Thursday, May 7, 2015

မိုးစက်ပုံပြင်

တိမ်ညိုလေးတွေ
မြေကိုသက်ဆင်း
ခနှင်းရောက်စဉ်
ရွာချင်တယ်ဆို
ပြိုချင်လျက်နဲ့
မပြိုခင်အကြောင်းကြားကာ
မှာတမ်းချွေဖွင့်ဟဆိုဦး........

မိုးရေမှုန်တွေ
မြေမှာခလို့
အစုဝေးဖွဲ့ကာ
ရေအိုင်ငယ်ဖြစ်တော့
ရာသီရယ်အေးမြစေဦး.....

အလွမ်းရာသီရယ်
ရင်မှာခိုက်လို့
ပိုက်ပိုက်ထွေးထွေး
ထွေးပွေ့ပါရစေဦး......

နှစ်ကိုယ်အတူ
ယှဉ်ကာလျှောက်တဲ့
စင်္ကြန်လမ်းလေးထက်မှာ
ထွေးပွေ့လိုအနမ်းခြွေ
ရွှေလည်တိုင်မော့လို့ထားဦး
နဖူးဆံစမွှေးမြချင်လို့........

တမ်းတသူ
တွယ်ရာမဲ့ပေါ့
ရင်ခွင်ကိုအလွမ်းတိုးဝှေ့စဉ်
တိုင်တည်စရာနေရာမဲ့ပေါ့
တစ်ကိုယ်တည်းလွမ်းတေးညည်းစဉ်
ပျော်ရွှင်ရာနေရာရှာခဲ့ဖို့
ကူလှည့်ခဲ့ဦး......


Tuesday, May 5, 2015

တိမ်တွေညိုပြိုတော့မယ့်အရပ်ဆီ


နွေနှောင်းရာသီ
အပူဒါဏ်မခံစားနိုင်တော့
မှိုင်းလို့မှုန်ဝေ
မိုးရာသီကို
တမ်းတမ်းတ....

ရွာမယ့်ဟန်ပြင်လဲလေပေါ့
အပူမစဲနိုင်ဘူး
ဆူဆဲ လေပူထဲမှာလ
မှိုင်းလို့သာမှုန်ဝေ
ဟန်ရေးအခါခါကြွယ်လေပေါ့
မိုရေမှုန်ကျ
ဝဿန်လကို
မျှော်မှန်းတမ်းတ
မိလေသော...........

ပူချက်ကယ်ကမ်းကုန်
ငရဲပြည်ရောက်လုလုမှတ်တယ်
ရွာမယ့်ဟန်ပြင်တော့
တိမ်တွေညိုကာလေ
ပြိုတော့မယ့်အရပ်ဆီ
အပြေးသော့နှင်
ရွာဟန်ပြင်သူ
မိုးမင်းသမီး
လာမယ့်အရပ်ဆီ
အကြိုထောက်
အရောက်လာကာ
တမ်းတ တတ
မျှော်မိလေကြောင်း............

တိမ်ပလီနွေနှောင်း
ဝဿန်ကူးလု
ဥတုသည်လေ
အပူခိုးဝေ
နွေနေ့တွေမတွေ့ချင်တော့
ရာသီအပြောင်း
မျှော်မိလေကြောင်း
နှုတ်ဖျားမှပင်
ဖွင့်ဟကာလျှင်
တမ်းငြီးမိ..........


Sunday, May 3, 2015

တစ်ကယ်ဆိုယင်

တစ်ကယ်တော့
တွယ်တာတပ်မက်ခြင်း
အနှစ်
အပြစ်မဖြစ်သ၍
နေသာပါတယ်
တွယ်တာယုံပဲ
ဆိုယင်......
မြင်နေယင်ကျေနပ်
ဝမ်းသာယင်လိုက်ပျော်
စိတ်ညစ်ယင်
အားပေး
အလွမ်းအဆွေး
မတွေးကြေးဆို
နေသာပါတယ်
ပျော်ပါတယ်လေ........
မတွေ့ယင်လွမ်း
တွေ့တော့ကျွမ်းလောင်
အလွမ်းနှောင်ဖွဲ့
ချစ်သူသက်ထား
အတွေးများမှာ
မတွေ့ရမမြင်ရယင်
မျက်နှာမွန်ဦး
တွေ့ချင်မိ..........
ချိုသာစကား
နှုတ်ဖျားကနေ
ကြားရယင်ဖြင့်
အတိုင်းမသိ
ပျော်နေမိတယ်
တွယ်တာနှောင်
ရစ်ပတ်မိသူရင်ထဲ
အတွေးမှာအစဉ်ရှိ
မတွေးလည်း
အမြဲရှိတယ်.............
တစ်ကယ်သာဆို
တွယ်တာမိခြင်းဝေဒနာ
အသံကြားယုံ
မြင်ရယုံမျှ
ပြည့်စုံပါတယ်
ချစ်သည်းငယ်ရယ်......


Friday, April 24, 2015

ညီမလေးအလွမ်း

အေးစက်​လွန်းလှတဲ့
ရိုးမရဲ့​ဆောင်းကို
ခံစား ယင်း
အမှတ်​တရ
အ​တွေး​တွေ
ရင်​ကိုရိုက်​ခတ်
ပညတ်​နဲ့ပရမတ္တသ​ဘော
စော​ကြောကာ​နေယင်း
တချိန်​က
ညီမ​လေး နဲ့
ချစ်​ကြင်ခဲ့စဉ်က​​ဆောင်းရဲ့
အ​​ ​ငွေ့သက်တို့
ရင်ခွင်မှာခိုဝင်လာခဲ့
မေ​​​​မ့​ ​​သေး ဘူး
ညီမ​ ​​လေး​ ​ရေ
ညည်းကိုလွမ်းလို့
ပင့်သက်​ ​ဝေ
တမ်းတတာထက်
လွမ်းတယ်ပဲဆို
ညီမလေးနဲ့
မနီးခင်က
အထီးကျန်​တဲ့
ဆောင်းရဲ့အ ​တွေး
အလွမ်း​တွေနဲ့
ဟိုအ​ဝေးမှာ
တပြည်​တရွာ
ဖော်​ကွာ​ဝေးညည်းချင်းဆိုသည်​လား
မ​ပျော်​ပါအ​တွေး ​တွေးယင်းငိုသည်​လား
အ​တွေးမှာချာလည်
ခု​တော့ညီမ
ဘယ်​ဘဝများ
ရောက်​သည်​လည်း
လေလွင့်​လိပ်​ပြာ
တမ်းချင်းငိုယင်းဆိုသည်
ရင်​မှာပူကြွ
သောကထုစိုင်
ငေးယင်းငိုင်​ယင်း
အလွမ်းရွာတည်​။


ရွှေမင်းသမီးနဲ့ဝေးတဲ့ညနေ

မြေနိမ့်​ပြီဆို
လှံကအလိုလို
ပါလာမြဲ​လေ
ရွှေမင်းသမီးလေးရေ
ကိုယ်​ချင်းလည်းစာ
နားလည်​သနား
ရင်​ထဲမှာ​လေ
မင်းတွက်​အပူ
သောကထူ......

ရွှေမင်းသမီးလေးလို
လောကအလယ်
ကျင်လည်သွားစဉ်
အရာရာသတိ
အစဉ်ရှိစေ
တကယ်ဆိုယင်
ကိုယ့်ရဲ့ရင်က
တွယ်တာချစ်ခြင်း
အပြစ်ကင်းစေ
မရွယ်ရည်စူး
တွယ်တာခြင်းသက်သက်
တပ်မက်ခြင်းမပါ
မင်းအတွက်သာလေ
နုနုညံသက်တဲ့
မင်းမျက်ဝန်းအစုံ
ကိုယ်မြင်သာယုံရယ်ပါ.......

နူရာ ဝဲစွဲ
တတ်​သတဲ့​လေ
လဲရာသူခိုး
နှိပ်​စက်​လိမ့်​မည်
ကိုယ်​တိုင်​ဆင်​ခြင်
သတိရှိ​လေ
မြေနိမ့်​​နေတဲ့ကြားထဲ
လှံလာစိုက်​မယ့်​သူ​တွေ
နူ​နေတဲ့ကြား
ဝဲမကူး​စေနဲ့​ပေါ့
လဲမယ်​ဆိုလည်း
သူခိုးမ​ထောင်းတဲ့
နေရာရှာလဲပါ​လေ
ဘဝဆိုတာ
ရေကန်​သာမဟုတ်​သလို
ကြာတိုင်းလဲ
မွှေးမြနိုင်​မယ်​မထင်​ဘူး​လေ။   ။

Thursday, April 23, 2015

ပင်လယ်ရှိုက်သံရပ်တံ့သွားတဲ့ည

ညက
ပင်လယ်ရှိုက်သံတွေ
တိတ်ဆိတ်ငြိမ်သက်
လှိုင်းပုတ်သံသဲ့သဲ့
ရပ်နား

ညက
ယပ်တောင်တွေမကယ်
ပူလောင်ခြင်းလှိုင်းတွေ
အထပ်ထပ်
ရစ်ပတ်

ညက
တိုးတိတ်တိတ်ရှိုက်သံ
ပင့်သက်ချ
မောပန်းနွမ်းလျ
အချစ်နှုတ်ဖျားက
ပန်းဖူးပွင့်တဲ့
နွေညတစ်ည

ညက
သောင်ပြင်တွေ
တိတ်ဆိတ်
လေမထန်
လှိုင်းမတိုး
အနမ်းမိုးတွေ
နွေအလယ်မှာ
ရွာပစ်ခဲ့


ညက
ပူလောင်အိုက်စပ်
ညက
ရင်ခုန်ကြည်နူးကျေနပ်
ညက
ပင့်သက်ရှိုက်
ညက
အနမ်းနုနု
ညက
ချွေးသံရွှဲရွှဲ
ညက
..........
ညက
..........
ညက
.............
ညက
ပင်ပန်လွန်းပေမယ့်
ညက
ပူအိုက်လွန်းပေမယ့်
ညက
ပျော်ပါတယ်....။     ။

Saturday, April 11, 2015

နှစ်သစ်ဆုတောင်း

နှစ်သစ်မှာမိတ်ဆွေအပေါင်း
ကျန်းမာချမ်းသာကြပါစေကြောင်း
ဆုတောင်းမေတ္တာပို့သလိုက်ပါသည်
ရွှင်လန်းချမ်းမြေ့ကြပါစေ


Monday, April 6, 2015

တကျော့ပြန် mobile blogging

နှစ်သစ်အကြိုဆုတောင်းနဲ့အတူ ကွန်ပြူတာမဖွင့်ပဲ အလွယ်တကူ ကျနော့ရဲ့ဖုန်းလေးကနေ ဘလော့ပြန်ရေးပါတော့မယ်ခင်ဗျာ
ဘလော့ဂါမောင်နှမအပေါင်းကျန်းမာချမ်းသာလန်းဖြာစေကြောင်းဆုမွန်တောင်းယင်း
ပျော်ရွှင်ဖွယ်ရာနှစ်သစ်ကို ကြိုဆိုကြပါစို့လို့