Monday, August 18, 2008

UCG Test

UCG test
ယူစီဂျီတက်(စ) ဆိုတာကတော့ အလွယ်တကူပြောရယင်ကိုယ်ဝန်ရှိမရှိစမ်းသပ်တာပါ
တချိန်က တော့ စမ်းသပ်ခံရမယ့်သူရဲ့ဆီးကို (မနက်စောစောအိပ်ယာထထခြင်းဆီး)
ယူပြီး ဓါတ်ခွဲခန်းမှာ စမ်းသပ်တာပါ အဲဒီလိုစမ်းသပ်မှုမှာ ခန္ဓာကိုယ်ရဲ့ ဟိုမုန်းဓါတ်ထွက်ရှိ
မှုပမာဏကိုစမ်းသပ်ပြီး ကိုယ်ဝန်ရှိမရှိ ဓါတ်ခွဲခန်းကအဖြေ ထုတ်ပေးပါတယ် ။
အဲဒီကိစ္စနဲ့ပါတ်သက်လို့ ရယ်စရာအကြောင်းလေးတခုကြုံဖူးခဲ့ ဖူးပါတယ် ဘယ်လို
ရယ်စရာလဲ ဆိုတော့ တချိန်တုန်းက ဆီးနမူနာယူပြီးစမ်းသပ်စဉ် အခါက ဖြစ်ရပ်လေးပါ
အဲဒီ ယူစီဂျီစမ်းသပ်မှုလုပ်မယ့် စုံတွဲ တစ်တွဲဆီက ဆီးနမူနာကိစ္စနဲ့ ပါတ်သက်ပြီးဖြစ်ရပ်
လေးပါ၊အမျိုးသမီးမနက်စောစောအိပ်ယာထထခြင်း ဆီးကိုဓါတ်ခွဲခန်းပို့ရမယ်ဆိုတော့
အဲဒီမနက်မှာအမျိုးသမီးက မနက်စောစောဆီးယူဖိုကမေ့သွားပြီး ဈေးဝယ်ထွက်သွားပါ
တယ် ယောက်ျား လုပ်သူအိပ်ယာကနိုးလာတော့ မနေ့ညနေဓါတ်ခွဲခန်းကပေးလိုက်တဲ့
ဆီးပုလင်းကိုသတိရသွားပါတယ်မိန်းမကို ဆီးယူဖို့လိုက်ရှာတော့ ဈေးသွားပြီဆိုတာသိ
လိုက်ရတယ် သူလည်းကြံရာမရဖြစ်သွားတယ် အဲတာနဲ့သူ့ရဲ့ဆီးကို ဆီးပုလင်းထဲထည့်
ပြီးဓါတ်ခွဲခန်းပို့ လိုက်တယ် အဲဒီအချိန်က ကျန်းမာရေးအသိပညာနည်းပါးနေသေးတဲ့
အချိန်လည်း ဖြစ်နေတာကိုး ဟီး ဓါတ်ခွဲခန်း အဖြေထွက်လာတော့ ဘယ်လိုထွက်လာ
တယ် ထင်လဲ ကိုယ်ဝန်ရှိနေပြီဆိုတဲ့ အဖြေထွက်လာတယ် ဘာလို့လဲတော့မသိပါဘူး
အဲဒီမှာ ယောက်ျားလုပ်သူ မျက်စေ့ပြူးတော့တာပဲ သူ့ဆီးကိုမိန်းမနာမည်နဲ့ ပေးလိုက်
တဲ့ဓါတ်ခွဲခန်းအဖြေ ဖြစ်နေတော့ သူ့မှာကိုယ်ဝန်ရှိနေတယ်ဆိုတဲ့ အဓိပ္ပါယ် ရောက်သွား
တာ သူလည်း ဘာပြောရမှန်းမသိဖြစ်သွားတယ် သူတလွဲလုပ်တာကိုး ဟီး ရယ်တော့ရယ်
ရတယ် တချိန်က ဇတ်လမ်းတပုဒ်ကိုသတိရ မိတယ်၊ပဋိသန္ဓေ တားဆေး သောက်ခိုင်းတဲ့
ဖြစ်ရပ်လိုပေါ့ အမျိုးသမီးသောက်ရမယ့်ကိစ္စကို အမျိုးသားသောက်တဲ့ဇတ်လမ်းမျိုးပါပဲ
သောက်တာသောက်တယ် မထိရောက်ဘူးကလေးတစွတ်စွတ်မွေးနေတုန်းပဲ ဆိုတဲ့ဇတ်
လမ်းမျိုးပါ အဓိက တော့ အနည်းဆုံးကျန်းမာရေးအသိပညာနည်းနည်း တော့ ရှိဖို့လို
ပါလိမ့်မယ် ၊ ခုခေတ်တော့ အဲလောက်ခက်ခက်ခဲခဲ ဓါတ်ခွဲခန်း ပို့ဖို့မလိုတော့ပါ
ဘူး UCG test လုပ်ဖို့ Strip လေးတွေဆေးဆိုင် တွေမှာအလွယ်တကူဝယ်လို့ရနေပါပြီ။
စမ်းသပ်တာလည်းလွယ်ကူပါတယ် ကိုယ်ဝန်ရှိမရှိစမ်းသပ်မယ့် အမျိုးသမီးရဲ့ မနက်စော
စော အိပ်ယာထထ ခြင်းဆီးကိုယူ ပြီး Strip လေးကို စိမ်ရမယ့်အပိုင်းကိုနှစ်လိုက်ယုံပါပဲ
အဖြေကလည်းလွယ်ပါတယ်။ ပန်းရောင်အစင်းကြောင်းလေး တစ်ကြောင်းတည်းပေါ်လာ
ယင် ကိုယ်ဝန်မရှိသေးပါဘူး အဲ နှစ်ကြောင်းဆိုယင်တော့ ကလေးလိုချင်နေသူတွေအတွက်
ဝမ်းသာစရာသတင်း တခုရပြီပေါ့။ ပြီးတော့ အနေထိုင် အစားသောက်ဆင်ခြင်လို့ လည်းရ
ပြီပေါ့။

1 comment:

မောင်သုခ said...

ဒါဆိုရင်ဗျာ.. UCG Test နဲ့ စမ်းသပ်လို့  သိရမယ့်အချိန်ကာလရှိသလား.. သဘောကဗျာ..
အမျိုးသမီးက တားဆေးတော့ စားထားတယ်.. ရာသီသွေးလာရမယ့်ရက်ရောက်တော့ ရာသီကမလာဘူး.. ၁ ရက် ၂ ရက် ၃ ရက် စောင့်ုကည့်တယ်..မလာဘူး ဒါနဲ့  UCG test နဲ့ စမ်းသပ်တယ်.. ကိုယ်ဝန်ရှိတဲ့ လက္ခဏာမပြဘူး.. ဒါပေမယ့် နောက် ၃ လေးရက် နေတဲ့အထိ ရာသီက မလာသေးဘူးဆိုပါတော့.. ဖြစ်နိုင်ခြေက ဘာဖြစ်နိုင်မလဲ.. ဒီ UCG test ကို ဘယ်အချိန်မှ အသုံးပြုရမယ်ဆိုတဲ့ သတ်မှတ်ချက်မျိုးရှိမလား.. သဘောက ရာသီလာရမယ့် ရက် ကျော်ပြီး ဘယ်လောက်ုကာမှ စမ်းရမယ်ဆိုတာမျိုး အစရှိသဖြင့်ပေါ့ခင်ဗျာ..
ကျေးဇူးတင်ပါတယ်ခင်ဗျ..