Saturday, April 19, 2008

ခံစားချက်တခု(II)

ဆိုင်တံခါး ကိုတွန်းဖွင့် ၀င်ရောက်လိုက်သည့်အခါ တစိမ်းဆန် မနေသောမြင်ကွင်း ထိုမြင်ကွင်းကား
မေ့မရ စွာ စိတ်ထဲကိုတိုးဝှေ့ ၀င်လာခဲ့ သည် ။ တခါက သူနှင့် ဓါတ်ပုံအကြောင်း အနုပညာအကြောင်း
ဆွေးနွေးတိုင်ပင် ဖလှယ်ရာ ရပ်ဝန်းတခု လူအများ၏ အတင်းစကား ကြားထဲမှာ ပက်လက်မျောယင်း
ဘ၀နှစ်ခု ကြိုးမိန့်ကျခဲ့ လေသော အဟောင်းကို အသစ်ဟုမမြင်ချင် တော့ ပေမယ့် ရောက်လာတဲ့ အခါ
ကျပြန်တော့ ပြန်တွေးမိသည်သာ။
ခက်သည်က သူဘယ်ရောက် နေသနည်း လောလောဆယ်စဉ်း စားမိသည်မှာ ကိုလှိုင်ဦး သူမတို့ နှစ်ဦးလုံး
အကြောင်း အတွင်းကျကျ သိပြီး သူမတို့ နှစ်ယောက်လုံးကို ယုံကြည်စွာ အတင်းစကားများ ကို ဖြန်ဖြေ ခဲ့သူ၊
သူတစ်ယောက်သာ သူမတို့ နှစ်ဦး ဖက်မှ ရှိလေသည် ကိုလှိုင်ဦးဆီ သွား မေးဦးမှပဲ ဟုတွေးမိ သဖြင့်
ဆိုင်တံခါးမှ လှည့် အထွက် တစ်ယောက်ယောက် ဆိုင်ဆီသို့ ဆိုင်ကယ်စီးလာနေသည် ကိုတွေ့လိုက်မိသည်
ကိုလှိုင်ဦး ဖြစ်နေ တော့" ဟင် ညီမ နင်ရောက်လာတယ် ငါတို့ နှစ်ယောက်လုံး က နင်လုံးဝ မလာတော့ဘူးလို့
ထင်ထားတာ"

"အင်း ဟုတ်တယ်နော် ကိုလှိုင်ဦးပြောသလိုပဲ ညီမ လုံးဝ လှည့်မကြည့်ပဲ မရောက်ပဲ နေခဲ့ တာ ဆယ်နှစ်ပြည့်
တော့မယ် ဒါနဲ့ သူရော နောက်ပြီးဒီဆိုင်လေးကို ပိတ်ထားတာလား"

"ဟုတ်တယ် ပိတ်ထားတာ နှစ်ဝက် ကျော်ပြီ နင့်သတင်းကိုတော့ငါတို့ နှစ်ယောက်အမြဲနားစွင့် လျှက်ပဲလေ
နင်ဘယ်ပြိုင်တွေပွဲမှာ ဆုရတာက အစ ငါတို့နှစ်ယောက်လုံးသိနေတယ် ခုနောက်ဆုံး နိုင်ငံတကာပြိုင်ပွဲတစ်ခုမှာ
ဆုရပြန်တယ်မဟုတ်လား တကမ္ဘာ လုံး ကအာရုံ စိုက်ရတဲ့ ပွဲလေ နင် ကသာငါတို့ကိုမေ့ထားတာ အင်းမေ့မယ်
ဆိုယင်လဲ မေ့ပစ်ဖို့ကောင်းတဲ့ အကြောင်းပြချက်က ရှိနေတာကိုး နာမည်တစ်လုံး ဒီ တော မြို့ လေးမှာပျက်ရ
တယ် ဆိုတာတော်တော်ရှင်း ရခက်တဲ့ကိစ္စပဲလေ"

" အမှန်တော့ ကိုလှိုင်ဦးတို့ နှစ်ယောက်လုံးကိုမေ့ တာမဟုတ်ပါဘူး ပညာရပ်တစ်ခုကို တော်ရုံဝါသနာနဲ့ တော့
ဒီလိုအဆင့်ရောက်အောင် ကြိုးစားမှာ မဟုတ်ဘူးဆိုတာ ကိုလှိုင်ဦးရော သူရောသိမှာပါ အဲဒီလွန်ခဲ့ တဲ့ အချိန်က
ကိစ္စတွေကို တွေးနေမယ့်အစား အကောင်းဆုံး ဖြစ်အောင် လုပ်ခဲ့ တာပါ ကိုလှိုင်ဦးတို့ နားလည်မှာပါ လူတွေကို
နာကျည်း မုန်းတီးနေမယ့်အစား အမြင့် ဆုံး (တနေရာရာ ရဲ့ အမြင့်ဆုံးမှာ) ရပ်တည် နိုင်တယ် ဆိုတာ လက်တွေ့
သက်သေပြ ချင်ခဲ့တာလေ"

" ညီမ နင်ပြောတာလဲဟုတ်တာပဲ ခုနင်က သူတောင်မမှန်းရဲတဲ့ ပညာရပ်ပိုင်းဆိုင်ရာဆု တစ်ဆုကို နင်ရ ခဲ့ ပြီ ဆရာထက်
တပည့်လက်စောင်းထက် ဆိုတာနင်မှနင်အစစ်ပဲ ခု ဆိုင် ကအဆင်မပြေလို့ပိတ်ထားတာထက် ဒီဂျစ်တယ်ကင်မရာ တွေပေါ်
လာတော့ ပညာရပ်ပိုင်းဆိုင်ရာထက် စီးပွားရေး အရမ်းဆန် လာကြတယ် ဒီကောင်ကြီး အကြောင်းလည်းနင်အသိပဲ
ပညာရပ်ပိုင်းသာ လုပ်ချင်တာ အဲမဖြစ်မနေတော့ သူ မင်္ဂလာဆောင်နဲ့ အလှူတွေတော့ အောက်ဒိုးလိုက်ရိုက်ပါတယ်
သူက ဒီဂျစ်တယ်နဲ့ ဖန်တီး တဲ့ ပုံတွေကို စိတ်မ၀င်စားဘူးတဲ့ သူ့ခံယူချက်က တစ်ဖက်စွန်းရောက်လွန်းတယ် ခေတ်မမှီတဲ့
အဖိုးကြီးလည်းမဟုတ်ပြန်ဘူး အဲစကားကောင်း နေလိုက်တာ နင်က ခုခရီးရောက်မဆိုက် ဆိုင်ကိုတန်းလာတာ ကိစ္စ ရှိလို့လား"

"အင်း ရှိတာပေါ့ ညီမဘ၀မှာ အတွယ်တာဆုံး သံယောဇဉ်အရှိ ဆုံး အရာကို ဒီမြို့ ထဲကရှာပြ ဆိုယင် ဒီဆိုင်ကလွဲပြီးဘာမှ မရှိပါဘူး
ဒါနဲ့ ဆိုင် ကို တံခါး သော့ခတ်မထားတာကကော ဘာဖြစ်လို့လဲ အလှူပေးပစ်တော့မလို့လား "

"အာ ဟုတ်ပါဘူးဟာ ငါဒီနေ့မှ ဆိုင်ကိုဒီဂျစ်တယ် အဆင့် ရောက်အောင်အပ်ဒိတ်လုပ်မလို့ဟ ခုနကမှတံခါး ဖွင့်ပြီး လဖက်ရည်သွားသောက်တာ အထဲမှာဖုံတွေ တော်တော် ဆိုးနေတယ်"

"အင်း ဟုတ်ပါ့ ကိုလှိုင်ဦး ရယ် ခု ညီမပြန်လာတာ အဲဒီကိစ္စလဲပါတယ် နောက်အရေးကြီးဆုံးကိစ္စ က ဓါတ်ပုံပညာရဲ့ က ကြီး
ခ ကွေး ကို သင် ပေးတဲ့ သူ့ကို မကြာသေးခင်ကရခဲ့ တဲ့ ဆုနဲ့ ဂါရ၀လာပြုတာ နောက်ပြီး သူ့အတွက် ဒီဂျစ်တယ် ပရော်ဖက်ရှင်နယ်
ကင်မရာရယ် ကွန်ပျူတာ တစ်စုံ ပရင်တာ တွေပါ ပါလာတယ် သူ့ကိုလည်း ဖိုတိုရှော့ တက်ခိုင်းပြီး ဒီဂျစ်တယ်ပြောင်းခိုင်းမလို့"

ကိုလှိုင်ဦးပြုံးလေသည် နောက်မှ သူ့ကိုတော်တော်ပြောရဦးမယ်နဲ့ တူတယ်

အနုပညာ ကိုလက်ခံယင် ဒစ်ဂျစ်တယ်အတ် ကို လည်း သူငြင်းလို့ ရမှာမဟုတ်ဘူး ညီမလည်း အစက သူ့လို တွေးခဲ့တယ်
ဒါပေမယ့် လက်ရှိကျင့်သားရသွားတဲ့ အခါ ဖလင်ထက်ပိုပြီးအားသာချက်တွေ အများ ကြီးရှိတာကို သိလာတဲ့အခါကျတော့
လက်ခံ ရမှာပဲ ခုဆိုယင်ဖလင်ဈေးကွက်တောင် ပျောက်နေပြီလေ ရတယ်ညီမ လက်တွေ့လုပ် ပြပါ့မယ် အဲဒီအချိန် မှသူယုံမယ်
လက်ခံမယ်လို့ ညီမထင်တယ် ။

မဟုတ်ပါဘူး သူလက်ခံပါတယ် သူ့ရဲ့ ပညာမာနနဲ့ တင်းခံနေတာမျိုးပါ ညည်းပြော ပြီး လက်တွေ့ပြယင် သူလည်း လျှော့မှာပါ
နိုင်ငံတကာဆု များစွာရတဲ့ ဓါတ်ပုံပညာရှင် ဆရာမကြီးကပြောတာဆိုပြီးတော့

ဟမ် ကိုလှိုင်ဦးကလဲ နောက်ပါနဲ့ ဒါဆိုကားဂိတ်က စက်တွေ သွားရွေးပြီး သူ့အိမ်ကို သွားကြစို့လေ ဆိုင်တော့သော့ပြန်ခတ်ခဲ့ပေါ့
အဲဒီထဲက ဓါတ်ပုံဆိုင်ရာ ကိရိယာတွေက တချိန်မှာ ပြတိုက်အတွက် အသုံးဝင်သွား နိုင်တယ် လေ ပျောက်ကုန်လို့ မဖြစ်ဘူး ။

No comments: