Sunday, November 16, 2008

နှင်းနှင့်အတူ













နှင်းနှင့်အတူ
ယူကာဝေမျှ
အလွမ်းစတို့
တမ်းတတွေဝေ
နွမ်းလျကြွေလွင့်မျော
သောက ဝေဒနာ
တို့သည် လည်းကောင်း..........

နှင်းနှင့်အတူ
ပူကာတမ်းတ
အလွမ်းစတို့
နွမ်းလျကြွေလွင့်မျော
ဒေါသစေတနာ
တို့သည်လည်းကောင်း..........

နှင်းနှင့်အတူ
ယူကာဝေမျှ
အပျော်စတို့
တမ်းတမိသော
ပူပင်ကြောင့်ကြ
ဝေးလှစွာသော
ခြေရာဖြစ်တည်
ဝေဒနာအစုစု
တို့သည် လည်းကောင်း...........

နှင်းနှင့်အတူ
ကွယ်ကာလွင့်ပါး
အတိတ်များစွာ
နှစ်လရှည်ကြာ
ရတနာဖြစ်
ပုလဲနှစ်သို့
ရင်မှာစုထား
မျက်ရည်များသည်
ရင်မှာစုတည်
တိမ်ခိုးကြွေလွင့်မျော
လောကဝေဒနာ
တို့သည်လည်းကောင်း....................

နှင်းနှင့်အတူ
ကွယ်ကာလွင့်ပါး
တိုကျိုညများ
တမ်းတတမ်းမက်
အိပ်ပျက်ဝေဒနာ
အရိပ်များစွာ
တမ်းတပိုခဲ့
နွမ်းလျခက်သော
စောဒကစေရာ
စိတ်ဝေဒနာ
တို့သည်လည်းကောင်း..........

နှင်းနှင့်အတူ
ကွယ်ကာလွင့်ပါး
အတိတ်ဝေဒနာ
ခြေရာများစွာ
နှင်းနှင့်အတူ
ပျော်ရွှင်ခံစား
နေ့ရက်များစွာ
ပစ္စက္ခမှာ
နေသာပါ၏
သောကဟူ၏
ဘယ်မရှိပြီ............။ ။

No comments: