Saturday, November 29, 2008

နှင်းဆီဖြူ

hope rose


နှင်းဆီဖြူရေ
မင်းကြည်ဖြူမှ
မောင့်လိုလူက
နေရတာလွယ်
မလည်မဝယ်
အသည်းရင်မှာ
မင်းပဲပိုင်စိုး
နေရာယူ......

အလွမ်းထူစေတော့လို့
တမ်းတမိုးစွေ
အချစ်တွေတိုးစေတာလည်း
နှင်းဆီဖြူ.....မင်းသိမှသိပါလေစ

လွမ်းရတဲ့ဒုက္ခ
တမ်းတတဲ့သောက
သံသရာမှာတဖန်ပြန်နား
စေတော့ရယ်လို့
စွဲဆောင်ခဲ့တာလည်း
မင်းပဲမဟုတ်လား
နှင်းဆီဖြူ............

ဖြူရော်ရော်ပါးလျလျ
နှုတ်ခမ်းအစုံ
သွယ်လျလှပကျော့ရှင်းတဲ
မင်းရဲ့ရုပ်သွင်
မောင့်ရင်ခွင်မှာ
ထာဝစဉ်ငြိခဲ့
တွယ်ရာမဲ့အလွမ်းသာ
မောင့်ရဲ့ရင်မှာ
ကြီးစိုးနေ........

မပျော်ပါကွယ်
တမ်းတတယ်တစ်ကယ်
နွမ်းလျတဲ့ရင်မယ်လေ
အဝေးဆိုအအဝေးက
တမ်းတတ်သူရယ်ပါ
နှင်းဆီဖြူ............။ ။


No comments: