ချစ်ခဲ့ရတဲ့မီး
ဘာတွေတွေးနေလဲ
အပျက်ပျက်နဲ့ထွက်ခဲ့တဲ့
နှာခေါင်းသွေးစက်တွေ
ခြောက်သွားတော့မှ....
နော့ဗဒက်ဇ အိပ်မက်
တကယ့်အဖြစ်ပျက်တွေတွေးယင်း
တခါတရံမှပဲသတိရဖြစ်တယ်
တမ်းတတာတော့ဟုတ်ဖူး
ထူးမလာတဲ့အဖြစ်မှာ
ရူးစရာလည်းမဖြစ်ခဲ့တော့ပါ.......
အလွမ်းနေ့စွဲအဖြစ်
နှောင်းတခေတ်မှာ
အကြောင်းအရာသစ်အတွက်
ဆောင်းစအဖြစ်မှာ
လွမ်းစရာနေ့စွဲ
တမ်းတ နေလည်းမထူး
လွမ်းနာကျနေလည်းရူးယုံ
ရင်ခွင်သည်းဦး
အမြဲစူးခဲ့ ခံရခက်ခက်
နေ့ရက်တွေမှာ
သတ်ပုံတွေအခါခါမှားလည်း
အဓိပ္ပာယ် မှန်ချက်
လွမ်းရစ်ခက်အောင်
မြူမှုန်တို့ကလုပ်ရက်......
ခပ်ခက်ခက်ပဲနေခဲ့နေ့စွဲ
အလွမ်းထဲမှာမောင်မပျော်ပါ
ချစ်တဲ့ငယ်ရာ
မင်းရဲ့ရုပ်သွင်
မြင်ယောင်လေတိုင်း
စိတ်ထဲမှိုင်းခဲ့
အလွမ်းနေ့ရက်လား
ထင်ယောင်မြင်မှား
လွမ်းစကားတွေ
အတွေးမှာတွေဝေ
မနေသာပါ
ဖြေစရာမဲ့
ရင်ခွင်ကလေ
နာချင်ရက်နဲ့
နာရန်ခက်ခဲ့ပေမယ့်
တမင်နာတယ်..........
အမှတ်မရချင်တဲ့အတိတ်
အရိပ်ဖြစ်နေ
အတိတ်က ခြေရာ
သောကခြေရာကောက်
နောက်ကမလိုက်ချင်
အင်တင်တင်ပေမယ့်
အမှတ်တရတော့ရှိနေဆဲ
အမှတ်မထင်
ဘဝတဆစ်ချိုးမှာငါ့ကိုလည်း
မင်းချိုးခဲ့တဲ့သစ်စိမ်းချိုး
အလွမ်းတွေမပျိုးတော့ပေမယ့်
အမှတ်တရတော့
ရှိသေးတယ် မောင်ချစ်တဲ့ "မီး"ရယ်........။ ။
တစ်ခါကတစ်ဘဝပါ.............
Monday, November 10, 2008
တချိန်ကNov-Dec
Subscribe to:
Post Comments (Atom)
No comments:
Post a Comment