Tuesday, December 30, 2008

နှုတ်ဆက်ချင်ပြီဒီဇင်္ဘာ

ဘာလိုလိုနဲ့
တနှစ်ပြီးတနှစ်
ပြီးဆုံးသွားခဲ့
ကုန်တော့မယ့်နှစ်ဟောင်းကိုပဲ
နှမြောသလိုလို
လာတော့မယ့်နှစ်သစ်ကိုပဲ
ကြိုချင်သလိုလို
စိတ်ထဲမှာနှစ်မျိုးနှစ်ခွ
ဖြစ်နေလေရဲ့...........

ဘယ်လိုဖြစ်ဖြစ်
တားရစ်လို့မရနိုင်
မထားရစ်လို့မရနိုင်မယ့်အတူ
နှစ်ဟောင်းကိုရင်မနာပဲနှုတ်ဆက်
နှစ်သစ်ကိုချစ်ခင်စွာနဲ့ကြို
အပြစ်မမြင်ပဲ
အချစ်ဝင်ဆဲပါကွယ်
ဇန်နဝါရီဟာ
ခပ်တည်တည်
သူမသိသလို
လူသိမခံချင်တဲ့မျက်နှာနဲ့
အိုက်တင်ခံနေရဲ့..............

ဘာပဲဖြစ်ဖြစ်
နှစ်ထောင့်ရှစ်ကိုနှုတ်ဆက်ပြီး
နှစ်ထောင့်ကိုးကို
နှစ်သက်စွာနဲ့ကြိုပါတယ်။ ။

No comments: