Thursday, March 22, 2018

ဘယ်လိုဖြစ်ဖြစ်

ရတုအဆက်ဆက်
မတိုင်ချင်ပါ
လက်ကျန်ဘဝလေးမှာ
အတူတူရှိနေယင်
ကျေနပ်တယ်
အဖိုးကြီးတွေ
အဖွားကြီးတွေ
ဖြစ်ကုန်တဲ့အထိ

အိပ်မက်ထဲက မောင့်နန်းတော်




လာလေချစ်ရယ်
ညနေနေညို
နေကုန်လေတိုင်း
လက်ချင်းဆုပ်ကိုင်
ထိုင်နေရာက
ခနခန
ခွဲရတဲ့ဘဝတွေ
မုန်းလွန်းလာတယ်

လာလေလာပါ
မောင့်အချစ်ရယ်
ဆုံနိုင်ဖို့အရေးတွေး
ကမ္ဘာအသစ်
အိပ်မက်ဖြစ်တည်
အိပ်မက်ဆီမှာ
မောင်တို့ဆုံဖို့
ကမ္ဘာအသစ်
ရှာဖွေရစ်စို့
ညည အခါ
အိပ်သည့်ခါဝယ်
စိတ်သည်မောင့်ဆီ
လာလှည့်ပါ.........

မောင်ခေါ်သွားမည်
ကမ္ဘာအသစ်
အိပ်မက်စစ်မှာ
နန်းတော်သည်မှာ
ဟိုမှာဥယျာဉ်
ဟိုမှာရေကန်
ကြာဖြူနီပွင့်
ပနံတင့်လျက်
ရေကန်ရှေ့က
အပင်ရိပ်အောက်မှာ
မှီနားခိုနွဲ့
ခိုဝင်လှည့်လျှင်
ဘယ်ခါမှပင်
မနိုးချင်သည့်
ပျော်စရာကမ္ဘာသစ်
ရှာဖွေဖြစ်မည်
မောင့်စိတ်ထင်သည်
ခင်နှင့်မဝေးလိုသည်ကို.........

လာလေလာပါ
မောင့်အိပ်မက်ရွာ
စကြဝဠာ အဆုံးနား
တိမ်တိုက်ဖျားက
နေဝင်ချိန်ကို
စေါင့်ကြည့်ကာလျှင်
နေထွက်ချိန်ကို
မျှော်ကြမည်လေ.........

တစ်သက်မမေ့စကား
ညနေစောင်းဆီက
မောင်အိမ်ပြန်မည်
ဆိုခဲ့စဉ်က
သခင်ပြောကြား
စကားမှာလေ
"အိပ်မက်ထဲမှာ
မောင်နှင့်တွေ့လျှင်
ပြန်မလွှတ်လို"
"မောင်သည်ကလည်း
အိပ်မက်ထဲဆို
မပြန်လိုလေ"
သည်ဘဝရဲ့
ခနနိဗ္ဗာန်မှာ
မှီတွယ်ခိုဝင်
တပ်မက်ကာလျှင်
ငြိချင်ပါသည်
လာပါလှည့်လေ
အိပ်မက်ဆီက
မောင့်နန်းတော်သို့.............

လွမ်းလိုက်တာကွယ်



ခုအသက်ရွယ်မှ
ဆယ့်ရှစ်နှစ်သားလို
ချစ်နေရတာ
ပင်ပန်းလွန်းတယ်
စိတ်ဝယ်သိရှိ
မြင်သော်လည်း
ချစ်နေတဲ့စိတ်
တိတ်တဆိတ်နေမရ
ခက်သည်ကလေ
လွမ်းသည်ကို.......

ခုရွယ်ကျမှ
မေတ္တာဖြန်းပြီး
လန်းဆန်းရမှာ
အေးမြရမှာ
ပူလောင်နေတဲ့
ချစ်ခြင်းလည်း
မဖြစ်လိုပါ
ချစ်ခြင်းတွယ်တာ
မြတ်နိုးခြင်းတွေဟာ
အစဉ်တစိုက်
ရင်မှာလှိုက်ပြီး
ဖြစ်တည်ဖြစ်မြဲ
ဖြစ်မြဲဓမ္မတာလေ
မကွေကွင်းဘူး
ဆိုလျင်တောင်မှ
ခနတာ ခွဲခွာ
မတွေ့ကြရတဲ့အချိန်မှာ
သေလုအောင်လွမ်းတဲ့
အချစ်မျိုးဟာ
စန္ဒကိန္နရီဇတ်ထက်
မလျော့တာပဲ
သူသိစေချင်.........

ချစ်ခြင်းငယ်ပြိုင်
သံသာလေကမ်းတိုင်
တူယှဉ်ဖက်ကူး
တူကြင်လျက်မြူးချင်တာပေါ့
ခနတာဝေးလို့
ရက်ခုနစ်ရာ
မငိုချင်ပါလေ
ခုတော့ဒီသဘော
ကိန္နရီမောင်နှံကို
အပြစ်မဆိုသာ
အချစ်ရေ...
ဖော်လှစ်ကာပြချင်တဲ့
မောင့်အချစ်ကို
မောင့်ရင်ထဲကို
မောင့်နှလုံးသားကို
နှောင်တွယ်စွာချည်တုပ်
ဖြည်ထုတ်မရတဲ့ကြိုး
ဘဝမှာလေတိုးကြုံ
အထပ်ထပ်ဖွဲ့လို့ရစ်တွယ်
အချစ်ရယ်......
သြော်....
လွမ်းလိုက်တာကွယ်......

မုန်းချင်ရက်မုန်းချက်ကယ်နာ

ဘဝဆိုတာ
ဒီလိုပါပဲ
နေပျော်မယ်ထင်
ချစ်ရင်ခွင်ကို
ဟိုဒီနိုးနား
ထားသွားရက်လျင်
ပူစရာတွေ့
အကုန်မေ့လည်း
မမေ့ရင်က
တသသသည်
လောင်မြိုက်ကျွမ်းစေ
သောကဝေ၍
ပူစေသတည်း........
ပစ်ရက်ပြီလား
မုန်းမေ့ရန်မဆိုထားနဲ့
စိတ်ကူးဖြင့်ပင်
ခဏဝေးကြည့်
နေမထိထိုင်မသာ
အတွေးမှာချာလည်
မတွေးချင်လည်းမရ
ပူလောင်သည်ကော
လောကဓံရယ်
ပြောပြန်လျှင်.....သခင်
မသိချင်ယောင်ဆောင်
လှောင်ရယ်တော့မလား
ချစ်စိတ်ကိုအတင်းသိမ်းပြီး
ဇွတ်မှိတ်ပစ်မေ့မယ်ထား
အတွေးမှားတွေလားကွယ်
ဝေးနေယင်နေမတတ်လို့
အနီးပါလာချင်ပါသော်လည်း
ကိစ္စများမြောင်
လူတို့ဘောင်ကို
တွေးရလျှင်လည်း
မေ့ရမည်ပင်...........
မေ့ချင်လို့..
မုန်းပင်စိုက်
မုန်းပစ်လိုက်ချင်
ရင်မှာနာလွန်းတယ်တအား
မေ့ရန်ကြံရွယ်စိတ်ကူးပေမယ့်
တွယ်တာလှသံယောဇဉ်
နှစ်ပေါင်းနှစ်ဆယ်ကြာမို့
ဘယ်လိုပင်ဆွဲကာဖြတ်လည်း
ဖြတ်လို့ပြတ်ဘူး.........
အချစ်ဦးမဟုတ်ပါကွယ်
အချစ်ထူးခံသခင်မရယ်မို့
တစ်ဘဝမှာဒီတစ်ယောက်တည်းကိုပ
အသည်းမည်းအရူးမူးချစ်ပြီမို့
တစ်သက်လုံးချစ်ပါရစေကွယ်
မုန်းချင်လို့ကြံဆောင်လျင်မှ
ရင်ကိုခွဲအသည်းကိုထုတ်ကာပေါ့
ပစ်မှရမည်ထင်
နှလုံးသားတွင်
ထပ်ထပ်စွဲဝင်ဟန်တွေကြောင့်
နှလုံးသည်းခြေပျက်မှ
ခွဲလို့ရကြောင်း.........