Thursday, December 31, 2009

မှတ်မိနေတဲ့အတိတ် နှုတ်ဆက်ခြင်း

တခါက နှင်းဆီလွင်ပြင်
ခုတော့တစ်ကယ်
Nov-Dec  အိပ်မက်

ခက်သည်သခင်
ထင်ယောင်မြင်မှား
နှင်းတွေကြားမှာ
မင်းလား နှင်းလား
မကွဲပြားခဲ့
အတွေးစပုံရိပ်
အိပ်မက်အလား
စဉ်းစားစရာ..........

အမုန်းနဲ့ လမ်းခွဲခြင်း
မလွမ်းပဲနေရဲခြင်း
ဖြေသာတဲ့ကြေကွဲခြင်း
အထိုက်လျောက်တော့ရှိပေမယ့်
လွမ်းတယ်လို့မဆိုသာ........

တမ်းတစရာဆိုတာလည်း
နွမ်းလျစွာအိမ်ပြန်ချိန်ပါကွယ်
ကျွမ်းရသူမောင့်အချစ်ရယ်
တမ်းငြိမက်မောလွမ်းသည့်ဇောမှာ
မကွယ်မ၀ှက် ပြောယင်
တွယ်မက်နှောင်ဖွဲ့မနေချင်............

မလွမ်းချင်တော့လို့ပြောယင်
ခပ်ပေါ့ပေါ့ရယ်ချင်ရယ်မယ်
ချိုသာတဲ့မင်းအသံလေးနဲ့
တခစ်ခစ်အသံအသစ်ထွက်လာမယ်ထင်ရဲ့
မင်းနှုတ်ဖျားကထွက်လာတဲ့
အသံမှန်သမျှ မောင့်အတွက်တော့
အားလုံးအသစ်ဖြစ်ခဲ့ပါ့ကွယ်..........

တမ်းတတာမဟုတ်ပေမယ့်
လွမ်းပြတာလည်းမဟုတ်
နွမ်းလျနစ်တဲ့စိတ်အစဉ်ကို
ဖြေသာနေခွင့်ပေးကာ
သေချာစွာနှုတ်ဆက်ချင်တဲ့၂၀၀၉အကုန်
ပြန်တွက်ကြည့်တော့၁၉၈၉
ရဲ့ 1st Jan မနက်ဖန်ဆိုနှစ်
နှစ်ဆယ်ပြည့်တော့မယ်
လွမ်းတယ်လည်းမဟုတ်
သတိတရဖြစ်နေခြင်းမျိုးလည်းမဟုတ်
အမှတ်ရမိတာမျိုးလေးပါကွယ်
မောင့်ရင်ထဲမှာတချိန်က
အပြည့်အ၀ နေရာယူပြီး
မောင့်ချစ်ခြင်းတွေ
အပိုင်စီး အချစ်ကြီးသလို
ရမ္မက် လည်းကြီးတဲ့
အခြားသူတွေရဲ့ချစ်ခြင်းတွေကို
ပါပိုင်ဆိုင်ချင်တဲ့မောင့်ရဲ့
"ထာဝရမီး"လို့ တချိန်က
မောင်တင်စားခေါ်ဝေါ်ခဲ့တဲ့
မောင့်အချစ်ရေ........
တစ်ကယ်လို့သာ
အကြောင်းမဲ့
မင်း ရက်စက်စွာ သတ်ဖြတ်ပစ်တဲ့
မောင့်ရင်သွေးလေး
ခုရှိနေမယ်ဆိုယင်
ခုလောက်ဆိုအသက်
တစ်ဆယ့်လေးနှစ်လောက်တောင်
ရှိတော့မယ်.......
မောင့်ရင်ကိုကြမ်းရှစေခဲ့တဲ့
မောင့်ရဲ့ချစ်ခြင်းတွေကိုပျက်ယွင်းစေတဲ့မင်း
ဘာပဲဖြစ်ဖြစ်အမှတ်တရ မောင်သိမ်းထားခဲ့
မောင့်ရဲ့အမှတ်တရသေတ္တာထဲမှာ
အခုတိုင်ရှိနေတဲ့ချစ်ခြင်းအမှတ်တရပစ္စည်းတွေ
တစ်ကျပ်ရလည်း ရောင်းမစားဖြစ်ခဲ့
သိမ်းထားဆဲဆိုပေမယ့်သိပ်မလွမ်းဖြစ်တော့
ခုတော့ မောင့်မှာအားလုံးအသစ်
မင်းကိုချစ်တဲ့အချစ်ထက်မလျော့တဲ့အချစ်နဲ့
မောင်ချစ်တဲ့မောင့်ရဲ့ချစ်ဇနီး
မောင့်ရဲ့ချစ်သမီးနဲ့ မောင်နေပျော်နေပါပြီ

ဘာပဲဖြစ်ဖြစ် နှုတ်ဆက်ဖြစ်ပါတယ်
၂၀၀၉ ဆိုတဲ့ ဘ၀ထဲက နှစ်တနှစ်အဖြစ်နဲ့..........။     ။

Thursday, December 24, 2009

MERRY X'mas and HAPPY NEW YEAR TO ALL

MERRY X'mas and HAPPY NEW YEAR TO ALL
ကျွန်တော်၏ ချစ်ခင်ရပါသော ဘလော့ဂါမောင်နှမ များနှင့်
အွန်လိုင်းမှသူငယ်ချင်းအပေါင်းပဒုမ္မာမှမိသားစုအပေါင်း
နှစ်သစ်မှာရွှင်လန်းချမ်းမြေ့ကြပါစေ.....................

အစဉ်ခင်မင်လေးစားလျှက်
ချစ်သူမောင်

Thursday, December 3, 2009

ဟိုးအဝေးကမှောင်မဲတိတ်ဆိတ်နေတဲ့မြို့လေးသို့အလည်တစ်ခေါက်

လွန်ခဲ့တဲ့လရဲ့ နောက်ဆုံး ပါတ် က ဟိုးအဝေးဆီကမှောင်မဲတိတ်ဆိတ်နေတဲ့မြို့ကလေး ဆီပြန်ရောက်ခဲ့ပါတယ် ။
ဒီတစ်ခါတော့ တစ်ယောက်တည်းသွားတာမျိုး မဟုတ်ခဲ့ပါ သမီးရောဇနီးရော ယောက္ခမ ပါ ပါတယ် ဘယ်လိုဖြစ်ဖြစ် မြို့ လေးကတော့
မှောင်မဲနေတုန်းပါ ။ ကျွန်တော် တို့ရောက်သွားတဲ့ နေ့ က နေချို တဲ့ နေ့တစ်နေ့ပေါ့ နေချို တယ်ဆိုတဲ့ စကားလုံး ကအညာလေပါ
ကျွန်တော်တို့မိသားစုသွားတဲ့ခရီးကမြေလတ်ဒေသ ဘာမှတော့သိပ် မဆိုင်ဘူးပေါ့ ဒါပေမယ့်လည်း သွားပျော်တဲ့ခရီးလေးတစ်ခုလို့
ယူဆပါတယ် ဘာလို့လဲဆိုတော့ ကန့်သတ်ချိန်အရမောင်းနှင်တာမျိုး တွေ လက်မှတ်မရတာတွေ ဘာမှမရှိ ကိုယ့်ကားနဲ့ ကိုယ် အေးအေး
ဆေးဆေး သွားတဲ့ ခရီးလေးတစ်ခုပါ ၊ ကျွန်တော့မှာအကျင့်တစ်ခုရှိပါတယ် ခရီးသွားပြီဆိုမှ တော့ မဖြစ်တဲ့အဆုံးသာ ကပ်သီးကပ်သပ်
သွားရတာမျိုးပါ ။တစ်ကယ်ခရီးသွားတယ်ဆိုယင် ကိုယ့်ဟာကိုယ် ကားမောင်းပြီး အေးအေး ဆေးဆေး သွားချင်တာပါ ။ တချိန်က ကူကူး
(စန္ဒကူးမေ)နာမည်ပေးထားတဲ့ အသံထက်မြန်ပြီး ပုလိပ်လိုက်လို့မမှီတဲ့ ကျွန်တော့ရဲ့ ကားလေးနဲ့ပါ ခရီးစမထွက်ခင် နှစ်ရက်လောက်
အလိုတည်းက ကျွန်တော့် ရဲ့ ကားလေး ကျန်းမာရေးကိုဂရုတစိုက် စစ်ဆေး လောင်စာဆီဝယ်ဖြည့်တင်းတာတွေလုပ်ခဲ့ပြီးပြီမို့ စိတ်သိပ်
ပူစရာမလိုပဲ အေးအေးဆေးဆေး သမီးလေးရယ် သမီးလေးရဲ့မာမားရယ် သမီးလေးရဲ့ဖွားဖွား နဲ့ အတူ လုံးဝအေးဆေး စထွက်လိုက်တဲ့
ခရီးလေးပါ ။ စထွက်တယ်ဆိုတည်းက ကားမူးတတ်တဲ့ သမီးရဲ့အဖွားက မှော်ဘီမရောက်ခင် မှာ စမူးပါတယ် (တန်လိုက်တာများမသောက်
ရပဲ :) ) ခဏ ရပ်အပေါ့အပါး သွားဖို့ စပြီး မှော်ဘီအထွက်မှာ ရပ် လိုက်ရပါတော့တယ် ။အေးဆး ပေါ့အေးဆေးပါပဲ စိတ်ညစ်တာက
ကျွန်တော် ဘာရယ်လို့မဟုတ် လွတ်လွတ်လပ်လပ် ခရီးထွက်လာကာမှ မူးတတ်တဲ့မလွတ်မလပ်ကိစ္စ ကြီး အန်တာတွေ ဘာတွေလာ
တော့မယ် မူးတာအခါခါ ကြုံလို့သိ နေတယ်လေဖြစ်ရပြီ ။ကဲတိုက်ကြီးရောက်ပြန်တော့ အမေကအန်ချင်တာနဲ့ ကျွန်တော်က
သမီး ကိုချီ သူ့မာမားနဲ့ဖွားဖွားကတော့ လဖက်ရည်ဆိုင်နောက်ဖက်ဝင်သွားတော့တာပါပဲ ။သမီးကတော့ ဘာမှမသိတတ် သေးဘူးလို့
ထင်ရပေမယ့်ပျော်နေတာ လက်တွေ့ လဖက်ရည်သောက်ခဏ နားကြ သမီး ဖွားဖွားကိုကျွန်တော် ဆေးတိုက်လိုက်ပါတယ်
အမူးပျောက်ဆေး တို့ ဘာတို့ ထင်ပြီး ကားမူးတတ်သူတွေလာမတောင်းပါနဲ့ Mydoxin ကမ၀င်တာကြာပြီ ၀ယ်လို့မရတာလဲကြာပြီ
ကားမူးတာကစိတ်နဲ့ဆိုင်ပါတယ် ကျွန်တော်ဘာဆေးတိုက်သလဲ သိချင်လား စိတ်ငြိမ်ဆေးပါ အတိုကောက်DZ လို့ခေါ်တဲ့ဆေးပါ :P
အဲဒါမှပဲအမူးပျောက် ပြီးအိပ်ပျော် သွားပါတော့တယ် ။ဟီး လက်ပံတန်း ရောက်တဲ့အထိမနိုးပါဘူး ကျွန်တော်တို့ မိသားစု သာ ရောင်နီဦး
မှာစားသောက် သမီးကို မံမံ ကျွေးပါတယ် ။အင်း ပြောရဦးမယ် သမီးရဲ့မံမံ ဆိုလို့ ထမင်းကို ဘလန်ဒါနဲ့ မနက်တည်းကကြိတ်ပြီးယူလာ
တာပါ ခရီးထွက်ခါ နီးလေးတင် ကျွန်တော် သတိ တရနဲ့ အယင်ဆုံးကားပေါ်ပြေးတင်မိတာ လက်ဆွဲမီးစက်သေးသေးလေး ဘာလို့လဲ
ဆိုတော့လွန်ခဲ့တဲ့နှစ်က ဟိုးအဝေးကမှောင်မဲတိတ်ဆိတ်နေတဲ့မြို့ကလေးဆိုတဲ့ ကျွန်တော်ရေးခဲ့တဲ့ပို့စ်ကိုသတိရလို့ပါ နောက်ပြီး
သမီးက မှောင်ယင်မနေတတ်သလို ပူယင်လည်းမနေတတ်ပါဘူး ကဲပါထားပါတော့ လက်စနဲ့ဘလန်ဒါပါ တင်လာခဲ့တယ်လေ။
လက်ပံတန်း ကနေထွက်မှ သမီးရဲ့ဖွားဖွားနိုးလာပါတယ် ဒီတစ်ခါတော့မူးတော့ဘူးဗျ ကျွန်တော်ထင်တဲ့စိတ်ဝေဒနာဆိုတာသေချာသွား
တာပေါ့ (သူငယ်ချင်းတို့ရေ စမ်းကြည့်လို့မတိုက်တွန်းဘူးနော် ) အဲဒီမြေလတ်မြို့ လေးရောက်ဖို့ ခြောက်မိုင်လောက်လိုတဲ့တာဆုံမှာပဲ
ကျွန်တော် ကားခဏရပ် ဆီဖြည့် နေ့လည် တစ်နာရီ တိတိမှာ အဲဒီမြို့ လေးကိုရောက်ခဲ့တာပေါ့ ။ရောက်ရောက်ချင်း အမေ့အိမ် (သမီး
မာမားအိမ်) တန်းမသွားနိုင်သေးပါဘူး ဘာလို့လဲဆိုတော့ အဲဒီအိမ်မှာဘယ်သူမှမနေတာတစ်နှစ်ကျော်ပြီလေ အဲဒီတော့ လေးလေး တို့
အိမ် အယင်ဝင်ကြတာပေါ့ ကောင်းလိုက်တာ ကြိုသူမရှိမဟုတ်ပဲ လေးလေးတို့ ကအဆင်သင့်ကြိုလို့ ထမင်းတွေဘာတွေ ချက်ထား
တယ် ကျွန်တော်လည်းခဏနားလိုက်ပါတယ် အာရုံညောင်းပြီကိုး ခဏအိပ်ပျော်သွားတာပေါ့ နောက်တော့ သမီးမာမားက ကို ရေအယင်
ချိုး ပြီးယင်ထမင်းစားရအောင်ဆိုတာနဲ့ တရေးနိုးလိုက်ရတာပေါ့ ။နောက်တော့ အိမ်ကို ရောက်သွားပါတယ် ကျွန်တော်တို့သွားခဲ့တဲ့
မြို့ ဆိုတာ ဘာပဲဖြစ်ဖြစ်ရန်ကုန်လိုမဟုတ်ဘူးလေ ရပ်ကွက်ထဲကို ကားဝင်သွားတာနဲ့ ဟိုလူက နှုတ်ဆက် ဒီလူက အပု ဟိုလူကအပုနဲ့
ပျော်စရာတော့အကောင်းသား လူကတော့ပုမသွားပါဘူး အပု ဆိုတာအဲ အင်္ဂလိပ်လိုဆို ပရိုနောင်း ပဲခေါ်မလား အာလုပ်သံပဲခေါ်မလား
ထားပါလေအရပ်ဒေသဆိုင်ရာဘာသာ စကား တွေ အမှတ်တရအဖြစ်ထည့်ရေးတာပါ ခရီးသွားမှတ်တမ်း တစ်ခုမဟုတ်ပေမယ့်
တချိန်ချိန်အထိဒီ www ကြီးထဲမှာရှိ နေမှာပါ။ သမီးတို့မာမားအိမ်ကို ရောက်တော့ ညနေစောင်းနေပြီ ကြားထဲမှာ လေးလေးဆီကပန်ကာ
ငှားလာတာရယ် ဓါတ်ဆီဝင်ဝယ်တာရယ် မရေးမိလိုက်ဖူး ။ထုံးစံ အတိုင်း သမီးဖွားဖွားရဲ့ဘော်ဘော် တွေတစ်ပုံကြီး ရောက်လာပါတယ်
သမီးရဲ့ဖွားဖွားကလည်း သူကားမူးတဲ့အကြောင်းသာကြောင်း မာကြောင်း တွေပါ လေတွေဖေါင်နေတာပေါ့ နောက်တစ်နေ့ရွာကိုသွား
မယ့်အကြောင်းလည်းပါရဲ့ ။ ကျွန်တော်ကတော့ မီးစက်ကြိုးသွယ် စက်ကလေးကိုနှိုး မမှောင်ခင် လိုတဲ့မီးချောင်း တို့ဘာတို့သွားဝယ်
သမီး မံမံ စားဖို့အတွက် သမီးမာမား နဲ့ အတူပြင်ဆင် ရတာပေါ့ မံမံက လည်းရန်ကုန်တည်းကချက်ယူသွားတာရယ် နောက်လေးလေးတို့
ကအိမ်မှာစားဖို့ထည့်ပေးလိုက်တာရယ်မို့ဘာမှပြဿနာမကြုံပါဘူး သမီး အတွက်ဟင်းကတော့သူစားနေကြကြက်သားကြော်ကိုဘလန်ဒါ
နဲ့ကြိတ်ထားလို့ ကြက်သားမှုန့်လို့ခေါ်မလားမသိ ခရီးမပန်းပဲသွား ရလာရတာ တော်တော်လေးကို လန်းဆန်းလတ်ဆတ် စေတဲ့ ခရီးလေး
ပါပဲ ဒီနေ့ည မီးမလာတဲ့ ညတဲ့ ဘာဖြစ်ဖြစ် မြေလတ်ဒေသရဲ့ ဆောင်းက အအေးဓါတ်လေး စပါလို့ပေါ့ စောစောအိပ်ယာမ၀င်ဖြစ်ပဲ
ခြေရင်းအိမ်က ကိုဝင်း နိုင်ကြီးနဲ့ စကားတွေဖောင်ဖွဲ့ ဖြစ်ကြပါတယ်မတွေ့ကြတာ ကြာပြီကိုး ။


--
ချစ်သူမောင်