Sunday, August 17, 2008

ဖြစ်တည်မှု(၁)

ဖြစ်တည်မှု တခုအစပြုခဲ့ ပါပြီ ဘာကြောင့်လဲ မေးယင်တော့ ကလေးရပြီလို့ဆိုချင်ပါတယ်
ရည်းစားရသလိုရင်ခုန်ရပါတယ် အော်မိဘမေတ္တာ တကယ်ကြီးမားလှပါလား ၊ဟိုးအယင်တည်းက
လဖက်ရည်တစ်ခွက်သူများငါးမတ်ရောင်းယင် သူကတစ်ကျပ်ခွဲ အဲမှားလို့ မိဘမေတ္တကြီးမားတာ
လဖက်ရည် ဈေးကြီးတာနဲ့ရောသွားလို့ တလာကကျွန်တော်လက်ခွဲလိုက်ရပါတယ် လက်ခွဲပြီး
ဒါဏ်ရာမကျက်သေးတော့ ဆရာဝန်ကြီးနဲ့ဆက်ပြ နေခဲ့ ရပါတယ် တနေ့ ဆရာဝန်သွားပြပြီး
အပြန်မှာ ကျွန်တော့ရဲ့ (သက်ကလေး) မိန်းမ က ကားမူးတယ်လို့ပြောပါတယ်။တစ်ချိန်လုံး
ကားနဲ့လျှောက်သွားနေတဲ့သူက ကားမူးတယ်ဆိုတော့ နည်းနည်းစဉ်းစားစရာပေါ့ ကျွန်တော်
ကတော့ထင်ပါတယ် ကိုယ်ဝန်ရှိနေပြီ ဆိုတာပါ....အဲတာနဲ့ UCG test လုပ်တဲ့ strip လေးဝယ်
လိုက်ပါတယ်.......နောက် နေ့မနက် စမ်းသပ်လိုက်တော့ ပန်းရောင် အစင်းလေးနှစ်ကြောင်း
တွေ့လိုက်ရတယ် ပျော်လိုက်တာဖြစ် ခြင်း ...... မိန်းမရဖူးတယ် ကလေးမရဖူးခဲ့ပါ တော်တော်
ပျော်သွားခဲ့တယ်လေ အပျော်တွေ အပျော်တွေ ဘယ်လောက်ထိပျော်လဲမေးယင် နှစ်ရက်လောက်
ထမင်းစားကောင်းအောင်ကိုပျော်နေခဲ့ တယ် သက်ကလေးကို ကျေးဇူးတင်ကြောင်းတွေတဖွဖွပြော
လို့....မမောမပန်းနိုင်ခဲ့ ပါဘူး တစ်သက်နဲ့တစ်ကိုယ်အဲလောက် ပျော်ခဲ့တာမရှိပါဘူး တစ်ကယ်
အလွမ်းဇတ်ကို တစ်ခန်းရပ်ပြီး ချစ်ရတဲ့မိသားစုလေးနဲ့ ငြိမ်းချမ်းသာယာတဲ့ဘ၀လေးတစ်ခုတည်
ဆောက်ပြီးပျော်ရွှင်စွာနေချင်တဲ့ဆန္ဒည်းပြည့်ဝပြီ...............လောလောဆယ်ကလေးက ရှစ်ပတ်
သားကျော်ကျော် လေး တနေ့ အိုဂျီသွားပြလိုက်တယ် စစ်ခိုင်းတာစုံလို့ပါသွေးစစ်တယ် HIV
အသည်းရောင်အသားဝါ B ,C ဟေမိုဂလိုဘင် စုံလို့ပါဗျာ အာထရာဆောင်းရိုက်ခိုင်းတယ်
ဟီး....ကလေး သေးသေးလေးကိုမြင်ရတယ် ဘာမှတော့မရှိသေးဘူး 2.5 cmတဲ့
ကျွန်တော်လက်လှမ်းမှီသလောက်လေ့လာတင်ပြပါ့မယ် ဆွဲတော့မဆိတ်နဲ့နော် အဲမှားပြန်ပြီ
မေ့ကုန်လို့စာအုပ်ပြန်ရှာရတာအမော .......ကဲစပြီ.............
စကင်နာမရှိလို့စာချည်းတင်လိုက်မယ်.....စိတ်မဆိုးကြကြေး............
Fetal Developement
4weeks
The feature is 0.75cm to 1cm in length
Trophoblast embed in decidua.
Chorionic villi from
Foundation for nervous system,genitourinary system,skin,bone and lungs are formed
Buds of arms and legs beging to form.
Rudiments of eyes ears and nose appear.
ဟီး ထူးဆန်းတာ ကိုယ်ဝန်လေးပတ်မှာကလေးက ပုံတောင်ပေါ်နေပြီ ဒါပေမယ့်အာထရာဆောင်းပုံထဲမှာ
အလုံးလေးပဲ
8weeks
The feature is 2.5 cm in length and weigh 4gm
Fetus is markedly bent
Head is disproportionately large.
owing to brain development
Sex differentiation beings
Centers of bone begin to ossify
ဒီအရွယ်လေးလဲဘာပုံမှမထွက်သေးဘူး အထီးလေးလားအမလေးလားစခွဲပြီတဲ့ ဟီးအဲတာလဲမမြင်ရသေးဘူး
ဦးနှောက်လည်းစတင်ဖွံဖြိုးတယ်လို့ပြောရမလား ခုမှဦးနှောက်စဖြစ်တယ်လို့ဆိုရမလား လောလောဆယ်
တော့ သက်ကလေး Morning Sickness တော့တော်တော်ခံစားနေရတယ် ကြည့်ပြီးသနားတယ်။
အော်...အဲတာမြင်မှ အမေတို့အဖေတို့ရဲ့ ချစ်ခြင်းတွေ ကိုသေချာမြင်လာရတော့တယ် ကျွန်တော်
ဆိုးခဲ့ မိုက်ခဲ့ တေခဲ့ လေခဲ့ တာတွေ အတွက် အဖေတို့အမေတို့ကို ကိုယ်ချင်း စာမိတယ် တော်သေးတယ်
အမားရောအပါးပါ လန်းဖြာပကတိ ကျန်းမာစွာရှိနေသေးတယ် ကျွန်တော့အတွက် အကောင်းပါ မိဘကျေး
ဇူး ဆပ်ခွင့်ရနေပါသေးတယ် တစ်ချိန်က မှားခဲ့မိုက်ခဲ့တာတွေ ခွင့်လွှတ်နိုင်တဲ့ အပါးနဲ့ အမားတို့ရဲ့ မေတ္တာ
ဘယ်လောက်ကြီးမားခဲ့ပါသလဲ................။ ။



No comments: