Wednesday, April 2, 2008

စမ်းသပ်ခြင်း(၁)

လွမ်းချင်းတွေရေးရတာနဲနဲပျင်းလာပြီ ခင်ဗျာ အဲတာနဲ့ မနေ့က လှည်းတန်းဖက်ရောက်
သွားခဲ့ပါတယ် စာအုပ်ဆိုင်မွှေနေကျမို့ ရာပြည့်စာအုပ်ဆိုင်ထဲဝင်လိုက်တယ် အမှန်တော့
HTMLနဲ့ပါတ်သက်တဲ့စာအုပ်သွားရှာတာ....ဒါပေမယ့်မရှိဘူး အဲတာနဲ့ဟိုမွေဒီမွှေ လုပ်နေ
ယင်းက hand phone ring tone လုပ်တဲ့စာအုပ်နဲ့ ဆော့
ဝဲစီဒီလေးသွားတွေ့ပါတယ်
ဖုန်းမြည်သံတွေကိုစိတ်ဝင်စားတဲ့ကျွန်တော့အဖို့ကတော့ရေငတ်တုံးရေတွင်းထဲကျဆို
သလိုပါပဲ ဒါပေမယ့်ကိုယ့်ဖုံးထဲကိုပို့ဖို့ ဘလူးတုသ်လိုပြန်ရော အဲတာနဲ့ကွန်ပျူတာပစ္စည်း
ရောင်းတဲ့ဆိုင်ရောက်သွားရောဈေး သိပ်မကြီးပါဘူး ၇၅၀၀ ကျပ်ပဲအိမ်ပြန်ရောက်တော့ချက်
ချင်းမနေနိုင်မထိုင်နိုင်စမ်းသပ်ချင်စိတ်တွေနေလို့မရတာနဲ့စပြီးစမ်းသပ်ကြည့်လိုက်ပါတယ်
အခြေနေ မဆိုးပါဘူး ring tone လေးတွေကိုယ်ပိုင်လုပ်လို့ရပြီ.....ဒီနေကမနက်လဲဘလော့
မရေးဖြစ်ပဲကဗျာတိုနံ့နံ့လေးတပုဒ်တင် ပြီးကလိနေတာ ဟီး.......
အဆင်ပြေပါတယ်....ဒါပေမယ့်တစ်ခုအဆင်မပြေတာက ဗွီစီဒီခွေကသီချင်းကို အမ်ပီသရီး
ပြောင်းတဲ့ဆော့ဝဲကအလုပ်မလုပ်ဘူးဗျာ...ဒါနဲ့ဆိုအဲဒီဆော့ဝဲ ပစ်ရတာနှစ်ချပ်ရှိပြီ.....
ဖုံးတော့ဆက်ပြီးမေးကြည့်ဦးမှပါ ခုတော့ ringtone အသစ်လေးတွေကိုယ်တိုင်ဖန်တီးပြီး
စိတ်တိုင်းကျနိုင်ပါပြီ.......

bluetooth&cardreader


ဟီးကြွားတာတော့ဟုတ်ပါဘူး all in one card reader,bluetooth,adaptor တွေပါ

No comments: