Friday, April 4, 2008

ကျွန်တော့ချစ်သူများအကြောင်း(၇)

ချစ်သူများဟုဆိုရာတွင် ၅၂၈ နှင့်၁၅၀၀ အချစ်ကိုမခွဲခြားပဲပြောရမည်ဖြစ်သည်
အဘယ်ကြောင့်ဆိုသော် မည်သို့ပင်ဆိုစေ ချစ်သည်ဟုပြောကြခြင်းပင်ဖြစ်သည်
ရှေးဦးစွာရိုသေလေးစား ချစ်ခင်ရသည့်သူ (မိသားစုဝင်မဟုတ် သောသူများမှပြ
ပါဟုဆိုလှာအံ့) မှာပထမဦးစွာ ကျောင်းဟု စတက်ရသော အ.မ.က ကျောင်းလေး
မှဆရာမ ဒေါ်တင်တင်မြင့် ဖြစ်ချေသည်...အလွန်အင်မတန်မှစိတ်ရှည်လေသည်
ငယ်စဉ်ခါ မှတ်မှတ်ရရ စာသင်ခန်းထဲတွင်စာ မရေးတတ်သဖြင့်လက်ဆွဲသင်ကြားပေး
ခဲ့သောဆရာမဖြစ်ခဲ့သည်အလွန် စိတ်ရှည်သလို အရိုက်ကြမ်းချေသည်........
စတုတ္ထတန်းအထိ အိမ်သာသို့အသွားလမ်းတွင်တွေ့ပါလျှင် ခြေသလုံး၌ အရှိုး
ရာထင်အောင် ကြိမ်လုံးနှင့်ဆွဲတတ်သူဖြစ်လင့်ကစား ချစ်ကြောက်ရိုသေခဲ့ရ
ပါသည်..ဆရာမဒေါ်တင်တင်မြင့်အကြောင်း ပြောပါလျှင် ဆရာမဒေါ်စန်းတင့်
အကြောင်း မပါလျှင်မဖြစ်ချေ....ဆရာမဒေါ်စန်းတင့်မှာလုံးဝ ရိုက်တတ်သူမဟုတ်
ပါချေလေပြည် နှင့်နားလည်အောင် ပြောဆိုဆုံးမတတ်သူဖြစ် လင့်ကစား ချစ်
ကြောက်ရိုသေခဲ့ရပါသည်...ဆက်ပြောရလျှင် ဆရာမဒေါ်စန်းအေးအကြောင်း
ထည့်မပြော မဖြစ်ပြောရမည်ပင်...ငယ်စဉ်ဘ၀ကိုပုံသွင်းပြောင်းလဲပေးတတ်သူများ
အဖြစ်မှတ်တမ်းဝင်သလို အရေးပါခဲ့သူများဖြစ်ချေသည်..ဆရာမဒေါ်စန်းအေးအ
ကြောင်းပြောရပါလျှင် အနည်းငယ်ထူးဆန်းနေမည်ထင်ပါသည်..တတိယတန်း
အရောက်တွင် ဆုံစည်းခဲ့သောဆရာမဖြစ်ချေသည်..စာသင်ချိန်အတွင်း စာသင်
ခန်းမှအပြင်သို့ထွက်သည်ကိုလုံးဝ ကြိုက်သည်မဟုတ်ချေ သူ့အတန်း၌ရောက်
ရသည်ကို ထိုစဉ်က ကံဆိုး သည်ဟုထင်မြင်မိလေသည် အဘယ်ကြောင့်ဆိုသော်
စည်းကမ်းတင်းကျပ်သည့်အလျောက် စာသင်ချိန်တွင်အပြင်ထွက်ခွင့်မပြုခြင်းပင်
အပေါ့ သွားခွင့်မရှိပါ လက်ညှိုးထောင်မိပါ သားရေပင်ပေးတတ်သော ဆရာမဖြစ်
သဖြင့် အိမ်သာသို့ မသွားဝံ ရာမှဆီးအောင့်ထားတတ်သောအကျင့် သို့မဟုတ်
ဆီးအိမ်ကျယ်အောင်ကျင့်ပေးတတ်သော မူလလက်ဦးဆရာဟုဆိုထိုက်ချေသည့်
ချစ်ကြောက် ရိုသေရသောဆရာမတစ်ဦး ပင်ဖြစ်သည်....မှတ်မှတ်ရရပုံပြောကောင်း
လွန်းလှသော စာပေကိုချစ်မြတ်နိုးတတ်ရန်သင်ပေးခဲ့သော စတုတ္ထတန်းတွင်သာ
ဆုံစည်းခဲ့သောဆရာဦးစိုးဝင်း ကိုလည်းချစ်ရပါလေသည် အထက်တန်းကျောင်း
သို့မပြောင်းမှီ အထက်တန်းကျောင်း၏ အကြောင်းအရာများကို သင်ကြားပို့ချပေး
သည့်အလျောက် မိုးအုံ့လျှင် အလွမ်းဓါတ်ခံရှိသည့်ဆရာဖြစ်သည်ထင့်
ဆန္ဒန်ဆင်မင်းဇတ် အစရှိသည့်ဇတ်တော်များ ကိုပြောပြတတ်သော စနေ တနင်္ဂနွေ
တွင်ပင်နားရက်မယူပဲ ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်း ကိုပို့ချကာ Y.M.B.A မှကျင်း
ပသောဗုဒ္ဓဘာသာယဉ်ကျေးမှု စာမေးပွဲကိုအောင်မြင်စွာဖြေဆိုနိုင်ရန် သင်ကြားပေးခဲ့
သောဆရာဖြစ်လေသည်...ထို့အတူစတုတ္ထန်းတွင်တန်းလုံးကျွတ်အောင်သင်ကြားနိုင်
သော ဆရာတစ်ဦးဖြစ်လေသည်...ဆရာသည်ပညာသင်ကြားရာတွင်ထူးချွန်သည့်
အလျောက် တပည့်များကိုဆိုဆုံးမရာ၌ အလွန်နူးညံသိမ်မွေ့ ခဲ့ပါသည်..........

No comments: