Friday, April 18, 2008

ခံစားချက်တခု

မနက်အိပ်ရာ က နိုးထလာသည် ညက သူ့ ကိုအိပ်မက် မက်ခဲ့ ၏ အိပ်မက်ထဲ တွင် သူ တိတ်ဆိတ် လွန်းနေ၏။
သူကကော သူမကို မှတ်မိ နေပါဦးမည်လော ။ တဆိတ်ဆိုးရွားလွန်းစွာ သူမထိုမထွက်လာခင် အထိ ဖွင့် ခဲ့ သော သူ၏ ဓါတ်ပုံဆိုင်
ကလေးမှာ သည်နေ့ ငြိမ်သက်နေသည် ။ သူမစပ်စုစွာ သည်ဓါတ်ပုံဆိုင်လေး ကိုစောင်းငဲ့ ကြည့်နေမိ သည်။ သူမ တို့
မြို့၏ တဆိုင်တည်းသော ဓါတ်ပုံ ဆိုင်လေး မှတ်မိသလောက် သူမငယ်ငယ်တည်းက ရှိနှင့်သည်။ ထိုစဉ် က သူနှင့်ပါတ်သက်သူများ
ထိုဆိုင်ကို ဖွင့် လှစ် ခဲ့ သည်ဟု သူမ ထင်သည်။ဓါတ်ပုံ ပညာကိုသာ ဦးစားပေးလိုက်စားတတ်သော သူနှင့် သူမ သိကျွမ်း ခဲ့ လေ
သည် ။ ဓါတ်ပုံပညာကို သူမ သူ့ထံမှတတ်မြောက်ခဲ့ ၏ သူကလည်း လိုလားစွာသူမကိုသင်ကြားပေးခဲ့ လေသည်။
အလင်း နှင့်အမှောင် ကွဲ ၊ အရောင်များ အစရှိသဖြင့် အလင်းရောင်တိုင်းထွာနည်း အလင်း ရောင်တိုင်းမီတာ အသုံးချပုံ
နဂ္ဂတစ် ဆေးနည်း ၊ ပေါ့စတစ်ဖြစ်လာအောင် ဓါတ်ပုံ စက္ကူပေါ်တွင်ကူးယူနည်း၊ ပိုလာရွိုက် ကင်မရာ အသုံး ပြုပုံ အစရှိသည့်
ဓါတ့်ပုံ ပညာရပ်ဆိုင်ရာ နည်းပညာ အားလုံး နှင့် ဓါတ်ပုံကို အနုပညာ ဆန်စွာရိုက်နည်း ထိုသည် များကို သူ့ထံမှ သူမ လက်တွေ့ဆန်စွာ
တတ်မြောက်ခဲ့ ရလေ၏။ သို့သော် သူ၏ဘ၀ကားအထီးကျန်လွန်းစွာ၊သူမမနေ့က မွေးရပ်မြို့ လေးသို့ ပြန်ရောက်ခဲ့ လေ၏
ရောက်ရောက်ခြင်း သူ့ထံသို့ လာခဲ့ လေမိလေသည် သို့သော် အစဉ် ကင်မရာများ နဂ္ဂတစ်များ ကြားတွင် အမြဲ အလုပ်ရှုပ် နေတတ်သော
သူ့ကို မတွေ့မိချေ။ပါတ်ဝန်းကျင် ကိုကြည့်မိပြန်တော့ သူ၏ဆိုင်လေးမှာ အထီးကျန်စွာ လမ်းနှစ်လမ်းဆုံရာ ထောင့်ချိုး ဖြစ်သော
ကြက်လျှာစွန်း တွင် ထီးတည်း၊တည် ရှိကာ ကျန်ဆိုင်များ အနီးပါးတွင် မရှိချေ။

ဆိုင်လေးမှာ နုံ နဲ့ စွာ အတန်ငယ်ပြောင်းလဲနေပြီဖြစ်သော ထိုမြို့ ကလေး ၏ မြင်ကွင်းကား ထိုဆိုင်လေးနှင့်မလိုက်ဖက်စွာ
အထီးကျန်စွာ တည်ရှိနေခဲ့ မှန်း ယ္ခင်တည်း က သိရှိနှင့် လေသည်သူမ အဖို့ မထူးဆန်းခဲ့ ပါချေ။မြို့ ကွက်အသစ်များ
ထပ်မံတိုး ချဲ့ ယင်းပင်လျှင် ထိုဆိုင်လေးမှာ မြို့ အ၀င်လမ်းနှင့်ဝေးသည့်အလျောက် ဆိုင်လေး၏ ပုံရိပ်မှာ တဖြည်းဖြည်း
မှုန်ဝါးလာပြန်လေသည်။သူကား ပိုမို အထီးကျန်စွာ ရပ်တည်နေလိမ့်မည်ဟု သူမတွေးထင်ထားသည့်အလျောက် ယ္ခု တွင်ပင်
သူ့အား တွေ့ ရန်လွယ်ကူမည် ခက်ခဲမည်ကို သူမ မသိခဲ့ ချေ။

အညာနွေ မဟုတ်သော်လည်း မြေလတ်ဒေသ၏ ရာသီဥတုမှာအတန်ငယ် ဆိုးရွား၏ ။ တံလှပ် များတွေ့မြင်နေရသည်၊ မြင်နေကျ
မြင်ကွင်းမို့ ထူးခြားသည်ဟု မဆိုသာသော်လည်း နှစ်အတန်ငယ် ကွာဝေးနေသောသူမ အဖို့ ကား တစိမ်းဆန်နေလေသည် သူမ
သူ့ ကိုတွေ့ချင်လွန်းစွာ ဆန္ဒစောနေမိသည်မို့ ပတ်ဝန်းကျင်ကို ဂရုမထားနိုင်စွာပဲ ဆိုင်လေးအနားသို့ ချဉ်းကပ်လာခဲ့ မိသည် ။တစောင်း
လက်ပပ်ပင်များ ကျော်ကာ လှမ်းကြည့်မိလိုက်သည် မြင်တွေ့ရသော မြင်ကွင်းမှာ အထီးကျန်စွာ အကျည်းတန်နေလေသည်။

ခက်သည်က တီးတိုးစွာပြောတတ်သော လူတို့၏ စကားသံများ ဝေးလွင့် ခြင်း၏ခြေရာကောက် ၊ သူမနှင့် သူတို့ ရင်းနှီး ခင်မင်စွာ
နေသည့်အလျောက် ပါတ်ဝန်းကျင်၏ စကားသံများ ၊ အသံကြောင့်ဖားသေ ဆိုရိုးစကားအတိုင်း သူမ ထိုမြို့ ကလေးမှ ဝေးလွင့်ခဲ့ ရ လေသည်
တံတွေးခွက် ပက်လက်မျော ဆိုသည့်စကား ကား မည်သို့ နှင်မသိ သူမကတော့ ဖြူစင်ကြလျက်နှင့် အပြောဆိုခံစွာ
ဝါသနာအလျောက် ကင်မရာကိုင်ချင်ခဲ့၊ကိုင်ခဲ့ သောကြောင့် ပေလော မသိ အထိုက်အလျောက်တော့ နာမည်ရနေပြီဖြစ်သော ဓါတ်ပုံ အသိုင်း
ဝိုင်း အတွင်း ရှားရှားပါးပါး အမျိုးသမီးဓါတ်ပုံ ဆရာ ဟု လူသိကြ သည်၊ လက်ဦးဆရာကား မည်သူဟူ မသိကြ ကျွန်မ ရဲ့ လက်ဦးဆရာက
ဟိုး နယ်မြို့ လေးမြေလတ်မြို့ သေးသေးလေးမှာ ပါဟု သူမအမြဲပြောဖြစ်ခဲ့ လေသည် ၊ ဆရာဟု ဆိုသော်ငြား အသက်အရွယ်မတိမ်းမယိမ်းပါ
ထို့ကြောင့်ဝိုင်းပြောကြသည်ထင့် ချီးမွမ်း ၇ ရက် ကဲ့ရဲ့ ၇ ရက် ဟုဆို ကြသော်လည်း ထိုခုနစ်ရက်အတွင်းဘ၀နှစ်ခု ကျိုးကြေ ပျက်စီးခဲ့ သည်လော သူမ မတွေးမိ သူမက ခဲယင်းလှစွာ ဓါတ်ပုံဆရာတစ်ဦး အဖြစ်ရပ် တည်နိုင်ခဲ့သော် လည်း သူ့မှာ တော့ မည်သို့ မသိခဲ့ သူမအပြီးပိုင် ထွက်သွားခဲ့ သည်ဆိုတော့ လည်း ထို မြို့ လေးအကြောင်း ထပ်မစုံစမ်းခဲ့ ယ္ခုတော့ တစ်ခေါက် အရောက်ပြန်ခဲ့ မိလေသည်
နိုင်ငံတကာ ဓါတ်ပုံပြိုင်ပွဲတခု တွင်ရသောဆုကို သူ့အား ပေးအပ်ချင် မိသည့် စိတ်စေညွှန် ရာ အတွက်၊ မိမိ ရရှိသည့် ဆုဖြစ်လင့် ကစား
သူ အတွက် ပေးချင်မိသည် လက်ဦးဆရာ ဟုမိမိက သတ်မှတ် ထားသည့် အတွက်ပင်၊ ယ္ခုတော့ မိမိကို သိသည့်လူများပင်မရှိတော့ ဟုထင်သည် လေ ။ မှန်ကန်စွာပင် လမ်းတွင် မှတ်မိသူ တဦးတလေကိုမျှမတွေ့ခဲ့ ။သူမစိတ်တို့လွတ်လပ်ပေါ့ပါးစွာ......။

ဆိုင် အတွင်းသို့လှမ်းကြည့် မိလိုက်သည် လှုပ်လှုပ် ရှားရှား အရိပ်တစုံတရာမျှသူမ မတွေ့ ဆိုင်တံခါးကို အသာယာခေါက် လိုက်မိသည်
ပါတ်ဝန်းကျင်မှ စူးစမ်းဟန်မတွေ့ ရ မြို့တော်တော် ဆန်လာပြီဟု သူမတွေး ဖြစ်လိုက်သေးသည်။ တံခါးကား ချက်ပင်မထိုးထား အသာယာ ပွင့် သွားခဲ့ လေသည် သို့သော် လှုပ်ရှားမှုတစ်စုံတစ်ရာ မတွေ့ ရ ပေ ဆိုင်မှာလည်း မဖွင့် သည်မှာကြာရှည်ပြီဟု ထင်ရှားလောက်အောင် ဖုံထုတက်
နေလေသည် ။ သူဘယ်ရောက်သွားခဲ့သနည်း .........

No comments: