Monday, December 29, 2008

ရင်မှာထိရှသော ပေါ့လျော့မှုများ

ပြောရလျှင်တော့အပြစ်သာဖြစ်ချေရော့မည် ယနေ့နေ့လည်ပိုင်းလောက်က တွေ့လိုက်ရတဲ့အဖြစ်လေးတစ်ခု
ဖြစ်ပါသည်။ ကားတိုက်မှု တစ်ခုသာ မျက်စေ့ရှေ့တွင်မျက်ဝါးထင်ထင်မြင်တွေ့လိုက်ရသောကိစ္စသာဖြစ်တော့
ရင်ထဲတော်တော်မကောင်းပါ မင်းဓမ္မ လမ်းပေါ်တွင် သာဖြစ်လေသည် ။ကလေးတစ်အုပ်ထဲမှ ကလေးငယ်တဦး
ကားလမ်းဖြတ်အပြေး ကျွန်တော့ ရှေ့မှမောင်း သွားသောကားက၀င်တိုက်မိခြင်းဖြစ်လေသည် ။ထိုမြင်ကွင်းကို
ထင်ရှားစွာမြင်တွေ့ရသောကျွန်တော့အဖို့ စိတ်မကောင်းမိပါချေ ထိုအဖြစ်ပျက်က ကျွန်တော့အတွေးကိုပိုမို
ရှည်လျားစွာဆွဲဆန့်မိစေတော့၏။ အထက်ပါအဖြစ်ပျက်သည် မည်သူ၏ အပြစ်ဖြစ်သည် ကို ကျွန်တော့တွင်
ဆုံးဖြတ်ရန်ခက်ခဲခဲ့ချေတော့၏။ တရားဥပဒေအရ ယာဉ်မောင်းသူ ထံအပြစ်လုံးလုံးလျားလျား ကျပေတော့
မည် ။ ပြန်ပြောရန်အခွင့်လမ်းမရှိပါချေ။ယာဉ်မောင်းသူသည်လည်း စည်းကမ်းမဲ့စွာမောင်းနှင်ခြင်းမဟုတ်
သည်ကိုကျွန်တော်ကိုယ်တိုင်မြင်တွေ့ ခြင်းဖြစ်ရသဖြင့် ACCIDENT ဟု နာမ တွင်စေသော်လည်း တဦးဦး
တွင် တာဝန်ရှိသည်မှာအသေချာပင်ဖြစ်သည် ။ထိုကလေးငယ်သည် သေဆုံးမည်မှာဧကန်မလွဲပေ ။ပစ်ကပ်
ကားနှင့်တိုက်မိကာ အရှိန်ဖြင့်ကား၏ အရှေ့မှ ကားအောက်သို့လုံးလုံးလျားလျား ရောက်ရှိသွားခြင်း
ဖြစ်ချေသည် ။ရင်ထဲတွင်တော်တော်မကောင်းမိပါ။သားသမီးမကောင်းမိဘခေါင်း ဟုစကားရှိသော်ငြား အား
အားယားယား ခြင်ကိုက်တိုင်း ကလေးမွေးထားသောမိဘ များကိုသာအပြစ်ဆိုလိုက်ချင်ပါတော့သည် ။
ကလေးတစ်ယောက်
လူ့လောကသို့ရောက်ရှိလာရန်ခက်ခဲ ပါ၏ သို့သော် ရောက်ရှိလာသောကလေး ကိုထိန်းသိမ်းစွာမွေးမြူထိန်း
ကျောင်းခြင်းသည် ပိုမိုခက်ခဲမည်ထင်ပါသည် ။ထိုကလေး၏ ရှင်သန်ခြင်းအနှစ် လူလားမြောက်ခြင်း စသည်တို့
ကိုထည့်မတွက်သော မိဘများရှိနေခြင်းသည် ၀မ်းနည်းဖွယ်ရာဖြစ်ချေသည်။ ကျွေးမွေးမပျက် ၊ဆောင်ရွက်စီမံ
အစချီမိဘ၀တ္တရား ငါးပါးကျေပွန်စေချင်သည် သားသမီးများမွေးထားသော်လည်း ထိုသားသမီးတို့ကိုမစောင့်
ရှောက် သောမိဘများ ပေါလှချေသည်ဟုမိမိကိုယ်သာနှုတ် ဆိတ်အောက်မေ့နေမိချေ၏ ။အမှန်တစ်ကယ်ဆို
ရပါမူ မိမိတို့၏သားသမီးများအရွယ်မရောက်ခင် တွင်မိမိတို့၏မျက်စေ့အောက်တွင်သာရှိနေစေသင့်သည်
အရွယ်ငယ်ငယ် လေးတွေ အက်ဆီးဒင့်နှင့်သေကုန်တယ်ဆိုသည့် စကားသံကား........
ရင်ထဲတွင်အမှန်မချိပါချေ ကလေးများကိုပစ်ချင်သလိုပစ်ထားခဲ့ပြီး တခုခုဖြစ်တော့မှ ကလေးကိုပိုက်လျှက်
အမလေးငါ့သားလေးငါ့သမီးလေးဟု အသံကောင်းဟစ်နေ မည့်အစား အရွယ်မရောက်သေးသောကလေး
ငယ်များကိုမိမိတို့၏ မျက်စေ့ရှေ့တွင်သာ ထားသင့်ပါသည်။ထိုကိစ္စများကားပြောရန်ခက်ခဲလှပါ၏။
မလွယ်ကူသော ကိစ္စများလည်းမဟုတ်ပါချေ ၀မ်းရေးကိုအကြောင်းပြကာ ကလေးများကိုကားလမ်းပေါ်တွင်
လွှတ်ထားသောမိဘများလည်းရှိချေ၏ ။ မိဘ၀တ္တရား ကျေပွန်လျှင် သားသမီးတို့သည်လည်းသားသမီးဝတ္တရား
ကျေပွန်ကြလိမ့်မည်ဟုထင်မြင်မိလေသောကျွန်တော့၏တဇွတ်ထိုးတယူသန်အတွေးကြောင့်ဖြစ်လေမည်လား...
ခက်သည်က ကျွန်တောကမျက်စေ့ထဲတွင် ကားအောက်၌ တုံးလုံးလဲလျှက် ခေါ်၍ မရတော့သောကလေးငယ်၏
ပုံရိပ်က အိမ်ပြန်ရောက်သည်အထိ မြင်မိနေဆဲ ၊ မိဘများ ကလေးအုပ်ထိန်းသူများကိုမေတ္တာရပ်ခံချင်ပါသည်
မိမိ တို့၏ရင်သွေးများကိုပစ္စလက္ခတ် လမ်းများပေါ်တွင် လွှတ်ထားခြင်းသည် တိရိတ္ဆန်များကို လွှတ်ကျောင်းသည့်
အလေ့နှင့် တူနေပါသည်ဟုဆိုလျှင်.............

1 comment:

aye said...

တစ်ကယ်ကို ...
ရင်မှာထိရှပါတယ်...
:(