Tuesday, October 14, 2008

ချစ်သူမောင်၏ စိတ်ဒါဏ်ရာ အမာရွတ်များ(၁)

ငယ်စဉ်တောင်ကျေးကလေးဘ၀ကစလို့ ဘာမှအသုံးမကျခဲ့ လို့ပြောလို့မရသလို အသုံးကျပါတယ်ဆိုတာလည်း
ပြောလို့မရခဲ့ပါ။ မထင်မရှားလှိုင်မြို့နယ် ရဲ့ မူလတန်းကျောင်းလေးမှာစပြီးကျောင်းတက်ခဲ့ရတယ် အဲဒီမတိုင်မီ
မူကြို ဆိုတာ စီးကရက်စက်ရုံအမှတ်(၂) နားက မူကြိုလေးတစ်ခုမှာကျောင်းသားဘ၀ကိုစတင်ခဲ့ပါတယ်...........
စာလည်းသိပ်တော့အတော်ကြီးမဟုတ်ခဲ့ပါ ဒါပေမယ့် မူလတန်းကျောင်းမှာတော့ နှစ်စဉ် ပညာရည်ချွန်ဆုရခဲ့
ဘူးတယ်၊ မှတ်မှတ်ရရ စတုတ္ထတန်း အောင်တော့ အထက်တန်းကျောင်းကိုပြောင်းခဲ့ ရတယ် အိမ်က စည်းကမ်း
ကြီးတယ် အမေက ပညာတတ်စေချင်တယ် အဖေကပညာတော်စေချင်တယ် ၊ငယ်ငယ်တည်းက မနက်ပိုင်း ကျောင်း
ကအပြန် ညနေပိုင်းတွေအားနေယင်အဖေ့နောက်တစ်ကောက်ကောက်လိုက်ခဲ့ တယ် ညောင်ပင်လေးဈေး (အဲဒီ
တုန်းကတစ်ထပ်ဈေးပဲရှိသေးတယ်) သိမ်ကြီးဈေး (အုတ်နဲ့ အခိုင်အမာဆောက်ထားတဲ့ဈေး) နောက်အခု
ဗိုလ်ရွဲလမ်းလို့ ခေါ်တဲ့ တစ်ချိန်ကမောင်ခိုင်လမ်း ဘ၀တွေကအဲဒီမှာကျင်လည်ခဲ့ရတယ်။ အဖေကကုန်သည်
Production လုပ်တယ် ။ဘာလဲဆိုတော့အဖိုးလက်ထက်တည်းကလုပ်လာခဲ့တဲ့ နှမ်းလှော်လုပ်ငန်းပါ ဒါပေမယ့်
စီးပွားရေး ကောင်းလှတယ်တော့လည်းမဟုတ်တဲ့ ခေတ်မှာ မဆိုးဘူးလို့ပြောရမလားမသိခဲ့ အဲဒီတုန်းက
သုံးဘီးနှစ်စီး အဖွားကပိုင်တယ် အဖေမောင်းယင်မောင်းဒါမှမဟုတ် ဒရိုင်ဘာအငှားတင်ထားတယ်။ အဲတာ ကလေး
ဘ၀ ၊နောက်တော့ သုံးဘီးတွေနယ်ပို့မယ်ဆိုတဲ့ အသံမကြားခင်မှာပဲ သုံးဘီးကားတွေရောင်းပစ်လိုက်တယ်
ပရက်စတိုလေးတစ်စီး အဖေ၀ယ်လိုက်တယ် ငါးချိတ်ပါ ကုန်ပို့ဖို့ရည်ရွယ်ချက်နဲ့ အဲဒီအချိန်မှာငါးတန်း
ခြောက်တန်းလောက်ရောက် နေခဲ့ ပြီပဲ ။ ကုန်ပို့ပြီးအပြန်သားအဖ နှစ်ယောက် ကားဆွဲတယ်ဆူးလေကနေသမိုင်း
လမ်းဆုံအထိပေါ့အဖေရှေ့ကမောင်းတော့ ကျွန်တော်နောက်ကစပယ်ရာလိုက်တယ် အဲဒီတုန်းကလိုင်းကားဆိုလို့
နံပါတ် (၈) ဟီးနိုးလောက်ပဲ ရှိသေးတာလေ..(၁၇) လိုင်းမပေါ်သေးဘူး အဲဒီ(၁၇) လိုင်းဆိုတာအခု (၄၈)လိုင်းပါ
ကျောင်းအားတဲ့ ရက်တွေဆိုစပယ်ရာလိုက်ဖြစ်ခဲ့ပါတယ်။ ဘ၀ကိုလှုပ်ရှားရုန်းကန်မှုနဲ့စခဲ့တယ်ဆိုမလား
ဒါမှမဟုတ်ကလေး ဘ၀ကအပျော်လုပ်ခဲ့ တာလို့ထင်ကြမလား အဲထားပါလေအဲတာတွေ ခေါင်းစဉ်နဲ့သိပ်မဆိုင်
သလို ပဲ.....ထားပါလေ အထက်တန်းကျောင်းမှာ ပထမဦးဆုံးအကြိမ်ဒဿမတန်းကို ကျရှုံးခဲ့ ရတယ်စာမေးပွဲကျတာ
အဆန်းလားလို့မေးယင် ကျွန်တော့အတွက်တော့အဆန်းပါ တစ်ခါမှမကျခဲ့ဘူးပဲကိုး အဲဒီမှာစပြီးနာကျည်းတတ်
သွားခဲ့တာပါ လောကကိုလည်းရွဲ့ တတ်သွားတယ် ဘာကိုမှဂရုမစိုက်တတ်တောကလောက်အောင်ပါပဲ စာကျက်စါးပွဲ
ပေါ်က စာအုပ်တွေပေါ်ခြေထောက်တင်ပြီးစာကျက်တတ်လာတယ် ရွဲ့တတ်လာတာ ၊ကောင်းတော့သိပ်မကောင်း
ပါဘူး... ဒါပေမယ့်အရွဲ့ တိုက်တတ်လာတာ အဲဒီကစတယ်လို့ထင်ပါတယ် ။ အဲဒီဆယ်တန်း ဒုတိယနှစ်မှာ
ဆေးလိပ်ကို ဘူးလိုက်ကိုင်သောက်တတ်နေခဲ့ပြီလေ လူ့အပေအတေလေးတစ်ယောက်ဖြစ်နေခဲ့ ပေါ့။
ဆယ်တန်းအောင်တေှာု့ တက္ကသိုလ်မရောက်ခင် အချိန်မှာ အိမ်အလုပ်တွေဝိုင်းကူယင်း ဒီလိုပဲနေဖြစ်ခဲ့ တယ်
တက္ကသိုလ်ကိုပထမဆုံး တက်ရမဲ့ နေ့မရောက်ခင်တစ်ည အဖေက စာရွက်တစ်ရွက်လာပေးတယ် အဲဒီစာရွက်ပေါ်မှာ
စည်းကမ်းချက်ဆယ့်တစ်ချက်ပါတယ် အစအဆုံးပြောမပြတော့ပါဘူး အနည်းကျဉ်း တော့ ပြောမယ်လေ ရည်းစား
ထားတာက အစ ပေါ့ ဘယ်လိုရည်းစားထားရမယ် ဘယ်လိုရည်းစားမျိုးကိုလက်မခံဘူး ။ကျောင်းခေါ်ချိန်မှန်ရမယ်
အဲလိုစည်းကမ်းမျိုးတွေ ခက်တာက ကျွန်တော်ဆိုတဲ့ ကောင်ကလည်းစည်းကမ်းတွေချုပ်ချယ်မှုတွေ အင်မတန်မှ
မုန်းတတ်တဲ့ကောင် မို့လားမသိပါဘူး သိပ်တော့ဂရုမစိုက်ဖြစ်ပါဘူး ဒါပေမယ့် အဲဒီတုန်းကရည်းစားထားဖို့လည်း
စိတ်မ၀င်စားခဲ့ ပါဘူး ။ဒါပေမယ့်ချစ်ရသူရှိနှင့် ပြီးသား ခက်တာကအဖေ့စည်းကမ်းနဲ့ မလွတ်ဖြစ်နေတယ်
ကျွန်တော် သူ့ကိုတအားချစ်သလို သူကလည်းကျွန်တော်ချစ်တာကိုသိပါတယ် ဖွင့်မပြောဖြစ်ခဲ့တာအဲဒီစည်းကမ်း
ချက်၁၁ ချက်နဲ့လည်းပါတ်သက်တယ် ခုချိန်ထိသူ့အသံကြားယောင်နေတတ်တုန်း တခါတရံတမ်းတတုန်းပါ။

No comments: