သေသောသူကြာယင်မေ့ရမတဲ့လား . . . )
ပြဿနာတွေ
အဖြေရှာမရတဲ့နေ့
ဦးနှောက်စါးနေတဲ့ည
ဘဝဆိုတာပြဿနာတခုလား.........?
မျက်ရည်တွေလည်းမရှိတော့ပါဘူး
ဒါပေမယ့်......နှလုံးသားကငိုချင်သေးတယ် !
ပျော်ရွှင်သာယာချမ်းမြေ့နေတဲ့ဘဝလေးတခု
ဖြုတ်ကနဲဘယ်ကိုပျောက်ကွယ်သွားသလဲ ?
မင်းကိုချစ်တဲ့အတ္တတခုအစွဲပြုပြီး
ဘာဆိုဘာမှမလုပ်ချင်တော့ပါဘူး
ရုတ်တရက်လေနှုတ်ဆက်ချိန်တောင်မရပဲ
ဖြတ်ကနဲခွဲထားရစ်ခဲ့........
ခက်တာက....တို့နှစ်ယောက်ကြားက
ချစ်ခြင်းဖွဲ့အလင်္ကာတေးတွေ
ဘယ်ကိုရောက်သွားသလဲ?........
အသက်ကလေးရေ.........
ကိုယ်နားမှာမင်းရှိမနေခဲ့တာ
လေးနှစ်ကျော်ကြာပေါ့
ဘဝခြားသွားတယ်ဆိုတာ
ခဏနားသွားတာလား
ထာဝရ ထား သွားတာပါပဲ
ငါလဲအမြဲတွေဝေ
သံသရာဆုံးတိုင်ဆိုတဲ့တို့ရဲ့ဆုတောင်း
ပြည့်ဖို့နေနေသာသာ
နတ်ပြည်ကအချိန်နဲ့တွက်ယင်
စက္ကန့်ပိုင်းလောက်ပဲရှိမဲ့
တနှစ်နဲ့လေးရက်မှာ
သေကွဲခွဲရက်ခဲ့တယ် !
တွေးယင်ငိုချင်တယ်
မျက်ရည်မရှိတော့ပေမယ့်
ပင်လယ်ကြီးရှိသေးတယ်
သမုဒ္ဒရာရေမခမ်းသရွေ့
မျက်ရည်အဖြစ်ပေါ့၊
လရောင်အောက်က
ခွဲခွာခဲ့တဲ့မနက်ခင်းမှာ
ပျော်ရွှင်ခြင်းအလင်းပျောက်
မှောင်နေခြင်းနောက်ကွယ်က
တမ်းတငိုယင်း
မျက်ရည်မြစ်တစင်း
ချစ်တဲ့မင်းအတွက်
အမြဲစီးဆင်းနေတော့တယ်........
တကယ်ပါလေ
အမှတ်တရဝေစေ
ဆောင်းနှင်းတွေကြား
သက်ထားသွားခဲ့
အလွမ်းနေ့ရက်
တွေ့ခက်ရှည်ကြာ
ငါးနှစ်ဆိုတဲ့ကာလ
တကယ်ရောက်လာပေါ့
ဒါပေမယ့်...........
အလွမ်းတွေနဲ့လုံးထွေး
ရစ်ပတ်တလပ်စပ်ပဲ
ဆောင်းမြူတွေကြား
ငိုနေတာများ
သိမှာလေလား
သိမလားကွယ်
သိပ်လွမ်းတယ်သက်ရယ်
ခက်တယ်ရင်က
မြင်သမျှတွေ
အီလူးရှင်းလား
မင်းပုံရိပ်ပဲ
တွေ့နေသားလေ
သောကပွေ........... ။ ။
No comments:
Post a Comment