Friday, March 21, 2008

လွမ်းနှင့်တော့မြကေခိုင်(၈)

ယောရှိဒါတချိန်ခွဲခွာရမယ်ဆိုတာသိနေရဲ့နဲ့တို့တတွေချစ်ခဲ့ကြတာ
အပြစ်လားကွယ်....ခွဲခွာခြင်းကတို့ရဲ့အတွင်းထဲမှာပါ..........
မဝေးချင်ပေမယ့်ဝေးရမယ့်အချစ်တွေအတွက်ခက်တယ်ရင်က
နေလို့မရတော့ပါကွယ်တအားချစ်တယ်ယောရှိဒါ...........
သမီးကိုခေါ်လာသည်ကဘယ်တော့မှအမှားဟုကိုယ်တွေးမထင်ခဲ့
ဘာကိုမှရယူပိုင်ဆိုင်ခြင်းမရှိသည့်အတွက်လည်းကိုယ့်လိပ်ပြာကိုယ်
လုံပါသည်.....ခက်သည်ကလူများ၏ပါးစပ်များအငြိမ်မနေကြခြင်းပင်
ထို့အတူသမီးသည်လည်းရှောင်ဖယ်ဖယ်ဘာတွေဖြစ်နေလည်းမသိ
တော့...စဉ်းစားရကျပ်နေသည်ပင်........................
အောင်ကိုစိတ်တော်တော်ညစ်နေသည်....ယောရှိဒါငိုလေတိုင်း
ရင်ထဲနာကျင်လေသည်ခက်သည်ကဘာတွေမှန်းမသိခဲ့ပေ.....
တနေ့ယောရှိဒါရဲ့သူငယ်ချင်းတာနားကနဲ့တွေ့တော့မှအခြေနေမှန်
ကိုသိရလေသည်....သမီးကသူနှင့်လက်ထပ်မည့်သူဖြစ်ကြောင်း
ယောရှိဒါကိုပြောသည့်ကိစ္စပါပေ......
အောင်ကိုဘာလုပ်ရမှန်းမသိတော့....သမီးကိုလည်းမဟုတ်ပဲနှင့်ပြောရ
မည်လားဟုဒေါသထွက်သော်လည်းသမီး၏အချစ်များကိုတွေ့နေရသူ
တဦးအနေဖြင့်ဖွင့်မမေးနိုင်ရက်ခဲ့ပေ......တောင်စဉ်ရေမရအတွေးများနှင့်
အောင်ကိုတစ်ယောက်ချာချာလည်ခဲ့တော့သည်......ခက်သည်က
အောင်ကိုတစ်ယောက်ငေါင်နေခြင်းပင်.......ထိုနေ့ညနေအလုပ်ထဲရောက်
တော့သမီးနှင့်တွေ့ဖြစ်လေသည်မိမိမျက်နှာကိုအရိပ်လိုကြည့်
နေတတ်သူတယောက်အနေဖြင့်မိမိမျက်နှာကိုဖတ်မိသည်နှင့်
မိမိရင်ထဲတွင်တခုခုဖြစ်နေကြောင်းကိုသမီးကသိနှင့်လေသည်.......
ကိုကိုဘာဖြစ်နေတာလဲဟုသမီးကမေးသောအခါဖြေစရာစကားစ
ရှာမရခဲ့ပါချေ.....ဒါကိုသမီးရိပ်မိသည်ထင်ပါသည်....သူပြောသောစကား
အတွက်သူတာဝန်ယူရန်ရှိသည့်ပုံမျိုးပင်....ဆက်လက်ပြီးယောရှိဒါနဲ့
အဆင်မပြေလို့လားဟုဆက်မေးနေပြန်တော့.....ဒီလိုပါပဲဟုဖြေလိုက်မိသည်
ဖြစ်နိုင်လျှင်အားလုံးကိုဝမ်းသာစေချင်ပါသည်..ပျော်ရွှင်စေချင်ပါသည်အခုတော့
မိမိကိုယ်တိုင်ညစ်နေရသည့်အဖြစ်ပါ.............ပြန်ချင်စိတ်ဖြစ်မိသည်တော်တော့်
ကိုဦးနှောက်စားနေချေပြီ..အိမ်လွမ်းတာလည်းပါသည်။မိမိထွက်လာသည်မှာ
ငါးနှစ်ပင်ပြည့်တော့မည်.....ခက်သည်ကမည်သို့ဆုံးဖြတ်ချက်ချရမည်မသိချေ...

No comments: