Wednesday, April 9, 2008

အဖြူရောင်ညီမလေးသို့

လူတွေရဲ့နှုတ်ဖျားက
အတင်းပလင်းတွေ
နားစိုက်နေယင်းက
ဖြစ်ခဲ့သမျှအကြောင်း
ရင်မှာဖြူစင်ကြောင်းကို
ဘယ်သူ့ကိုဘယ်လို
သက်သေပြရပါ့
ခက်ရချည်ရဲ့....၊

အတင်းစကားတွေကို
လိုက်ရှင်းနေဖို့
အချိန်မရှိလို့လဲ
ခပ်မဆိတ်ပဲနေခဲ့
အဖြူထည်သက်သက်
သံယောဇဉ်ဆိုတာ
တို့နှစ်ဦးပဲသိ
ဘယ်လိုညှိကြမလဲ
လောကထဲမှာ........!

ခံနိုင်စွမ်းတွေမွေးပြီး
ချောင်ထဲမှာနေတဲ့ငါ့ကို
လောကထဲတွန်းပို့ခဲ့တဲ့
ညီမလေးတစ်ယောက်ရယ်
မထင်မှတ်တဲ့ဖြတ်လက်သီးတလုံး
ပုန်းလျှိုးကွယ်လျှိုးနဲ့
အရှိုက်ကိုအထိုးခံလိုက်ရတဲ့အခါ
ညီမလေးပြင်းထန်စွာ
ခံစားလိုက်ရမှာဆိုတာ
မပြောလဲသိ
မချိတရိနဲ့
ကိုယ်လဲခံပြင်း
သွယ်ဝိုက်တဲ့နည်းနဲ့
မိသားစုနှစ်ခုကို
စကားတစ်ခွန်းနဲ့
ပြင်းထန်စွာတိုက်ခိုက်
ဘယ်လိုစရိုက်တွေလဲ
ရင်ထဲမှာနာကျင်
ပါတ်ဝန်းကျင်ဆိုတာ
မရှိလဲခက်
ရှိလဲခက်ပြန်
ဆက်ဆံရေးစကားတွေက
အတင်းပလင်းတွေဖြစ်
တို့တွေရင်ထဲက
ဖြူစင်သန့်ရှင်းကြတာ
တို့တွေပဲသိ
မချိတရိခံစား
ဒေါသတွေတဖွားဖွားထွက်
စကားခက်ပေမယ့်
သန့်ရှင်းဖြူစင်စွာ
ချစ်နေခြင်းဟာ
ထာဝရမြဲစေတဲ့
သစ္စာတရား
ပစ်ခွာကာမထားခဲ့....!!!!

အမြဲသန့်စင်နေတယ်ဆိုတာ
ကိုယ်တိုင်တွေကလွဲပြီး
ဘယ်သူမြင်ဘယ်သူသိ
မချိတင်ကဲနဲ့
ညီမလေးရဲ့သိက္ခာတွေ
ပွန်းပဲ့သွားတာ
တအားနှမြော
တကယ့်သဘောကတော့
ရှိနေတဲ့......
အဖြူရောင်သံယောဇဉ်အတွက်
အခက်ဆိုတာတွေ
ရတက်ပွေရဦးမလား
တရားနဲ့ဖြေပါလို့
ပြောလို့လဲမရ
ကိုယ်တိုင်လဲမဖြေနိုင်
ငိုင်ငေးစွာတွေး
ရင်ကလေးနေ
ချစ်ညီမရေ.....!
ခပ်ခွာခွာနေကြစို့လို့
ဆုံးဖြတ်ချက်ချပေမယ့်
တကယ်ကျတော့ခက်ခဲ
တကယ်တော့........
တိုကတွေရဲ့သန့်စင်တဲ့
မေတ္တာ တရား ဆိုတာ
နက်ရှိုင်းလွန်းလှပါတယ်.....။ ။

CC>nnt@mail4tamalon.com

No comments: