ကလေးရေ
အတွေးတွေထွေပြား
ငိုချင်နေပြီးသားကွယ်
ဘာလုပ်ရမလဲ
ငိုင်နေတဲ့အတွေး
ရင်မှာလေးနေပေါ့.......
ပေါ့ပျက်ပျက်တွေးလို့လဲမဖြစ်
ရင်မှာတကယ်ချစ်နေပေါ့
ပြောလိုက်တဲ့အခါရင်မှာထိ
ငြိနေတဲ့နှလုံးသားမှာ
အပြုံးစကားမဝေနိုင်ပါ
အရှုံးသမားမှိုင်တွေရှာ.....
နှလုံးသားကတော့မဖြေနိုင်ပါ...!!!!
တွေဝေမှိုင်ငေး
ငိုကြွေးနေရမလား
ပျော်နေတဲ့ကာလများ
အလွမ်းများနဲ့အစားထိုးဖြစ်
တအားတိုးပြီးချစ်လာမှာကြောက်
သံယောဇဉ်နွယ်ကတင်းပြီး
ချက်ချင်းတောင်ရောက်
အနှောင့်တွေဝင်ပြီလား
ချစ် ညီမငယ်
နွယ်ဆိုတဲ့အညွန့်လေး
ခပ်သေးသေးပေမယ့်
နှောင်တွယ်ရစ်ပတ်တတ်သတဲ့............
တကယ်တော့ခက်နေ
ရတက်ပွေတဲ့သောက
ရင်ခွင်ကမီးစလို.....
ချစ်ခဲ့ဖူးပေမယ့်
တကယ်ချစ်တော့တစ်ကယ်ကြောက်
ထွန်းတောက်လာမယ့်အချစ်
အပြစ်ဖြစ်မလား
အတွေးတွေမှား
ကလေးကလားနိုင်
ခပ်ယိုင်ယိုင်အတွေး
ထိုင်လို့သာငေးနေ
အတွေးတွေထဲမှာက
လိုချင်တဲ့ယမင်းလေး
အတင်းတွေးပေမယ့်
အလွမ်းနွံထဲမှာခြေရာထပ်
နေရာတွေလဲမလပ်တော့
ငိုလဲငိုချင်ရဲ့
လိုလဲလိုချင်ပါသတဲ့
ကဲ...........
ဘယ်လိုလုပ်ရမလဲကွယ်
ရင်ကချစ်တဲ့ ကလေးရယ်....။ ။
nnt@mail4tamalon.com
No comments:
Post a Comment