Saturday, April 5, 2008

ကျွန်တော့ချစ်သူများအကြောင်း(၈)

ပဉ္စမတန်းရောက်တော့ ပထမဆုံးစတွေ့တဲ့ဆရာမ အတန်းပိုင်ဆရာမပေါ့
ဆရာမဒေါ်စော တဲ့ အွန်စောတော့မဟုတ်ဘူးနော် သူက သင်္ချာသင်ပါတယ်
အမှတ်တရအနေနဲ့ ဆရာမကိုဒီ နေရာက ချစ်ခင်လေးစား ရိုသေလျှက် ဒီပို့စ
်ကို တင်ပါတယ် မှတ်မှတ်ရရ ကျောင်းပြောင်းရတော့ warmly welcome
လုပ်ခဲ့တဲ့ဆရာမပါ မူလတန်းပြီးတော့ အထက်တန်းကျောင်း ပြောင်းရတယ်
ဟုတ် ကျွန်တော်တို့တုန်းက ခွဲတမ်း ကျတဲ့ ကျောင်းကို သွားရတာ.....ဒါပေမယ့်
ကျွန်တော်ကထူး ခြားစွာဖော်ကွဲငှက်တစ်ကောင်လို.....ကိုယ်ခွဲတမ်းမကျတဲ့ ကျောင်း
မှာ အပ်ဖြစ်တာ အဲခုလိုပြောမိမှသတိရတယ် ပထမဦးဆုံးသတိ ရသင့်တဲ့သူက
အမေကြီးပါ အမေကြီးဆိုတာ ကျောင်းအုပ်ဆရာမကြီးပါ... ကျွန်တော်တို့အားလုံး
ကချစ်မြတ်နိုးစွာ အမေကြီး လို့ခေါ်ကြတယ် တစ်ကျောင်းလုံး ကလည်း ချစ်ကြ
တယ် အမေကြီးရဲ့အသည်း ကျွန်တော်ဖြစ်ခဲ့ဘူးတယ် အမှန်တော့ ကျောင်းပိတ်
ရက်ပါမကျန်ကျောင်းမှာရှိနေတတ် တာလဲ ပါတာပေါ့ ကျောင်းပိတ်ရက်မကျန်ဆို
တာကတော့ ကျောင်းမှာပန်းချီသင်တန်း က စနေ၊တနင်္ဂနွေကိုး ကျွန်တော်တို့
အတွက် အမေကြီးက ပန်းချီဆရာမခေါ်ပေးထား တယ်လေ အခွင့်ထူးခံလူတန်း
စားအနေနဲ့ မဟုတ်ပါဘူး တစ်ကျောင်းလုံး ပန်းချီ အသင်း ၀င်တဲ့ သူ အယောက်
နှစ်ဆယ် ရှိလို့ပါ တချို့လူကြီးတွေက တတ်ပြီးသား ကျွန်တော်တို့ကစရေးစ
ဘာမှန်းမသိတဲ့ ပညာရပ်ကနေ တခုခုသိအောင် မြင်အောင် သင်ပေးတဲ့ သင်တန်းပေါ့
ဘာပဲဖြစ်ဖြစ် ကာတွန်းတော့ ရေးတတ်သွားခဲ့တယ်၊ ရှန်ကာပန်းချီပြိုင်ပွဲတွေမှာ
ဆုမရခဲ့ပေမယ့် ၀င်ပြိုင်ခဲ့ဘူးတယ် အသုံးလုံး စာမတတ်သူ ပပျောက်ရေး ကာတွန်း
ပြိုင်ပွဲမှာ တိုင်းအထိယှဉ်ပြိုင်ခဲ့ဘူးတယ် အဲကိုယ်ရည် သွေးတာများ နေပြီ ....ဟိ...
ထားပါလေနောက် ဆရာမတစ်ယောက်က ဒေါ်ခင်သန်းမြင့် ဆိုတဲ့ မာမီလို့ ၀ိုင်းခေါ်
ကြတဲ့ ဆရာမပါ ခုတော့သူမရှိ ရှာတော့ပါဘူး...ဆုံးခဲ့ ပါပြီ ကျောက်ကပ်ရောဂါနဲ့
လို့ထင်တယ် ဒါပေမယ့် အတွေးစိတ်ရဲ့ပုံရိပ်ထဲမှာမေ့လို့မရနိုင်တဲ့ ဆရာများပါ

No comments: