
သက်ရှိတွေရဲ့သမိုင်း
ထင်ရှားစွာတွေ့မြင်နိုင်ခဲ့ကြတယ်
အီဗော်လူးရှင်းသီအိုရီကြောင့်
သက်ရှိတွေရဲ့အနာဂါတ်
ဘာဖြစ်မလဲတွက်ဆခဲ့ကြတယ်

အီဗော်လူးရှင်းသီအိုရီကြောင့်
နောက်နှစ်ပေါင်းငါးထောင်လောက်ဆိုယင်
ခြေသန်းလေးတွေလုံးဝကွယ်ပျောက်လုမတတ်
သေးသိမ်တိုဝင်သွားကြမယ်တဲ့......
ခုကျတော့.......
အီဗော်လူးရှင်းကြောင့်လား
ရီဗော်လူးရှင်းကြောင့်လား
ဖက်ရှင်အတွက်ကြောင့်လား
တဖက်သားအတွက်လား
ဝတ်တဲ့သူမရှက်မြင်တဲ့သူရှက်စရာ
စကတ်တွေဘောင်းဘီတွေ
တိုဝင်ခဲ့ကြတယ်...........
အဲတာဟာကောင်းတဲ့ကိစ္စလား
ယဉ်ကျေးမှုနဲ့ဆိုယင်
ကမ္ဘာဦးအစကိုခေတ်နောက်ပြန်ဆွဲတာပဲ
တချိန်.........
ကိုယ်လုံးတီးလုနီးပါးတိုဝင်ကုန်ကြယင်.........
အရှက်မဲ့တဲ့ကမ္ဘာမှာ
အရှက်မဲ့တဲ့မြန်မာရယ်လို့အပြောမခံရစေချင်.....။ ။
ဝန်ခံချက်။ ။မြန်မာ့ယဉ်ကျေးမှုကိုမြတ်နိုးတန်ဖိုးထားသူ သူငယ်ချင်း" ပျိုးယုဝသုန်"နဲ့ချတ်ဖြစ်တဲ့
အတွေးခံစားမှုကိုကဗျာအဖြစ်(ကဗျာမဖြစ်တဖြစ်)ဖွဲ့ဆိုပါသည်
evolution=ဆင့်ကဲဖြစ်စဉ်
revolution=တော်လှန်ရေး
ပုံတွေကိုတော့ Google Image မှယူသုံးပါတယ်ခင်ဗျ မြန်မာမိန်းကလေးတွေရဲ့ပုံကိုယူမသုံးပါ
အမြင်မတော်တာကြောင့် နှမသားချင်းစာနာပြီးတင်မပေးလိုက်ပါ ပွန်းဆိုက်စာရင်းထဲဝင်သွားမှဖြင့် :P
12 comments:
အကိုကြိး.....
ဒီလိုလေးလည်း ပြောပေးအုံးမှ
အခု မမ တွေကလွယ်တာမဟုတ်ဘူး
ပြီးရင်တော့ သူတို့မဟုတ်သလိုပဲ
ကိုယ့် ယဉ်ကျေးမှု့ကို တန်ဖိုးထားလို့ ပြောတာပါ
ဆရာ လုပ်တာမဟုတ်ပါဘူးဗျာ အခုလိုပြောတာကို
သဘော မကျရင်လည်း နားလည်းပေးကြပါ။
ဟားဟား ညီလေးရေ အမြင်မတော်တာတော့
ကြာပြီကွ ခက်တာက FBမှာလည်းကိုယ့်အပေါင်းသင်း
ထဲရောက်လာကြတဲ့ကလေးမတွေလည်း
အဲလိုမဆင်မခြင်ဝတ်တဲ့ပုံတွေတင်တင်လာလို့
မပြောချင်ပေမယ့်ပြောလိုက်ရတာ :P
ခင်တဲ့
အစ်ကို
ဟုတ်တယ်... မှန်တယ်... မိန်းကလေးချင်းချင်းဆိုတော့ ပိုရှက်တယ်.. သူတို့တွေ့ရင် သွားပြီးဖုံးပေးရမလိုလို... သူတို့ကို သူများကြည့်နေရင်လည်း ကိုယ်ကမဆီမဆိုင် ရှက်သလိုလို... ဘာကြီးမှန်းသိပါဘူး.. >.<
ကောင်းတယ်များများသာရေးပေး
အဲလိုလေးရေးတာရှိအုန်းမှ....
မြန်မာမတွေမတင်တာပဲကျေးဇူးတင်ပါတယ်
တင်ရင်ထမင်စားပျက်ရမယ်..ခြေသလုံးမဲတုတ်တုတ်
ဖနောင့်လေးတွေကွဲပြီးဂျီးကပ်နေတာတွေမြင်နေရမှာမို့
အပြင်ထွက်ရင်သူတို့မှန်မကြည့်ဘူးထင်တယ်နော်
ကိုယ်နဲ့လိုက်မှန်းမသိ..ဘာမှန်းမသိနဲ့....
မြန်မာ့ယဉ်ကျေးမှုနဲ့ ကိုက်ညီတဲ့ ခေတ်မီတာကို အပြစ်မပြောလိုပေမယ့် တစ်လွဲဆံပင်ကောင်းပြီး လွဲမှားတဲ့ အယူအဆတွေကို လက်ခံနေတာတော့ မဖြစ်သင့်ဘူးပေါ့ ချစ်သူမောင်ရေ။
တန်ဘိုးရှိတဲ့ ပညာပေးကဗျာလေးတွေ အားလုံးကိုဖတ်စေချင်တယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ခေတ်မှီတာကို ကြိုဆိုပြီး၊ ခေတ်ဆန်လွန်းအားကြီးတာကိုတော့ အားမပေးချင်ပါဘူး။ သူများဝတ်လို့ ကိုယ်လိုက်ဝတ်ရတယ်ဆိုတာကိုက ကိုယ်ပိုင် ခံယူချက် မဲ့နေတာပါ။ ကိုယ့်အ၀တ်အစားနဲ့ကိုယ် လူအကဲ့ရဲ့ မခံရစေချင်ပါဘူး။ အမျိုးကောင်းသားတွေကလည်း ဒီလို ၀တ်စားဆင်ယင်မှုမျိုးကို နှစ်သက်ကြမှာ မဟုတ်ပါဘူး။ မြန်မာမိန်ကလေးတွေ ခေတ်မှီမှီ၊ စတိုင်ကျကျနဲ့ လှပစေချင်ပါတယ်။
( အမြဲလာ ဖတ်ဖြစ်နေပါတယ်။ ဒီကဗျာလေးကို နှစ်သက်လို့ ကွန်မန့်ပေးခဲ့ပါတယ်။ Link လည်း ချိတ်ထားလိုက်ပါတယ်နော်)
ကန်ဒီလေး သူတို့တောင်မှမရှက်သေးတာခွင့်လွှတ်လိုက်ပါနော် :P
ခင်တဲ့ဂျပ်စမင်ရေ များများအဲလိုမရေးခိုင်းနဲ့နော်
လူတွေအချစ်လျော့ကုန်မှဖြင့် တချို့ကစေတနာကိုနား
မလည်တတ်ကြတာမို့နော်.....
ဟုတ်ကဲ့အန်တီတင့်တတ်နိုင်တဲ့ဖက်ကထောင့်စေ့အောင်
ကြည့်ရေးပါ့မယ်ဒါပေမယ့်အများကြီးတော့ရေးဖူးနော်
မြသွေးနီရေ
သူများဝတ်လို့ ကိုယ်လိုက်ဝတ်ရတယ်ဆိုတာကိုက ကိုယ်ပိုင် ခံယူချက် မဲ့နေတာပါ။ ကိုယ့်အ၀တ်အစားနဲ့ကိုယ် လူအကဲ့ရဲ့ မခံရစေချင်ပါဘူး။ အမျိုးကောင်းသားတွေကလည်း ဒီလို ၀တ်စားဆင်ယင်မှုမျိုးကို နှစ်သက်ကြမှာ မဟုတ်ပါဘူး။ မြန်မာမိန်ကလေးတွေ ခေတ်မှီမှီ၊ စတိုင်ကျကျနဲ့ လှပစေချင်ပါတယ်။
ကိုယ်ကိုတိုင်လဲအဲ့လိုပဲမြင်တယ်လေ ဒါပေမယ့်
တချို့ကျတော့သူတို့စရိုက်ဖော်ပြချင်သလိုမျိုး
ဆိုတော့တွေးရခက်ကြီးပေါ့
လင့်ချိတ်သွားတဲ့အတွက်ကျေးဇူးပါ
အားလုံးကိုချစ်ခင်လေးစားလျှက်
ဒီကဗျာမဖြစ်တဖြစ်လေးကို ကျမ ကြိုက်လိုက်တာ။ ဒီပိုစ့်ကို ကျမတော့ သဘောကျတယ်။ နိုင်ငံခြားမှာ ကိုယ်တိုင် နေနေတဲ့ ကျမက သနပ်ခါးလူး အကျီလုံလုံ။ ဘောင်းဘီရှည်ရှည် ဒါမှမဟုတ် စကတ်ရှည်ရှည် ဒါမှမဟုတ် အခွင့်သင့်ရင် ထမီ ကိုပဲ ဝတ်ဖြစ်ပါတယ်။ အဝတ်အစားက လုံခြုံ သေသပ် သန့်ရှင်းနေဖို့ကပဲ အဓိကမဟုတ်လား။ တလွဲဆံပင်ကောင်းနေကြတာကို ဟို စကားလို တုတ်ကလေးနဲ့သာ ခပ်စပ်စပ် ရိုက်ချင်စမ်းတယ်။ ကိုမောင်ရေ။ ဒီပိုစ့်အတွက် ကျေးဇူးတင်သွားပါတယ်။ ခေတ်ကိုတုပ ပြကြရတဲ့ လုံမပျိုမေတို့မြင်နိုင် ရှက်နိုင်ကြပါစေ
ခင်တဲ့မေလေး
ခင်တဲ့မေလေး
သူငယ်ချင်းမိန်းကလေးတစ်ယောက်ဆိုတော်တော်
ပက်ပက်စက်စက်ပြောခဲ့တာ အဲဒီစကားကိုဖော်ပြသင့်မပြသင့်စဉ်းစားနေလို့
သောက်.........တွေတော်တော်....နေတယ်
ဒူးရင်းသီးမော်တာတပ်ပြီး...........................တဲ့
အဲလိုတစ်တစ်ခွခွကြီးကိုပြောတာ ဒါတောင်မိန်းကလေးချင်းအမြင်ရိုင်းလို့ပါနော်
ကိုယ်ကတော့ အရှက်တရားရှိသင့်တယ် မြန်မာ
မိန်းကလေးပီသစွာ လုံခြုံစွာဝတ်စေချင်တာ ရင်က
ဆန္ဒအမှန်ပါ
ခင်မင်လျှက်
ချစ်သူမောင်
ခေတ်မီတာနဲ့ခေတ်ဆန်တာကိုလက်ခံပေမဲ့
မလုံ့တလုံ့ကိုတော့လုံးဝသဘောမကျပါဘူး
ဒါပေမဲ့တချို့သောမြန်မာမိန်းကလေးတွေကလည်း
သိကြတဲ့အတိုင်း.......
........
..........
ကလေးမလေးတွေ ၀တ်တာ ဘာဟုတ်သေးလဲ ချစ်သူမောင်ရေ...ကလေးမကြီးတွေ၊ ခုနစ်အို ရှစ်ဆွေးကြီးတွေကိုယ်တိုင်က ကိုရီးယားယောင်ယောင် ဘာယောင်ယောင်တွေ အတုခိုးပြီး “န” ပုံပေါက် ဗိုက်ပူဖင်ကောက်နေတဲ့ ဘော်ဒီကြီးတွေပေါ်မှာ ကိုယ်ကြပ်ဝတ်၊ ဆံပင်ကို သံချေးရောင်ပေါက်အောင် ဆေးဆိုး၊ စကပ်တိုတိုဝတ်ပြီး တင်းပုတ်ခြေသလုံးကြီးတွေကိုပြလိုပြ၊ အတွင်းခံဘောင်းဘီကို အပေါ်မှာ လက်တစ်ဝါးလောက်ပေါ်အောင်ဝတ်လိုဝတ်နဲ့ ” အရှိကိုအရှိအတိုင်းသာ ဖွင့်ထားမည်” ဆိုသလို ဖြစ်နေတာ မြင်ပြင်းကပ်လှပေါ့...
ကလေးတွေမှားတာ သည်းခံပြီး ပြင်ပေးချင်ပေမယ့် အဲဒီလို အရွယ် လူကြီးတွေ မှားတာကိုတော့ နရင်းအုပ်ချင်နေတာကြာပေါ့...
အခုမှပဲ အဖော်ရလိုက်လေ...
ဆက်သာချ...ဦးဟန်ကြည်ကတော့ ဒီအကြောင်းကို ပို့စ်တစ်ပုဒ်လောက်ကို ရေးတင်ဖို့ မောင်းတင်ထားလိုက်ပြီ...
ဦးဟန်ကြည်ရေ
ဖော်မြူလာထဲထည့်ရတော့မလားပဲဗျ
စကတ်တိုလေမျက်နှာအိုလေဆိုပြီးတော့
:P
blackroze ရေ
ဟုတ်ပါတယ် သိပါတယ်ဗျာစိတ်ကိုညစ်ရောနော်
တစ်ကယ်တော့လုံခြုံယင်လူပိုစိတ်ဝင်စားတယ်ဆိုတာ
နားမလည်လို့ထင်ပါ့
လူဆိုတာမျိုးကမမြင်ရလေပိုကြည့်ချင်လေမို့လို့လေ
:)
ခင်မင်လျှက်
ချစ်သူမောင်
Post a Comment