Monday, September 26, 2011

အလွမ်းသည်းရင်ကွဲနာကျတဲ့ည


our wish but?



ညီမလေးရေ....
မင်းမရှိတဲ့နောက်
ဘ၀မှာလေ
အစားထိုးမရခြင်းများစွာနဲ့ပေါ့ကွယ်
တခွန်းတည်းပြောချင်တယ်
အရမ်းလွမ်းတယ်လို့
ရင်မှာခံစားဝေဒနာများနဲ့အတူ
ဒီညတော့လေ
တမ်းတလို့နေပါရစေ..........

ခွဲသွားရက်တယ်
တမလွန်ဟိုအဝေး
မှုန်မှိုင်းသောင်ယံ
ဘယ်ဝယ်ဘယ်ကမ်း
ဘယ်လမ်းခွဲမှာ
ရောက်နေလေမလဲ
တွယ်မက်တမ်းတ
ပုံရိပ်တွေလေ
ကိုကို့ရင်မှာ
အထင်ရှားပါပဲ
ကျွမ်းခဲ့သူသက်ထား
ကိုငိုနေပလားကွယ်လို့
ညီမထင်နေခဲ့မလား.......

တစ်ချက်တစ်ချက်
အသက်ရှူမှားအောင်
ရင်မှာဆို့နင့်
ပြန်မရနိုင်တဲ့အဖြစ်
ကျန်ရစ်ခဲ့သူမှာ
ယောက်ျားဆိုပေမယ့်
မျက်ဝန်းမှာလေ
မျက်ရည်သီဝေ့
အလွမ်းတစ်ပွေ့နဲ့
လွမ်းနေရလိုက်တာ.......

လွမ်းလိုက်တာလေ
ငိုသာနေခဲ့
ဘယ်တော့မှ
မမြင်တွေ့ရတော့မယ့်အဖြစ်
အလွမ်းရဲ့သက်သေ
မျက်ရည်မြစ်အဖြစ်
ရင်မှာထင်ကျန်
စူးစူးနစ်နစ်
ကျွမ်းလောင်ရစ်ပေါ့
နှလုံးသားမှာသာ
ပွင့်တဲ့အလွမ်း
ဘယ်သူမြင်မိ
သိရှိမလဲ........

အမှတ်တရ
နေရာများစွာ
မသွားရဲပါ
မင်းမရှိတော့တဲ့အခါလေ
တချိန်က
လက်ချင်းဆုပ်ကိုင်
ထိုင်နေခဲ့ဖူး
တမ်းရီမူးယစ်
မှီခိုတွယ်နှောင်
ချုပ်နှောင်ရစ်ပတ်
နေညိုမှာစိုးတဲ့ရက်တွေ
မခွဲမခွာ
အမြဲထာဝရလို့
သင်္ခါရသဘောကို
အမြင်ခဏစောလို့
ကွေကွင်းတတ်ခြင်း
အလျဉ်းမရှိထင်မိခဲ့စဉ်က
အတွေးများစွာနဲ့
ကိုကိုငိုနေပါပြီ...........


ဘာပဲဖြစ်ဖြစ်ဆက်ရေးလို့မရတော့ပါဘူးနိဂုံးလည်းမချုပ်တော့ပါ
ငိုချင်နေတာပဲသိတယ်ပျော့လှချည်လားလို့ပြောယင်လည်း
ခံရမှာပဲပေါ့ခံစားချက်တွေပြင်းထန်ပြီးအလွမ်းသည်းတဲ့ည
အမှတ်တရအဖြစ်မှတ်တမ်းတင်ထားလိုက်မယ်ညီမလေးရေ
တွေ့ပါစေတော့ကွယ်......................................

ညီမအကြောင်း
ညီမလေး.........အလွမ်း
ညီမလေးအမှတ်တရ....အလွမ်း
ညီမလေးအမှတ်တရ........အလွမ်း
ညီမလေးအမှတ်တရ...အလွမ်းကဗျာ

7 comments:

Candy said...

စိတ်မကောင်းပါဘူး... :(

ချစ်သူမောင် said...

ပေါက်ကွဲမိသွားယင်ဆောရီးပါကန်ဒီလေးရေ.........

Anonymous said...

ဘယ်လိုများ ဖြစ်တာလဲ အကိုရာ
ကဗျာ လေးတွေဖတ်ခဲ့သမျှ ထိထိရှရှ ရှိလှတာတော့
သတိထားမိတယ် ဒီလောက်ကြီးထိတော့ ထင်မထားဘူး အကိုကြီးရာ။

စံပယ်ချို said...

ကဗျာတွေအားလုံးကခံစားချက်တစ်ခုထဲလိုပဲ
ဟုတ်မဟုတ်တော့မသေချာဘူး
ခံစားချက်တွေဖတ်လိုက်မိလို့ပြောချမိတာ
စိတ်မကောင်းဖြစ်မိပါတယ်....
ခင်မင်တဲ့ jasmine (ကဗျာချစ်သူ)

ချစ်သူမောင် said...

ညီလေးမင်းဧရာရေ
တခါကတစ်ဘ၀ပါကွာ အဲ့ဒီနေ့ညကတစ်ယောက်တည်း
မင်္ဂလာဆောင်ခွေပြန်ကြည့်ဖြစ်ယင်းခဏရူးသွားခဲ့တာ
ပေါက်ကွဲသလိုဖြစ်သွားယင်အကို့အပြစ်ပါကွာ

Jisamin (တောင်ကြီး)ရေ
ကဗျာအားလုံးကခံစားချက်တစ်ခုတည်းတော့မဟုတ်ပါဘူး
တချို့ဟာတွေကကဗျာတွေတချို့ဟာတွေကခံစားချက်တွေ
တချို့ကဗျာတွေကျတော့လက်တွေ့တွေပါ

ခင်မင်လျှက်
ချစ်သူမောင်

ayesnake said...

ချစ်သူမောင်ကြီး
ဘာတွေဖြစ်နေတာလဲကွ
အလွမ်းကဗျာတွေက ဆက်တိုက်ပါလား။

ချစ်သူမောင် said...

အေးရေရူးနေတယ်ဟာခဏပါ