Saturday, October 21, 2017

လန်းဆန်းပါစေ....ရန်ကုန်မြေ






ရန်ကုန်မြို့ကြီး
ဘယ်တော့များမှ
ငြိမ်းချမ်းလန်းဆန်းလေမလဲ....
မနက်အလင်းမှာ
အတင်းတိုးဝှေ့
တွန်းတိုက်မောင်းသွားကြ
YBS ကစလို့
လိုနေတဲ့စည်းကမ်း
ဘယ်နားမှာရမ်းသွား
အလကားပါ
ကားချင်းရှောင်တောင်မှ
ပွတ်မိကြရတဲ့အဖြစ်
မလွယ်ပါ
ရင်လေးဘိ.......
အမှိုက်ကောက်ကြတယ်လား
ပစ်တာတစ်ဖွဲ့
ကောက်တာတစ်ဖွဲ့ပါ
မယုံရင်
ရုပ်ရှင်ရုံထဲ
ရုပ်ရှင်အပြီးမှာ
သွားကြည့်...သူလိုလို ငါလိုလိုနဲ့
ပစ်သွားတဲ့အမှိုက်များ
စည်းကမ်းကမရှိသေး........
အလှမ်းဝေးနေသေးတယ်
စည်းကမ်းအကြောင်း
နည်းလမ်းကောင်းတွေ
ဘယ်တော့မှတွေ့မလဲ
ဒီမိုကရေစီဆိုတာ
စည်းကမ်းမဲ့
အမှိုက်ပစ်တာမဟုတ်....လို့
ရမ်းလည်းမတုတ်ချင်......
အများသူငါ
နောက်ဖေးလမ်းကြား
အမှိုက်မပစ်ဘူးလား
လိုနေသေးတယ်
မပစ်တာမလစ်လို့တဲ့
အမှိုက်ကိစ္စ
ခဏခဏပြောရတာ
အရမ်းကို
မောတယ်ဗျာ........
ရန်ကုန်မြို့ကြီး
ငြိမ်းချမ်းကာ
တည်တံ့စွာ
လန်းဆန်းနေပါစေ.........
Chitthu Maung

အလွမ်း....အစစ်

လွမ်းနေတယ်ဆို
ကြင်သူ့မျက်နှာ
မြင်ရလေနိုး
မျှော်ကိုးကာလျှင်
လာခဲ့ပါသည်
ချစ်သူ့အိမ်ရှေ့
အပင်နား......

ရင်မှာလွမ်းလို့
တမ်းတတာလွန်
အကျွန့်ရင်ကို
သခင်မြင်လေမလားကွယ်......

တွယ်တာတမ်းတ
အလွမ်းညတွေ
မရှည်စေချင်
မောင့်ရင်ခွင်သည်
ပူလောင်မီးစ
လောင်မြိုက်ညီး.......

မြင်ယုံတွေ့ယုံ
မျှော်လင့်ယုံပါ
စောင့်မျှော်ကိုးစား
တွေ့ခွင့်ငြားလည်း
မတွေ့မမြင်
စိမ်းကားလျှင်လေ
ရင်သည်ပူလျက်
အနေခက်သည်
သခင်သိယုံ
ကြားမိယုံ........