ဥပေက္ခာမြစ်
တသွင်သွင်စီးလျက်
စိမ်းကားလေသူ
ကိုယ့်အပူသာ
ကိုယ့်ရင်မှာသိ
မချိတရိ
အလွမ်းတွေ
မသိတသိအနမ်းတွေ
ရင်ခွင်ကိုဖောက်စား
တမ်းတစေသလားလို့...........
ဥပေက္ခာဖြစ်
ချိန်တိုင်းတမ်းတ
သတိရနေ
အလွမ်းတွေလေ
သူမသိငြား
ဥပေက္ခာထားလည်း
အလွမ်းတောင်တန်း
ကံ့ကော်ပန်းတွေ
မြင်မှတ်တွေ့ရှိ
တမ်းတမိလည်း
ကြင်သူအဝေး
ဖော်ကွာဝေးငှက်
အမြင့်ပျံသန်း
လွမ်းတမ်းတလျက်
ငြူစူမငြူစူ
မြတ်နိုး၏............
ဥပေက္ခာဟု
အမည်တပ်ကာ
ခေါ်တွင်သော်ငြား
အလွမ်းများစွာ
တမ်းတစရာလေ
ချစ်သူသိစေ
မနက်ခင်းမိုးလင်း
နေ့လည်ညနေ
အယင်အတူတူ
သွားခဲ့ဖူးတဲ့
ဓလေ့အထွေထွေလေ
သူမသိငြား
မြင်စေသားပေါ့
အလွမ်းများစွာ
ရင်မှာတည်ဖြစ်
တမ်းတတွယ်ငြိ
တပ်မက်သော
ဥပေက္ခာတောအလယ်
အမောလွယ်
သက်မချကာ
ကျွမ်းမြိုက်လောင်ဆဲ...........