Saturday, April 12, 2008

www.tamalon.com (မေ့လို့မရပါ၊ ထားရစ် ရက်သူရေ................. )

အလွမ်းတွေကိုလဲ
တမင်သက်သက်လိုက်ရှာနေတာမဟုတ်ပါဘူး
ဒါပေမယ့်.........
ဘယ်ကရောက်လာမှန်းမသိတဲ့
မင်းကိုလွမ်းတဲ့အလွမ်းတွေ
ရင်ခွင်မှာဖြေဆည်မရအောင်
နေလို့မတတ်၊နေရကျပ်ခဲ့

ဘာပဲဖြစ်ဖြစ် မနက်ဖြန် မင်းဆီ ကိုယ်လာဦးမယ်....
မင်းအတွက်နှင်းဆီအဝါ ရှာဝယ်လာခဲ့မယ်....မင်းကြိုက်လို့
သတိရတမ်းတ တယ်ကွယ်..........၊

လွမ်းတာကိုဘာနဲ့ဖြေမလဲ
စိတ်ထဲတင်းကျပ်လာတဲ့အခါ
မျက်ရည် နဲ့ရေးတဲ့ ကဗျာတွေဖြစ်
မင်းအတွက်ရည်စူးပြီး ပန်းတွေကို
ဘုရားမှာလှူမယ်
ရွှေသင်္ကန်းကပ်မယ်........၊

ခုတော့ဘာလုပ်ရမလဲ
ညရောက်နေပြီ
မင်းကိုလွမ်းလို့ အိပ်မရတဲ့အတွက်
စကြဝဠာရဲ့အပြင်ဖက်
ငါထွက်လို့ထိုင်နေခဲ့
အဖော်တွေအဖြစ်ကြယ်တွေပရဗျစ်နဲ့ပေါ့........၊

လွမ်းတယ်ကလေးရယ်.....
တမ်းတတဲ့အခါမျက်ရည်စို့
ငါငိုနေလို့ပါ
ငိုရလွန်းလို့မျက်ရည်တွေခမ်းနေပြီ
ဒါပေမယ့်လည်းမင်းရဲ့ခေါ်သံ
တချက်တချက်ကြားနေတုန်းပါပဲ
ကိုကိုရေချိုးတော့...............
ထမင်းစါးကြရအောင်ကိုကို......
ကိုကိုရေအဝတ်လျှော်လိုက်ဦးမယ်.....
ရေနွေးတည်ထားတယ်၊ဆူပြီလားကြည့်ပေးဦး.......
အလွမ်းတွေ.......ခဏလေးခွဲနေရယင်တောင်မှ
နေလို့မရခဲ့တာ၊

ခုလိုထာဝရအဝေးကိုသွားတော့.........
လောင်မြိုက်ကျွမ်းအလွမ်းတွေနဲ့
ဘ၀ ဟာ ကြေ မွ
ပဋာမြေလူးသလို
ချာချာလည်အောင်ရူးခဲတာပ။ ။

တကယ်လို့များတမလွန်ရဲ့ www.tamalon.comရှိယင်ပို့ပေးချင်ပါတယ်။
သံသရာဟာဖန်တရာမကပါ ၊ချစ်ရတဲ့ကိုယ့်ရဲ့အသက်ကလေး လို့ခေါ်တဲ့
ကိုယ့်ရဲ့ "ညလေး" တမလွန်မှာငြိမ်းချမ်းနိုင်ပါစေ။

No comments: