Friday, March 7, 2008

အမှတ်တရ(၄)

ထိုနေ့ကမောင်မီးထံမှချက်ချင်းပြန်ရလိုက်သည့်အဖြေအတွက်ကြေကွဲခဲ့ရသည်လေ....
မီးမှာချစ်သူရှိပြီးသားတောင်ကြီးကဟုဆိုခဲ့သည်လေ.....ထို့အတွက်မောင်တွေဝေခဲ့ရသည်လေ
သို့မင့်အချစ်ဆိုသည့်အရာကားမောင့်အဖို့လုပ်ယူလို့မရသလိုဖျောက်ဖျက်လို့
ရသည့်အရာမဟုတ်ပါလေ....မောင့်အတွက်အချစ်ဆိုသည့်အရာကားရင်ခွင်
နုနုကြွေစေသည့်အရာဖြစ်တော့သည်.....သံယောဇဉ်နက်ရှိုင်းဝင်အောင်ချစ်မိပြီးမှ
ထိုသို့သောအဖြစ်မျိုးဖြစ်ချေခဲ့ပြီ.....သို့သော်ငြားမောင်တို့အခင်မင်မပျက်တွေ့မြဲ
တွေ့လျှက်သာတည့်....၁.၁.၁၉၈၉....မောင်တို့ဆိုင်ဖွင့်ပွဲကိုမောင်တို့ဖိတ်ဖြစ်ခဲ့
သည်လေ.....မီးတို့ရောက်လာတော့ပျော်ရွှင်ခဲ့ရသလိုရင်တုန်ခဲ့ရသည်လေ.......
မောင့်မိဘများကမီးကိုလက်မခံမှာစိုးရိမ်သည့်စိုးရိမ်မှုနှင့်ထို့အတွက်မောင့်
သွားလာခွင့်ကိုထိန်းချုပ်လိုက်မည့်စိုးရိမ်မှု.....ထင်သည့်အတိုင်းဖြစ်ခဲ့သည်လေ.....
သို့သော်ငြားမောင်တို့ကားမဝေးခဲ့ရင်းနှီးစွာချစ်ကြည်စွာပင်တွေ့နေမြဲသာတည့်
ခက်သည်ကမီးတွင်ချစ်သူရှိလင့်ကစားမောင့်ကိုချစ်နေသည်ကိုမောင်သိနေနှင့်
သည်ကမောင့်၏ရင်ထဲမှခံစားချက်တစ်ခုဖြစ်ခဲ့သည်...သို့သော်အမှတ်တရအဖြစ်
မီးချစ်ရန်ဟုဆိုကာမောင်လက်ဆောင်ပေးခဲ့သည့်အပြာရောင်မီးခြစ်လေး....စက်ဘီးပုံရင်ထိုးလေး
ထိုအရာများအားလုံးမီးဆီမှာအမှတ်တရအဖြစ်ရှိနေဦးမည်ဆိုသည်ကိုမောင်အသိ.....
မီးလက်ဆောင်ပေးခဲ့သောလွယ်အိတ်အမွှေးဖွားဖွားလေးကတော့မောင်မသုံးရက်စွာ
မောင့်ထံမှာကာလအတန်ကြာအထိရှိနေခဲ့သည်ပဲ......အချစ်ဆိုသည်ကားမောင့်အတွက်
ခံစားချက်ကရင်နင့်စေခဲ့သည်လား...သို့တည်းမဟုတ်...မောင့်ရင်မှချစ်သောအချစ်နှင့်
မီးရင်မှဖြစ်သောအချစ်နှစ်ခုစလုံးစာကိုမောင်တစ်ယောက်တည်းကြိတ်ခံစားစေခဲ့သည်လား
ထိုစဉ်ကမောင်တွေဝေခဲ့သည်လေ.................

No comments: