Monday, April 21, 2008

ခံစားချက်တခု(III)

သူကတော့ စိတ်ပျက်နေလေသည် ဖလင်ခေတ်မှ ဒီဂျစ်တယ်ခေတ်သို့ ပြောင်းလဲမှု ကမြန်ဆန် လှချေ၏ ။ မည်သို့ပင် ဆိုစေ
ဖလင်နှင့်သာ လက်တွေ့သော သူ့အဖို့ဒီဂျစ်တယ်ကင်မရာ ကိုင်ရသည်မှာ ခန့်မှန်းရခက်လှသည် ။ ကသိကအောက်နိုင်လှသည်
အပါချာချိန်ခြင်း ရှပ်တာစပိချိန်ခြင်း မှအစ လွယ်ကူလွန်းလင့်ကစား သူစိတ်ကြိုက်မတွေ့ခဲ့ချေ ၊ခေတ်နောက်ပြန်ဆွဲ သည်ဟုဆို
စေတော့ သူလက်သိပ်မတွေ့လှပါ၊ တခုတော့သဘောကျပါသည် မန်မိုရီ ၁ ဂစ် ခန့်ရှိပါက ၅ မဂ္ဂါ ပစ်ဆယ်ပင်ဖြစ်စေဦးအနည်းဆုံး
ပုံနှစ်ရာကျော်တော့ ထွက်သည် ထို့အတွက်လည်း ယ္ခင် ကလိုဝန် မကျယ်တော့ပါချေ မည်သို့ဆိုစေ ခေတ်လူငယ်ဖြစ်လေတော့
ဒစ်ဂျစ်တယ် ကင်မရာကိုလက္ခံရမည်သာ လက်မခံလျှင်လည်း ကိုယ်နောက်ကျကျန်ခဲ့ မည် သို့သော် ကင်မရာဈေးနှုန်းကကြီးလှ
ှချေသည်။
မိမိ တို့နယ်မြို့ လေးအတွက် ဓါတ်ပုံရိုက်ကူးရေးကိစ္စမှာအလှူအတန်းနှင့် မင်္ဂလာ ဆောင်သာလျှင် အဓိကဓါတ်ပုံကို အားကိုးကြခြင်း
သာဖြစ်သည် မိမိ ကဓါတ်ပုံပညာကို ၀ါသနာအလျောက်လေ့လာခဲ့ခြင်း ဖြစ်လေသည် ဓါတ်ပုံ ပညာတတ်မြောက်လာတော့ထိုဆိုင်
လေးကိုဦးလေး ထံမှလက်ဆင့် ကမ်းကာ တာဝန်ယူခဲ့ သည် ထို့နောက်တွင်တော့ လှိုင်ဦးနှင့် တွဲကာ ဗွီဒီယို ရိုက်ကူးရေးပါလုပ်ကိုင်
ခဲ့လေသည် မိမိ ဆိုင်မှ ထွက်ခွာသွားသော ညီမတစ်ယောက်သတင်းကိုကြား ရသောမိမိ မှာဝမ်းသာပီတိဖြစ်ရပါသည်။ညီမမှာ
မိမိပင်မမှန်းရဲ သောနိုင်ငံတကာ ဓါတ်ပုံဆုများ စွာကိုရ ရှိခဲ့ လေသည် ။ထင်မှတ်မထားသောတနေ့ တွင်ညီမနှင့်ခွဲခွာခဲ့ရ ပုံကိုမစဉ်း
စားချင် ပါပဲ အတွေးထဲရောက်လာခဲ့လေသည် ထိုနေ့ ကမိုးဖွဲဖွဲ ရွာနေသည်လေ။ညီမကလည်း မိန်းကလေးဖြစ်လင့်ကစား ဓါတ်ပုံ
ပညာကို ခုံမင်လွန်းလှစွာ ရူးသွပ်လှစွာ လေ့ လာလိုက် စားခဲ့လေ၏။မိမိတို့နှစ်ဦး အနေနီး လွန်းလှသောအခါ ထိုကျဉ်းမြောင်းလှသော
အမြင်လည်း အင်မတန် မှ ကျဉ်းမြောင်းသော သူများ ၏သမုတ်ခံရတော့သည်။ခက်သည်က မိမိတို့ဖြူစင်ကြောင်းကိုမည်သူ့ကို
မည်သို့ငြင်းဆိုရမည်နည်း တနေ့တော့ ဆိုးရွားလှစွာ ညီမ၏ ဦးလေး အငယ်ဆုံး အရက်မူး ပြီးဆိုင်သို့ လာရမ်းကာ အရှက်ကွဲခဲ့
ကြတော့ ညီမ ကိုယ်တိုင်မိုးရေထဲ ထွက်ပြေး ပျောက်ကွယ်သွား သောနေ့တစ်ရက်ကို အမှတ်ရနေမိပြန်သည်။ လှိုင်ဦးက လူပေါက်စေ့
ရှင်းပြရန်ကြိုးပမ်းခဲ့သော်လည်း အချည်းနှီးသာတည့်။ညီမ ထိုနေ့မှစ ပြီးမျက်စေ့အောက်မှ ပျောက်ကွယ်သွား ချေ၏။သို့သော်
လှိုင်ဦးနှင့်မိမိ တို့မှာညီမအကြောင်း နားစွင့်လျှက်။ မြို့ သို့ရောက်လင့်ကစား ညီမနှင့် မတွေ့ဖြစ်ခဲ့ ဆယ်စုနှစ်တခုနီးပါး ပါ ပေ။
ပါးစပ်နှင့် သတ်သဖြင့်သေခဲ့ သောဘ၀မည်မျှရှိသနည်း များပြားစွာရှိလိမ့်မည်ထင်ပါသည်။ထိုအထဲတွင်ညီမ မပါဝင်ခဲ့ပါချေ သတ္တိရှိ
လှစွာ ရဲရဲရင့်ရင့် ဖြတ်သန်းခဲ့၏ ညီမ၏စိတ်ဓါတ်ကား ချီးကြူးစရာပေ။
ထိုနေ့ က ညီမပြန်ရောက်ခဲ့၏ ဆယ်စုနှစ်တခုအတွင်း ပထမဆုံးမြင်ခွင့် ရသော ညီမမျက်နှာမှာကြည်လင် ၀င်းပနေခဲ့ ၏ ။မိမ၏ သင်ကြားပြ
သမှုကို အသိမှတ်ပြုစွာ ဓါတ်ပုံပညာရှင်များ အလွန်တန် ဖိုးထားသောဆုဖြင့် ကန်တော့သောအခါ မိမိ မျက်ရည်ပင်စို့ချေ၏။ဆရာ့ကျေးဇူး
သည်လောက်သိတတ်ရလား ဟု ပီတိဖြစ်ရချေသည်။ နောက်တော့ မိမအား ဒီဂျစ်တယ် ဓါတ်ပုံပညာ လောကသို့ ဆွဲခေါ်ချေတော့သည်
သည်တကြိမ်တော့ ညီမက ဆရာပေါ့ ။တံတွေးခွက်ပက်လက်မျောပါစေ နှစ်ယောက်စလုံးက ဂရုစိုက်လောက်အောင် ဖြစ်ကြတော့မည်
မဟုတ်၊ အသက်ရွယ်က စကားပြေပေတော့မည်။ နောက် မိမိ သည် ညီမကိုတစ်ကယ်ချစ်မိနေသည်ဟုဝန်ခံ ရန် အသင့်ဖြစ်ခဲ့ပြီဖြစ်သည်။
ထိုအကြောင်းကို ညီမအားပြောပြရန်လည်းအသင့် ဒီတစ်ခါတော့လှိုင်ဦးလည်းလိုက်ရှင်းစရာမလို တော့ပါ....................


ဝန်ခံချက်>>>>> တချိန်တုန်းအခါက ဓါတ်ပုံခေတ်ပြောင်း စဉ် သူငယ်ချင်းတစ်ယောက်အကြောင်းတမင်ရည်စူးရေးဖွဲ့ပါသည်

No comments: