Wednesday, March 26, 2008

အချစ် ခံစားချက်နှင့်

အချစ်နှင့် ပါတ် သက်ပြီး ကျွန်တော် ဆရာကြီးမဟုတ်ပါ...........
သို့သော်လည်း နဲနဲတော့တင်ပြချင်ပါသည်.....အဘယ်ကြောင့်ဆိုသော်....မည်သူမျှအချစ်နှင့်
မကင်းနိုင်ပါ
မိန်းကလေးက စလို့ ဖွင့် ပြောဖို့ ကိစ္စ ဖြစ်နိုင်ခြေ ရာနှုန်း မည်မျှရှိသနည်း
ထိုသို့ ဖွင့်ပြောလိုက်သောကိစ္စ အတွက်အပြောခံရသောယောက်ျားလေး၏အထင်သေးမှုကို
ခံရခြင်းရှိနိုင်မရှိနိုင် မြကေခိုင်ဝတ္ထုတွင် အောင်ကိုနှင့် မြကေခိုင် တို့၏ဖြစ်ရပ်မှာအမှန်ဟုဆိုလျှင်
အောင်ကို့ ခံ စား ချက် ကို မည်သူနားလည်နိုင်ပါမည်နည်း မြကေခိုင်၏ခံစားချက်....
ထို့အတူယောရှိဒါ၏ခံစားချက်...အားလုံကိုအတိတ်တွင်ထားရစ်ခဲ့လေသည်လား အချို့ကို အောင်ကို
မေ့ရန်မစွမ်းနိုင်ခဲ့ အောင်ကိုသည်မြကေခိုင်၏အချစ်အပေါ်အထင်သေးခဲ့သည်လား လှည့်ဖျားခံရ
သဖြင့် နာကြည်းကြေကွဲခဲ့ သည်လား ထို့အတူ မီး၏အချစ်ကိုတမ်းတလျှက်ယောရှိဒါနှင့်ချစ်ခဲ့သော
အောင်ကိုထံတွင်သစ္စာဟူသည်မရှိတော့ပြီလား ယောရှိဒါနှင့်ချစ်နေစဉ် ကေနှင့်ယူဖြစ်လိုက် သည့်အခါ
အောင်ကို့ထံတွင်သစ္စာ ဟူသည်စိုးစိမျှမရှိတော့သည်လား..........
ပစ်စလက်ခတ်ခွဲခွာခဲ့သောအချစ်ဇတ်လမ်းတပုဒ် မှတ်တမ်းသရုပ်မပြီပြင်စွာ......
ဝို့တ၀ါးပါ......ထို့အတူကေနှင့်တမင်တကာခွဲလျှက်မီးနှင့်လက်ထပ်ခဲ့သောအောင်ကို၏စိတ်ထား
မှာ မည်သို့ဆိုသည်ကိုနားမလည်ခဲ့ပါချေ..........
နောက်တော့လည်းမီးနှင့်ဝေးပြန်ချေ၏...........
လုံးခြာလိုက်နေသောဘ၀မှ မည်သို့ဆက်သွားရမည်ကိုထိုစဉ်ကအောင်ကိုမသိခဲ့ပါချေ...................

No comments: