Wednesday, October 16, 2019

သီတင်းကျွတ်လပြည့်ည အမှတ်တရကဗျာ ၂၀၁၉






တော်ပါပြီလေ
ရင်ထဲအပြည့်ပေမယ့်
နှလုံးသားကခံစား
ရှာမရတဲ့စာသား
ကဗျာများလည်း
ထွက်မလာ........

တော်ပါပြီလေ
ရင်ထဲရှိတာ
တိတ်တခိုးခံစား
ချစ်နေ့ရက်များ
ပျော်ပါစေကွာ
ဝင်းဝင်းဝါဝါ
သာသာရွှေလ
လပြည့်ညမှာ.........

တော်ပါပြီလေ
ဘာတွေတွေးပြီး
ရေးနေမှာလည်း
တလို့သာတဲ့
လပြည့်ညမှ
မဟုတ်ပဲလေ
ရင်ထဲချမ်းမြေ့
ကြည်နူးကျေနပ်
နေတတ်ချင်သည်
မင်းရင်ခွင်ဆီ...........

တမ်းတနေ့ည
လွမ်းအိပ်မွေ့ချ
သီတင်းကျွတ်ရဲ့
လပြည့်ည...........