Wednesday, April 2, 2008

ကျွန်တော့ချစ်သူများအကြောင်း(၆)

အလွမ်းပွင့်

အမှတ်တရ
ရက်လကြာရှည်
တွေ့ဖြစ်သမျှ
မောင့်ရင်ပူစေ.......

အလွမ်းရယ်ပွေ
သောကနွေမှာ
ပျော်ချင်ပါလည်း
ခက်သည်သခင်
မောင့်ရင်ခွင်သည်
အသင်ပိုင်စိုး
စောင့်မျှော်ကိုးလည်း
တွေ့မိသမျှ
လွမ်းရက်တာရှည်
လွမ်းမိသမျှ
တွေးရင်ပူစေ...........

အလွမ်းနွေမှာ
တမ်းတရှည်ကြာ
ကာလကြာသော်
အလွမ်းပွင့်ဖြစ်
နွမ်းရစ်လျှက်ကြွေ........

No comments: