင် လူတောမတိုးရဲတဲ့ သိမ်ငယ်နေတဲ့ ကိုယ့်ကိုတော်တော်နားလည်ပေး ယင်းလူတောတိုးအောင် ကူညီခဲ့မှန်း တဖြည်းဖြည်းနဲ့သိခဲ့ ရတယ် တနေ့ ညီမလေးဖုံးဆက်လာတယ် သူသတိုးသမီးဝတ်စုံ အငှားဆိုင်ဖွင့် ချင်လိုကကူ ညီပါတဲ့ မိတ်ကပ် သင်တန်းနဲ့ ပန်းထိုးသင်တန်းတက်ချင်တယ်စုံစမ်းပေးပါဆိုလို့စုံစမ်း
ပေးယင်း သင်တန်းပါလိုက်အပ်ပေးခဲ့ ရတယ် အဲဒီမှာပဲ လူတောမတိုးတဲ့ သိမ်ငယ်စိတ်ကို ပထမဆုံးဖျောက်ပေးတော့ တာပဲ သူ့ကိုကူညီခိုင်းယင်း လူတောထဲ လူ့ပါတ်ဝန်းကျင်ထဲ ပြန်ဝင်ခိုင်း တာပေါ့ ။ သင်တန်းက ၀ိုင်အမ်စီအေ မှာ တခါတခါ ကြိုပို့ လုပ်ပေးခဲ့ရတယ် တခါတခါ လည်း မောင်နှမ အရင်းတွေလို စိတ်ကောက်တတ်ခဲ့ တယ် ၊ဆိုင်ဖွင့်ကာနီး မှတ်မှတ်ရရ ကင်မရာကိုပိုင်နိုင်စွာ ကိုင်နိုင်တဲ့ကိုကို့ ကို အားကိုးအကူညီတောင်းတယ်..၊မော်ဒယ်တွေနဲ့ သူ့ဆိုင်က၀တ်စုံတွေကို ဓါတ်ပုံရိုက်ဖို့တဲ့ အဲဒီနေ့ညကနည်းနည်းမိုးချုပ်သွားတယ်၊ တဖြည်းဖြည်း သံယောဇဉ်တွေတွယ်လာခဲ့တော့တယ် တနေ့မထင်မှတ်ပဲကံ ကြမ္မာ ကမွှေလေတော့ညီမလေးသိက္ခာပွန်းပဲ့ မှာကိုကြောက်ခဲ့လို့ ဝေးဝေး နေခဲ့ ရတယ် အဲဒီအချိန်မှာ တယောက်နဲ့တယောက် သံယောဇဉ် အရမ်းကြီး ပြီး ခင်မင်မှုမပျက် ပဲ ခပ်
ဝေးဝေးနေခဲ့ တော့တယ်.....ညီမလေးရဲ့ ဆိုင်ဖွင့်ပွဲက အပြန်မှာ အတင်းစကား စကြားခဲ့ ရလို့ ညီမလေးက လည်း တချိန်က ကိုယ် တို့ ကုန်သည်အသိုင်းဝိုင်းနဲ့ ပါတ်သက်ဖူးခဲ့တာကိုး.........

Monday, April 7, 2008

ကျွန်တော့ချစ်သူများအကြောင်း(၁၀)

စာချုပ်များမတွေ့ရတော့ ကျွန်တော်တော်တော် စိတ်ပျက်သွားခဲ့ ရသည် ထို့ပြင် အိမ်ထောင်ဦး
တွင်ရသော ကလေးကိစ္စ ကျွန်တော်တော် စိတ်ထိန်းရလေသည် ။ လက်လွန်သွားပြီးမှသိခဲ့ရသည်
မို့ကျွန်တော်မအားစဉ် မှာပင် လက်သည်လက်ချက်ဖြင့် ဖျက်ချခဲ့ ခြင်းပင် ကျွန်တော် နားမလည်
နိုင် ဖြစ်ခဲ့ ရသည် ကျောချမှဓါးပြမှန်းသိရသောအဖြစ်ပါ ၊ အချစ်ဆိုတာနောင်တကောင်းကောင်း
ရစေနိုင်တာ ခုမှသိသည်လေ သို့သော် မိန်းမသားအားလုံကို မဆိုလိုပါ ၊ အခြားကောင်းမွန်သော
အမျိုးသမီး များစွာရှိပါလိမ့်မည်...ယ္ခုခေတ်တွင် ပိတောက်ဆိုပိတောက် တစ်ညှောင့် ဆို
တစ်ညှောင့် လုပ်မရမှန်းသိလေပြီ တော်ပါပြီ မိန်းမတွေကို စိတ်နာတယ် ၊သို့ပေမင့်ထိုမိန်းမများ
ကိုချစ်မိနေသေးသောကြောင့် ၀တ်ကြောင်ကိုမ စွန့်နိုင်ပါချေ :P ဆက်ပြောပြချင်ပါသေးသည်
ဇတ်လမ်းအဆုံးထိပေါ့၊ ကျွန်တော်တို့ တရားမမှုအဖြစ်ဖြင့် ရုံးရောက်ခဲ့ သည် ငါးနှစ်နီးပါး
ကြာမြင့်ခဲ့ လေသည် အမှု တွင် သူမရှုံးသွားတော့ အိမ်မှဖယ်ပေး ရလေသည် ။
ထိုနေ့တနေ့ကမျက် ၀ါးထင်ထင် ကျွန်တော့ မျက်လုံးများဖြင့်တပ်အပ် မြင်လိုက်ရပါသည်
တပါးသောယောက်ျား တစ်ဦးနှင့် ပေါ်ပေါ် ထင်ထင်တွဲသွားလာခြင်းကို ၊ ရင်ထဲမှကျင်ခနဲခံစားလိုက်
ရသဖြင့် သူမကိုမချစ်တော့တာ မဟုတ်ကြောင်း သိရပြန်လေသည် ခက်သည်က ကျွန်တော်သည်
မည်သို့ခံစားမှုမျိုးခံစား ရသည်ကိုမသိခဲ့ တော်တော်ခံစားခဲ့ ရလေသည် ကိုယ့်ကို နွားဟု
ကျိန်ဆဲမဆုံး ချစ်သော အစွဲလန်းကြီးလှသောစိတ်ကို အပြစ်တင်ရပေဦးမလား ခက်သည် စိတ်ဆို
သည် ကိုင်တွယ်ရန်ခက်ခဲသောအရာဖြစ်ချေ၏၊ အပြင်ပန်း ဘာမှမဖြစ်သလိုနေနိုင်ခဲ့ သော်လည်း
ရင်ထဲမှာကြိတ်ခံစား နေရလေတော့ ငါးနှစ်ကာလဟာတော်တော့ ကိုကြာသွားခဲ့ လေသည်
ထိုနေ့တစ်နေ့မှ စပြီး ဖေါက်ပြန်ခြင်းကိုလက်တွေ့သက်သေ ပြနိုင်ရန် အပြင်းအထန်ကြိုးစားခဲ့
သည် ၊ အမှုရှုံးသွားပြီးနောက် အိမ်ပြောင်းသွားသောနောက်သို့ သတင်းထောက် သူငယ်ချင်းတဦး
ကို နောက်ယောင်ခံလိုက်စေသည် ၊ ပြောင်းသွားသော နေရာကိုတိတိကျကျသိရန်နှင့် တရားဝင်
ကွာရှင်းပြတ်စဲရန် သူမသည်အလွန်ခေါင်းမာခဲ့လေသည် အမှုအရေးနိမ့် သွားသည့်ကာလ၌
တွင် ပင် ကျွန်တော့အားမကွာရှင်းပဲလျှက် အခြား တစ်ယောက်နှင့် ရဲရင့်စွာဖောက်ပြန်ခဲ့လေသည်
ထိုအမှုမျိုးတွင် ကာမေသုမိစ္ဆာဆာရကံ နှစ်ဦးစလုံးအပြစ်သင့် ကြောင်းသူမ မသိရှိခဲလေသည်လား
သို့မဟုတ် သူတပါး မယားအား ကြာကူလီ ရိုက်တတ်သော သူကမသိပေခြင်း လော တွေးမရခဲ့ပါချေ၊
သူတို့ ပြောင်းရွှေ့နေထိုင်ရာရန်ကုန်မြို့ နှင့်အတန်ငယ်ဝေးသော မြို့သစ်တစ်ခုသို့ ကျွန်တော်ခြေချ
မိလေတော့သည် ထိုအရပ်တွင်ခြောက်လစာအခန်းငှားကာ လက်ပူး လက်ကျပ်မိနိုင်ရေး အလို့ငှာ
ကြိုးပမ်းခဲ့ ရလေသည်။ မိမိ၏ တပည့်များ ကိုလည်းပန်းရန်အသွင်ဖြင့်တနည်း ဆိုက်ကားသမား
ရေသန့်ပို့သူ စသည့်အသွင်ပြင်များဖြင့် သူမ၏အိမ်သို့ ၀င်ထွက်စေခဲ့သည်၊ လိုအပ်ပါက တရားရုံးတွင်
သက်သေခံစေနိုင်ရန်အလို့ငှာ၊ချစ်ကြတုန်းကတော့ လင်မယား ကွဲသွားတဲ့ အခါကြပြန်တော့ရန်သူ
သဖွယ်ပြုမူခဲ့သောမိမိ ၏စိတ်ကို ယ္ခု အချိန် ၌ တရားရစေခဲ့သည် တော်တော် တရားကျခဲ့ မိလေပြီ
ညတစ်ည သူတို့နှစ်ယောက်လုံးအိမ်တွင် ရှိသောည ထိုရပ်ကွက်မှ သက်ဆိုင်ရာလူကြီးများ အား သူ မ
တို့အိမ်ကို ကျွန် တော်တို့နှစ်ဦး လက်ထပ် စာချုပ် ပြလျှက် ဧည့်စာရင်း စစ်ပေးရန်တောင်းပန်ရ လေသည်
ထိုစဉ်က ထိုရပ်ကွက်၏ လူကြီးများ သမာသမတ်ရှိခဲ့ပါ၏ ကျွန်တော့အလှည့်ပေါ့ သို့ပေမင့်
ကျွန်တော်ဗွေ မယူဖြစ်ခဲ့ပါ ချက်ခြင်းလက်ငင်း ထိုသူ ကိုအချုပ်ထဲထည့်နိုင်ပေမင့် လူတစ်ဦးတစ်ယောက်ကို
နစ်နာစေရန် ကျွန်တော်မလုပ်ရက် မလုပ်ဖြစ်ခဲ့ ပါ သူမအား ကွာရှင်းပေးရန်သာ တောင်းဆိုခဲ့သည်လေ...

ကျွန်တော့ချစ်သူများအကြောင်း(၉)

ကိုယ့်စိတ်ကို ကိုယ်အစိုးမရ နိုင်ခဲ့ ပါဘူး ဘာလို့လဲဆိုတော့ဒီအကြောင်းအရာရေး
နေယင်းက ဟိုအကြောင်းအရာ ရောက်လိုက်နဲ့ ကိုယ့်ကို ဘာဖြစ်နေမှန်းမသိခဲ့ ပါ
နေ့လည် အလုပ်တွေ များပြီး ပင်ပန်းလွန်းလို့ထင်ပါ့ ခက်တာက ညနေ ညနေအိမ်
ပြန်ရောက်တာလဲ နောက်ကျတာနှစ်ရက်သုံးရက်ရှိ သွားပြီ တော်တော်နောက်ကျတယ်
ဆရာတွေ ဆရာမတွေအကြောင်းတွေးနေ ယင်းနဲ့ ချစ်သူ တွေဆီ စိတ်ပြန်ရောက်သွား
ပြန်ပေါ့ အဖတ်မတင်တဲ့ ရည်းစား နှစ်ယောက်လောက် ရှိခဲ့ ဖူးပြီးကျောင်း ထဲမှာ
ယောင်ပေပေ လုပ်နေစဉ်က ချစ်သူ ရည်းစား မထားဖြစ်တော့ ပါ အဲဒီမှာ စတွေ့တာပဲ
ဘာတွေ့လဲ မေးယင် မီးနဲ့ ပါလို့ဖြေရ မှာပေါ့မကောင်းပေမယ့်လည်း သတိရဆဲ အ
တွေးထဲမှာ မှတ်မိဆဲ သူ့ရဲ့ပုံရိပ် တွေ ထင်လာဝို့တ၀ါး တကယ်ချစ်ခဲ့တယ် တကယ်
ညားခဲ့တယ် ၊တကယ်လဲကွာရှင်းခဲ့တယ်၊ အပြစ်ရယ်လို့ မပြောချင်ပေမယ့် လူမှုရေး
ဖေါက်ပြန်တဲ့ အပြစ်ကြီးပါ ခက်တာက အချစ်ခဲ့ ဆုံး မို့လို့ လားတော့မသိပါဘူး မုန်း
တာတောင်မှပြည့်ပြည့် ၀၀ မုန်းလို့ မရ ခဲ့ တော်တော်ဆိုးတဲ့ စိတ်ပါပဲ သူနဲ့ခွဲ ခွာဖို့
ဖြစ်လာရတဲ့ အကြောင်းအရင်းတော့ ပြောပြ ပြီးသားလေ ဒါပေမယ့် အသေးစိတ်လေး
ကျန်နေသေးတယ် အဲတာပြောပြယင်အတင်း ပြောတတ် တဲ့ ကောင်လို့ ထင်ကြမှာစိုးရိမ်
မိပါတယ် ဒါပေမယ့် ပြော ပြ ချင်တယ် ခွင့်ပြုကြပါ နော်........
.................................................................................................................

သူမ နှင့် ကျွန်တော် နှစ်ဖက်မျှကြည့်မှဖြစ်ပေမည် အကြောင်းရင်းမှန်က ဘာပါနည်းမေး
ခွန်း ရှိ ယင် တော့ အဖြေရှိလိမ့်မည် ၊ ခက်သည်ကား အမှန်တရား မဟုတ်သော အရာ ကို
သူမဆုပ်ကိုင် တတ်လေသည် အပြင်လူ (မိဘအသိုင်းဝိုင်း) အမြင်မှာ သူမလုံးဝ မကောင်းခဲ့
ကျွန်တော့ မိသားစု နှင့် တည့်အောင် မနေခဲ့ အသုံးဖြုန်း ကြီးလွန်းလှချေ၏။ ထိုအချက်များ
ပင်လျှင်တော်တော်ခက်နေပြီမို့ ဆက်ပြောရမှာနဲနဲ ခက်သည် နောက်ထပ်အချက်တချက် ကျန်
နေခဲ့၏ ၊ ထိုသည်ကား အိမ်ထောင်ရှင်မတစ် ယောက်အတွက် မဖြစ်သင့်သောကိစ္စ ဖြစ်ချေ၏
အဘယ့်ကြောင့်ဆိုသော် အပျိုဘ၀က မျက်နှာများ ခြင်းကို မပြင်နိုင်ခဲ့ ခြင်းပင်..........
တစ်ဦးတည်းသော သမီး ဖြစ်သည့်အလျောက် ဆိုးသည်၊ဆိုးတတ်သည်ကိုလက်ခံ ပါသည်
သို့သော် မဆိုးသင့်မဆိုးထိုက်သော ကိစ္စများတွင်ပါ ဆိုးခြင်း ဖြစ်လေသည် အိမ်ထောင်ပြုလိုက်
ပြီ အိမ်ထောင်ကျပြီ ဟု ဆိုတည်းကနဂိုမူလ အကျင့်စရိုက်များကို ပြုပြင်ရမည်ဖြစ်သည့်အ
လျောက် သူမ မပြုပြင်နိုင်ခဲ့ပါချေ ၊ကျွန်တော် သည်အိမ်ထောင်ကျပြီဟု ဆိုတည်းက မည်သူ့
ကိုမျှစိတ်တွင် မထားတော့ မည်သူ့ကိုချစ်ဖူးသည် မည်သူနှင့်ချစ်ခဲ့ဖူးသည် အစရှိသည်တို့
ကိုတတ်နိုင်သမျှမေ့ဖျောက်ပစ် ခဲ့ ကာ နှစ်ကိုယ်တူ ဘ၀ ပျော်ရွှင်ချမ်းမြေ့ သာယာသော ခရီး
လမ်းကိုလှမ်းလျှောက်ရန် အသင့် ဖြစ်ခဲ့သည် ဖြစ်အောင် လည်းပြင်ဆင်ခဲ့ သည်။ ကျွန်တော်
မိဘလုပ်ငန်းကို ဆက်လက်လုပ်ကိုင် သဖြင့် အိမ်နှင့် အတော်ဝေးသော စက်မှုဇုံ တွင် စက်ရုံတာ
ဝန်ခံအဖြစ်လုပ်ကိုင်ခဲ့ လေသည်။ သူမ ကတော့အိမ်မှာပင်အခန့်သား ၊ စက်ရုံတာဝန်ခံဆိုပေမင့်
စက်ရုံမှာလည်း ထူထောင်ခါစ ဖြစ်သဖြင့် အလုပ်များလေသည်မို့ စက်ရုံနှင့်အိမ် သည်လည်းဝေး
လွန်းလှသည်မို့ နေ့စဉ်နီးပါး အိမ်ပြန်နောက်ကျခဲ့ ချေသည် စီးပွား သွားရှာသည်ဟု မမြင်နိုင်ခဲ့
ပါချေ၊ ထိုသို့ဆိုလျှင်သူမ မည်သို့မြင်ပါသနည်း ဆိုသော် မိဘထံတွင် ထမင်းစားကျွန်ခံ လုပ်နေ
သည်ဟုမြင်လေသည် သူမ၏ အမြင်မှာ ဆိုးရွားလွန်းလှချေ၏။ ထို့ ကြောင့်အိမ်ပြန်နောက်ကျ
လေတိုင်း သူမနှင့်စကားများ ရလေသည် ကျွန်တော့အပြစ်မှာ အိမ်ပြန်နောက်ကျတိုင်း အိမ်အ၀မှ
သူမ၏မျက်နှာကို လှမ်းကြည့် ခြင်းဖြစ်သည် အလုပ်ပင်ပန်းလာသည့် အလျောက် စကားမများလို
သဖြင့် မျက်နှာညိုသောနေ့ များတွင်အိမ်မှ ပြန်ထွက်ခွာသော နေ့များ ရှိလေသည်။ အိမ်မှာမအိပ်
ပဲဘယ်မှာအိပ်သနည်း ဆိုသော် တခါတရံ စက်ရုံသို့ပြန်၏ တခါတရံညီဖွင့်ထားသောစားသောက်
ဆိုင် အပေါ်ထပ်တွင် အဲယားကွန်းဖွင့် စားပွဲခင်း ခြုံ အိပ်၊သို့မဟုတ် ထိုစဉ်က ခင်မင်သောအပေါင်း
အသင်းသူငယ်ချင်းအိမ်တွင် တခါတရံအိပ်တတ် လေသည် ထိုသည်ကား ကျွန်တော့အမှားဖြစ်
လေသည်။ထိုညမျိုး များတွင် မည်သူအိမ်သို့လာ သည် မည်သူမည်သည့်အချိန်မှပြန်သွားသည်
ဆိုသည့်သတင်း များကြားသော်လည်း ကျွန်တော်ကတော့ သူမအားယုံကြည်စွာပင်၊ ထိုယုံကြည်
မှု သူမအား ချစ်ခင် အလိုလိုက်မှုအပေါ် အခွင့်ကောင်းယူလိမ့်မည်မထင်ခဲ့ ပါချေ။ တနေ့
ကျွန်တော် နှင့်သူမ ကျွန်တော့မိဘအိမ်တွင် ဘုန်းကြီးဆွမ်းကပ် ပရိတ်တရားနာ ရှိသဖြင့်အသွား
ဆိုင်ကယ်အက်ဆီးဒင့် ဖြစ်လေသည် ကျွန်တော်ကား ဆိုင်ကယ်စီးနင်းရာတွင်ကျွမ်းကျင်သတိရှိသည့်
အလျောက် သူမကိုအသက် အန္တရာယ်မှ ကာကွယ်ပေးနိုင်ခဲ့ သော်လည်း ဘယ်ဖက်ခြေမှာဆုံးပါးလု
နီးပါး ဖြစ်ခဲ့လေသည် သူမကတော့ပွန်းပဲ့ ဒါဏ်ရာမျှပင် မရခဲ့ပါချေ ။ သမကိုကာကွယ်ပေးခဲ့သည်
ဆိုခြင်းကိုလည်း ယနေ့တိုင် လက်မခံသေးဟု ကျွန်တော် ထင်သည်။ ကျွန်တော် အတန်ကြာဆေးရုံ
တက်ခဲ့ ရလေသည် ထိုစဉ်က ရန်ကုန်ဆေးရုံကြီး တွင် PR များစတင်ကာစ အဆောင် ၅-၆ တွင် မနေ
ချင်သောကျွန်တော့ အတွက် အဆင်ပြေသည်က ဟာဂျီမဒေါ်ပု အဆောင်နှင့်ကပ်လျှက် PRIVATE
ROOM များပင်တည့် ၊ ဆေးရုံတွင်ပင်ခဏခဏ စကားများရလေသည်။အကြောင်း မရှိအကြောင်းရှာ
ကာ ရန်လုပ်လေသည်မို့၊ ဆေးရုံမှဆင်းသော်လည်း ချိုင်းထောက်နှင့်ကျွန်တော့ အား အိမ်တွင်ထားခဲ့
ကာ အပေါင်းအသင်းများနှင့်လည်ပတ်မြဲသာတည့် ကျွန်တော့စိတ်တွင်ဘ၀ဆုံးပြီဟု အတွေးကိုနှစ်
သိမ့်ရန်လည်းမကြိုးစား ဖေးမပြောရန်လည်း ဆန္ဒ ရှိဟန်မတူ ၊ကျွန်တော်တွေးသလိုပဲ မောင်ဟာဘဝ
ဆုံးသွားပြီဟု တွေးသလားမပြောတတ်ပါချေ၊ ကျွန်တော်၏ မိဘများကတော့ ထောက်ပံ့မြဲသာ ။
ထိုစဉ်က အလွန် စိတ်ဆင်းရဲရသော နေ့များပါပေ ထိုဒါဏ်ကို မခံနိုင်သော ကျွန်တော်သည်လည်း
ချိုင်းထောက်တကားကား ဖြင့်စက်ရုံအခန်းသို့ပြောင်းရွှေ့လာခဲ့ သည် နယ်မြေလုခြင်းလားဟု မဆို
တတ်ခဲ့ပါ ၊သူမကတော့အကြံစည်ရှိပြီးသား ဖြစ်လိမ့်မည် မြို့ထဲတိုက်ခန်း ၏ပိုင်ဆိုင်မှုအထောက်ထား
များကို တံဆိပ်ခေါင်းပေါ်တွင် မိတ္တူ ကူးကာ မိတ္တူ ကိုထားခဲ့ပြီး မူရင်းများကို ဘယ်ဆီသို့ယူဆောင်
သွားမှန်းမသိခဲ့ ရချေ။