Friday, November 25, 2016

ရန်ကုန်မနက်ခင်းသရဲစီးခြင်း




ဒေဝူးဟွန်ဒိုင်း တရုတ်မ
ဝုန်းဒိုင်ကျဲအောင်မောင်းသွား
မှတ်တိုင်ရှေ့ကျ
တိကနဲထိုးရပ်
ကားရဲ့ဖင်က
လမ်းပေါ်ကျန်ခဲ့
အာ့မှာစပယ်ယာရဲ့
မင်းသားခေါင်းဆောင်းထားတဲ့
ဘီလူးးရုပ်ပေါ်လာ
အတင်းတွန်းတင်
အရမ်းတွန်းချ
ရန်ကုန်မြို့ရဲ့
ကမ်းနားလမ်းတစ်လျောက်ပေါ့
ဗဟိုစံပြငါးဈေး
သူ့ထက်ငါဦးအောင်တိုးဝင်
ခေါင်းချင်းဆိုင်
သူ့ငါဆဲငါ့သူဆဲ ဆဲယင်းနဲ့
ကွန်တိန်နာတင်တဲ့
နောက်တွဲယာဉ်တေ
ခပ်ကြမ်းကြမ်းမောင်းဝင်သွာယင်း
ဘီလူး သရဲ မောင်းတဲ့ကားတွေပေါ်
လူတွေတင်နေတာ
မြင်ရတာကျောစိမ့်
၂၂၆,၁၃၂,၃၃၃,၂၀၇
ပါရမီ အဓိပတိ
ဘာညာသရကာလိုင်းတွေ
ဆိုးဆိုးရွားရွား
ဖြတ်သန်းသွားတဲ့
လမ်းမပေါ်မှာ
လူမရလို့
လူရမလို
တအိအိမောင်းနေတဲ့
တက်စီသမား
ဘယ်သူ့ကိုမှဂရုမစိုက်ပဲ
မှတ်တိုင်မဟုတ်ပဲရပ်တဲ့
ဘတ်(စ)ကား
ဘယ်သူကဥာဏ်များလဲ
ဘယ်သူကကံတရားလဲ
အချင်းချင်းဆဲဆိုသံတွေ
ပူညံပွက်လောရိုက်
ပူလောင်လောင်မြို့ပြမနက်ခင်း
မင်္ဂလာပါ အစ်ကို
တစ်စီးလောက်........
တစ်စီးလောက်.........
ဟာ...ငါxxးမသားကွာ
နောက်ကားကျော်မယ်
အကျော်မခံနဲ့.....ဆွဲဆရာရေ
.......
.............
ဝေသာလီပြည်ဘီလူးစီး
.....ဇတ်တော်ထဲမှတ်ရ
.....မျက်စေ့ထဲပြေးမြင်...
ရန်ကုန်မနက်ခင်း......
ဘီလူးသရဲစီးကုန်ပြီ......
LikeShow more reactions
Comment