Wednesday, January 31, 2018

ဆုတောင်း



တစ်ဦးတစ်ယောက်ကိုရည်စူး
စိတ်ကူးဖြင့်ပင်လျှင်
ယုတ်မာခြင်းကို
မကြံဆောင်ခဲ့မိဖူးပါ.......

တစ်ဦးတစ်ယောက်ကိုရည်စူး
စိတ်ကူးဖြင့်ပင်လျှင်
ပျက်စီးရာပျက်စီးကြောင်း
မကြံဆောင်ခဲ့မိဖူးပါ.........

တစ်ဦးတစ်ယောက်ကိုရည်စူး
စိတ်ကူးဖြင့်ပင်လျှင်
အချင်းချင်းတိုက်ခိုက်ရန်
မကြံဆောင်ခဲ့မိဖူးပါ.........

အကျွန့်စိတ်တွင်
စိုးစိမျှသစ္စာမဲ့ယုတ်မာညှိုးနွမ်း
အသင်းပင်းခွဲလိုစိတ်
မရှိခဲ့မိပါ.........

သို့သော်.....
ဝဋ်ကြွေး သို့မဟုတ် ရေစက် အစုံကြောင့်
ထိုထိုသူများ တွေ့ရဖန်များလတ်သော်
ထိုထိုဝဋ်ကြွေး သို့မဟုတ် ရေစက်
အမြန်စောလျှင် ကုန်ဆုံးလွန်မြောက်
ဖြစ်ရပါစေသား
အရှင်ဘုရား......

ချစ်သူမောင်

Thursday, January 25, 2018

အလွမ်း....ပါ ချစ်ရယ်






မပြောချင်ဘူး.... ချစ်ရယ်
အရမ်းလွမ်းတယ်....ဆိုတဲ့အကြောင်း
မောင်ပြောတာဆို....ပိုတယ်ထင်မယ်
ကြားရတဲ့သူတွေ........လှောင်ပြီးရယ်မယ်
တစ်ကယ်ဆို......အရူးတစ်ပိုင်းပါကွယ်.......

အတူတူရောက်နေကြ......အရပ်ဒေသပဲ
ပျော်ခဲ့ဖူးတယ်နော်.....ပျော်ခဲ့ကြတယ်နော်
ဆိုင်ကယ်တစ်စီးနဲ့......ဒုက္ခရောက်တာလည်း
အကြိမ်ကြိမ်ပါပဲလေ.........

အတူတူသွားလာဖူးတဲ့
ပင်လယ်နားကမြို့လေးအကြောင်း
တဖွဲ့တနွဲ့
ပြောပြယင်လည်း
အလွမ်းတွေသာတိုးမယ်
သွားတဲ့ခရီးလမ်းမှာ
တောင်တန်းတွေကိုဖြတ်သန်းစဉ်
ပါးစပ်ထဲရရာသီချင်းပေါင်း
သောင်းခြောက်ထောင်ဆိုခဲ့ဖူး........

ခုတော့.....ချစ်ရယ်
အလွမ်းတွေပိ
တွေတွေဝေဝေ
နေ့ညဖြတ်သန်း
အချစ်မရှိတဲ့လမ်းမတွေ
ခြောက်သွေ့တိတ်ဆိတ်
ဘာလုပ်လုပ်
Focusing မရတဲ့အဖြစ်
အလွမ်းတွေသာပိုင်စိုး
လွှမ်းမိုးထားတဲ့
နေ့နေ့ညည
မေ့မရပဲ
သတိတရ
တမ်းတနေ..........

လွမ်း

လွမ်းတယ်ချစ်ရယ်
ခုလိုချိန်
ဝေးနေပုံမျိုး
ဖုန်းဆက်တောင်မှ
လိုင်းမမိတဲ့အရပ်မှာ
သခင်သွားတော့
လွမ်းအားပိုကဲ
အချစ်ရယ်လေ
တွယ်တာနှောင်ရစ်
တမ်းတခြင်းတွေ
ရင်မှာတည်ဖြစ်
ည ည တွေဆို
မအိပ်နိုင်ပဲ
အလွမ်းကြားမှာ
တွေဝေငေးမော
ထိုင်နေဖြစ်.........

မကြာဘူး
ခဏပါဆိုပေမယ့်
တစ်နေ့တစ်ရက်
အတွေ့ခက်ယင်
ဝေတဲ့သောက
ပူတဲ့အလွမ်း
လောင်မြိုက်ကျွမ်းနေ
ရင်မှာလေပူ
ဆယ်နေဆူကဲ
မနေရဲပါ
ဝေးနေရာမှာ
လွမ်းသူ ကျွမ်းလောင်ပူ
ရင်ထဲမှာ
အစဉ်မြဲ
သခင်သာလျှင်
စိုးမိုး၏.........

တမ်းတမိသည်
အလွမ်းသည်
ဟိုမှာ သည်မှာ
မြင်မြင်ရာလေ
သခင့်ပုံရိပ်
လွှမ်းလို့ပိုင်စိုး
ရင်ခွင်မျိုးမှာ
မနေသာ
ဖြေစရာမဲ့လို့
ပင်လယ်ရယ်
အငိုတိတ်လေမှ
သီချင်းတွေဆိုယင်း
အတူတူဖြတ်သန်းခဲ့ဖူးတဲ့
တောင်တန်းတွေကို
တိုင်တည်တီးတိုး
ဆိုချင်သည်
အလွမ်းဟာ
ပျော်စရာမဟုတ်
ဆိုတဲ့အကြောင်း........

လွမ်းရလွန်းလို့ရူးချင်ချင်

လွမ်းလွန်းလို့
ရူးနေခဲ့တယ်
အချစ်ရယ်လေ
မင်းမျက်နှာလေး
ခါခါတွေးမြင်
စိတ်ဘဝင်မှာ
တွယ်ငြိလို့ရူး
နေမထိထိုင်မသာ
တသသနဲ့
လွမ်းရလို့ရူး
အရူးတစ်ပိုင်းပါကွယ်........

လွမ်းရလို့
နေ့စဉ်သုံးတဲ့
မျက်နှာစာအုပ်
ပေါ်မှာတောင်မှ
မရောက်ပဲလေ
မက်ဆင်ဂျာမှာ
သူမြင်မလား
မက်ဆေ့အတိုလေးတွေ
ပို့ကြည့်ရတာလည်း
အမောသားပေမို့ကွယ်......

သခင်ရယ်
အဝေးမသွားခင်
မတွေ့ရတဲ့အဖြစ်တောင်မှ
သည်လောက်လွမ်းရတယ်ဆို
တစ်ကယ်လို့များ
အဝေးသွားယင်
ရင်ခွင်မှဘယ်လိုထူး
ဘယ်လိုရူးရလိမ့်လို့တောင်
မတွေးရဲအောင်ပဲလေ
မမြင်မိတိုင်းတမ်းတ
လွမ်းတွေပိုလို့
ပန်းတွေတောင်ငိုမလားရယ်လို့
ကွယ်......
သည်လူရင်မှာ
မောရတယ်.......

လွမ်းနေတော့လည်း
မက်ဆင်ဂျာချတ်ဘောက်
ခနခနဖွင့်ကြည့်မိသည်
သူရှိမလား
မျှော်လင့်စောင့်စား
ရင်မှာမောလျ
စိတ္တဇဖြစ်
အလွမ်းသည်ရူးစေ
ဆိုသည်လား......

အင်းလျားဘေးမှာအစဉ်အမြဲ





စောစောအိပ်လို့
စောစောထလို့
စောစောလမ်းလျှောက်ကြပါစို့...
ငယ်ဘဝ
ဒီဇင်္ဘာ မနက်ခင်းများ
လူထုလမ်းလျှောက်ပွဲ
အတူနွှဲခဲ့ကြ
အင်းလျားဘေးက
လမ်းမပေါ်......

ပြည်ထောင်စုအလံ
ကြိုဆိုပွဲ.....
ဘယ်နိုင်ငံက
သမ္မတကြီး
ဝန်ကြီးချုပ်ကြီး
အလည်လာလာ
အင်းလျားဘေးက
လမ်းမထက်တွေမှာ
အတူတူပျော်
အလံလေးတွေဝှေ့ယမ်း
ဝမ်ဆွေ့အော်ခဲ့တာလည်း
အင်းလျားဘေးနော်.......

ချစ်သူနဲ့အတူ
လက်ချင်းဆုပ်ကိုင်
တူထိုင်ခဲ့ဖူး
ပုခုံးဦးမှာ
နဖူးစွန်းဖြင့်မှီသာယုံလေး
ညနေနေဝင်ချိန်များ
အိမ်အပြန်ခက်ခဲ့ဖူး
အင်းလျားဘေးမှာ
ဝေဒနာတွေများစွာနဲ့
တွေဝေစရာတွေလည်း
များခဲ့ဖူး........
ကန်ဘောင်ဦးမှာ

သူငယ်ချင်းတစ်သိုက်နဲ့
မိုးရွာတဲ့ခါ
ပြည်လမ်းမကြီးအတိုင်းလျှောက်
ထီးတွေလဲမပါခဲ့ပါပဲ
ထီးတွေပါလဲ
ဖွင့်မဆောင်းမိကြ
မိုးရေထဲအတူတူလျှောက်ခဲ့
ပျိုရွယ်စဉ်ဘဝများ
အင်းလျားဘေးမှာ
ရှိခဲ့ဖူး...........

ဟိုတစ်လောကပဲ
ငယ်ပေါင်းမဟုတ်ပေမယ့်
ကျောင်းထဲက.........
ရင်ဘတ်ချင်းပေါင်းမိတဲ့
သူငယ်ချင်းတစ်သိုက်နဲ့
အခိုက်တံ့ဆုံခဲ့ဖူး....
အင်းလျားဘေး...
စိမ်းလန်းစိုပြေမှာ
ကဗျာအဖွဲ့တွေနဲ့
ကဗျာတွေခါခါရွတ်လို့
အတူတူပျော်ဖူး
အမှတ်တရတွေချည်းပဲလေ.....

အင်းလျားကန်စပ်
အကြော်ဆိုင်မှာ
ငယ်ပေါင်းတွေနဲ့အခါခါ
ပျော်ရွှင်မြူးတူး
ရင်ခုန်ကြည်နူးတဲ့ခန
ရခဲ့ဖူး....

ဟိုတစ်ရက်က
မင်္ဂလာနှစ်ပတ်လည်
အစ်မတစ်ယောက်ဖိတ်လို့
ပွဲသွားတက်ခဲ့ရဖူးတဲ့
အင်းလျားဘေး
စဉ်းစားတွေးယင်းပျော်
ဆက်ဆက်လာပါသူငယ်ချင်းကို
ကြည်နူးရင်ခုန်စွာ
အတူဆိုခဲ့ကြ
အင်းလျားဘေး.....

.........
...............
...................
...........
အင်းလျားဘေး
မမေ့နိုင်အစဉ်....
....
.....

အမှတ်တရများ...

ခဏတာဝေးတဲ့အခိုက်

ရင်တွင်းကအပူ
သူမသိလေရော့သလား
ကျွမ်းရစ်အောင်ဖန်တယ်
လွမ်းကြွေလုသား..........

ရင်တွင်းကသောက
သူမမျှလေရော့သလား
အပူအသစ်နဲ့
စိုးထိတ်ပိုတယ်
နွမ်းကြွေပေါ့လား.......

ရင်တွင်းကဗျာပါဒ
သူဂရုမပြုရော့သလား
ရင်မှာလေဆယ်နွေထက်ကဲ
လောင်ကျွမ်းကာသောကဆူတယ်
ပူဆွေးတော့လား.........

ရန်ကုန်မနက်ခင်း....ခပ်ကျဉ်းကျဉ်း




ဝိုင်ဘီအက်စ တဲ့
တရုတ်မ
ဝုန်းဒိုင်းကျဲအောင်
မောင်းချသွားယင်း
အတင်းတိုးဝင်
ပွတ်သပ်ကျော်တက်
ဗြူးဗြဲဖြစ်အောင်
မောင်းချသွားယင်း
အတင်းကျော်အတင်းတိုး
ဝိုင်းကြီးချုပ်စံနစ်မှာ
အာ့လိုကျော်စရာလား
အတွေးတွေများ........
လစာနဲ့မောင်းရတာဆို
ယာဉ်အုံနာတွေ
မထိန်းသိမ်းတော့ဘူးလား
ကျောက်မချတော့ဘူးဆို
လွန်းတင်တာထက်တောင်ကြာပေါ့
လူမလုတော့ဘူးဆို
လမ်းဘေးခွေးထမင်းလုစားတာထက်ဆိုး....
သည်အခြေနေမျိုးမှာ
ကွီးဖြိုးလည်းမကယ်
အရီးမိုးလည်းမလွယ်လေ
သူကြီးသူခိုးလည်း
မိဖို့ခက်
မရီးအမျိုးလည်း
သူ့ဖို့အတွက်
လုယက်တဲ့ကြားက....
စီတီးတက္ကဆီများ
အလုအယက်လုကြတာများ
နောက်ကထောက်လိုထောက်
တစီးတားယင်
သုံးစီးလောက်ရပ်ကြ
အာ့လိုလုမှ
ထမင်းစားရမလားမှတ်တယ်
မဖြစ်မနေ
လုစားကြတဲ့ထမင်း
မြိုကျဖို့တောင်ခပ်ခက်ခက်
ညံ့တယ်လို့ဆိုချင်ဆို
လု တော့ဖြင့်မစားလို......
ရန်ကုန်မြို့ကြီး
ယာဉ်ကြောကြပ်ရတဲ့ကြား
အပြိုင်လုမောင်းကြတဲ့
ဘတ်(စ)ကားနဲ့
မဟားဒယားလုမောင်းတဲ့
စီတီး တက္ကစီကြား
ကိုယ်ပိုင်ကားမောင်းသူများ
ဘယ်လိုသွားကြသလဲ
YGN မှဆို သို့သော်
နယ်ကားနံပါတ်များ
ဥဒဟိုမောင်းကာသွားယင်း
ရန်ကုန်မနက်ခင်း
အသက်ရှူရတာကျဉ်းလာတယ်............
Chitthu Maung