Tuesday, April 17, 2012

၀တ်လစ်စလစ် ရိုးရာယဉ်ကျေးမှု

                                 ဤသို့ကခုန်ကြသည်




ဤသို့အနောက်ဆန်ကြသည်    


အောက်ကပုံလိုရေပင်မရောကြတော့   


ဤသို့ကျက်သရေရှိသော.....



အချိန်ကား အေဒီ ၂၀၁၂ ခုနှစ်
နေရာကား ဗာရာဏသီပြည်
အုပ်ချုပ်မင်းလုပ်သူကား စကြဝတေးမင်းဟုသမုတ်ခံထားရသူ

ဆင်မည်းများရှင်သားရေစီသူမင်းတြား......ဗာရာဏသီပြည်ကြီးအလွန်စည်ကားဖွံ့ဖြိုးတိုး
တက်လာသည့် ကာလဖြစ်သည့်အလျောက်နိုင်ငံတွင်းတွင်လည်းအလွန်စည်ကား
သိုက်မြိုက်လွန်းလှချေသည်။ဝတ်စားပုံမှာအလွန်အဆင့်တန်းမြင့်မားလာကြရာ
ဖက်ရှင်ဒီဇိုင်နာများသည် ပိုးထည်အမျိုးစားမှထုတ်လုပ်အပ်သော (ယ္ခုခေတ်)
ဇာခြင်ထောင်တမျှ ပါးလှပ်သော ပိတ်အုပ်တို့ကို အဝတ်အထည်အဖြစ်ချုပ်လုပ်
ရတော့သည်။ထို့အပြင်ဘောင်းဘီ၊စကပ်စသည်တို့သည်လည်းတိုသည်ထက်တိုကုန်ကြသည်ဖြစ်ရာလုံမပျိုတို့
မြင်ကွင်းအလှူကြီးပေးကုန်ကြသောခေတ်ဖြစ်တော့သည်။
ကမ္ဘာကြီးပူနွေးလာသည့်အတွက် ဗာရာဏသီပြည်သည် အီကွေ
တာနှင့်နီးသဖြင့်အပူဒါဏ်ကိုခံစားရလေရာထိုမျှပါးသောလှပ်သောအဝတ်အထည်

ပင်အေးမြအောင်စွမ်းဆောင်နိုင်ခြင်းမရှိသေးချေ ။

ထို့အပြင်ထိုထိုသောဗာရာဏသီပြည်၏ထူးခြားချက်အဖြစ် နှစ်သစ်ကူးကာလတွင်
ရေပက်ဖျန်းခြင်းဖြင့်မင်္ဂလာယူကုန်ကြသည် ဖြစ်လေ၏။

ထိုကာလတွင်ကားလူငယ်များစည်းလွတ်ဝါးလွတ်ပျော်ရွှင်ကြသည်ဖြစ်ကြလေရာ
အရက်သေစာ သောက်ပွဲစားပွဲဆင်ယင်ကျင်းပကာ ရေသွန်းလောင်းပက်ဖျန်းကြ
ကုန်သည်ဖြစ်ရာယခင့်ယခင်မင်းများလက်ထက်ထက်ပို၍တမူထူးခြားကာပို၍
စည်ကားလေသည် မြို့တော်တစ်ဝိုက်တွင်ဆိုဖွယ်မရှိ။

အလွန်စည်ကားလေရာရေသဘင်ပွဲသည်သေသောက်ပွဲနှင့်မခြား တမူထူးခြား
သည်ကား ယခင့်ယခင်မင်းများလက်ထက်နှင့်မတူ အမျိုးသမီးမြောက်မြားစွာ
ပါသေသောက်ကြူးပွဲတွင်ပါဝင်လာကြခြင်းဖြစ်လေသည်၊

မြင်ကွင်း(၁)

အလွန်ပူအိုက်ရသည်ဖြစ်လေရာ အမျိုးသမီးများဘီကီနီ ပါးပါးဝတ်ကာ

မဏ္ဍပ်များပေါ်တွင်ရေကစားနေလတ္တံ့ထိုမဏ္ဍပ်ဘေးတွင်

မှောင်ခိုအရက်ဘီယာအမြည်းစုံလင်စွာရသောဆိုင်ငယ်လေးတစ်ဆိုင်အဆင်သင့်
ရှိလေရာမဏ္ဍပ်ပေါ်တွင်ရေကစားနေရာမှ အတန်ငယ်အေးလာသောလုံမပျိုများ
ထိုသေရည်ဆိုင်တွင်းသို့ဆင်း၍သောက်စားကြသည်မူးကာအန်ကြသည်အထိ။
အရက်သေစာကိုအလွန်ကျွံသောက်စားမိပါကသူရာမေဓရကံတစ်မျိုးမှလွဲ၍
ထပ်မံကာမည်သည့်ကံကိုမှ မချိုးဖောက်နိုင်သော်လည်း ရီဝေေ၀အဆင့်တွင်
မည်သည့်ကံမျိုးကိုကျူးလွန်ရမလဲလာခဲ့ဟူ၍သွေးကြွတတ်လေရာ သူရာမေဓရ
ကံအပြင် အနီးစပ်ဆုံးဖြစ်သော ကာမေသုမိစ္ဆာစာရကံကိုပါကျူးလွန်ရန်
ဝန်မလေးသည်ဖြစ်ရကာ ထိုသို့ဖြစ်အောင်မြှူဆွယ်သည့်ကကွက်မျိုးစုံဖြင့်
စင်ပေါ်ပြန်တက်ကာကော့ကော်ကန်ကား ကပြသည်ဖြစ်လေရာ

ရေပက်ခံထွက်လာသော ချယ်ဂါရီပေါ်မှပုရိဿတို့မနေနိုင်မထိုင်နိုင်ဖြစ်ကာ
ဝင်ရောရာမှ လူရှေ့မရှောင် အရှက်တရားကင်းမဲ့စွာ အနောက်နိုင်ငံများတွင်
နမ်းလေ့ရှိသောပါးစပ်ချင်းနမ်းသည်အထိအပြင်ရမက်ဇောပြင်းထန်လာပြီး
နောက် အဆင်ပြေပါက မဏ္ဍပ်နောက်အတူဝင်ကာ အဝတ်လဲခန်းတွင်း.............

မြင်ကွင်း(၂)

ရေပက်ခံထွက်သောစက်တပ်ချယ်ဂါရီများပေါ်တွင်လည်းမထွက်မီက ကြိုတင်စု
ဆောင်းထားသောရေခဲစိမ်ထားသည့်သေရည်ပုလင်းအပြည့်ထည့်ထားသော
ဖော့ပုံးများတင်ကာ ရေပက်ခံချယ်ဂါရီများပေါ်မှလုံမပျိုများနှင့် အမယ်ကြီးများ
ပါမကျန် ကိုကိုမောင်မောင်တို့အသာထား မူးယစ်ရီဝေကုန်ကြသည်ဖြစ်ရာ
ပတ်ဝန်းကျင်ကိုလည်းဂရုမထားနိုင်ကဲသာကဲဆွဲသာဆွဲဖြစ်ကုန်ကြသည်က
တဖုံ.......အားမရ၍တည်းခိုခန်းဟိုတယ်ရောက်ကြသူများလည်းရှိကြကုန်သည်
ဖြစ်ရာ............

မြင်ကွင်း(၃)

ဗာရာဏသီပြည်၏ တန်ဆာဖြစ်သောမင်းသမီးချောတစ်ဦးသည်လည်း ပထမနေ့
ဘီကီနီဝတ်ထားသည်ကိုဝိုင်းပြောကြသည်ကိုကြားသည်ထင့်နောက်တစ်နေ့တွင်
အတွင်းခံ(ဘရာစီယာ)ပင်မပါတီရှပ်လက်ရှည်ကိုရင်ဘတ်တွင်ကန့်လန့်ခွဲ
ကာဖြဲစုတ်ကာဝတ်ဆင်လာ၏အနုပညာနယ်ပယ်မှ နာမည်ကြီးရော့ခ်အဆိုတော်
မမခမျာပင်နီအင်္ကျ ီနှင့်သာ(ချီးကြူးစရာတစ်ဦး) အဖြစ်မြင်တွေ့ရလေရာ
ရင်မှာအေးချမ်းရပါသည် အနှီမမ အသက်ရှည်ကျန်းမာပါစေ။

မြင်ကွင်း(၄)

အလွန်ပူအိုက်ရှာလွန်းထင့် အကုန်ချွတ်ကုန်ကြလေပြီ(အဝတ်စားများ)
သို့သော် နှစ်ကူးပွဲတော်ကားဝတ်လစ်စလစ်နှင့်ပြီးဆုံးသွားချေပြီ...............

ဓါတ်ပုံတွေကိုတော့ဖေ့ဘွတ်ကနေယူသုံးပါသည်


5 comments:

လွင်ပြင်လှိုင်းငယ် said...

ဟုတ်ပါ့ဗျာ...တကယ့်ကို စိတ်ပျက်ဖို့ကောင်းလွန်းတယ်

စန္ဒကူး said...

အရင်တုန်းကများ ကိုယ့်မြေ မှာ သင်္ကြန်ရောက်ရင် ရေကစားကြတာတွေ..ရိုးရာမပျက်ကျင်းပနေတာတွေ..အကကွက်ညီညီတွေ.. အလှပြကားတွေကို နိုင်ငံခြားသားတွေကိုသိပ်မြင်ဖူးစေချင်ခဲ့တာဥဥရဲ့...
အခုတော့ စိတ်ကြိုက်ဝင်ထွက်ခွင့်လဲရရော..
ရိုးရာယဉ်ကျေးမှုဆိုတာအကုန်ပျေက်လို့ သရုပ်ပျက် ဖော်ဆောင်မှုတွေသာ ဧည့်သည်တွေရဲ့ မှတ်တမ်းထဲမှာ အမြဲရှိနေတော့မယ်..
ဆိုးပါတယ်ဥဥရယ်..

စံပယ်ချို said...

ပုံတွေကိုကြည့်ပြီး ဘာဘာ ဘာမှ မသိတော့ပါဘူး

ချစ်သူမောင် said...

အင်း မထင်မှတ်ပဲမနေနိုင်လို့ပြောမိတာပါအမှားပါယင်ပြောကြပါ

Anonymous said...

အဲ့ဒါကမ္ဘာအလယ်မှာမြန်မာကိုမျက်နှာမဖော်ရဲအောင်လုပ်နေတာ