Sunday, November 2, 2008

ဘဝအတွက်အမှတ်တမဲ့



အမှတ် တမဲ့ မှ အမှတ်တရသို့ . . .

တခါတရံမှာ
ကြယ်တွေတောင်မှုန်ဝါး
အတွေးတွေကများစွာ
ရတနာလိုစု
ရွှေလိုဥထား
နေ့ရက်များမှာ.......

အတွေးထဲက
အလွမ်းစေရာ
တမ်းစေရာညွှန်
နွမ်းရစ်နွံထဲ
တမ်းတဖြစ်ကျွံ
အလွမ်းနွံပါ........

ကွယ် တွယ်ရာမဲ့ပါတဲ့
လွမ်းရစ်လေဦး
ဘဝထဲတွေးဖြစ်
ဆူးကြားနစ်သလိုတဲ့လား
မတွေးဖူးပါ
အဲသလိုမျိုး
အလွမ်းမိုးစွေ
နှင်းမိုးဝေတဲ့ရက်
မင်းအဝေးသွားတဲ့ရက်
မနက်တစ်ခုမှာ
အလွမ်းစုကြောင့်
နွမ်းကြွေစေသား
တွေးမှတ်မှားလည်း
အနမ်းရင်ခွင်ပန်းသခင်ရေ
နှင်မှုန်ကြားမှာမင်းသာပိုင်စိုး
ငါမြတ်နိုးလျှက်
ထွေးပွေ့ယုယ
အကြင်နာတိုး
အနမ်းမိုးစွေချစ်သက်သေ........။ ။


No comments: