မိဘတွေရဲ့အလွမ်းဟာ
မိုးရွာသလိုပဲ
တစိမ့်စိမ့်လွမ်း
တအိအိလွမ်း
သေးသေးလေး
တခုခု
အဆင်မပြေသံလေးကြားယင်
အပြေးလေးသွားပြီး
လုပ်ပေးချင်
ကလေးလွမ်းပြီး
ငိုတာများတွေ့ယင်
ရင်ထဲမချိ
ငါတို့ဘဝတွေ
အချိန်တွေအခိုးခံရ
ငါ...........
.........…..
အမှတ်တရလေးတွေပါ
မိဘတွေရဲ့အလွမ်းဟာ
မိုးရွာသလိုပဲ
တစိမ့်စိမ့်လွမ်း
တအိအိလွမ်း
သေးသေးလေး
တခုခု
အဆင်မပြေသံလေးကြားယင်
အပြေးလေးသွားပြီး
လုပ်ပေးချင်
ကလေးလွမ်းပြီး
ငိုတာများတွေ့ယင်
ရင်ထဲမချိ
ငါတို့ဘဝတွေ
အချိန်တွေအခိုးခံရ
ငါ...........
.........…..
ပါပါးသည်း လေး
မျက်လုံးနှစ်လုံးဖွင့်တာနဲ့
လွမ်း နေရပြီ
ပညာတတ်ကြီးဖြစ်အာင်
ကြိုးစားကလေး
အစားမှန်မှန်စား
ကျန်းမာ ရေးဂရုစိုက်
ကိုယ့်ကို ကိုယ် စောင့်ရှောက်
စိတ်ပူတယ်ပေမယ့်လည်း
မတတ်နိုင်ကြတဲ့ ဘဝတွေ
ပါးတို့ပြည်မှာရှိတယ်
ပါးလှည့်တုန်းကလည်း
ကလေး အရွယ်ပဲ
မိဘရင်ခွင်အ ဝေးမှာ
ရုန်ကန်လှုပ်ရှားခဲ့ရ
နာနေတဲ့ရင်ကိုအသာမ
မတတ်သာလို့
ဘဝမှာ လေ
အဝေးမြေခြား
တွေးမနေအားပါ
ပညာသာရှာ..........
Chitthu Maung
ကလေးရေ
ခေတ်အခါအလိုက်
ပညာသင်ဖို့
နိုင်ငံရပ်ခြားမှာ
ထားခဲ့ရတာလည်း
ပါးရင်ထဲမှာ
မနေသာပါဘူး
တကယ်တော့
ဘယ်လိုခွဲချင်မလဲ
ရင်အုပ်မကွာထားရမယ့်
အရွယ်လေးတွေကို
ဖြေသိမ့်ရပါတယ်
ကိုယ့်မြေကိုယ့်ရေမှာ
နေရဖို့
မအပ်စပ်တော့ဘူးလို့
တွေးရင်းကြေကွဲ
မဖြေသာတဲ့မနက်
ထားရစ်ကာပြန်သွားဖို့ခက်ခဲ
မနက်အိပ်ယာနိုးတည်းက
ကြေကွဲနေခဲ့တယ်........
ညီမလေး
ဘာတွေတွေးနေလဲ
ကိုကို့မှာတော့
လွမ်းလိုက်ရတာ
မင်းကတော့ဟိုးအဝေး
ဘယ်လောက်အဝေးလဲဆို
ပြန်မဆုံနိုင်ကြတော့တဲ့ထိ.....
သံသရာခရီးနှင်
အပြီးပင်ထွက်ခွာ
ကြေကွဲကြေမွခြင်း
နေ့တွေညတွေ
ကိုကို့ရင်ကိုတိုက်စား
အေးခဲသွားယင်းက.....
ခုဆိုယင်
နှစ်ဆယ့်သုံးနှစ်တောင်လား
မေ့လို့မရပါလေ
သတိရတဲ့စိတ်ပိုကဲ
တမ်းတခြင်းတွေအဆစ်ပါ
သတိရပါတယ်ဆိုတာထက်
ပိုတဲ့စကားရှိမလား.......
ဒီညတော့
လွမ်းခွင့်ပြုနော်
မနက်ဖြန်ညီမဆီလာမယ်
သတိတရ
အမှတ်ရခြင်းတွေနဲ့
အလွမ်းတွေ
ပန်းလိုမဝေနိုင်လည်း
တမ်းတမ်းတတ
ငိုချင်းချ........
မင်းရဲ့အကြောင်း
သတင်းအ ပေါင်း
အပေါင်းသင်းစုံနဲ့
ပြောဖူးတဲ့ နေ့
ကိုယ့်မှာရှိဖူး......
ရူးရူးမူးမူး
အလွမ်းသင့်
ကြေမွ ကြေကွဲ
နှလုံးသားဟာ
အခါးသက်သက်
စီးဆင်းခဲ့တဲ့
ပျားရည်မြစ်လား
ထင်မှတ်မှားဆဲ
မြင်ယောင်ထင်မှား
အိပ်မက်များစွာမှာ
မင်းသည်သာလျှင်
ပိုင်စိုးမိုးကာ
နေရာယူ.........
အယူမတူတဲ့အလွဲနဲ့
မူမတူတဲ့ငရဲဟာ
ရင်ကိုတိုက်စား
လွမ်းလို့ပြာကျ
နွမ်းလျအိပ်စက်ခြင်းညတွေ
အဖန်ဖန်နိုး
ဝိုးဝါးအိပ်မက်
ဂယောက်ဂယက်ပါလေ.....
ရင်ခွင်ညှာဦး
တမ်းတမူးရီ
အိပ်စက်သည်တွင်
မွမွကြေသည်
ရင်သည်ဟက်တက်
ကွဲသတည်း .......
အိပ်စက်ခြင်းသည်
ဖယ်ခွာပြေးထွက်
ညနက်နက်မှာ
လွမ်းလို့လောင်မြိုက်
အမှောင်တိုက်တွင်း
သက်ဆင်းခယ
ဒီတညလည်း
အိပ်လို့ပျော်ပါ
ရရပါစေ
တောင်းဆုချွေ။
Chitthu Maung
ညတွေညတွေ
ထိုင်ထိုင်နေတယ်
Messenger မှာ
Good Night ပို့ပြီး
Seen ဖြစ်သလား
Reply လာနိုး
စောင့်မျှော်ကိုးလို့
တွယ်တာမြတ်နိုး
ချစ်ရပါ သော
မောင့်ချစ်သူ.........
မီးလည်းမစိမ်း
တမင်တိမ်းလို့
Messenger မဖွင့်
တမင်လွင့်တဲ့ည တွေဆို
Seen မဖြစ်မခြင်း
စောင့်မျှော်ခြင်းက
အချိန်တွေဝါးစား
ညတွေညတွေများ
မှေးစက်လည်းမပျော်
တမ်းတသော်လည်း
သူကမ ပေါ်လာ
ဘယ်နေရာ
ဘယ်ဘားမှာများ
သွားသွား နေသလား
ထင်မှတ် မှားလို့
ရင်သည်ပူ ကြွေ
သက်ပြင်းတွေလည်း
ခနခနချ.......
မောရပါသည်
မအိပ်နိုင်ပါ
သည်လိုညပေါ့
တမ်းတရင်းတွေး
Seen လေးကိုမြင်
Reply ဝင်မှ
အတွေးစဖြတ်
မတ်တပ်အိပ်ရလည်း
ပျော်မှာပဲ လေ
ရင်ခုန်ကြည်နူး
နေခဲ့ဖူးသည်
မောင့်ချစ်သူ၏
အိပ်ဖန်စောင့်.........
Chitthu Maung
ရန်ကုန်မှာနေ
အာရပ်လိုဝတ်
ချာပါတီစား
နံပြားစား
ပလာတာစား
အိုအေစစ်မရှိတဲ့အရပ်
ကုလားအုတ်လည်းမရှိ
ရှားစောင်းပင်မရှိ
တကယ်နွေပူချက်က
သဲကန္တာရရှုံး
ဘိုင်စကယ်နေပူပူ
ထီးလည်းမပါ
အဝတ်သာရုံထားချင်မိ
အာရေဗျလား
အမ်းမရိတ်လား
ယူအေအီးလည်းမဟုတ်
ရန်ကုန်ပူချက်
လူးလူးလွန့်
ဖန်လုံအိမ်သတ္တိနဲ့
ရန်ကုန်ဟာ
သေလုလုပူ
ဟိုသည်အတု
မိုးအတု
ဆောင်းအတု
ဆိုပေမယ့်
နွေကျ အစစ်တဲ့.....
ပန်းအကြွေ
နွမ်းလေ ဂုဏ်သိက္ခာရှိ
ဘယ်သူသိသိမသိသိ
ပန်တော်ကျပန်း
နင်ဆင်မြန်းလည်း
သိက္ခာရှိရှိ
တည်ကြည်ပါ၏
နှစ်လရှည်ကြာ
ဆယ့်နှစ်နှစ်တာမှာ
ရင်ထဲရှိတဲ့
ချစ်တဲ့အကြောင်းတွေ
အကုန်အစင်နှစ်ဦးသား
နားလည်နေ
အခိုက်တံ့တခုနဲ့
ကြွေပြီးသားပန်း
ဆွတ်ယူနမ်းရှိုက်
အလွမ်းသင့်လိုက်
ပန်းပွင့်လိုက်ပါ
ချစ်သောကလျာ
အာသာဝတီ
နွယ်နီနတ်ပန်း
မြင်ယောင်စမ်းသို့
အလွမ်းညီညီ
ပန်းလိုသီခဲ့
ဘယ်လိုမှ
မဖြစ်တဲ့အဆုံး
ဆုံလို့မရချိန်
လမ်းခွဲခြင်းမှာ
ချစ်ခြင်းကရတဲ့
ဝေဒနာတွေစီရီ
နေလို့လည်းမတတ်ခဲ့
ဖြည်လို့လည်းမရပ်တဲ့
သံယောဇဉ်အမျှင်များ
နေစရာနေရာမှားပေမယ့်
နေစရာနေရာရှားနေခဲ့
ဝေဒနာတွေနဲ့လေ
စေညွှန်ရာနေရာသွားချင်ခဲ့
ဝေးကြရလျှင်
ကြေကွဲကြေမွ
ရင်ခွင်ကြားက
အလွမ်းဆိုသည်
မြေပြင်ကိုရန်လို
ကောင်းကင်ကိုမုန်းထား
မင်းစကားတွေက
မြှားအစင်းစင်း
ထုတ်ဖောက်ထွင်းသို့
ငါဆိုသည်လည်း
အပိုင်းပိုင်း.........
ကြေကွဲကြေမွ
နေ့နေ့ညတို့
ဖြစ်တည်အလွမ်း
ကြေကွဲခန်းတွေ
ရတုတစ်စောင်
ပျို့တစ်ထောင်လား
ထင်မှတ်တွေးမိ
စကားလုံးမရှိ.......
သည်လိုနဲ့လျှင်
ဖြစ်တည်ခြင်းတွေ
ပြိုပျက်ခြင်းက
အလိုမကျခြင်း
ငိုရခြင်းတွေ
ဘဝပျက်စေ
သူညွှန်းလေသလား
အတွေးတွေဝေဝါး
ထင်မှတ်မှားစေ.......
အပြင်အရပ်မှာလေ
မြင်မြင်ရာကို
ရန်ညှိုးဖွဲ့
အဆင်ပြေရာမရှိတဲ့
စတေးခံရတဲ့
အချစ်တစ်ခုအတွက်
ငိုကြွေးခြင်းကပိုသည်း
အကြီမ်ကြိမ်ခြေမွှခံရခြင်း
အတွက် ......
အပိုင်းပိုင်းကျိုးကြေသောနှလုံးသားမှာ
မျက်ရည်ခြုံလွှာ
ရွှေပမာကို
ယုယပိုက်ထွေး
နွမ်းလျတေးသီ
ကြေကွဲရင်သည်
တစ်စစီ.........
ဘာဖြစ်ဖြစ်
ဒီနေ့လည်း
မိုးဆက်ရွာတယ်
ရွာစမ်း...ပေါ့
အတိတ်နိမိတ်ကောက်တဲ့သူနဲ့
ကပ်ဆေးမိုးဆိုတဲ့သူနဲ့
အမှန်ကတော့
သူ့ဟာသူရွာတာ
ရာသီဥတုပဲ
ဘာတတ်နိုင်မလဲ.....
သည်လိုညည်းတဲ့သူကလည်းညည်းတယ်
မတ်ပဲနဲ့ပဲတီစိမ်း
နဂိုကမှ အထွက်မကောင်းရတဲ့ကြားထဲ
မိုးကဖျက်တော့
ငုတ်တုပ်မေ့ပြီပေါ့ဗျာ။
တဲ့ ..ကဲ ဘာကောင်းယင်
ဆန်ရေစပါးပေါကြွယ်ဝပြီး
ကောက်ပဲသီးနှံဖြစ်ထွန်းတယ်ဆိုတဲ့
အနက်ရဲ့ပြောင်းပြန် တွေးကြရအောင်......
မိုးကြိုးကတော့
ရွာတိုင်းပစ်တယ်
ပစ်တိုင်းလည်း
ဟိုကောင့်ကို ....မှန်စေချင်တယ်
ဦးပုညရေးသလိုများ
(ပျက်ရှာသည့်ဝရဇိန်ငယ်
ပန်းတိမ်မှာပြင်တုန်းထင့်လေး)
ဖြစ်နေသလား
မပြောတတ်......
Chitthu Maung
ဘာဖြစ်ဖြစ်
ဘယ်လိုဖြစ်ဖြစ်
မနေ့က မိုးရွာတယ်
ရွာချင်လို့ရွာတာဖြစ်ဖြစ်
ဘယ်လိုဖြစ်ဖြစ်
မိုးရွာခဲ့တယ်.....
အရှေ့မြို့ရိုးက
မိုးစက်တွေလို့
တခါက နာမည်ကြီး
ဆရာတစ်ယောက်ဖွဲ့ဖူးတယ်
မီးတောက်အဖြစ်
ကခုန်လောင်ကျွမ်းခြင်း
အရှေ့မြို့ရိုးက
မိုးစက်တွေ......
ဘယ်သူဘာပြောပြော
မနေ့က ရွာချိန်မဟုတ်ပဲ
မိုးရွာတယ်
တစ်ကယ့် မိုးတွင်းအလား
ရွာပါ အစွမ်းကုန်
ကမ္ဘာမြေသန့်စင်ဖို့
မြန်မာ့မြေသန့်စင်ဖို့
ကျန်တာမပြောလို
မိုးခြိမ်းပြီးမိုးကြိုးပစ်တယ်
ထိစမ်းဟ........
ဟိုကောင့်ခေါင်းကို....
Chitthu Maung
ဇန္နဝါရီ အလွမ်း
အချစ်ဆုံးရေ
မင်းကိုလွမ်းတဲ့အခါ
ဆံဖျားကစ
ခြေဖျားအဆုံးထိ
လွမ်းပါတယ်
ရင်ထဲမှာ
တမ်းတတဲ့အခါ
မင်းဆီအပြေးလှမ်းချင်မိ
မီးကလာချင်သလိုလာနေတာ
အိပ်ယင်းတန်းလန်း
ပူလောင်လို့နိုးထလာရတဲ့အခါ
အယင်ဆုံးမင်းကိုတမ်းတ
လွမ်းရ နွမ်းလျလျ ညတွေ
တမ်းတရတဲ့အဖြစ်တွေပါ
အသက်ရှူလိုက်တိုင်း
သတိရတမ်းတတော့
နေရတာက
အလွမ်းရွာရဲ့အလယ်
သံယောဇဉ်နဲ့ချစ်ခြင်း
သမုဒယမျဉ်းများရဲ့ဆုံမှတ်
ဪ........
တမ်းတတယ်
အရမ်းလွမ်းတာပဲကွယ် ။ ။
အထီးကျန်လ
ဆောင်းရဲ့ညတွေ
တွေတွေဝေဝေ
တစ်ယောက်တည်းတွေး
စဉ်းစားလေလဲ
ဘယ်လိုတွေးတွေး
အထီးကျန်......
အကျည်းတန်လ
မတွေမဝေပဲ
ဖြတ်သန်းနေရ
ဒီတခါဆို
လေးနှစ်တိုင်ပြီ
လွမ်းပြီးအထီးကျန်
ခြောက်သွေ့လမ်းများ
မစိုပြေ
ငိုနေလဲ
ပိုကြေကွဲ
အလွမ်းများစွာနဲ့
တစ်ရက်နေ့ဒီဇင်ဘာ
ရောက်လာပြန်......
ကမ္ဘာဟာလည်နေတယ်
အချိန်တွေကတိုက်စား
မပျော်ရွှင်နိုင်တဲ့ဘဝတွေ
လာမယ့်နှစ်မှာ
ပျော်ပါစေသား
ဆုတောင်းပွားလည်း
ခုနှစ်မှာတော့
ဖြစ်မလာသေးတဲ့
Sweet December
အလွမ်း တမ်းတခြင်းတွေနဲ့
ပိုကြေကွဲ
ငိုနေလည်း
အပိုဖြစ်ဆဲ
တမ်းတလည်း
နွမ်းလျယုံ
တကယ်တမ်းက
အထီးကျန်တဲ့လ
ဒီဇင်ဘာ။
တွဲမရလို့
ခွဲကြတဲ့ခါ
မလွမ်းပါနဲ့
လွမ်းတဲ့အကြောင်း
တစ်ယောက်ကိုတစ်ယောက်
ဖွင့်ဟဖြစ်ယင်
လွမ်းတဲ့အကြောင်း
ပြောပြဖြစ်ယင်
ဘယ်လိုဘယ်ပုံ
ခွဲလို့ရမလည်း
ထိန်းမရအောင်
ချစ်တဲ့စိတ်.......
ရှေ့ဆက်မရလို့
နောက်လှည့်မယ်လို့
စဉ်းစားတဲ့အခါ
နောက်ကရှေ့မှာလား
ရှေ့ကနောက်မှာလား
ရှေ့ကဆက်မှာလား
နောက်ကဆက်မှာလား
တွေတွေဝေဝေ
အတွေးထွေပြား
စဉ်းစားမရတဲ့ခါ
အိုကွာ.....မထူးဇတ်ခင်း
လွမ်းခြင်းတွေက
ခြေရာထပ်
ဖြေဆည်ရာမတတ်တဲ့အခါ
နာကျင်ကြေမွ
နေလို့မရ..........
သည်လိုတွေးလေ
ချစ်ခဲ့ကြတာပဲ
ဆယ့်နှစ်နှစ်တာကာလ
ရှည်လျားခဲ့သည်ပဲ
ချစ်ခြင်းငယ်ပြိုင်
ဘယ်သူနိုင်နိုင်မလဲ
အလွမ်းကမ္ဘာဖြတ်လို့
တောအထပ်ထပ်
တောင်အသွယ်သွယ်
အနယ်နယ်ခရီးနှင်
အနောက်ဖက်ကမ်း
ပင်လယ်လမ်းထိ
မီးကုန်ယမ်းကုန်
နှစ်ကိုယ်တူယှဉ်
ချစ်ကြင်ခဲ့ခြင်းများ
နောင်တမဲ့
ချစ်ခြင်းတရား
အစဉ်အမြဲ
တည်ပါစေသား........
ကဲကွယ် တစ်ကယ်
တွဲမရလို့
ခွဲရတဲ့အခါ
မလွမ်းပါနဲ့
ရင်မှာသိုသိပ်
မြိုသိပ်စရာမလို
မငိုပါနဲ့
သခင်သက်ထား
အဝေးမှာဆို
မတမ်းမတ
မနွမ်းလျနှင့်
အတိတ်တစ်ခု
မေ့ပစ်ဖို့ရန်
အကြောင်းပြုတယ်
ပေါင်းစုလို့
သခင်.......
ဝမ်းမြောက်ပါလေတော့.........
မင်းရက်စက်ပါ
မင်းအပေါင်းသင်း
သူငယ်ချင်းတွေကြားမှာ
ငါ့ကိုချမပြချင်တိုင်း
မင်းရက်စက်ပါ
မင်းဆွေမျိုးအသိုင်းဝိုင်းကြားမှာ
ငါ့ကိုချမပြချင်တိုင်း
မင်းရက်စက်ပါ
အားအားယားယား
မင်းလမ်းသလားပြီး
သွားချင်လာချင်
ဘားထိုင်ချင်တိုင်း
မင်းရက်စက်ပါ
မင်းလုပ်ချင်ရာ
လုပ်နေတဲ့အချိန်တိုင်း
ငါ့မှာ မင်းနဲ့
ပြောချင်လွန်းလို့
စောင့်စားရတဲ့နာရီတွေ
ရှည်ကြာ
မင်းမသိတာမဟုတ်
တမင်လျစ်လျူ
ဥပေက္ခာပြု
ဖုန်းအသံပိတ်
လိုင်းပါပိတ်လို့
မင်းလုပ်ချင်ရာ
လုပ်နေတဲ့အခါ
ငါကချစ်တာ
ရင်နာနေရ
လေထဲဆွေ့ဆွေ့ခုန်
အန္တရာယ်ကာလကြား
စိတ်ပူရတာသေလု
မင်းမသိပါဘူး
မင်းသိတာ
မင်းလုပ်ချင်ရာလုပ်တဲ့အခါ
ငါ့ကိုပလစ်တာ.....