Monday, November 17, 2008

ချစ်သူမောင်၏စိတ်ဒါဏ်ရာအမာရွတ်များ(၄)

အဲဒီနိုင်ငံကို မသွားခင် အဖေ မှာလိုက်တဲ့စကားတစ်ခွန်းရှိပါတယ် လူ့အောက်ကျို့လို့ လူပိမသေဘူး
သစ်ပင်အောက်ကျို့ယင်တော့သစ်ပင်ပိသေတတ်တယ်တဲ့။အဲလိုမှာလိုက်တာ တစ်ကယ်တော့လူအောက်
ကျို့ယင်းနဲ့ နင်းပြားဖြစ်သွားရတဲ့ ဘ၀ပါ။ငဖြိုးနိုင့်ထက်စီးနင်းလုပ်တာခံရသလို ဒေါ်မိုးမိုးကလည်း ခေါင်းပုံ
ဖြတ်အမြတ်ထုတ် ငွေတော်တော်များများ ဆုံးရှုံးသွားခဲ့ ရတယ် တစ်ကယ်တော့တောင်ပေါ်မှာ သစ်ပင်ပိမသေခဲ့တာအပြေးကောင်းလို့ ဖြစ်ပုံကဒီလို တောင်ကမ်းပါးရံက အပင်ကြီးကိုလှဲတာ
လူနှစ်ဖက်လောက်ရှိမှာပေါ့ ဆွဲလှဲဖို့ကြိုးကမမှီတမှီ အောက်ကနေချိန်းဆော နဲ့ဖြတ်တဲ့သူကတစ်ယောက်ဲ
လဲကာနီးအဖျားမှာချည်ထားတဲ့ကြိုးကိုဆွဲလှဲတော့ သစ်ပင်လဲပြီးလူနောက်တဟုန်ထိုးလိုက်လာတာပေါ့
တောင်ကမ်းပါးယံကိုး ဘာပြောကောင်းမလဲပြေးတာဖနောင့်နဲ့တင်ပါးတစ်သားတည်းမကျရုံတမည်ပေါ့
သစ်ပင်ကြီး အရှိန်မသေမချင်းရပ်မရအောင်ပြေးရတာ နောက်တစ်ခုအတွေ့ကြုံပါ ။လူကအရွတ်တုံးဖြစ်သွားတာ ကမ်းပါးယံကိုညှိတော့ ဘက်ဖိုးနဲ့ညှိတာလေ မြွေတွင်းတွေလည်းရှိတယ် အဲမှာမြွေဖမ်းပစ်လိုက်တယ်
ထွက်လာတဲ့မြွေခေါင်းကိုဆတ်ကနဲဖမ်းညှစ်ပစ်တာ အစွယ်နဲ့လွတ်သွားလို့နို့မို့ဆို ချစ်သူမောင်ခုချိန်မှာ
မရှိတော့ဘူးလေ ဟီး.......ထားပါလေ လူညစ်နေတော့ပေါက်ကရလုပ်ခဲ့ တာလေးအမှတ်တရထည့်ရေး
တာပါ ။အဲဒီအချိန်မှာကြောက်စိတ်ဆိုတာလည်းမရှိတော့ဘူးလေ။လုပ်ချင်ရာစွတ်လုပ်တော့တာ ခုချိန်မြွေ
တစ်ကောင်လောက်ဖမ်းပြဆိုယင်တော့ ကိုင်ရဲဖို့နေနေသာသာ အသည်းယားတာနဲ့ တင် တခုခုနဲ့ ရိုက်ပစ်
မှာ။ချစ်သူမောင်သစ်ပင်ပိလို့မသေပဲလူ့အောက်ကျို့လွန်းလို့ သူများနိုင့်ထက်စီးနင်း လုပ်တာခံရတော့တာ
အဖေ့ မှာကြားချက်မှားတယ်လို့တော့မပြောပါဘူး ချစ်သူမောင်အတွက်မမှန်တာပါ။ အမှန်တော့ ကိုယ်နိုင်ငံသားက နိုင်ငံခြားမှာကြောက်ဖို့ကောင်းတယ် ။လှီးမယ် ခုတ်မယ်ထစ်မယ်ဆိုတာမျိုးတွေပါ
အဲလိုနဲ့ Hamura မှာမနေနိုင်တဲ့ အဆုံးတိုကျိုကိုပြန်လာခဲ့ တယ် Ikebukoro ဘူတာရုံရှေ့က ပန်းခြံထဲမှာ
ချမ်းချမ်းစီးစီးကြီး ကဒ်ထူပုံးခင်းပြီးအိပ်ခဲ့ဘူးတယ် တောင်ပေါ်ကိုဖုံးဆက်လိုက်တော့ကိုတိုးလှမ်းပေးလိုက်တဲ့
လိပ်စာကိုမသွားတတ်လို့ နောက်ပြီး ညမိုးချုပ်နေတာလည်းပါတာပေါ့။နောက်နေ့မနက် ကိုတိုးရဲ့ယောက်ဖ ကိုဘိုဘို အိမ်ကိုသွားရှာတယ် တစ်ကယ်တော့ ကိုဘိုဘို ကစိတ်ထားကောင်းတယ် ကျေးဇူးရှင်တစ်ယောက်ပါ
အလုပ်လည်းသွင်းပေးတဲ့ အပြင် ငွေကြေးစကားတစ်ခွန်းမှမပြောခဲ့ပါဘူးအိမ်ပေါ်မှာလည်းတင်ထားတယ်
ခင်ဖို့လည်းကောင်းတယ် ခုတောကဂျပန်မနဲ့အိမ်ထောင်ကျပြီးအပြီးပြန်မလာတော့ဘူး။
ဒါပေမယ့် မောင်အဲဒီအချိန်ကငယ်သေးတာကိုး အိမ်ကိုလည်းလွမ်းတယ် (အိမ်နဲ့ မတည့်တာတောင်)
သူငယ်ချင်းတွေကိုလည်းလွမ်းတယ် ရန်ကုန်မှာရှိတဲ့အရာအားလုံးကိုလွမ်းတယ် အဲတာနဲ့တနှစ်မပြည့်
တပြည့်မှာပဲ ရန်ကုန်ပြန်လာဖြစ်ခဲ့ တာပေါ့ ။အဓိကအဲ့အချိန်ကမီးကိုလွမ်းတာပဲဖြစ်မှာ အသက်က
ငယ်သေးတယ် ဆယ်ကိုးနှစ် ကျော်လောက်ပဲ ရှိဦးမှာ ။နောက်တော့မီးနဲ့ အင်္ဂါနေ့တိုင်းလိုလိုတွေ့ဖြစ်တယ်
ဒါပေမယ့်မီး မောင့်ကိုအဖြေမပေးပဲထားတယ် မောင်တော်တော်ညစ်လာတယ် အဲတာနဲ့ မန္တလေး၁၆လမ်း
မီးလောင်ပြင်ကိုကံထရိုက်ဆောက်ဖို့ဖြစ်လာတယ် အဲတာနဲ့ မောင်လည်းမန္တလေး ကိုကံထရိုက်အဖွဲ့နဲ့
လိုက်သွားဖြစ်တော့တယ်မောင်တော်တော်ပေပေတေတေ နေဖြစ်ခဲ့တာ ခရီးပေါင်းစုံရောက်လို့ ပေါ့ ပုဂံ၊
ညောင်ဦး ၊ပုပ္ပား အစရှိသဖြင့်ပေါ့ အဲမှာမောင့်အစ်ကိုဝမ်းကွဲလူပျို ကြီးတစ်ယောက်ပါတယ် သူမိန်းမရရေး
မောင် လှုပ်ရှားတာလည်းပါတယ် ပေါ့။အမျိုးချင်းပေးစားမလို့သူ့ကိုလူကြီးတွေစီစဉ်တာ အမှန်တော့
အမျိုးဆိုတာဟိုဖက်မျိုးဒီဖက်မျိုးပါ ဦးလေးမိန်းမဖက်ကအမျိုးနဲ့ သူ့ကိုပေးစားဖို့ ပေါ့ အဲဒီမှာ မောင်လိုက်ပြီးလေနေခဲ့ တာပေါ့၊သူနဲ့စီစဉ် တဲ့ ကောင်မလေးက ကသာက သူနဲ့ တွဲပြီးမောင် ကသာမှာ
တစ်လလောက်နေဖြစ်ခဲ့တာပေါ့။သူ့ ကြောင့်အမျိုးတွေကြားမှာမောင်တော်တော်နာမည်ကြီးခဲ့တာပေါ့
သူ့ကောင်မလေးရဲ့တူမနဲ့မောင်နဲ့ အတော်ခင်ခဲ့ ကြတာကိုး နောက်ပိုင်းလည်း စာအဆက်သွယ်ရှိသေးတယ်
ခုတော့ကလေးတစ်ယောက်ဆိုလားနှစ်ယောက်ဆိုလား ရနေပြီတဲ့လေ.....။ ထားပါအဲဒီအရွတ်တုံး စိတ်ဒါဏ်
ရာကမပျောက်ခဲ့ပါဘူး ကသာကနေပြန်လာတော့အဖေနဲ့ မတည့်ပြန်ဘူး အဲမှာမန္တလေးကန်ထရိုက်ကဆက်
မလုပ်ဖြစ်ခဲ့တော့ဘူး။နောက်တော့ရန်ကုန်ပြန်လာ ဘုရင့်နောင် ပွဲရုံတန်း ဆောက်ဖို့စလာရောလေ မောင်
ကအလုပ်မကြောက်တတ်တာဆိုတော့ သဲထဲနွံထဲလည်း သွားတာပဲဆောက်တာပဲဆောက်တဲ့ အချိန်တွေ
မောင်နဲ့မီးဝေးနေခဲ့ကြတယ် မီးကိုမောင်နောက်ဆုံးပေးခဲ့ တဲ့စာထဲကအတိုင်း နှစ်ယောက်စာ
မောင်တစ်ယောက်တည်းလွမ်းနေပေးပါ့မယ် ဆိုတဲ့အတိုင်း မောင်ဆိတ်ဆိတ်နေခဲ့ တာပေါ့ .....
ဘုရင့်နောင်က(ခ)၂၄ အဆောက်ဦမပြီးခင်မှာပဲ မောင်နောက်တစ်ခေါက် ချယ်ရီပွင့်တဲ့ နိုင်ငံကို ပြန်ရောက်ဖြစ်ခဲ့ရပြန်တယ် ခက်ခက်ခဲခဲဟုတ်ပါဘူး ဒါပေမယ့်အဲ့ဒီအချိန်က ခက်ခဲခဲ့တယ်လေ ...ဘာလို့လည်းဆိုတော့မြကေခိုင်ဆိုတဲ့ ကောင်မလေးတစ်ယောက်ကိုသနားလို့ကူညီပေးခဲ့တာကြောင့်
ပေါ့ မောင် သစ္စာမရှိတာတော့မဟုတ်ပါဘူး မရှိချင်တော့တာဖြစ်မယ် အဲဒီအချိန်တုန်းက မောင့်စိတ်တွေ
အခြေနေမဲ့ လေနေခဲ့တယ်လေ....................။

No comments: