Tuesday, November 1, 2022

လွင့်ပြယ်သွားတဲ့အိပ်မက်

Nov-Dec အိပ်မက်
မမက်ရှည်ကြာ
ကာလတွေများ
လွမ်းတုန်းလားထင့်
အမှတ်တရ
နေ့ရက်များစွာ
ဖြေရာပြေခက်
မေ့တဲ့ရက်တွေ
နှစ်ပေါင်းရှည်ကြာ
မလွမ်းပါလေ
မှတ်မိယုံသာ
ရှည်ကြာနေ့ရက်
ပွေ့ဖက်ထားယင်း
သတိရခြင်းလား
မဆိုနိုင်တဲ့
Nov-Dec အိပ်မက်
လွင့်ပြယ်ခြင်း

တချို့နေ့ ညတွေ
မိုးစက်ရေတွေကြား
အငွေ့ပျံမြူနှင်းကြား
ဝိုးတဝါးအရိပ်
ယိုးမှားအတိတ်တွေ
ဆောင်းရဲ့အစ
နှင်းငွေ့ဝေရီ
နှင်းသီရနံ့
တမ်းတခြင်းမရှိ
ပကတိသာ
နေရာမှတ်မှား
မှုန်ရီဝါးသို့
အလွမ်းဆိုသည်
ဘယ်ဝယ်ဆီ

Nov-Dec မှာ
မက်ခဲ့တဲ့အိပ်မက်
နှစ်လရှည်ကြာ
မှုန်ရီဝို့ဝါး
ဘယ်လောက်ကြာပြီ
မသိခဲ့ပဲ
မှတ်မှတ်ရရ
အတိတ် ဆိုတဲ့အလယ်မှာ
စွန့်သွားခဲ့ တဲ့
ဆယ်စုနှစ်နှစ်ခုစာ
ဘဝတွေမှာလေ
မျက်နှာရေးရေး
အရိပ်မထင်
မမြင်ဖူးလေလားသို့
မသိမရှိ
မမှတ်မိတော့
ဝေးဝေးသာလေ
သွားစမ်းပါလို့
Nov-Dec အိပ်မက်
အမှတ်မရချင်.......။    ။