Thursday, August 28, 2008

နေကြတ်တဲ့နေ့လကြတ်တဲ့ည






ကာရံတွေထွေပြား
စိတ်ကစားတဲ့နေ့
အလွမ်းတွေ
သောကပင်လယ်ဝေတဲ့နေ့
တစုံတဦးကိုတမ်းတမိတဲ့နေ့
လွမ်းသောကပွေ
နွမ်းမောလျ
ဝေဒနာတွေပါ.........

အဖွားဆိုတဲ့
နေမင်းတဆူ
ကွယ်ပျောက်တဲ့
နေ့တစ်နေ့
တစ်ကယ်ဆန်းစစ်ကြည့်ယင်
အနှစ်နှစ်ဆယ်ပြည့်ပြီ
ငါ့ဘ၀မှာနေကြတ်ခဲ့တာ
အနှစ်နှစ်ဆယ်ရှိခဲ့ပြီ........

ကာရံတွေနဲ့ကစား
ဗျာများတဲ့ည
အလွမ်းတွေ
သောကပင်လယ်ဝေတဲ့ည
တစုံတဦးကိုတမ်းတမိတဲ့ည
လွမ်းသောကပွေ
နွမ်းမောလျ
ဝေဒနာတွေပါ.........

ကိုကို့ရဲ့အသက်ကလေး
လမင်းတစ်စင်းလို
ကွယ်ပျောက်သွားတဲ့
ညတစ်ည
တစ်ကယ်ဆန်းစစ်တော့
ငါးနှစ်စာတိုင်ခဲ့ပေါ့
ငါ့ဘ၀မှာ
လကြတ်သွားတာ
ငါးနှစ်ကျော်ကြာခဲ့ပြီ..........

တည်ငြိမ်ပြီလို့ထင်တဲ့ရင်
တခါတခါလည်း
လွမ်းလို့ကောင်းဆဲပါ
လွမ်းတွေနွေတစ်ရာ
စမ်းရေလည်းမဖြေသာ
အနမ်းတွေဝေဆာလည်းနေလို့မရ
ဖြေလို့မရတဲ့ဘဝ
နှောင်ကြိုးတွေ
ရစ်ပတ်နေတဲ့
"ခဏ"ဆိုတဲ့ဒီဘဝ
အလွမ်းနွေတစ်ရာ
စမ်းရေနဲ့နွေကန္တာမှာ
ငါလည်းမောနေ
သောကပွေ
ရင်ကအလွမ်းတွေပါလေ.........။ ။

No comments: