Monday, April 7, 2008

ကျွန်တော့ချစ်သူများအကြောင်း(၉)

ကိုယ့်စိတ်ကို ကိုယ်အစိုးမရ နိုင်ခဲ့ ပါဘူး ဘာလို့လဲဆိုတော့ဒီအကြောင်းအရာရေး
နေယင်းက ဟိုအကြောင်းအရာ ရောက်လိုက်နဲ့ ကိုယ့်ကို ဘာဖြစ်နေမှန်းမသိခဲ့ ပါ
နေ့လည် အလုပ်တွေ များပြီး ပင်ပန်းလွန်းလို့ထင်ပါ့ ခက်တာက ညနေ ညနေအိမ်
ပြန်ရောက်တာလဲ နောက်ကျတာနှစ်ရက်သုံးရက်ရှိ သွားပြီ တော်တော်နောက်ကျတယ်
ဆရာတွေ ဆရာမတွေအကြောင်းတွေးနေ ယင်းနဲ့ ချစ်သူ တွေဆီ စိတ်ပြန်ရောက်သွား
ပြန်ပေါ့ အဖတ်မတင်တဲ့ ရည်းစား နှစ်ယောက်လောက် ရှိခဲ့ ဖူးပြီးကျောင်း ထဲမှာ
ယောင်ပေပေ လုပ်နေစဉ်က ချစ်သူ ရည်းစား မထားဖြစ်တော့ ပါ အဲဒီမှာ စတွေ့တာပဲ
ဘာတွေ့လဲ မေးယင် မီးနဲ့ ပါလို့ဖြေရ မှာပေါ့မကောင်းပေမယ့်လည်း သတိရဆဲ အ
တွေးထဲမှာ မှတ်မိဆဲ သူ့ရဲ့ပုံရိပ် တွေ ထင်လာဝို့တ၀ါး တကယ်ချစ်ခဲ့တယ် တကယ်
ညားခဲ့တယ် ၊တကယ်လဲကွာရှင်းခဲ့တယ်၊ အပြစ်ရယ်လို့ မပြောချင်ပေမယ့် လူမှုရေး
ဖေါက်ပြန်တဲ့ အပြစ်ကြီးပါ ခက်တာက အချစ်ခဲ့ ဆုံး မို့လို့ လားတော့မသိပါဘူး မုန်း
တာတောင်မှပြည့်ပြည့် ၀၀ မုန်းလို့ မရ ခဲ့ တော်တော်ဆိုးတဲ့ စိတ်ပါပဲ သူနဲ့ခွဲ ခွာဖို့
ဖြစ်လာရတဲ့ အကြောင်းအရင်းတော့ ပြောပြ ပြီးသားလေ ဒါပေမယ့် အသေးစိတ်လေး
ကျန်နေသေးတယ် အဲတာပြောပြယင်အတင်း ပြောတတ် တဲ့ ကောင်လို့ ထင်ကြမှာစိုးရိမ်
မိပါတယ် ဒါပေမယ့် ပြော ပြ ချင်တယ် ခွင့်ပြုကြပါ နော်........
.................................................................................................................

သူမ နှင့် ကျွန်တော် နှစ်ဖက်မျှကြည့်မှဖြစ်ပေမည် အကြောင်းရင်းမှန်က ဘာပါနည်းမေး
ခွန်း ရှိ ယင် တော့ အဖြေရှိလိမ့်မည် ၊ ခက်သည်ကား အမှန်တရား မဟုတ်သော အရာ ကို
သူမဆုပ်ကိုင် တတ်လေသည် အပြင်လူ (မိဘအသိုင်းဝိုင်း) အမြင်မှာ သူမလုံးဝ မကောင်းခဲ့
ကျွန်တော့ မိသားစု နှင့် တည့်အောင် မနေခဲ့ အသုံးဖြုန်း ကြီးလွန်းလှချေ၏။ ထိုအချက်များ
ပင်လျှင်တော်တော်ခက်နေပြီမို့ ဆက်ပြောရမှာနဲနဲ ခက်သည် နောက်ထပ်အချက်တချက် ကျန်
နေခဲ့၏ ၊ ထိုသည်ကား အိမ်ထောင်ရှင်မတစ် ယောက်အတွက် မဖြစ်သင့်သောကိစ္စ ဖြစ်ချေ၏
အဘယ့်ကြောင့်ဆိုသော် အပျိုဘ၀က မျက်နှာများ ခြင်းကို မပြင်နိုင်ခဲ့ ခြင်းပင်..........
တစ်ဦးတည်းသော သမီး ဖြစ်သည့်အလျောက် ဆိုးသည်၊ဆိုးတတ်သည်ကိုလက်ခံ ပါသည်
သို့သော် မဆိုးသင့်မဆိုးထိုက်သော ကိစ္စများတွင်ပါ ဆိုးခြင်း ဖြစ်လေသည် အိမ်ထောင်ပြုလိုက်
ပြီ အိမ်ထောင်ကျပြီ ဟု ဆိုတည်းကနဂိုမူလ အကျင့်စရိုက်များကို ပြုပြင်ရမည်ဖြစ်သည့်အ
လျောက် သူမ မပြုပြင်နိုင်ခဲ့ပါချေ ၊ကျွန်တော် သည်အိမ်ထောင်ကျပြီဟု ဆိုတည်းက မည်သူ့
ကိုမျှစိတ်တွင် မထားတော့ မည်သူ့ကိုချစ်ဖူးသည် မည်သူနှင့်ချစ်ခဲ့ဖူးသည် အစရှိသည်တို့
ကိုတတ်နိုင်သမျှမေ့ဖျောက်ပစ် ခဲ့ ကာ နှစ်ကိုယ်တူ ဘ၀ ပျော်ရွှင်ချမ်းမြေ့ သာယာသော ခရီး
လမ်းကိုလှမ်းလျှောက်ရန် အသင့် ဖြစ်ခဲ့သည် ဖြစ်အောင် လည်းပြင်ဆင်ခဲ့ သည်။ ကျွန်တော်
မိဘလုပ်ငန်းကို ဆက်လက်လုပ်ကိုင် သဖြင့် အိမ်နှင့် အတော်ဝေးသော စက်မှုဇုံ တွင် စက်ရုံတာ
ဝန်ခံအဖြစ်လုပ်ကိုင်ခဲ့ လေသည်။ သူမ ကတော့အိမ်မှာပင်အခန့်သား ၊ စက်ရုံတာဝန်ခံဆိုပေမင့်
စက်ရုံမှာလည်း ထူထောင်ခါစ ဖြစ်သဖြင့် အလုပ်များလေသည်မို့ စက်ရုံနှင့်အိမ် သည်လည်းဝေး
လွန်းလှသည်မို့ နေ့စဉ်နီးပါး အိမ်ပြန်နောက်ကျခဲ့ ချေသည် စီးပွား သွားရှာသည်ဟု မမြင်နိုင်ခဲ့
ပါချေ၊ ထိုသို့ဆိုလျှင်သူမ မည်သို့မြင်ပါသနည်း ဆိုသော် မိဘထံတွင် ထမင်းစားကျွန်ခံ လုပ်နေ
သည်ဟုမြင်လေသည် သူမ၏ အမြင်မှာ ဆိုးရွားလွန်းလှချေ၏။ ထို့ ကြောင့်အိမ်ပြန်နောက်ကျ
လေတိုင်း သူမနှင့်စကားများ ရလေသည် ကျွန်တော့အပြစ်မှာ အိမ်ပြန်နောက်ကျတိုင်း အိမ်အ၀မှ
သူမ၏မျက်နှာကို လှမ်းကြည့် ခြင်းဖြစ်သည် အလုပ်ပင်ပန်းလာသည့် အလျောက် စကားမများလို
သဖြင့် မျက်နှာညိုသောနေ့ များတွင်အိမ်မှ ပြန်ထွက်ခွာသော နေ့များ ရှိလေသည်။ အိမ်မှာမအိပ်
ပဲဘယ်မှာအိပ်သနည်း ဆိုသော် တခါတရံ စက်ရုံသို့ပြန်၏ တခါတရံညီဖွင့်ထားသောစားသောက်
ဆိုင် အပေါ်ထပ်တွင် အဲယားကွန်းဖွင့် စားပွဲခင်း ခြုံ အိပ်၊သို့မဟုတ် ထိုစဉ်က ခင်မင်သောအပေါင်း
အသင်းသူငယ်ချင်းအိမ်တွင် တခါတရံအိပ်တတ် လေသည် ထိုသည်ကား ကျွန်တော့အမှားဖြစ်
လေသည်။ထိုညမျိုး များတွင် မည်သူအိမ်သို့လာ သည် မည်သူမည်သည့်အချိန်မှပြန်သွားသည်
ဆိုသည့်သတင်း များကြားသော်လည်း ကျွန်တော်ကတော့ သူမအားယုံကြည်စွာပင်၊ ထိုယုံကြည်
မှု သူမအား ချစ်ခင် အလိုလိုက်မှုအပေါ် အခွင့်ကောင်းယူလိမ့်မည်မထင်ခဲ့ ပါချေ။ တနေ့
ကျွန်တော် နှင့်သူမ ကျွန်တော့မိဘအိမ်တွင် ဘုန်းကြီးဆွမ်းကပ် ပရိတ်တရားနာ ရှိသဖြင့်အသွား
ဆိုင်ကယ်အက်ဆီးဒင့် ဖြစ်လေသည် ကျွန်တော်ကား ဆိုင်ကယ်စီးနင်းရာတွင်ကျွမ်းကျင်သတိရှိသည့်
အလျောက် သူမကိုအသက် အန္တရာယ်မှ ကာကွယ်ပေးနိုင်ခဲ့ သော်လည်း ဘယ်ဖက်ခြေမှာဆုံးပါးလု
နီးပါး ဖြစ်ခဲ့လေသည် သူမကတော့ပွန်းပဲ့ ဒါဏ်ရာမျှပင် မရခဲ့ပါချေ ။ သမကိုကာကွယ်ပေးခဲ့သည်
ဆိုခြင်းကိုလည်း ယနေ့တိုင် လက်မခံသေးဟု ကျွန်တော် ထင်သည်။ ကျွန်တော် အတန်ကြာဆေးရုံ
တက်ခဲ့ ရလေသည် ထိုစဉ်က ရန်ကုန်ဆေးရုံကြီး တွင် PR များစတင်ကာစ အဆောင် ၅-၆ တွင် မနေ
ချင်သောကျွန်တော့ အတွက် အဆင်ပြေသည်က ဟာဂျီမဒေါ်ပု အဆောင်နှင့်ကပ်လျှက် PRIVATE
ROOM များပင်တည့် ၊ ဆေးရုံတွင်ပင်ခဏခဏ စကားများရလေသည်။အကြောင်း မရှိအကြောင်းရှာ
ကာ ရန်လုပ်လေသည်မို့၊ ဆေးရုံမှဆင်းသော်လည်း ချိုင်းထောက်နှင့်ကျွန်တော့ အား အိမ်တွင်ထားခဲ့
ကာ အပေါင်းအသင်းများနှင့်လည်ပတ်မြဲသာတည့် ကျွန်တော့စိတ်တွင်ဘ၀ဆုံးပြီဟု အတွေးကိုနှစ်
သိမ့်ရန်လည်းမကြိုးစား ဖေးမပြောရန်လည်း ဆန္ဒ ရှိဟန်မတူ ၊ကျွန်တော်တွေးသလိုပဲ မောင်ဟာဘဝ
ဆုံးသွားပြီဟု တွေးသလားမပြောတတ်ပါချေ၊ ကျွန်တော်၏ မိဘများကတော့ ထောက်ပံ့မြဲသာ ။
ထိုစဉ်က အလွန် စိတ်ဆင်းရဲရသော နေ့များပါပေ ထိုဒါဏ်ကို မခံနိုင်သော ကျွန်တော်သည်လည်း
ချိုင်းထောက်တကားကား ဖြင့်စက်ရုံအခန်းသို့ပြောင်းရွှေ့လာခဲ့ သည် နယ်မြေလုခြင်းလားဟု မဆို
တတ်ခဲ့ပါ ၊သူမကတော့အကြံစည်ရှိပြီးသား ဖြစ်လိမ့်မည် မြို့ထဲတိုက်ခန်း ၏ပိုင်ဆိုင်မှုအထောက်ထား
များကို တံဆိပ်ခေါင်းပေါ်တွင် မိတ္တူ ကူးကာ မိတ္တူ ကိုထားခဲ့ပြီး မူရင်းများကို ဘယ်ဆီသို့ယူဆောင်
သွားမှန်းမသိခဲ့ ရချေ။

No comments: